Monday, December 29, 2008
စိတ်ကူးယဉ်ဆန်စွာ
အမှတ်တရတွေကို မကြာမကြာ ဖန်တီးကာ တန်ဖိုးထားတတ်တဲ့ သူမ၊ အမှတ်တရနေ့တိုင်းမှာ သူနဲ့အတူရှိနေချင်ခဲ့သည်။ အထူးသဖြင့်၊ သူမ မွေးနေ့လိုနေ့မျိုးလေးတွေ၊ သူ့မွေးနေ့လို နေ့မျိုးလေးတွေ၊ သူနဲ့ စတွေ့တဲ့နေ့လေးတွေကိုပေါ့။ အဲဒီအပြင်၊ ထူးထူးခြားခြားတစ်ခုခုလုပ်ဖြစ်တဲ့နေ့လေးတွေကိုပါ သူမက အလေးထားတတ်သေးသည်။ အဲဒီလို နေ့မျိုးလေးတွေမှာ အမှတ်တရ တစ်ခုခု လုပ်ချင်ခဲ့သည်။ သူနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းချင်ခဲ့သည်။
သို့သော်၊ သူက ပြောသည်။
"ဒီလောက် စိတ်ကူးယဉ်ဆန်ပြီး ဘာလုပ်မှာလဲကွ။"
" လက်တွေ့နဲ့ စိတ်ကူးယဉ်ဆိုတာ တစ်ထပ်တည်းကျလာနိုင်တဲ့အရာမှ မဟုတ်ပဲကွာ။ "
"ကြားလား၊ ကောင်မလေး။ စိတ်ကူးမယဉ်စမ်းပါနဲ့ ။ "
"လက်တွေ့ကျကျ စဉ်းစားကွာ".................တဲ့။
သူပြောတော့လည်း ဟုတ်နေသလိုလို။ "မဖြစ်နိုင်တာကြီးကို စိတ်ကူးယဉ်နေမိသလား"................. လို့ ကိုယ့်ကို ကိုယ် ပြန်မေးကြည့်သည်။ "ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာအကြောင်း မရှိဘူး." .................ဟုအဖြေထွက်သည်။ သူ ကိုယ်၌က အဲလိုမျိုးတွေ စိတ်မဝင်စားတာ...........လို့ တွေးမိလိုက်တော့ စိတ်ထဲက မကောင်း။ ဪ၊ ငါ့နှယ်။ စိတ်ကူးယဉ် မဆန်တတ်သူကိုမှ ချစ်မိရတယ်လို့ ..........ဟူသော အတွေးဝင်လာမိသေးသည်။ အခုမှတော့ မတတ်နိုင်တော့။ သူ ၊ မလုပ်ချင်လည်း ကိုယ့်ဘာသာကို လုပ်ယူလို့ ရသေးသည်ပဲ။ သူက အတင်းအကြပ်ကြီးတော့ ငြင်းလေ့ငြင်းထမရှိပါ။ အတတ်နိုင်ဆုံး လိုက်လျောပေးလေ့ရှိသည်။ ဒီတစ်ခုအတွက်တော့ သူ့ကို ကျေးဇူးတင်မိသား။
နယူးရီးယား(နှစ်သစ်)မှာ သူနဲ့အတူ ဘုရားသွားချင်သည်။ ပုဂံဘုရားစုံကို သူနဲ့ အတူ ဖူးချင်သည်။ စစချင်း၊ တန့်ကြည်တောင်သွားမည်။ ထို့နောက်၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗေညုဘုရား၊ စသည့် တန်ခိုးကြီး ဘုရားများကို လိုက်ဖူးမည်။ (နေပူပူမှာ ဦးထုပ်ကိုယ်စီဆောင်းကာ စက်ဘီးစီးရင်းနဲ့ပေါ့။) လက်ညိုးထိုးမလွဲသော ၊ မြင်မြင်ရာ၌ ဘုရားစေတီများ ခြံရံနေသော ပုဂံတွင် နာမည်မထင်ရှားသော ဘုရားများလည်း ရှိနေပါသေးသည်။ ထိုဘုရားများကိုလည်း အတူတကွ ဖူးမြော်ချင်သေးသည်။ ရွှေဆံတော်ဘုရားကိုလည်း သူ့အကူအညီဖြင့် တတ်ရမည်။ သူမက အမြင့်ကြောက်သည်လေ။ နေဝင်ရီတရော ဆည်းဆာကို သူ့ပခုံးထက်မှာ မှီရင်းဖြင့် ကြည့်ချင်မိသည်။ ပုဂံ ရှုခင်းကြီးက လှလိုက်မည့် ဖြစ်ခြင်း။ ပုဂံရဲ့ အလှဆုံးအချိန်မှာ သူနဲ့ အတူ ရှိနေရတာ ဘယ်လောက်ကဗျာဆန်လိုက်ပါသနည်း။
နေဝင်သွားလျှင် မနူဟာဘုရားသွားမည်။ မနူဟာဘုရား ရောက်တိုင်း မွန်းကြပ်သွားသလို ခံစားရပေမယ့် ပုဂံရောက်တိုင်း အမြဲသွားချင်မိသည်။ မနူဟာ ဘုရင်အား ကိုယ်ချင်းစာနေတတ်သေးသည်။ "မည်သူတစ်ဦးတစ်ယောက်ကိုမှ အကျဉ်းမကျစေခြင်ဘူး"...လို့ ပြောမိလျှင် သက်ပြင်းချပြီး "သွားရအောင်ကွာ "........လို့ ပြောလိမ့်မည်။
နောက်ဆုံးအနေနှင့် ဗူးဘုရားသို့ သွားမည်။ ဗူးဘုရား တစ်ပတ်ဖူးမြော်ပြီးလျှင် ထိုင်ခုံလေးမှာ ထိုင်ပြီး ဧရာဝတီမြစ်၏ အလှကို ခံစားရင်း ဘဝရှေ့ရေးလည်း ဆွေးနွေးရဦးမည်။
ဒီနေ့ သူမနှင့် သူ၏ ဘဝ စပြီလေ။
ဟိ ဟိ၊ နေ့အိမ်မက်လေးက စိတ်ကူးယဉ်ပေးပါဆိုလို့ အပီအပြင် စိတ်ကူးယဉ်ပလိုက်တယ်။ ပျော်စရာကြီး။
ကျေးဇူးပဲနော်၊ ညီမလေး။ စိတ်ကူးယဉ်ခွင့်ပေးလို့။ :p
ကျမကလည်း ပြန်ပြီးစိတ်ကူးယဉ်ခွင့်တောင်းလိုက်ပါဦးမယ်။ ကံထူးရှင်များကတော့
မိုးပြေး၊
မိုးသောက်၊(ရေးပြီး)
ဘေဘီဒေါက်တာ၊
မတော်သောလူသား ဂျန်ဝသူ(ရေးပြီး)
ကိုရှင်ရဲထွတ်၊(ရေးပြီး)
ကိုမိုးကြယ်၊(ရေးပြီး)
ကိုပုလုကွေး
ကိုသုခမိန်
ကိုရဲရင့်နီ
ကိုအိမ်(ရေးပြီး)
ကိုနွေသူရ(ရေးပြီး)
ကိုကေ.တီ.အမ်
ကိုအိမ်မက်ရှင်(ရေးပြီး)
ချစ်ခြင်းခြေရာ(ရေးပြီး)
တူ ပိကျိ(ရေးပြီး)
မခင်ဦးမေ၊
ညခင်းနဲ့ လမင်း(ရေးပြီး)
ပုလဲလေး(ရေးပြီး)
မက်မက်(ရေးပြီး)
ကလေးငယ်လေး
မမီးလေး တို့ပဲ ဖြစ်ပါတယ်ရှင်။
စိတ်ကူးယဉ်တဲ့ အကြောင်း ပို့စ်ရေးပေးကြပါ.......လို့ တောင်းဆိုလိုက်ပါတယ်။ (ကျမကို ခင်တယ်ဆိုရင်ပေါ့။ :p)
စကားမစပ်၊ ဒီပို့စ်က Blog လေး (7)လမြောက်အမှတ်တရပို့စ်ပါ။
အစစအရာရာအတွက် Blog လောကကြီးကို ကျေးဇူးတင်ပါတယ်။
အပြည့်အစုံသို့....
