Friday, October 31, 2008

မဗေဒါနဲ့ တွေ့ရာဝယ်


(29.10.2008)နေ့
မဗေဒါနဲ့ Tokyo Dome ကို လျှောက်လည်ခဲ့တယ်သိလား။ :z မဗေဒါကို သိတယ်ဟုတ်။ စင်္ကာပူက Blogger လေ။ ဟိုတစ်ခါ၊ ဂျပန်လာမလို့ သိချင်တာလေးတွေ ကျမဆီမှာ လာမေးရင်း၊ ကျမကလည်း အမေးကမ္ဘာ ဖြေစရာ(12) , ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများနဲ့ ဖြေပေးရင်းနဲ့ Blog မှာတင်မဟုတ်၊ G-talk မှာပါ ခင်သွားကြတာ။ ;) အခု သူမက ဂျပန်မှာလေ။ စရောက်တဲ့ နေ့တွေက ကျမလည်း ဘာတွေမှန်းမသိ အလုပ်တွေ ရှုပ်နေလို့ Phoneနဲ့ SMS နဲ့ပဲ ပြောဖြစ်ပါတယ်။ (29.10.2008) နေ့ကြမှပဲ လူချင်းတွေ့ဖြစ်ကြတော့တယ်။ :z ကျမက သူ့ကို ရှင်းဂျုကုမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ Internet ထဲမှာ ရှာပြီး ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ်ရထားစီးလာလို့တောင် အတိအကျမှာလိုက်သေး။ ;)

သူမက ချိန်းထားတဲ့အချိန်ထက် ချိန်းတဲ့နေရာကို ကျမထက်စောရောက်နေတာပါ။ ဟိ ဟိ၊ ရောက်တာမှ ကောင်းကောင်းရောက်နေတာ ဟုတ်ဘူးသိလား။ :p Video Camera ကြီးနဲ့။ ကျမက လက်မှတ်ပေါက်ပဲ ဖြတ်ရသေး၊ သူမအရင် သူမရဲ့ Video Camera ကြီးမြင်လိုက်တာ လန့်တောင်လန့်သွားတယ်သိလား။ :y ဒါနဲ့ ၊ မြန်မြန်ဖြတ်ပြီး သူ့မနား သွားရပ်လိုက်တယ်။ :zသူမရဲ့ Video Camera ကို လန့်ပေမယ့် သူမကို တွေ့လိုက်တော့ အရမ်းပျော်သွားတယ်သိလား။ ဒါနဲ့ နှုတ်ဆက်စကားတောင် မဆိုဖြစ်ဘဲ "ရောက်တာကြာပြီလား" .....လို့ လှမ်းမေးလိုက်တယ်သိလား။ :p သူမက Videoရိုက်နေရင်း တန်းလန်းနဲ့ ဘာမှ ပြန်မပြောပဲ ကြောင်ကြည့်နေတယ်။ ;) ဟိ ဟိ၊ ပြီးမှ "ဪ၊ အေး "..တဲ့။ ဟ ဟား။ ရယ်ရတယ်သိလား။ ;) မဗေဒါက ကျမကို ဂျပန်မလေးထင်လို့ .........တဲ့။ ဘာပြန်ပြောရ ကောင်းမလဲ စဉ်းစားနေတာ........တဲ့။ ပြီးမှ၊ မြန်မာစကားပြောသံကြားမှ ကျမမှန်းသိသွားတာ.......တဲ့။

ဟိ ဟိ။ ကျမကသာ သူမကို မြင်ဖူးတာ၊ သူမက ကျမကို မြင်ဘူးဘူးလေ။ ဒါကြောင့်၊ ဂျပန်မလေးလို့ ထင်တာ။ ;) ဒါနဲ့ "သွားကြရအောင်"လို့ ပြောပြီး ကျမက ရှေ့ကထွက်သွားတယ်။ သူမက လိုက်မလာ။ :d "ဟိတ်၊ လာလေဟာ" ဆိုတော့ "နင့်ကို အခုထိ ဂျပန်မလေးလို့ ထင်တုန်းပဲ" တဲ့။ ဟိ ဟိ၊ ကျမကလည်း ကျမပဲ။ ဂျပန်မလေးတစ်ယောက်လို အပြင်အဆင်နဲ့ ဆိုတော့ သူမ အဲလို ထင်တာလည်း သူမ အပြစ်တော့ မဟုတ်။ တတ်နိုင်ဘူးလေနော်။ ;) ဂျပန်ရောက်မှ ဂျပန်တစ်ယောက်လို ဝတ်စားဆင်ယင်ရတာပေါ့။ အမြင်မရိုင်းရင် ပြီးရောလေ။ ဟုတ်ဘူးလား။ :z သူမလည်း မြန်မာမလေးနဲ့တော့ မတူပေါင်။ ;)

ဒါနဲ့ပဲ ပြောပြောဆိုဆိုနဲ့ နှစ်ယောက်သား ရထားစီးဖို့ ထွက်လာခဲ့တယ်။ :z ရထားကလည်း ချောင်မှချောင်။ ချောင်တော့ ကောင်းတယ်သိလား။ မြန်မာလို ပြောရတာ လွတ်လပ်တယ်။ :z အခုမှ တွေ့ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် လေပေါလို့ ကောင်းနေလိုက်တာ ရထားစီးတာ တော်တော်ကြာနေပြီ။ မရောက်သေး။ ဒါနဲ့၊ အပေါ်ထပြီး ရထားဘူတာတွေ ညွှန်ပြထားတာကို ကြည့်လိုက်တော့ ကိုယ်သွားရမယ့် ဘူတာက ကျော်ခဲ့ပြီ။ :( ဟိ ဟိ။ ဒါနဲ့ ၊ မဗေဒါကို ပြောပြီး ရထား ပြန်ပြောင်းစီးရတော့တာပေါ့နော်။

