Thursday, June 19, 2008

ရွေးချယ်သင့်ပါသလား???

မိန်းကလေးတစ်ယောက်ကို ချစ်တယ်။အရမ်းချစ်တာပဲလို့ ခဏခဏပြောပြီး
ဟိုလူနဲ့စွပ်စွဲ၊ဒီလူနဲ့စွပ်စွဲ၊အမြဲတမ်း သဝန်တိုတတ်သော
ဟိုဟာ မလုပ်ရ၊ဒီဟာ မလုပ်ရနဲ့ အမြဲတမ်းချုပ်ချယ်​တတ်သော
အရာရာ မင်းအတွက်ပါလို့ ​​ပြောတတ်ပြီး
အဲ့ဒီမိန်းကလေး မကြိုက်သောအရာကိုမှ လုပ်တတ်သော
အဲ့ဒီမိန်းကလေးကို အကောင်းတစ်စက်မှ မမြင်သော
အဲ့ဒီမိန်းကလေး စိတ်မချမ်းသာအောင် အမြဲတမ်း လုပ်တတ်သော
ဲအဲ့ဒီလိုလူတစ်ယောက်ကိုချစ်သူအဖြစ် ရွေးချယ်သင့်ပါသလား။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မင်းမြတ်ဘုန်း said...

ရွေးချယ်သင့်ပါတယ်။ ချစ်သူရယ်လို့ဖြစ်လာရင် သူ့ဘက်ကို့ဘက် ညှိနှိုင်းပြီးခွင့်လွှတ်ကြရမယ်။ အဓိက က ကိုယ်ကသူကို ချစ်လား ပြီးတော့သူက ကိုယ်ကို ဘယ်လောက်ချစ်လဲ ဆိုတာမှာပဲမူတည်တယ်။ သူကချစ်လို့သဝန်တိုတာနေမှာပါ။ :P အဆင်ပြေရင်လက်ခံလိုက်ပါ :P :P

Unknown said...

ပြောရတာ ခက်ပါတယ်။ ဒီ မှတ်ချက် ၄၊၅ ခုနဲ့ လူတယောက်ကို သုံးသပ်ရင် ဘယ်လိုမှ မမှန်ကန်နိုင်ပါ။
ဘ၀က အချစ် မဟုတ်သလို အချစ်ကလဲ ဘ၀မဟုတ်ပါ။
အချစ်နဲ့ ဘ၀ တထပ်ထဲ ကျပါစေလို့ ဆုတောင်းပေးမယ်နော်။

weenyinthit said...

no ,,, ငယ်ငယ်ထဲကဒီလောက် ပြသာနာလုပ်နေလို့ တကယ်လပ်ထပ်ပြီးရင် ဘာတွေဆက်ဖြစ်မလဲ..။ မင်္ဂလာဆောင်ပြီးမှ ကွဲတာထက် ခုထဲက အလိုလုပ်တာမကြိုက်ဘူးဆိုတာ ရှင်းရှင်းပြောသင့်တယ်။ ခုထဲက တစ်ယောက်ကိုတစ်ယောက်နားလည်သင့်တယ်။ ရည်းစားထားတယ်ဆိုတာ ကိုယ်နဲဘ၀တစ်လုံးပေါင်းမယ့်သူ ကိုစမ်းသပ်တာပဲ..။ ကြိုးစားပြီးညှိနိုင်းကြည့်ပါ..။ ရရင်တော့ အကောင်းပေါ့ဗျာ... တကယ်ချစ်ကြရင် အဆင်ပြေမှာပါ.

Unknown said...

ဒီလောက်နဲ့တော့မငြင်းသင့်ဘူး ထင်တာဘဲ

ကိုရင်နော်ခင်လေးငယ် said...

ချစ်သာချစ်လိုက်ပါ.. :P

မော်စီ said...