Sunday, December 28, 2008
ထင်ရာမြင်ရာ ဟင်းချက်ရာဝယ်
ပုဇွန်ခရမ်းချဉ်သီးချက်ကြက်သားကြော်
ကြက်သားအားလူးချက်(အရောင်တင်မှုန့်မပါတော့ ဖြုစုပ်စုပ်နဲ့ :p )ကြက်သွန်ကြော်
ဟိ ဟိ ၊ ထင်တာမြင်တာ လျှောက်ချက်ထားတာ။ :z
ချက်နည်းလား မမေးပါနဲ့။ သေချာသိတော့ဘူး။ လိုအပ်မယ်ထင်တာတွေ ထည့်လိုက်တာပဲ။ အစာပလာအနေနဲ့ ဆား၊ အချိုမှုန့်၊ ဆနွင်း၊ မဆလာ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးတောင့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငံပြာရည်၊ ဆီ၊ အကြော်မှုန့်၊ ကြက်သား၊ ပုဇွန်ထုပ်တွေ ပါတယ်။ ကောင်းမကောင်းတော့ သိဘူး။ ကိုယ့်ဟာကိုတော့ စားဖြစ်တယ်။ အရသာရှိတယ်လို့လည်း ထင်တယ်သိလား။ :p
ကြိုက်ရင် စားသွားကြနော်။ အားမနာပါနဲ့။ (မကြိုက်ရင်လည်း အားနာနဲ့နော်၊ ကိုယ့်အရည်အချင်းကိုယ်အသိဆုံးဆိုတော့ ;) )
အပြည့်အစုံသို့....
Saturday, December 27, 2008
အဆက်အသွယ်
"တိုင်းတပါးမှာ တစ်ယောက်တည်းနေရတဲ့အခါ ဘယ်အရာကို အကြောက်ဆုံးပါလဲ"................လို့ မေးရင် ကိုယ်ခင်တဲ့ ချစ်တဲ့လူတွေနဲ့ အဆက်အသွယ်မရမှာကို အကြောက်ဆုံး...............လို့ ဖြေချင်ပါတယ်။ တကယ်ကို ကြောက်ပါတယ်။ ပြောမပြတတ်အောင် ကြောက်ပါတယ်။
ဂျပန်ရောက်ပြီး တစ်နှစ်လောက်နေတော့ အဖေ့ဘက်က အဖွားဆုံးသွားခဲ့တယ်။ ဆုံးသာ ဆုံးသွားတာ အဆက်အသွယ်မရခဲ့။ အဲဒီတုန်းက အဲဒီအိမ်ကို ဖုန်းဆက်တိုင်း အဖွားက လာမကိုင်ခဲ့။ မအားလို့၊ အိပ်နေလို့ ၊ ဘာလို့ ညာလို့နဲ့ အကြောင်းအမျိုးမျိုးပြပြီး ဖုန်းမကိုင်ခဲ့။ ဒါကို တုံးသော ၊ အသော ကျမက သတိမထားခဲ့။ လုံးဝကို သတိမထားခဲ့။ အိမ်ကို ယုံတာလည်း ပါတော့ သူများတွေကိုလည်း မေးမကြည့်ဖြစ်ခဲ့။ နေမကောင်းဖြစ်တာတောင် အမေ့ဘက်က အဒေါ်က ပြောမှ သိရတော့ ဖုန်းဆက်ပါသေးတယ်။ ဆေးရုံမှာ ရောက်နေတော့ ဖုန်းကိုင်လို့ မရခဲ့ပါ။ နောက်ဆုံးတော့ အဖွားနဲ့ စကားလေးတောင် မပြောဖြစ်ခဲ့ပဲ ဆုံးသွားခဲ့တယ်။ ဆုံးသွားတာတောင် ချက်ချင်းမသိရ။ ခဏခဏ ဖုန်းဆက်ရက်သားနဲ့ မပြောခဲ့ကြပါ။ သဂြိုလ်ခါနီးကြမှ သိရတယ်။ ဘာလို့လည်းမသိ အဲဒီအချိန်တုန်းက ထူးထူးဆန်းဆန်း နေ့လည် ကြီးဘာရယ်မဟုတ် အိမ်ကို ဖုန်းခေါ်မိတော့မှ အဒေါ်က ဟိုအိမ်မှာ အဖွားဆုံးသွားလို့ ဖုန်းဆက်ကြည့်လိုက်ပါ ...........ဆိုမှ သိရတော့တယ်။ အရမ်းကို အံ့ဩလွန်းလို့ ငိုတောင်မငိုဖြစ်ခဲ့။ နေမကောင်းဖြစ်ပြီး ဘယ်လောက်မှမကြာဘူး။ ချက်ချင်းဆုံးသွားခဲ့တာလေ။
အိမ်ကို မေးကြည့်တယ်။ ဘာလို့ နေမကောင်းကတည်းက မပြောရတာလဲလို့။........... နေမကောင်းဖြစ်တာတောင် ဟိုဘက်ကအဒေါ်က ပြောမှ သိရတာ.................လို့။ ဘာလို့လည်း............လို့။
သူတို့ပြောတာတော့ တစ်ယောက်တည်း နိုင်ငံခြားမှာ နေရတာ ဒုက္ခတွေ ၊ အခက်အခဲတွေ များရတဲ့အထဲ မိသားစုအရေးနဲ့ ပတ်သတ်ပြီး စိတ်မဆင်းရဲစေချင်လို့တဲ့။