အဲဒီ ရထားလိုင်းက တော်တော် စိတ်ညစ်ဖို့ကောင်းတယ်သိလား။ လိုင်းနာမည်က Chuo - Sobu line တဲ့။ Chuo lineရယ် Sobu lineရယ် ရထားလိုင်းတစ်ခုတည်းမှာ ပြေးနေတာ။ လမ်းညွှန်ကြည့်တော့လည်း တစ်ထပ်တည်းလိုပဲ။ :( ဒါနဲ့၊ နောက်တစ်ခေါက် ရထားပြောင်းစီးတာ စီးလိုက်တဲ့ရထားက Chuo line ဖြစ်ပြီး ကျမတို့ သွားချင်တဲ့နေရာကို မရောက်မှန်း ရထားမောင်းကြေငြာတဲ့အသံကြားမှ သတိထားမိတယ်။ သေချာအောင် ရထားလိုင်းနာမည်ကို ဖတ်လိုက်တော့ Chuo line တဲ့။ ဟုတ်မှဟုတ်။ မရောက်ရေးချ မရောက်။ :p ကျမတို့ သွားရမယ့် ဘူတာက Sobu line မှာရှိတာလေ။ ;) ဟိ ဟိ။ ဒီတစ်ခါတော့ စင်္ကြံမှာတင် ပြောင်းစီးလို့ မရတော့။ လက်မှတ်ပေါက်ကိုပါ ဖြတ်ရတော့တယ်။ ;) တစ်ခုကောင်းတာက ကျမတို့က ရထားမှားစီးတာလေ။ ဒီဘူတာကို ထွက်ချင်တာမဟုတ်တော့ လက်မှတ်ပေါက်စောင့်တဲ့လူကြီးကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ :p သူက စာရွက်တစ်ရွက် ထုတ်ပေးတယ်သိလား။ "ဒီစာရွက်ကို ဟိုဘက်က လက်မှတ်ပေါက်စစ်ကို ပြလိုက်...တဲ့။ လက်မှတ်ဖိုး ပေးစရာမလိုဘူး......တဲ့။ " :z

ဂျပန်မှာက ရထားမှားစီးတာကို အကျိုးအကြောင်းနဲ့ သက်သေမှန်ကန်စွာပြနိုင်ရင် မှားစီးတဲ့ရထားခ ပေးစရာမလိုဘူးလေ။ မဗေဒါကတော့ "မိုက်တယ်ဟ "လို့ ပြောပါတယ်။

ဒါပေမယ့်၊ နှစ်ခါတောင် ရထားမှားစီးတာ ခံရလို့ စိတ်ညစ်တယ်လို့ ပြောပြီး သူမက မှားစီးတဲ့ ဘူတာမှာ အမှတ်တရ Video ကော၊ ဓာတ်ပုံကော ရိုက်ယူခဲ့တယ်သိလား။ Blog မှာ တင်မတင်တော့ မသိ။ ;) ဂုဂုကို ဆရာတင်တာ ရထား နှစ်ခါတောင်မှားစီးရလို့ ကျေနပ်ဘူးတဲ့။ Post မှာ ထည့်ရေးမယ်တဲ့ သိလား။ အဲဒါ ၊ ကျမက သူမ မရေးခင် ကိုယ့်အတင်း ကိုယ်ပြန်ပြောထားတာ။ ;) သူမ ပြန်လာရင် ဒီအကြောင်းတွေကို သူမအမြင်နဲ့ ပြန်ရေးလိမ့်မယ်သိလား။ သွားဖတ်ကြည့်ကြနော်။ :z

ရှက်ရှက်နဲ့ ပြောရရင်တော့ Tokyo Dome ကို တစ်ခါမှ မရောက်ဖူးဘူးသိလား။ ;) အဝေးကြီးတွေပဲ လျှောက်သွားနေတာ Tokyo Dome က မြို့ထဲမှ ရှိတော့ ဘယ်တော့သွားသွားရတယ်ဆိုပြီး မသွားဖြစ်ခဲ့ဘူးလေ။ အခု၊ သွားမယ်ဆိုတော့ Internet ထဲမှာ ရှာပြီး သွားတာ။ :z တစ်ခါမှ မရောက်ဖူးဘဲနဲ့ မဗေဒါကို ခေါ်သွားတာသိလား။ ;) ဒါကြောင့်၊ ရထားမှားစီးတာ။ :z ဟိ ဟိ။ {တစ်ကယ်က သေချာ ရှာပြီးသား၊ ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ် အဲဒီ ဘူတာကို ရောက်မယ်ဆိုတာလေ။ သူမကို တွေ့တော့ အပျော်လွန်ပြီး Direction ကို သေချာမကြည့်လို့ အဲလို ဖြစ်တာ။ }အဖော်နဲ့ဆိုတော့ မှားလည်း ကိစ္စမရှိဘူးလေနော်။ ;) မရောက်ဖူးတဲ့ ဘူတာတွေတောင် ရောက်ဖူးသွားသေး။ :z

မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

အပြည့်အစုံသို့....

Thursday, October 30, 2008

ပျော်ရွှင်ခြင်း အထိမ်းအမှတ်

Blog မွေးနေ့ပွဲကို လာရောက်သူများအား စကားပြန်လည်ပြောဆိုခြင်း ;)


Younggun said...

ငါးလပြည့်မှသည် စိတ်တိုင်းကျ ကာလတစ်ခုထိ ဘလော့နိုင်ပါစေဗျား။ မှတ်သားစရာ သုတနဲ့ ရသတစ်ခုခုပေးတတ်တဲ့ ဘလော့လေးမို့ အမြဲမဟုတ်တောင် မကြာခဏလာလည်ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအောင်မြင်နိုင်ပါစေဗျား။။။

ကိုBlogger Younggun ရေ၊ အသိအမှတ်ပြုပြီး လာရောက်အားပေးလေ့ရှိတယ်ပြောလို့ ဝမ်းသာမိပါတယ်ရှင့်။ ဆုတောင်းလည်း ပြည့်ချင်ပါတယ်။ :y

Wed Oct 29, 02:13:00 AM 2008

Blogger မိုးပြေး said...