ဟိုလေ ဘယ်လိုပြောရမလဲ ဒီလိုပြောပါမယ် . . .
အချစ်မှာ မျက်စိမရှိဘူး ဆိုတဲ့စကားလည်း ရှိတာပဲလေ တစ်ကယ်ချစ်ရင်တော့ လက်ခံနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် အရင်မေးခွန်းထုတ်လိုက်ပါ။ ငါသာ သူ့နေရာမှာဆို အဲလိုဖြစ်မလား။
သူက ဘာကြောင့်အဲလိုဖြစ်နေရသလဲ, etc ...။
လူတိုင်းမှာတော့ အားသာချက် အားနည်းချက်ဆိုတာ ရှိနိုင်ပါတယ်။
အားလုံးကို ခြုံကြည့်မယ်ဆိုရင် မုဒုံစောင်က အကောင်းဆုံးပေါ့ . . . ဟဲဟဲ (ကြေငြာဝင်တာ)
နောက်တာပါ
အချစ်ရေးမှာ အဆင်ပြေပါစေဗျာ

mgthonnya said...

နှလုံးသားကရွေးချယ်မယ်ဆိုရင်တော့ရဲရဲကြီးရွေးလိုက်ပါ။
အချစ်အတွက်နှလုံးသားကိုအလိုက်ပါမတားကြပါဘူး။
ဘ၀အတွက်ဆိုရင်တော့နှလုံးသားကိုချည်းအလိုမလိုက်ပါနှင့်။
စဉ်းစားပါ။(ဆရာကြီးလုပ်ရတာအရသာရှိလိုက်တာ :P)

ရွှန်းမီ said...

သူ့ကို ကိုယ်က ပြန်စကားပြောရဲလား ..
သူစွပ်စွဲတာ ကိုယ် ဖြေရှင်းနိုင်လား..
သူချုပ်ချယ်တာ ကိုယ်မလိုက်နိုင်တဲ့ အရာတွေလား ..
မကြိုက်တာ ကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရဘူးလား ..
အကောင်းမမြင်ရင် ဘာလို့ ချစ်သေးလဲ .. (တွေးစရာပဲ)
မကြိုက်ရင် မကြိုက်ဘူး လို့ ရဲ ရဲ ပြောလိုက်ပါ..
သူ တုံ့ပြန်တာကို ကြည့်ပြီး ဆုံးဖြတ်လိုက်ပေါ့ .. ။

(.. အမေးတွေ မြင်လို့ အကြံပေးကြည့်တာပါ ..)
(ဖြေတဲ့သူက မာနကြီးတယ်၊ မောက်မာတယ်၊ ရက်စက်တယ် လို့ ပြောခံရပေါင်းတော့ များပြီ ;) )

Anonymous said...

အမေးကိုရော..ဖြေထားတဲ့ကွန်မန့်တွေပါဖတ်ပြီး
ထပ်ဖြေခဲ့ပါဦးမယ်။
ကိုယ်စိတ်မချမ်းသာအောင်လုပ်တဲ့လူတစ်ယောက်
ကိုယ့်ကိုအကောင်းမမြင်တဲ့လူတစ်ယောက်
ကိုယ့်ကိုချုပ်ချယ်တဲ့လူတစ်ယောက်ကိုတော့
ချစ်သူအဖြစ်လက်မခံသင့်ဘူး။
ဒါပေမယ့်ကိုယ့်ဘက်ကခံစားချက်ကဘယ်လိုလဲ
သူလုပ်သမျှတွေကိုကိုယ်ခံနိုင်လား။
ကိုယ့်အတွက်အဲဒါအသေးအဖွဲတွေပဲလား
ချစ်သူတစ်ယောက်ဆိုရင်ဘာမှမဟုတ်ပေမယ့်
ကိုယ်နဲ့တစ်ဘဝလုံးပေါင်းသင်းရမယ့်လူဆိုရင်တော့
သေချာစဉ်းစားသင့်တယ်နော်.....
(တတ်တယ်တော့ဟုတ်ဘူး။ဆရာလုပ်သွားတယ်...ဟီး..:P)

 

Design By:
SkinCorner