ဪ........................ အိမ်ရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမယ့်၊ ကိုယ့်အဖွားအရင်းခေါက်ခေါက်ကြီးဆုံးသွားတာကို အဖွားနဲ့ဘာမှ မဆိုင်တဲ့ ဟိုဘက်က အဒေါ်ပြောမှ သိရတယ်ဆိုတော့ စိတ်က လုံးလုံးမကောင်းခဲ့ပါ။ ဒါပေမယ့် ပြီးတာတွေလည်း ပြီးပါစေတော့ ဆိုပြီး တရားနဲ့ ဖြေခဲ့ပါသေးတယ်။ နောက်တစ်နှစ်လောက် ကြာတော့ အလားတူအဖြစ် နောက်တစ်ခါ ထပ်ဖြစ်တယ်။ အဖိုးဆုံးသွားတယ်။ ဒီတစ်ခါလည်း သဂြိုလ်တဲ့နေ့မှ သိတယ်။ ဘယ်လောက် ကံဆိုးလိုက်တဲ့ ကျမလဲ။ ပြုစုဖို့ နေနေသာသာ ဆုံးသွားတာတောင် မသိဘူး။ အဖိုးကော အဖွားကော ကျမကို အရမ်းချစ်တယ်။ သူတို့နေမကောင်းဖြစ်တဲ့အချိန်မှာ ကျမကို တွေ့ချင်ကြမှာပဲ။ ဘာမှမလုပ်ပေးခဲ့ရင်တောင် ဘေးနားမှာ နေပေးတယ်ဆိုရုံနဲ့ ကျေနပ်ကြမှာပဲ။ အခုတော့......... အခုတော့ သိတောင် မသိခဲ့တဲ့ ကျမဟာ ဘာတစ်ခုမှ မလုပ်ပေးခဲ့ပါ။ စကားလေးနဲ့တောင် နှစ်သိမ့်မပေးနိုင်ခဲ့ပါ။
ဘာကြောင့်လည်း၊ အဖြေက တစ်ခုတည်းရှိတယ်။ အဆက်အသွယ် ကောင်းကောင်းမရခဲ့လို့။ အဖြစ်မှန်ကို မပြောခဲ့ကြလို့။
အိမ်က ပြောတဲ့အကြောင်းပြချက်ကို နားလည်ပေးလို့ ရပေမယ့် လက်ခံပေးလို့မရပါ။ အိမ်ကသာ အမှန်အတိုင်းပြောခဲ့ရင် တစ်ခုခုတော့ လုပ်နိုင်ခဲ့မှာပါ။ (မြန်မာနိုင်ငံပြန်တာပဲဖြစ်ဖြစ်ပေါ့။) အခုတော့ ပြီးသွားမှချည်း သိသိခဲ့ရတယ်။ နောက်တစ်ခါ အဲလို ထပ်ဖြစ်ရင် ကျမ ခံနိုင်ရည်ရှိမှာမဟုတ်တော့ပါ။ ဘယ်သူမှ ဘာမှမဖြစ်ပါစေနဲ့၊ ဖြစ်ခဲ့ရင်တောင် ချက်ချင်းသိခွင့်ရချင်ပါတယ်။ ပြီးသွားမှ၊ လွန်သွားပြီးမှ မသိပါရစေတော့နဲ့ ................လို့ အမြဲဆုတောင်းမိခဲ့တယ်။
အခုလည်း စိတ်က ထင့်နေတယ်။ အရမ်းကြောက်တယ်။ ဖုန်းမဆက်ရဲဘူး။
အပြည့်အစုံသို့....
Friday, December 26, 2008
26
အမှတ်တရနေ့တစ်နေ့မှာ ဘာတစ်ခုမှ အမှတ်တရမလုပ်ဖြစ်ပေမယ့် အမှတ်တမဲ့ဖြစ်နေတာ မဟုတ်ပါဘူး။
အရင်ကလည်း အမှတ်ရခဲ့တယ်။ အခုလည်း အမှတ်ရနေတယ်။ နောက်လည်း အမှတ်ရအုန်းမှာပါ။
"အမှတ်တမဲ့မှ အမှတ်တရသို့" ဆိုသလို အမှတ်မထင် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့တဲ့နေ့တစ်နေ့ဟာ မထင်မှတ်ပဲ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်သွားခဲ့ရတယ်။
တစ်ချို့လတွေမှာ ပျော်ရွှင်ရသလို တစ်ချို့လတွေမှာ ဝမ်းနည်းခဲ့ရတယ်။
တစ်ချို့လတွေမှာ ကြည်နူးခဲ့ရသလို တစ်ချို့လတွေမှာ ပူဆွေးခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရတော့ ရှိနေဆဲပါ။
ပြက္ခဒိန်မှာ (26)ဆိုတာ ရှိနေသရွေ့ ဒိုင်ယာရီထဲမှာလည်း ထင်ကျန်နေဦးမှာပါ။
အပြည့်အစုံသို့....
Thursday, December 25, 2008
Merry Christmas To You!
Shinjuku မှာ ကြေငြာထားတဲ့ ပိုစတာပါ။
စာထဲမှာ ပါတဲ့ စာသားက ”There are no borders in the feeling that this day would like to shine” တဲ့။ နယ်နမိတ်မရှိစွာနဲ့ ပျော်ပျော်ပါးပါး Merry Christmas ကြရအောင်။
Merry Christmas To You!
အပြည့်အစုံသို့....