ဂျပန်မလေးရေ ဆူရှီ တွေကို စားရင် အားမနာတမ်း စာတွေဖတ်၊
ပြီတော့ ဘလောဂ့် ၅ လပြည့်လေးအတွက် ဆုတောင်းပေးပါတယ် ခင်ဗျာ။ これからも、奢ってね ဟီး

ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

Wed Oct 29, 02:30:00 AM 2008

အေးပါ၊ စားပါ။ နောက်လည်းများများ ကျွေးမှာပေါ့။ :z ဒါမှ လက်ဆောင် အရုပ်များများရမှာ။ :p အခု နှစ်ရုပ်ကိုလည်း သေချာ သိမ်းထားတယ်သိလား။ ;)

မိုးသောက် said...

သယ်ရင်း ငါ မုန့်တွေ အကုန်စားသွားပြီနော် .
နင်ဖို့ မချန်တော့ဘူး .. မကျေနပ်ရင် အကြွေးမှတ်ထား :P
သယ်ရင်း မိဂု တစ်ယောက် ငါးလ ပြည့် မွေးနေ့မှသည် ( လူကို ပြောတာ မဟုတ်ဘူးနော် :P ) နောက်ထပ်ဆက်လက်ပြီး သုတ ရသ စာပေတွေကို
ရေးသားနိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ..
ခင်မင်တဲ့
မိုးသောက်

Wed Oct 29, 02:42:00 AM 2008

လောဘကြီးတဲ့ တယ်ရင်းမိုးသောက်၊

နင့်မွေးနေ့ကျမှ တွေ့မယ်။ ဟွန်း။ ဆုတောင်းပေးလို့ ကျူးဇေး၊ ကျေးဇူး။ :p

Blogger mgngal said...

ကောင်းမှကောင်း ဆူရှီ စားဖူးသွားပြီ ။ အာရီရယ် ကိုက်သို
ကိုဆိုင်းမာ့ ။ :P

Wed Oct 29, 03:38:00 AM 2008

ကောင်းတယ် ပြောလို့ ကျေးဇူးပါ ကိုမောင်ငယ်။ ;)

Blogger khin oo may said...

29 Oct 08, 07:18
kom: အရုပ် ကလေးတွေ ချစ်စရယ မိုလို့ မစားရက်ပါ။ ပျော်ရွှုင် သော မွေးနေ့ဖြစ်ပါစေ။ ဆက်လက် တည်တံ့ခိုင်မြဲပါစေ.

Wed Oct 29, 07:19:00 AM 2008


စားပါ မမရဲ့။ ကျမကိုယ်တိုင်လုပ်ထားတာ။ :z ဆုတောင်းလေး ပြည့်ပါရစေလို့ ဆုတောင်းလိုက်ပြီ။ ;)

Blogger ရှင်ရဲထွတ် said...

ဂုဂု ဘလော့ဂ် 5 မှသည် အများကြီးများကြီးများကြီး ခုဆယ်ရာထောင်သောင်းသိန်းသန်းထိ ရေးသားနိုင်ပါစေ

Wed Oct 29, 07:55:00 AM 2008

ဟုတ်၊ ဟုတ်၊ ~ခုများကြီး ရေးမယ်သိလား။ :z

Blogger ၀ါဝါခိုင်မင်း said...

ညီမလေး ရေ..
ဘလော့လေး ၅ လပြည့်ပြန်ပြီနော်..
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမလေး ရေ..
မောင်မိုးသောက် ဆူရှီတွေ အကုန်စားသွားတော့ မမ စား
ဘို့မရှိတော့ဘူးပေါ့။ :P
ဘလော့လေးရဲ့ ၅ လပြည့်မွေးနေ့မှသည် ပျော်ရွှင်စွာ
ဆက်လက် ဘလော့ဂင်နိုင်ပါစေ ချစ်သောညီမလေး ရေ.

ချစ်တဲ့
မမ၀ါ

Wed Oct 29, 08:31:00 AM 2008

ကျေးဇူးတင်ပါတယ် မမ၊

နောက်လ ကျရင် အများကြီး ကျွေးမယ်နော်။ :p အခုတော့ ကိုလောဘမိုးသောက်က...... ။ ပြောတော့ပါဘူး။ :z

Blogger Apprenticeship said...

ဆက်လက်ချီတက်နိုင်ပါစေ........

Wed Oct 29, 08:41:00 AM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

Blogger puluque said...

ဂူးဂူးရေ..
၅လပြည့် အထိမ်းအမှတ်လေးကို ဂုဏ်ယူစွာတက်ရောက်ခဲ့ပါတယ်။ ဂူးဂူးတစ်ယောက် ချစ်တဲ့ ဘလော့လေးနဲ့အတူ ပျော်ရွှင်စွာ ဆက်ဘလော့နိုင်ပါစေ..

Wed Oct 29, 09:56:00 AM 2008

ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့ ကိုပုလုကွေးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စွာ ဆက်ဘလော့ချင်ပါတယ်။ :z

Blogger - said...

ဂျပန်မလေး
ဘလောဂ့်မွေးနေ့လေးမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေနော်၊ ဆက်ပြီးတော့လည်း ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေ စဉ်ဆက်မပြတ် မျှဝေ ၊ ပွားများပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ခင်မင်လျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com

Wed Oct 29, 10:36:00 AM 2008

ပေးတဲ့ဆု အကုန် ပြည့်ရပါလို၏။ :y

Blogger သက်တန့် said...

ဂုဂုရေ...
ငါးလပြည့်မွေးနေ့ပွဲကို တက်ရောက်သွားပါကြောင်း... :)

Wed Oct 29, 12:40:00 PM 2008

ကျေးဇူးတင်ပါတယ်နော်။ :z

Blogger အိမ်မက်ရှင် said...

ငါးလပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်
ဤချစ်စဖွယ် ဘလောက်ဂ်လေး တံတည့်နိုင်ပါစေ
တောင်းဆုချွေလျှက် ကျွေးမွေးတာတွေ အားပါးတရ
ကြည့်ရှု အဲမှားလို့ စားသောက်သွားကြောင်းပါ ...