Wednesday, December 24, 2008
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)ဖတ်ချင်ပါက
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)ဖတ်ချင်ပါက
အမနှစ်ယောက်နဲ့ စကားပြောနေတုန်း လေယာဉ်မယ်လေးက အအေးလာချပေးတော့ သောက်လိုက်တယ်။ ပြီးတော့ မုန့်လာချမလားလို့ စောင့်နေတာ မလာတာနဲ့ သူတို့ကို မေးကြည့်လိုက်တယ်။ မုန့်လည်းလာမချဘူးနော်..........ဆိုတော့ အေးလေ..........တဲ့။ သုံးယောက်သား ကြောင်ကြောင်တောင်လေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မေးကြည့်မလား..........လို့ တိုင်ပင်လိုက်တယ်။ :p လေယာဉ်မယ်လေးကို မေးကြည့်တော့ ပြည်တွင်းခရီးစဉ်ဖြစ်လို့ အအေးပဲတဲ့။ မုန့်မပါဘူးတဲ့။
ဪ.......................၊ သိမှ မသိတာကိုး။ ထိုင်းနဲ့ မြန်မာ လေယာဉ်စီးတုန်းကတောင် မုန့်ကျွေးတော့ အခုလို ဟော့ကိုင်းဒိုးကြီးတောင် သွားတာဆိုတော့ မုန့်လေးဘာလေးကျွေးမယ်ထင်ခဲ့တာ။ ဘာမှလည်း ကျွေးဘူး။ :c မြန်မာနိုင်ငံမှာတုန်းကလည်း ပြည်တွင်းခရီးစဉ်ဆို သွားမှမသွားဘူးတော့ သိလည်းသိခဲ့ဘူးလေ။ အခုတော့ ကျမသိပြီ။ :z
ဗိုက်ဆာလိုက်တာ။ ဗိုက်ဆာလိုက်တာ.............လို့ အော်ရင်းနဲ့ပဲ နေ့လည် သုံးနာရီထိ ရေသောက်ရင်း လေယာဉ်စီးခဲ့ရတယ်။ လေယာဉ်ကြီးက ဆိုက်ခါနီးမှ လေဆိပ်ကြီးကို မြင်နေပြီးမှ ရာသီဥတုမကောင်းလို့ ဆင်းလို့ရဘူးတဲ့။ ဘာမှလည်းပါပဲနဲ့ လေပေါ်မှာ ဒီတိုင်းကြီး ရပ်ထားတယ်။ (စဉ်းစားကြည့်ရင်း ကြောက်စရာကြီးနော်။) :y
ဓာတ်ပုံကလည်း အရမ်းရိုက်ချင်နေပြီဆိုတော့ လေယာဉ်မယ်လေးကို မေးပြီး ရိုက်ပစ်လိုက်တယ်သိလား။ ဟိ ဟိ။ လေယာဉ်ပေါ်က လှမ်းရိုက်တာဖြစ်လို့ နည်းနည်းတော့ ဝါးနေတယ်။ လှတော့ လှတယ်ဟုတ်။
ဒီတစ်ပုံဆို နှင်းတွေချည်းပဲနော်။ :z
ဟိုအမနှစ်ယောက်ရဲ့ ကင်မရာတွေကိုပါ ရိုက်ပေးရင်း အချိန်တွေကုန်သွားတယ်။ လေယာဉ်ဆိုက်တော့မယ် ခါးပတ်ပတ်ပါ..................လို့ ကြေညာတော့မှ သုံးယောက်သား ကင်မရာသိမ်းတော့တယ်။ အဲလောက် ဆိုးကြတာနော်။ ဟိ ဟိ။
ဒီလိုနဲ့..................ရောက်ပါပြီရှင်။ Chitose လေဆိပ်ကို။ :z လေယာဉ်ကြီး ဆိုက်ပါပြီရှင်။ တစ်နာရီခွဲပဲ ကြာတဲ့ ဒီခရီးကို အိမ်ကနေ မနက်ငါးနာရီထဲက ရထားတစ်တန်၊ ဘက်စ်တစ်တန်၊ လေယာဉ်တစ်တန် စီးလာရတာ ညနေလေးနာရီခွဲမှ လေယာဉ်ဆိုက်တယ်။ မြန်မာပြည်ပြန်တာလောက် နီးနီးကို အချိန်ကြာတယ်သိလား။ ရာသီဥတု ရာသီဥတု တော်တော်ဒုက္ခပေးပါ့။ သူလုပ်တာနဲ့ အချိန်တွေလည်း ကမောက်ကမ၊ ကျမကလည်း နားမလည်ပါးမလည်နဲ့ ဘာမှ မစားခဲ့တော့ လေယာဉ်လည်းဆိုက်ဆိုက်ချင်း မူးတာမူးတာ ....ပါလေရော။ ဒီတစ်ခါပဲ လေယာဉ်မူးဘူးတယ်။ စစချင်း လေယာဉ်စစီးတဲ့အခေါက်တုန်းကတောင် နားနည်းနည်းအူတာကလွဲရင် မမူးဖူးဘူး။ အခုတော့ ဟော့ကိုင်းဒိုးရောက်ရောက်ချင်း လူက နှင်းနဲ့တူတူ အဖြုရောင်ဖြစ်သွားတယ်။ မျက်နှာကော လက်တွေကော ဖြူဖတ်သွားတာပဲ။ အစထဲက အစာမှ မရှိခဲ့တာလေ။ :p
ဒီလောက် ဖြစ်နေတာတောင် အနားယူဖို့ စိတ်ကူး လုံးဝမရှိတဲ့ကျမက Sapporo Snow Festival ကို မဖြစ်ဖြစ်အောင် သွားကြည့်ခဲ့တယ်သိလား။
ဆက်ရန်
မကြာမီ
လာမည်
မျှော်
အပြည့်အစုံသို့....
Tuesday, December 23, 2008
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)ဖတ်ချင်ပါက
Check In ဝင်ပြီးသွားတော့ လေယာဉ်စီးရမယ့် Terminal ကို သွားပါတယ်။ အဝေးကြီးပဲ။ ဘတ်စ်ကားနဲ့ စီးသွားရတယ်သိလား။ Narita လေဆိပ်ကို သုံးခေါက်ရောက်ဖူးပေမယ့် Haneda လေဆိပ်တော့ ဒါပထမဆုံးပါ။ တော်တော်ကွာတယ်သိလား။ Haneda လေဆိပ်က Narita လေဆိပ်ထက်စာရင် ကျဉ်းကျဉ်းလေး၊ ဘယ်အရာမဆို သေးသေးလေး။ ဆိုင်တွေဘာတွေလည်း တော်တော်နည်းတယ်။ Shopping လေး ဘာလေး ထွက်မလားစဉ်းစားတာ Narita လေဆိပ်လိုလည်း ဆိုင်တွေ အများကြီး ရှိဘူး။ (ဟိ ဟိ၊ အကုန်အကျသက်သာသွားတာပေါ့နော်။) နောက်ပြီး ပြည်တွင်းဖြစ်တွေများတယ်သိလား။ ဒါနဲ့ အပြင်မှာလည်း ဝယ်လို့ရနေတော့ ဘာမှ ဝယ်ဖြစ်တော့ဘူး။
ဖုန်းပဲ ဆက်ဖြစ်တယ်။ ခရီးတစ်ခုခုသွားခါနီး အိမ်ကိုဖုန်းဆက်နေကြဆိုတော့လေ ။ ကဒ်ဖုန်းက ဘာဖြစ်လို့လည်း မသိ လုံးဝ လိုင်းမမိ။ ဘယ်လိုပဲ ဆက်ဆက်မရတာနဲ့ တိုက်ရိုက်ဆက်ဖြစ်လိုက်တယ် အေးရော။ :p အဲဒါ ကြတော့ ဝင်တယ်သိလား။ (ဟင့် ဟင့်၊ ဖုန်းလိုင်းကြီးက ပိုက်ဆံအများကြီး ကုန်အောင် လုပ်တယ်။ ) ဒီလိုနဲ့ပဲ ဖုန်းပြောရင်း ကျမ သွားချင်တဲ့ ANA ---စီးရမယ့် နေရာကို ရောက်လာတယ်။ လမ်းမှာ လူတွေ အများကြီးတွေ့ပေမယ့် ကိုယ့်လည်းသူမသိ၊ သူလည်း ကိုယ်မသိဆိုတော့ မြန်မာလို ပြောလည်း ကိစ္စမရှိ။ နားလည်း လည်ကြဘူးလေ။ ဟိ ဟိ။
တစ်ကိုယ်တော် ရွက်လွင့်ရတာ ဒီတစ်ခုတော့ ကောင်းတယ်။ လုပ်ချင်တာလုပ် ပြောမယ့်လူမရှိ။ ကိုယ်စီးရမယ့် ANA ---ရောက်တော့ လေယာဉ်က ရာသီဥတုမကောင်းလို့ နှစ်နာရီလောက် နောက်ကျမယ်တဲ့။ ဟင့် ဟင့်။ ဟော့ကိုင်းဒိုးကိုသွားတာမှ တစ်နာရီခွဲလောက်ပဲ ကြာတာ။ လေဆိပ်မှာ နှစ်နာရီ စောင့်ရမယ်တဲ့။ ဟင့် ဟင့်။ အဲလိုပဲ ငိုလိုက်ချင်တယ် အဟုတ်။
မနက်ငါးနာရီထဲက အိမ်ကထွက်လာတာ အိပ်ရေးလည်း မဝ၊ ဘာမှလည်း စားရသေးဘူး။ စိတ်ညစ်တော့ ဗိုက်ဆာသွားတယ်။ (ဆိုင်မဆိုင်တော့ မသိ ။) :p ဒါနဲ့ ပြန်လှည့်ထွက်လာခဲ့တယ်။ စားသောက်စရာရှာဖွေဖို့လေ။ ဒီဘက် Terminal က သေးသေးလေးဆိုတော့ ဘာမှကို သိပ်မရှိဘူး။ ဆိုင်ကလည်း တစ်ဆိုင်နဲ့တစ်ဆိုင်အဝေးကြီး။ တွေ့တဲ့ဆိုင်ကလည်း ဘာတွေရောင်းမှန်းကို မသိတာ။ တစ်ခုမှ ကျမ မစားနိုင်။ စားနိုင်တာဆိုလို့ အားလူးကြော်ပဲရှိတယ်။ ဒါနဲ့ အားလူးကြော်စား ၊ ရေသောက်ပြီး ပြန်လာခဲ့တယ်။ တော်ပြီ။ လည်စရာလည်း မရှိ၊ ကြည့်စရာလည်းမရှိဆိုတော့ ကိုယ်စီးရမယ့် ANA ---မှာပဲ စောင့်နေလိုက်တော့တယ်။
ကာတွန်းဖတ်ရင်းနဲ့လေ။ ဟိ ဟိ၊ ပျင်းလို့ Laptop သယ်လာတာ အခုတော့ အကိုက်ဖြစ်သွားပြီ။ Laptop ထဲမှာ မြန်မာလို ကာတွန်းတွေရော၊ ဝတ္တုတွေရော၊ သီချင်းတွေကော အများကြီး ထည့်လာတာလေ။ :z တစ်ယောက်တည်း ကာတွန်းဖတ်နေတာ ဂျပန်ကလေးလေးတစ်ယောက်က လာကြည့်တယ်သိလား။ သူလည်းဖတ်ချင်လို့ ထင်ပါရဲ့။ ကျမက ပေးဖတ်ချင်ပါတယ်။ ဒါပေမယ့် သူ့အမေက သူများကို မနှောင့်ယှက်နဲ့............ဆိုပြီး ကလေးကို ခေါ်သွားတယ်။ ဒါနဲ့ ကျမလည်း ဖတ်ပါလို့တောင် မပြောလိုက်ရဘူး သိလား။
ကာတွန်းစာအုပ်တော်တော်ကုန်သွားတော့မှ လေယာဉ်စီးဖို့ တန်းစီကြပါ.........လို့ ကြေငြာသံ ထွက်လာတယ်။
အေးဆေးပဲ။ တန်းစီးသေးဘူး။ ဆက်ပြီး စာထိုင်ဖတ်နေလိုက်တယ်။ ဟိ ဟိ။ အထာသိသွားပြီလေ။ စစချင်း ကိုရီးယားသွားတုန်းကဆို သူတို့မကြေငြာခင်ထဲက ကိုယ့်မှာ အသင့်အနေအထားနဲ့ စောင့်နေခဲ့တာ။ အကြာကြီးပဲ စောင့်ခဲ့ရတယ်သိလား။ အခုတော့ ဘယ်ရလိမ့်မလဲ။ သိသွားပြီ။ လူတွေကုန်ခါနီးလောက်မှ ပစ္စည်းတွေ သိမ်း၊ ကျန် မကျန် စစ်ပြီး တန်းစီလိုက်တယ်။ နည်းနည်းပဲ စောင့်ရပြီး ချက်ချင်း လေယာဉ်ထဲ ဝင်ခွင့်ရပြီ။ နောက်ပြီး လွတ်နေတဲ့နေရာကို ရှာရတာဆိုတော့ ရှာရလွယ်တယ်ဟုတ်။ ချက်ချင်းရှာတွေ့တယ်။ လေယာဉ်မယ်တောင် မေးစရာမလို။ အဆင်ကိုပြေလို့။ :z