ခင်မင်လေးစားစွာဖြင့်

Wed Oct 29, 01:41:00 PM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

တကယ်ကျွေးချင်ပါတယ်။ :p အခုတော့ ကြည့်ပဲကြည့်အုန်းနော်။ ;) ဂျပန်လာရင် တကယ်ကျွေးမယ်သိလား။ :z

Blogger ဝေလေး said...

ဘလော့လေးငါးလပြည့်မှ ရှေ့သို့ ရှေ့သို့...... :P

Thu Oct 30, 12:18:00 AM 2008

:z ကျေးဇူး ကျေးဇူး။ :z
Blogger Dream said...

ဝေး..ဆူရှီတွေလာစားသွားတယ်.. ဘောလ့လေးငါးလ
ပြည့်မှသည်နောင်ငါးနှစ် သို့တိုင်ပါစေ..
ဒီထက်လည်းကျွေးမွေးနိုင်ပါစေနော်.. ဟီးဟီး..
:) :)

Thu Oct 30, 12:55:00 AM 2008

ကျွေးမှာပေါ့။ စိတ်ချ။ ;) ဆုတောင်းပေးလို့ ကျေးဇူးပါ မက်မက်ရေ။ :z

Blogger ညီအကိုများ said...

ဆူရှီများစားသွားပါကြောင်း... စာကေးမတိုက်လို့စိတ်ဆိုးတယ် :P

မိုးကြယ်

Thu Oct 30, 02:26:00 AM 2008

ကျေးဇူးတင်ပါတယ်နော်။ :z ဆာကေးက ခဏခဏတိုက်လို့ အကုန်အကျသက်သာအောင် ဒီတစ်ခါ မသိချင်ယောင်ဆောင်နေတာ။ ဟိဟိ။ :z

Blogger thihanyein said...

ညီမလေးရေ မုန့်လာစားသွားတယ် နည်းတယ်ကွ
နောက်တစ်ခါ ၆ လဆိုရင် များများလေးနော် အဟီးးး

Thu Oct 30, 09:57:00 AM 2008

ကိုယ်တိုင် လုပ်ထားလို့ နည်းတာပါ။ ;) နောက်လကြရင် Internet ထဲကနေ အများကြီး ရှာပြီး ကျွေးမယ်နော်။ :z

:z နည်းတယ်ဆိုလို့ ရှိတာလေး ထပ်ကျွေးတာပါ။ :z
Delete


အပြည့်အစုံသို့....

Wednesday, October 29, 2008

Blogလေးရဲ့ ငါးလပြည့် မွေးနေ့

ဒီနေ့၊ Blogလေးရဲ့ ငါးလပြည့် မွေးနေ့ပါရှင့်။ ;) ဒါကြောင့်၊ မွေးနေ့လုပ်ပါတယ်ရှင့်။ :p သုံးဆောင်ကြပါရှင့်။ :z ဂျပန်အစားအစာဖြစ်လို့ မကြိုက်နှစ်သက်ခဲ့ရင် အားနာပါတယ်ရှင့်။ :y ဒါပဲ ကျွေးနိုင်လို့ ဒါပဲ ကျွေးလိုက်ပါတယ်ရှင့်။ ;)

ရောသမမွှေ ဆူရှီပါရှင့်။ ;)ယုန်ပုံစံလေးလုပ်ထားပါတယ်ရှင့်။ :p လူကြီးဆိုရင် တစ်လုပ်စာပဲရှိလို့ အားတော့ နာပါတယ်ရှင့်။ :z နည်းနည်းနဲ့ ကောင်းကောင်း စားချင်သူများအတွက် ရည်ရွယ်ပြီး လုပ်ထားတာပါရှင့်။ :z
ရောသမမွှေ ယုန်ဆူရှီလေးက ပြုံးပြနေတယ်ရှင့်။ ;) သူ၊ ဆိုလိုချင်တာက "သူ့ကို ဖြည်းဖြည်းစားပါ"........တဲ့ရှင့်။ :pအပြုံးနဲ့ အသနားခံနေတာပါရှင့်။ :z
ကြိုက်နှစ်သက်ရာ အတို့ အမြုပ်နဲ့ သုံးဆောင်နိုင်ပါတယ်ရှင့်။ :z

Blogger


အပြည့်အစုံသို့....

Tuesday, October 28, 2008

(紅葉)(ခ)(Maple leaves)

(12.11.2006)နေ့က မျက်မှန်တံတားတစ်ခုကို သွားခဲ့ပါတယ်။ ဆောက်ထားတဲ့ နှစ်ကို အတိအကျမသိပေမယ့် အခုအခါမှာတော့ အသုံးပြုလို့မရတော့ပါဘူး။ အလှပဲ ကြည့်လို့ ရပါတော့တယ်။ ;)ပုံမှာ တွေ့ရတဲ့ မျက်မှန်ပုံစံ အကွင်းနှစ်ခုရဲ့ အပေါ်မှာ မျက်မှန်ကိုင်းလိုမျိုး အတန်းကြီး ရှိပါတယ်။ သေချာမမြင်ရပေမယ့် အဲဒါ ရထားသံလမ်းပါ။ အဲဒီ ရထားသံလမ်း ပေါ်ကို တက်ကြည့်လို့ ရတယ်ရှင့်။ :z

ဘေးဘက်တောလမ်းကနေ တက်ကြည့်လိုက်တော့ ရထားသံလမ်းပေါ် ရောက်သွားတာပေါ့နော်။ :z

ရထားသံလမ်းပေါ် ကနေ မြင်ရတဲ့ မြင်ကွင်းပေါ့။ တောင်နှစ်လုံးကြားမှာ တံတားသေးသေးလေးရှိတယ်။ ချစ်စရာလေးနော်။ ;) ရှုခင်းလေးကလည်း ကဗျာဆန်တယ်နော်။ ပန်းချီကားနဲ့ တူလို့ ဓာတ်ပုံရိုက်ယူခဲ့တာ။ :z
တကယ်တော့ အဲဒီကို သွားပြီး (紅葉)မိုမိဂျိ ကို သွားကြည့်ခဲ့တာပါ။ ဂျပန်မှာ ချယ်ရီနဲ့ (紅葉)မိုမိဂျိ ပွင့်တဲ့အချိန်ဆိုရင် ”(花見)ပန်းကြည့်ပွဲ” ဆိုပြီး လူတွေက ပန်းပွင့်တဲ့နေရာတွေကို တကူးတက သွားကြည့်ကြပါတယ်။ ချယ်ရီကတော့ ပန်းခြံတွေမှာလည်း ကြည့်လို့ရတယ်။ ချယ်ရီပွင့်ချိန်ဆို ရထားသံလမ်းဘေးတွေမှာတောင် မြင်နေရလို့ ကျမကတော့ ချယ်ရီကို တကူးတက သွားမကြည့်ဖြစ်ဘူး။ ;) ပြီးတော့ ၊ချယ်ရီထက်(紅葉)မိုမိဂျိ ကို ပိုကြိုက်တယ်သိလား။

တစ်ရောင်ပြီး တစ်ရောင် ပြောင်းသွားတာ လှမှလှ။ ကြည့်ပါလား။ အခု ဓာတ်ပုံမှာတောင် အရောင်စုံလေး။ ဘယ်လောက်လှလဲ။ တစ်ပင်ထဲမှာ ရှိပြီး အရောင်တွေ ကွဲပြားနေတာ။ လူ့သဘာဝလိုပဲ။ :p လူတွေလည်း အဲလိုပဲလေ။ နေရာ၊ ဒေသကို လိုက်ပြီး စိတ်ဓာတ်တွေက ပြောင်းလဲတက်လိုက်ကြတာ။ :y (紅葉)မိုမိဂျိလည်း အဲလိုပဲ။ စစချင်းက အရောင်တစ်မျိုး၊ တဖြည်းဖြည်းနဲ့ တစ်ခြားအရောင်တစ်မျိုးကို ပြောင်းသွားတာ။ လူ့သဘာဝနဲ့ တူလို့ (紅葉)မိုမိဂျိကို ကျမတော့ ကြိုက်တယ်။  :p
(紅葉)မိုမိဂျိက Autumn မှာပဲ ကောင်းကောင်းကြည့်လို့ရတာလေ။ အခု၊ Autumn ရောက်ပြီ။ သွားကြည့်လို့ ရပြီ။ :z

(紅葉)မိုမိဂျိကို မေပယ်လ်ရွက်(Maple leaves)လို့ ခေါ်တယ်သိလား။ ;)

အဲဒီ ဂျပန်စာလုံး(紅葉)က ထူးဆန်းတယ်။ မိုမိဂျိ(Momiji)လို့လည်း အသံထွက်တယ်။ ကိုးရော(Kou you)လို့ လည်း အသံထွက်တယ်။ မိုမိဂျိကတော့ လူသုံးများတယ်သိလား။ :z

အပြည့်အစုံသို့....

Monday, October 27, 2008

"ငါ့ရဲ့ချစ်လှစွာသော"


ကြည့်ကြ ဟောဒါ
ငါ့ရဲ့ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။

ဘဝကို...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ......
မြင်လား... သူမ တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီသေချင်းဆိုးမလေးက)
မျှော်လင့်ချက် ဆိုတာကိုလည်း အယုံအကြည် မရှိပေးဘူး။
နောက်ပြီး...သူမက
အရူးနဲ့ နတ်ဘုရား တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီသေချင်းဆိုးမလေးပေါ့.......

ဘဝဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
အာရုံကြောရောဂါ ရနေတယ်လို့ လှောင်တတ်သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့....

လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့...

ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
မင်္ဂလာ နံနက် လို့နှုတ်ဆက်ခံရတာကိုမုန်း၊
ကိုယ့်မျက်လုံး ကိုယ့်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့..

တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့..

သူမရဲ့ အကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က)
ဘဝကိုကြယ်သီးအပြည့်တပ်ပြီး ဝတ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။

သူမရဲ့ဘဝမှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ...
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...
မျက်နှာပေါ် ဆံပင်တွေဝဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)

ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့...
နစ်ရှေးရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီးထိုင်တဲ့သူ။

ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ် ဘယ်သူ့ကို အမြီးနှံပြရမှာလဲ...
ကဲ.......
အဲဒီသေချင်းဆိုးမလေးပေါ့

သူမက စိတ်အလိုမကျရင်လဲ
ဆဲ တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...

သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘဝမှာ
ကျွန်မက ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင်လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...

ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေနေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လိုယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။

နားလည်ပေးလိုက်ပါ လောကကြီးရေ........။

ဘာများ အရေးကြီးလို့လဲ ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ပြုံးပြနေတဲ့ မိန်းမ
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။

နားသာလည်ပေးလိုက်ပါ လောကကြီးရေ....
ဒါမှမဟုတ် သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ်
လောကကြီးရေ အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။

သူမပေါ့.........
နတ်ဆိုးတစ်ပါးလည်းဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ) ငါက
လည်းပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

သူငယ်ချင်းတစ်ယောက် Mail ကနေ ပို့ပေးလာတဲ့ စာရေးဆရာတစ်ဖြစ်လဲ၊ ကဗျာဆရာမင်းခိုက်စိုးစံရဲ့ ကဗျာပါ။ ;) ဖတ်လိုက်တိုင်း ပြုံးမိပြီး ကြိုက်လို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ :z ကိုယ် ချစ်တဲ့သူကို ချစ်စနိုးနဲ့ ခေါ်တဲ့ အခေါ်အဝေါ်ကလည်း "သေချင်းဆိုးမလေး"..........တဲ့။ အဲဒါကို ကဗျာခေါင်းစဉ်လုပ်ထားသေးတယ်သိလား။ :p ကျမဖြင့် ပါးစပ်က အဲလို တစ်ခါမှ မပြောဖူးပေါင်။ အဲဒီ "သေချင်းဆိုးမလေး"ဆိုတဲ့ စကားကိုလေ။ ဟိ ဟိ၊ အခုတော့ စာရေးရင်းနဲ့ ပြောသလို ဖြစ်သွားပြီ။ ;) ဖေဖေဆူတော့မှာပဲ။ :y သွားမပြောနဲ့နော်။ :y ကဗျာလေး ကြိုက်လို့ ၊ သူ့ခေါင်းစဉ်က အဲဒါဆိုတော့ တတ်နိုင်ဘူးလေနော်။ ပြောရတော့တာပေါ့။ :z