Check In စောစောဝင်ခဲ့တော့ ထိုင်ခုံက ပြတင်းပေါက်နားရတယ်။ နှင်းတွေ၊ လှလိုက်တာ.................။ တိုကျိုက နှင်းတွေကို အပေါ်စီးက မြင်ရတာ မိုက်မှမိုက်။ ဓာတ်ပုံရိုက်မလို့ဟာ လေယာဉ်မယ်လေးက ရိုက်ရဘူးတဲ့။ အကုန်သိမ်းပါ.........လို့ လာပြောတယ်။ ဟင့် ဟင့်။ ဘယ်ရမလဲ။ မေးလိုက်တာပေါ့။ ဘယ်တော့ ရိုက်ရင် ရမလည်း..............လို့ ။ သူက ရိုက်လို့ရတဲ့အချိန်ကြရင် ကြေငြာပေးပါ့မယ်...............တဲ့။ ဟုတ်ကဲ့၊ စောင့်နေပါ့မယ်................. လို့ ပြောပြီး ဟိုဘက်ပြန်လှည့်မလို့ဟာ ဘယ်အချိန်ထဲက စိတ်ဝင်စားနေမှန်းမသိတဲ့ ကောင်မလေးနှစ်ယောက်က လာရယ်ပြတယ်။ ငါလည်း ဓာတ်ပုံရိုက်ချင်တယ်တဲ့။ နင် ရိုက်ရင် ငါ့ ကင်မရာနဲ့လည်း ရိုက်ပေးပါတဲ့။ ဟိ ဟိ။ ပြန်ပြုံးပြရင်း အင်း.........လို့ ပြောလိုက်တယ်။ အဲဒါက စပြီး သူတို့နဲ့ စကားပြောဖြစ်သွားတယ်။ ငယ်ပေါင်းကြီးဖော်တွေကြလို့ စကားတွေလုပြောကြရတယ်။ သုံးယောက်ဆိုတော့ တစ်ယောက်က ဘက်ပဲ့သလိုမဖြစ်အောင် သုံးယောက်လုံး ဝိုင်းပြောကြတာ။ ဆူညံနေတာပဲ။ တစ်ယောက်က ဂျပန်စကားသိပ်မတတ်ဘူး။ နောက်တစ်ယောက်ကတော့ တတ်တယ်။ မဆိုးပါဘူး။ ခင်စရာ ကောင်းတယ်။ စကားသိပ်မတတ်တဲ့ ကောင်မလေးက အသက်နည်းနည်းကြီးတော့ အွန်နီလို့ ခေါ်လိုက်တယ်။ :p ဟိ ဟိ၊ သူမ က ကိုရီးယားမလေးလေ။ အွန်နီလို့ ခေါ်တော့ ပြုံးနေတာပဲ။ နောက်တစ်ယောက်က ထိုင်ဝမ်က။ သူကတော့ ရွယ်တူဆိုပေမယ့် အရပ်အရှည်ကြီး၊ စိုးမြတ်သူဇာလိုမျိုး ။ သူကလည်း အလိုလို အမလို ဖြစ်သွားတယ်။ ကျမတော့ ခရီးသွားရင်း အမနှစ်ယောက်ရပြီ။ ပျော်မှ ပျော်။ :z
ဆက်ရန်
မကြာမီ
လာမည်
မျှော်
:z
အပြည့်အစုံသို့....
Saturday, December 20, 2008
နောက်ဆုံးတော့လည်း
အမျိုးမျိုးလည်း ပြောပြပြီးပြီ၊ အမျိုးမျိုးလည်း ရှင်းပြပြီးပြီ။ "လှေနံ ဒါးထစ်"ဆိုတဲ့ စကားပုံအတိုင်း ဒီတစ်ခုကိုမှ ဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲ မပြီးနိုင်မစီးနိုင် ဝေဖန်နေကြတဲ့လူတွေကို ကြည့်ပြီး ကျမတော့ သံဝေဂရတယ်။ Blog မပိတ်မချင်း သူတို့မှာလည်း အမြဲစောင့်ကြည့် ဝေဖန်နေရအုန်းမှာဆိုတော့ သူတို့ရဲ့အချိန်တွေကို သူတို့အစား နှမြောပါတယ်။ Blog မပိတ်မချင်း ဒေါသတွေနဲ့ ပူလောင်စွာ စောင့်ကြည့်နေမယ့်လူတွေကို ဒေါသတွေဆီက လွတ်ငြိမ်းသွားအောင် ၊ ခဏခဏ ဆဲနေရလို့ ငရဲမကြီးအောင် အကောင်းဆုံး အကြံတစ်ခုစဉ်းစားမိလိုက်ပါပြီ။
ဟိုတစ်နေ့က Blog ပိတ်မယ်ဆိုတုန်းက မပိတ်ပါနဲ့......လို့ လာအားပေးပြောကြားပေးကြတဲ့ ကျမရဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းတွေကို အားနာ၊ သူတို့စေတနာကို လေးစားပြီး ဘယ်သူတွေ ဘာလာပြောပြော မပိတ်တော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ၊ ဘယ်လိုမှကို နားမလည်ပေးနိုင်၊ ရန်စောင် ရန်ရှာနေတဲ့လူတစ်စုကို ကျမအတွက်နဲ့ မစ္ဆရိယစိတ်မများစေချင်တဲ့အတွက် ကျမစဉ်းစားမိတဲ့ အကောင်းဆုံးအကြံကို အကောင်အထည်ဖော်ပါတော့မယ်။
Blog ရဲ့ Permissions ကို "Only people I choose" ပေးလိုက်ပါတော့မယ်။
ကျမက ဘာမှ မဟုတ်ပါဘူး။ ကျမရေးတဲ့ စာတွေကလည်း ဂန္တဝင်မြောက် စာဖွဲ့လောက်အောင် ကောင်းမနေပါဘူး။ ဒါပေမယ့်၊ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်။
အရမ်းကြီးကျယ်ရာရောက်နေမှန်းသိပေမယ့် လက်ရှိအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဒါပဲရှိလို့ပါ။ မကြီးကျယ်ချင်ပေမယ့် ကြီးကျယ်ရပါတော့မယ်။
Blog မြန်မြန် ပိတ်စေချင်သော လူများအတွက်၊ Blog မပိတ်ရန် အချိန်ရှိတိုင်း လာရောက်အားပေးနေသော ကျမအား ချစ်ခင်မြဲ ချစ်ခင်နေတဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်များအတွက် "ပိတ်ပေမယ့် မပိတ်ဘူး "ဆိုတဲ့ သဘောနဲ့ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်ရှင်။
အကယ်၍များ ကျမစာတွေကို ဖတ်ချင်ကြသေးတယ်ဆိုရင် yomitaihitodake@gmail.com ကို
စာဖတ်သူ၏ နာမည်နဲ့ E-Mail Address သာ ပို့ပေးလိုက်ပါရှင်။
ရှောင်ပြေးခြင်း မဟုတ်ဘဲ အကောင်းဆုံး နည်းလမ်းကို မိတ်ဆွေများနဲ့ တိုင်ပင်ပြီးရွေးချယ်ခဲ့ခြင်းပါ။
မကြာမီ ကာလအတွင်းမှာ "Only people I choose" အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ စီစဉ်ထားပါတယ်ရှင်။
စကားချပ်
ကိုအိမ်မက်ရှင်ဆီမှ Mail ဝင်လာပါတယ်ရှင်။
ညီမငယ် မိဂုမိရဲ့ ပိုစ့်လေးများကို ဆက်လက်ဖတ်ရှုချင်မိပါသည်။
အိပ်မက်ရှင်
.......................တဲ့။
နောက်တစ်စောင်က ကိုရှင်ရဲထွတ်ကြီး ရဲ့ Mail ပါ။
"ကျွန်တော် ရှင်ရဲထွတ် မဂုဂုရဲ စာဖတ်မယ်ဗျို့
"....................တဲ့။
ဂု.........စ်
ငါ့လည်း ဖတ်မှာ....