ပို့စ်ခေါင်းစဉ်ကိုတော့ကိုယ့်သဘောနဲ့ကိုယ် "ငါ့ရဲ့ချစ်လှစွာသော" လို့ ပြောင်းတပ်လိုက်တယ်။ :z ဟုတ်တယ်လေနော်။ ခေါင်းစဉ်ကြီးမှာ ဆဲသလိုကြီးဆိုတော့ တစ်မျိုးကြီး။ :( စိတ်မသန့်ဘူး။ ကဗျာထဲက စာသားတွေ ကြိုက်လို့သာ တင်ရတာ။ တစ်ခါမှ အဲလို မပြောဘူးတော့ ဖေဖေဆူမှာ ကြောက်တယ်။ :y ပိုတယ်ထင်ပြီး လူတွေအမြင်ကပ်မလားမသိ။ ;) ဟိ ဟိ၊ ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်။ :z


မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

အပြည့်အစုံသို့....

Sunday, October 26, 2008

ခံစားမိသော သီချင်းများ

အခုတလော ဂျပန်သီချင်းတွေပဲ နားထောင်ဖြစ်တယ်သိလား။ နားထောင်လိုက်တိုင်း အတွေးလေးတွေ ပေးလွန်းလို့လေ။  :d စာသားတွေရဲ့ အဓိပ္ပာယ်ကလည်း ပြည့်စုံကောင်းမွန်လွန်းနေတယ်။ ;) ဒါနဲ့ပဲ ဂျပန်သီချင်းပဲ ရှာနားထောင်မိတော့တာ။ :z မြန်မာသီချင်းတွေက Hip Hop ပဲ ကြိုက်တာများတော့၊ အခု ခေတ်စားနေတဲ့ Hip Hopသီချင်း ကို လိုက်မမှီ။ :d တုံးတယ်ပဲ ပြောပြော ၊ ဂျပန်ရောက်တာဖြင့် လေးနှစ်နီးပါးပဲ ရှိသေးတယ်။ မြန်မာHip Hopသီချင်း တွေ နားကို မလည်တော့။ :d နားထောင်ဖြစ်တဲ့ Hip Hop သီချင်းတော်တော်များများမှာ ဆဲလိုက်၊ ရန်စောင်လိုက်၊ ကောင်မလေးတွေက ကောင်လေးမကောင်းကြောင်း ပြောလိုက် ၊ ကောင်လေးတွေက ကောင်မလေးတွေမကောင်းကြောင်း ပြောလိုက်နဲ့ သီချင်းဖြစ်အောင် ဆိုနေကြတယ်။ ဟူး............၊ ဂျပန်ရောက်တာ သိပ်မကြာသေးတဲ့ Hip Hopသီချင်း ကြိုက်တဲ့ ကောင်လေးပြောတာတော့ အဲဒါမှ Hip Hopသီချင်း အစစ်တဲ့။ ဗုဒ္ဓေါ ။ :y သူ့Hip Hopသီချင်း ကလည်း ။ :(

အခုနောက်ပိုင်း ခေတ်စားနေတဲ့ အဆိုတော်တစ်ယောက်(နာမည်မေ့သွား)ဆိုရင် သီချင်းစာသားက နည်းနည်း ၊ ဆဲတာကများများ။ ကံကောင်းတာတစ်ခုက သူဆဲသမျှ ကျမ နားမလည်။ :d ဟိ ဟိ။ :z ဒီတော့ နည်းနည်းတော့ စိတ်ချမ်းသာတယ်။ တစ်ခါပဲ သူ့အခွေကို နားထောင်ကြည့်မိတာ ကျန်တဲ့Hip Hopသီချင်းကိုတောင် နားထောင်ရမှာကြောက်သွားတဲ့အထိ သူ့ရဲ့ သီချင်းက Power ကြီးတယ်။ ;)

သူ့သီချင်းနားထောင်ပြီးကတည်းက မြန်မာHip Hopသီချင်းတွေကို လန့်ပြီး ဂျပန်သီချင်းဘက်ကို ပြောင်းနားထောင်လာတာ။ ဂျပန် Hip Hopသီချင်းလည်း တူတူပဲ။ ရိုင်းတော့ ရိုင်းတယ်။ ဒါပေမယ့် လူတိုင်းတော့ မဆဲသလို၊ သီချင်းတိုင်းလည်း မဆဲပါဘူး။ အခုလောလောဆယ် နားထောင်ဖြစ်တဲ့ အဆိုတော် တစ်ယောက်ရှိတယ်။ သူ၊ ကောင်မလေးနဲ့ တွဲဆိုတဲ့ သီချင်း နှစ်ပုဒ်ရှိတယ်သိလား။ နှစ်ပုဒ်လုံး ချစ်ခြင်းမေတ္တာရဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်။ Hip Hopသီချင်း ဆိုတာဆိုတော့ နည်းနည်းရိုင်းသလိုလို ထင်ရပေမယ့် သူ့ရဲ့ ကောင်မလေးအပေါ်မှာ ထားတဲ့ အချစ်၊ မေတ္တာ၊ စေတနာတွေကို မြင်နေရပါတယ်။ " မြန်မာ Hip Hopသီချင်းနဲ့များ ကွာပ " လို့ ပြောရင် မြန်မာတွေ လာဆဲကြမလားမသိ။ :z ဟိ ဟိ၊ အကုန်လုံးကို မဆိုလိုပေမယ့် အဲလိုမျိုး ဆဲဆို၊ ရန်စောင်နေတဲ့ သီချင်းတွေ၊ အဆိုတော်တွေတော့ ကြည့်လို့ မရပေါင်။

ပြောရင်းနဲ့ စကား လမ်းကြောင်းတွေ ပြောင်းကုန်ပြီ ။ မရမက စကား ပြန်ဆက်အုန်းမှ။ :p

ဟိုဂျပန်အဆိုတော်ရဲ့ သီချင်းအကြောင်းပေါ့။ သူ့ရဲ့ သီချင်းတစ်ပုဒ်က そばにいるね......... တဲ့။ စိတ်ဝင်စားရင် ဒီမှာ သွားကြည့်ပါ။ တတ်သလောက်၊မှတ်သလောက် ဘာသာပြန်ထားပေးပါတယ်။
နောက်တစ်ပုဒ်ကတော့  記念日 တဲ့။ ”အမှတ်တရနေ့” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလို စာသားလေးတွေ ပါဝင်နေပါတယ်။

”ဘယ်လောက်ပဲ ဝေးကွာနေပေမယ့်လည်း နင့်ကို ယုံကြည်နေမယ်။
နင့်ကိုပဲ ချစ်နေမယ်။
လောလောဆယ် တစ်ယောက်တည်း ဖြစ်နေပေမယ့် နင့်ကိုယုံကြည်ပြီး နင်နဲ့အတူ အနာဂတ်တွေကို လျှောက်လှမ်းချင်တယ်။ ”
အဆိုတော်မလေး ပြောတဲ့ သီချင်းစာသားတွေပါ။ ယုံကြည်မှု၊ သစ္စာရှိမှု၊ ချစ်ခြင်းတွေကို စကားလုံးနည်းနည်းလေးနဲ့ ထိထိမိမိ ပြောသွားပါတယ်။ 


သူမက အဲလိုပြောတော့ ကောင်လေးက ဒီလို ပြန်ပြောတာပေါ့နော်။

”မင်းနဲ့ ငါနဲ့ စတွေ့ခဲ့တာ အခုဆို ရက်ပေါင်းမနည်းတော့ပါဘူး။ စကားလှအောင် မပြောပြတတ်ပေမယ့် စိတ်ထဲမှာကတော့ မင်းနဲ့လက်ချင်းတွဲလိုက်ရုံလေးနဲ့တင်၊ မင်းဆီက Mail လာရုံလောက်နဲ့တင်၊ ငါ့ကို စောင့်နေတဲ့ မင်းကို မြင်ကြည့်လိုက်ရရုံနဲ့တင်...... ငါ့ရဲ့ စိတ်တွေက စစချင်း စတွေ့တဲ့ အချိန်ကိုပဲ မြင်ယောင်နေမိတယ်။ ငါ့အတွက်ရည်ရွယ်တဲ့ စကားလုံးတစ်လုံး မင်းပြောတာလေးနဲ့ အရမ်း ပျော်ရွှင်တတ်ခဲ့တာ။ ဟား ........ ငါ ရူးများ ရူးသွားပြီလား။ မင်းကို တစ်ယောက်တည်းထားထားရတဲ့ အတွက် စိတ်မကောင်းဘူးကွာ။ {"အမှတ်တရနေ့ "မှာ }ဆိုတာထက် နေ့တိုင်း မင်းကို ပျော်ရွှင်စေချင်တယ်။ မင်းနဲ့ တွေ့ချင်တယ်။ မင်းကို ချစ်နေမယ်။ ................... တဲ့။ "

ကောင်လေး ပြန်ပြောတဲ့စကားတွေမှာလည်း စကားလှအောင် ပြောဖို့ထက် သူပြောတတ်သလို ပြောပြီး ကောင်မလေးအပေါ်ထားတဲ့ ချစ်ခြင်း၊ သတိရခြင်း၊ ဝေးနေရလို့ လွမ်းဆွတ်ခြင်းတွေကို ပါတယ်လို့ ထင်ပါတယ်။



မြန်မာလို အဆင်ပြေအောင် ဘာသာပြန်ထားလို့ တိတိကျကျ တော့ မဟုတ်ပါ။ သေသေချာချာ သိချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်၊ http://www.ocn.ne.jp/translation/ မှာသွားပြီး ဘာသာပြန်ကြည့်ကြပါရှင်။ :z

အဲဒီ သီချင်းနဲ့ အကြောင်းအရာတော်တော်တိုက်ဆိုင်တဲ့ သီချင်းတစ်ပုဒ်က Rဇာနည်ရဲ့ "ကိုယ့်အနားရှိစေချင်" ...................ပါ။


ဘယ်လောက်ပဲ အနေဝေးဝေး၊ ကိုယ့်ချစ်သူကို သစ္စာရှိရှိနဲ့ ချစ်နိုင်ကြရင် ကောင်းမှာပဲနော်။ :y ဒီသီချင်းလေးတွေလိုမျိုးလေ။ :z
ချစ်သူတိုင်း ပေါင်းစည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ :y


မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

အပြည့်အစုံသို့....

Saturday, October 25, 2008

QR Code

QR Code သည် (1994)နှစ်မှာ DENSO Corporation( Denso-Wave )က စတင်တီထွင်လိုက်တဲ့ Code တစ်မျိုးဖြစ်ပါတယ်။ QR ရဲ့အရှည်ကောက်ကတော့ "Quick Response" ဖြစ်ပြီး ဂျပန်မှာ အခုတလော အရမ်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာကို တွေ့ရပါသည်။ ကြေငြာစာရွက်မှာ၊ သတင်းစာမှာ၊ လက်ကိုင်ဖုန်းမှာ၊ လိပ်စာကဒ်ပြားမှာ၊ ပို့စကဒ်တွေမှာ၊ Phone Website တွေမှာ၊ လိပ်စာကို Mailပို့တဲ့နေရာမှာ၊ Blog Address နှင့် Website Address ကိုကြေငြာတဲ့အခါမှာ၊ DVDနှင့် CD Cover မှာ........စသဖြင့် အမျိုးမျိုးသော နေရာတွေမှာ QR Code က ထင်ထင်ရှားရှား နေရာယူလာတာကို တွေ့ရပါသည်။ Discount Coupon ကို QR Codeလုပ်ပြီး ဖြန့်ဝေတဲ့ ဆိုင်တွေလည်း ရှိပါသည်။