ဒီမေလ်းအတိုင်းပဲနော်.....
ညီမ...:P
အလှတ၇ား
"မြန်မာမိန်းကလေးဖြစ်ပေမဲ့ ၀ိုင်းဆဲတာကိုခံရရုံနဲ့ မိမိရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ သွေဖည်မသွားရဘူး........."
Yes...
Must Do...
" Never Surrender "
We are always stand your side...
ရဲရင့်နီ
ညီမလေး ဘလော့ကို ဖြစ်အောင် ဆက်ရေးပါ။
ချစ်ခင်လျက်
Nge Naing
မယ်ဂုရေ ငါ့ကိုလည်း ၀င်ခွင့်လေး ဘာလေး ပေးပါဦး ဟေ့ ..
နင်က တော်တော် လက်မြန်တာပဲ ..
ငါလည်း ကျွေးပွဲရယ် စာမေးပွဲ ရယ်နဲ့ကို ရှုပ်ရှက်ခတ်နေတာ ကွန်ပျူတာ နားကို အခုမှပဲ ကပ်နိုင်တော့တယ်..
အခန်းထဲ က သူငယ်ချင်းကလည်း စာမေးပွဲ ကျလို့ မြန်မာပြည်ပြန်တာ လိုက်ပို့လိုက်ရသေးတယ် ...
မိုး သောက်
hi
I'm also from thailand and I'm your blog reader.I want to read your new posts.
Regards,
Nyi Lin Win
ကျွန်တော်လည်းဆက်လက်အားပေးလျက်
ပါ..
လေးစားခင်မင်လျက်..
မိုးကြယ်
ကဲ မယ်ဂုမိရေ။ Only people I choose အစီအစဉ်မှာ ပါဝင်မယ်ဗျာ။
အပျင်းပြေ စာလည်းဖတ်ဖြစ် စာလည်းရေးဖြစ် ဘလော့ဂ်လုပ်တာပဲ ဆက်လျှောက်ပါ။ ကွန်မန့်ကတော့ ကျွန်တော်ဆို မရသလောက်ပဲ။ လာလည်သူလဲ သိပ်မရှိဘူးထင်တယ်။ ဘယ်တတ်နိုင်မလဲ ကိုယ်က ရေးချင်နေတာကိုး။ ရေးရမှာပဲ။ ဒီလိုပဲ ဖတ်ချင်တာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ ဖတ်ချင်တာလေးတွေ မယ်ဂုမိဆီမှာ ဖတ်ရတယ်။ သဘောအကျဆုံးတွေက ခရီးသွားဆောင်းပါးတွေရယ်၊ နိုင်ငံခြား အတွေ့အကြုံ (ကျောင်းသား ဘဝလိုမျိုး)။
ကဲ.. ဖတ်မယ်နော်။ စာရင်းသွင်းလိုက်အုံး။း)
--
သုခမိန်
(တားမြစ်ထားသော ...)
Hey
My name is Amara Thiha and I would like to read your blog. For permission here is my email address.
thanks
ကွန်မန့်တ်ပေးမရလို့ ... မေးလ်ပဲပို့လိုက်ပါတယ် ... ဆုံးဖြတ်ချက်ချပြီးသားဆိုတော့ ထွေထွေထူးထူးပြောစရာမရှိတော့ပါ
ဘူး
လူချင်းကတော့ အမြင်မတူနိုင်ဘူးလေ
ကျွန်တော့စိတ်ဆိုရင်တော့ လစ်လျှုရှုနိုင်တာ အကောင်းဆုံးပဲဗျာ ...
စာဖတ်သူက ကွန်မန့်တ်၊ စီဘောက်မှာ ရေးတာလောက်ပဲလုပ်နိုင်တာပါ
ကိုယ့် စာမျက်နှာမှာလာပြီးတော့ ပို့စ်တစ်ခုဖြစ်လာအောင် မလုပ်နိုင်ပါဘူး
ကိုယ့်စာမျက်နှာမှာ .. ကိုယ်တိုင်ပဲ ... လှပအောင် ၊ ရှင်းလင်းအောင်၊ အကျည်းတန်အောင် ၊
အားလုံး အားလုံးက ဘလော့ဂ် ပိုင်ရှင်ရဲ့လက်ထဲမှာပါ
အခုလို ပို့စ်တွေမြင်ရတော့လည်း စိတ်မချမ်းသာစရာပေါ့ဗျာ ... တစ်ဖက်သူရဲ့ လိုချင်တဲ့ အကွက်ထဲကို ရောက်သွားတော့တာပေါ့
အဲဒီလူတွေအတွက် ပို့စ်တစ်ခုမဖြစ်ပဲ .. ပုံမှန်အတိုင်းလည်ပတ်နေမယ်ဆို .. သူတို့လည်း ရေရှည် မလုပ်နိုင်ပါဘူး ...
အပြင်မှာလည်း လူတစ်ယောက်ကို စနောက်တယ်ဆိုလည်း ... မခံချင်တဲ့သူကို စတာပဲလေ ... အဲဒါမှ အရသာရှိတာ
အစအနောက်ခံတဲ့သူ .. ဘာမှပြန်မပြောတဲ့သူဆို .. ဘယ်သူက စနောက်တော့မှာလဲ
အဲဒီလိုပဲမြင်တယ် ... အခုလို မခံနိုင်လို့ သူတို့အတွက် ပို့စ်တွေဖြစ်လေ ... သူတို့အနေနဲ့ ပိုပြီးတော့ကို လာလာပြီးပြောလေ ဖြစ်နေမှာပဲ
ကိုယ့်ဘ၀ကြီးတစ်ခုလုံးနဲ့တောင် ယှဉ်ပြီးပြောစရာမလိုပါဘူး ... အခုဖြစ်နေတဲ့ ကိစ္စတွေက ... မြူမှုံ သဲတစ်ပွင့်တောင် မရှိပါဘူးဗျာ ....
ထားလိုက်ပါတော့ဗျာ ... အခုမှတော့ ...