QR Codeက အရွယ်အစားသေးသေးလေးပေမယ့် လိုအပ်တဲ့အချက်အလက်ကို လျင်မြန်စွာ ရရှိနိုင်တာဖြစ်လို့ အသုံးပြုလာကြတာလို့ ထင်ပါသည်။ ကြည့်နည်းကလည်း လွယ်လွယ်လေးပါ။ Hand phoneမှာပါတဲ့ Bar Code Reader ကိုသွားပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ထဲမှာပါတဲ့ အချက်အလက်တွေကို အကုန်မြင်နိုင်ပါသည်။ Scanဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ရဲ့ လိပ်စာကို ကြည့်လို့ရတာဖြစ်လို့ လိပ်စာမမှတ်မိခဲ့ရင်တောင်မှ တော်တော်အဆင်ပြေပါသည်။ ဒါကြောင့်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာလို့ ထင်ပါသည်။

QR Code ရဲ့ ထူးခြားချက်က အလကားအသုံးပြုလို့ရခြင်းပါ။ QR Code လုပ်တဲ့ Website မှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်း၊ စာသား၊ လိပ်စာတွေကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါသည်။ အရောင်လည်း ရွေးလို့ ရပါသေးသည်။ စိတ်ဝင်စားရင် လုပ်ကြည့်လို့ ရအောင် QR Code လုပ်တဲ့ Websiteတွေ တင်ပြပေးလိုက်ပါသည်။
http://qrcode.jp/
http://www.cman.jp/QRcode/
http://qr.popdom.jp/
http://qr.quel.jp/
ဂျပန်က တီထွင်ထားတာဖြစ်လို့ Search Engine မှာရှာတာ ဂျပန် Websiteတွေပဲ ထွက်လာပါတယ်။ English Websiteလည်း ရှိကောင်းရှိနိုင်ပါမယ်။ ကျမ ရှာတာ စာတွေပဲရှိပြီး အလွယ်တကူ QR Code လုပ်လို့ ရတဲ့ English Website မတွေ့ခဲ့ပါ။

http://qr.quel.jp/ ကနေ အစမ်းလုပ်ကြည့်ထားတဲ့ Profile ပါ။ စာက ဂျပန်လိုနဲ့ English လို နှစ်မျိုးရေးလို့ ရပါတယ်။ အနက်ရောင်ကတော့ ခန့်တာပေါ့နော်။ လှတပတလေးဖြစ်ချင်ရင်တော့ အရောင်လေးတွေပြောင်းကြည့်နော်။ အရွယ်အစား အကြီး၊ အသေးလည်း ရွေးလို့ရပါတယ်။

ဒီနေရာ(http://www.cman.jp/QRcode/)က ပိုစုံပါတယ်။နာမည်လေးပါ ထည့်လို့ရပါတယ်။ ပုံလေးလည်း ထည့်ကြည့်လို့ ရလို့ လုပ်ကြည့်လိုက်တယ်။
ပန်းရောင်လေးက Blog Addressပါ။ English လို ရေးထားတာပါ။
အဝါရောင်လေးက နာမည်ကဒ်ပြားပါ။ ဂျပန်လို ရေးထားတာပါ။
ဘာရယ်မဟုတ်၊ Blog မှာ QR Code ထည့်တာ လူအထင်ကြီးလို ကြီးငြားပေါ့နော်။ ;) Japan Blog တော်တော်များများ မှာ QR Code ပါတော့ ကျမလည်း အားကျမခံပေါ့နော်။ :z တကယ်လို့ စိတ်ဝင်စားပြီး လုပ်ကြည့်ချင်တယ်ဆိုရင် ကျမကူညီပါ့မယ်ရှင်။ ရေးချင်တဲ့စာသားလေးတွေကို ပြောခဲ့ပါ။ အရောင်လည်း ပြောပေးခဲ့ပါနော်။ လှပတဲ့ QR Code လေးရရန် တာဝန်ယူပါတယ်ရှင်။
အရင်ဆုံး Comment လာရေးပေးတဲ့ ကိုရှင်ရဲထွတ်ကြီးကို Blog Address QR Code တစ်ခု လက်ဆောင် လုပ်ပေးလိုက်ပါတယ်။ :z


ကိုနေလင်းရေ၊ အစ်ကို့ Blog နဲ့အဆင်ပြေမယ်ထင်တဲ့ အရောင်လေး လုပ်ပေးလိုက်ပါတယ်။ မကြိုက်ရင် ပြန်ပြောပါနော်။ ဘယ်မှာ ပေးရမှန်းမသိလို့ ဒီမှာ ပေးလိုက်ပါတယ်။ :z

ကိုမိုးပြေးအတွက် လက်ဆောင်ပါ။ ;)

အရောင်စိုစိုလေးမှ ကြိုက်တယ်ဆိုသော တယ်ရင်း မိုးသောက်အတွက် :z

လာခြိမ်းခြောက်သွားတဲ့ ကိုချစ်သူ့ခေါ်သံအတွက် သူ့Blog နဲ့လိုက်မယ့်အရောင် လုပ်ပေးလိုက်ပါတယ်။ လန်း မလန်းတော့ မသိ။ :z


ဟိ ဟိ၊ QR Code မှာ Comment လာရေးပေးတဲ့လူတွေကို Blog Address QR Code လေးတွေ လက်ဆောင်ပေးနေတာ။ ;) ပျော်စရာကြီး။ :z
ဒါပေမယ့်၊ Blog နဲ့ လိုက်မယ့်အရောင်ကို စဉ်းစားပြီး Blog Address QR Code လုပ်ရတာ ခေါင်းမူးသွားပြီ။ :c
Blog Address ကိုလည်း မှားမှာစိုးလို့ သေချာသွားကြည့်ရသေးတယ်။ :z

Blog Address
QR Code လုပ်ချင်သောသူများရှင့်။
ကျေးဇူးပြု၍ အရောင်လေးရယ်၊ Blog Address ရယ်တော့ ပြောပေးကြပါရှင့်။ :y

အပြည့်အစုံသို့....

 

Design By:
SkinCorner