အခုလာပြီးမေးလ်ပို့တာလဲ .. ကျွန်တော့် မေးလ်လိပ်စာကို ခွင့်ပြုစေချင်လို့ပါ ...
ရိုင်းတာတွေပါတယ်ဆိုရင်တော့ ခွင့်လွှတ်ဦးနော် ...
ခင်မင်လေးစားလျှက်
ကေ.တီ.အမ်
မယ်ဂုရေ
တခုတခုတိုင်းမှာ အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ...
စိတ်ဓာတ်မကျပါနဲ့... ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ...
အမြဲ အားပေးနေမှာပါ...
သူတို့ဖြစ်စေချင်သလို ဘလော့ဖျက်လိုက်တာပဲ ဖြစ်ဖြစ် စီပုံးဖြုတ်ထားလိုက်တာပဲဖြစ်ြ
ဖစ် ကိုယ်တွေက ကြိုရှောင်လိုက်ရင်
သူတို့ အကြိုက်ဖြစ်သွားမှာပေါ့...
သူတို့က ဘလော့ဂ်ဖျက်စေချင်ရင် မီးလေးတို့က ပိုရေးပြမယ်... စီပုံးမှာ မဟုတ်က ဟုတ်က လာအော်ရင် ဗန်းပစ်မယ်...
ဒီလိုနည်းနဲ့ တို့တွေ လက်တွဲညီညီ ပြန်လည်တိုက်ခိုက်ကြတာပေါ့....
အမြဲ အားပေးလျက်...
ပို့စ်တွေလည်း ပုံမှန်အတိုင်း ဖတ်ချင်ပါတယ်....
မီးလေး
မိဂုလေး... သူငယ်ချင်းရေးတဲ့ စာဖတ်နေရရင် ပီးရော.. ကျန်တာဘာမှ မသိဘူး။
နောက်ပီး.. "အိပ်ပေါက်နဲ့ ဖားကောက်" သလိုမျိုး ကျင့်ကြံပါ (အကြံပေးတာ၊ ဘယ်သူဘာပြောပြော နင်မယူရင် ပီးတာပဲလေ စိတ်ကို အပေါက်ဖေါက်ထား၊ စိတ်ရှုပ်စရာတွေ လွှတ်ချလိုက်)
ညီမငယ် မယ်ဂုမိရေ....
အမှန်တရားဟာ ဘယ်တော့မှကျဆုံးမယ့်အရာမဟုတ်ပါ
ဘူး...
ဆက်သာရေးပါ။ အစဉ်အားပေးလျက်......
နွေသူရ
onesan,
watashiwa daydream dayo.
watashi mo yomitaine. kinowa meruga okurarenakattanode, kyo okurimasu.
ganbattene...
၎ ရက် ငယ်တဲ့ ညီမ။
ဒေသန္တရ ဗဟုသုတွေနဲ့ နှစ်သက်ရာလေးတွေ တင်ပေးတဲ့ အတွက် မကြာခဏ ၀င်ဖတ်ဖူးတယ်။
နောင်လဲ ဖတ်ရအောင်လို့ပါ။ ဆက်ရေးပါ။
စိတ်ချမ်းသာပါစေ..
အောင်ဦး
blogger တယောက်၏ပေးဆပ်မှုကိုလေးစား၍ဆက်
လက်ရွက်လွင့်စေလို၏
--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
yeyintcanada
မမဂုဂုရေ...
ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့ ..
ညီမလေး မမကို အမြဲအားပေးနေမယ် ..
ကလေးငယ်လေး
မမမယ်ဂု
မမစာတွေကို အားပေးချင်တယ်
ဘလော့ကိုလဲလည်လည်လာမယ် ပို့စ်တွေကိုလည်းဖတ်မယ်နော်
မမမယ်ဂု အမြန်ဆုံး စိတ်ကြည်လင်နိုင်ပါစေ
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ညီမလေး ပုလ
အခုလို အားပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်ရှင်။
Invite လိုက်ပါပြီ။
နားလည်ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။
မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
ကိုယ်ချင်းစာတရားရှိကြပါစေ။
အပြည့်အစုံသို့....
Thursday, December 18, 2008
ပေါက်ကွဲခြင်းအား ဖြေရှင်းခြင်း
လက်ရှိအခြေအနေအရ မေးခွန်းတစ်ခုပြန်မေးလိုက်ပါမယ်။
စာရေးတာနဲ့ စာဖတ်တာ ဘယ်ဟာပိုပင်ပန်းပါသလဲ။
အချိန်လုပြီး လာဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီလောက် Blogger တွေအများကြီးထဲမှာ တကူးတက လာဖတ်ပေးလို့ ပိုပြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်၊ အခု လာဆဲနေတဲ့လူတွေ၊ အခုလို "ပေါက်ကွဲခြင်း"ရေးတာကို မကျေနပ်တဲ့လူတွေက ပြောပါတယ်။
"နင့်စာထဲမှာ ဘာတစ်ခုမှ အကျိုးရှိတာ မပါဘူး။.........တဲ့။
အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။.........တဲ့။
ပိုက်ဆံကုန်တယ်။ ".........တဲ့။
"မှတ်ချက်ဝေဖန်ပေးချင်စဖွယ် ဘာအနှစ်သာရမှ မရှိဘူး".........တဲ့။
ဟုတ်ကဲ့၊ ရပါတယ်။ အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါဆို ဒီလို အကျိုးမရှိတဲ့ Blog ကို အချိန်ကုန်ခံ၊ အလုပ်ပျက်ခံ၊ မျက်စိအညောင်းခံ၊ ပိုက်ဆံအကုန်ခံပြီး မလာကြပါနဲ့လို့ သူတို့အစား စဉ်းစားပေးပြီးတော့ ပြောမိတယ်။
ရိုင်းလိုက်တာ......တဲ့၊ မိမဆုံးမ ဘမဆုံးမ.......တဲ့။
Commentမှာ လာရေးပါတယ်။ မကြားဝင့်မနာသာတွေပါ လာရေးတဲ့အတွက် Publish မတင်ပေးခဲ့ပါ။ ကျမလည်း မိန်းကလေးတစ်ယောက်ဖြစ်သလို ကျမဆီ လာနေတဲ့ ၊ ညီမလေးတွေ၊ မမတွေ မကြည့်သင့်တဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပါဝင်နေလို့ပါ။
ကျမရေးခဲ့တာ ရင့်သွားတယ် ဆိုရင် လက်ခံပါတယ်။ "ရင့်သွားတယ်"လို့ လာပြောရင် ကျေကျေနပ်နပ်ကြီး တောင်းပန်လိုက်မယ်။
ဟုတ်ကဲ့၊ ကျမ စကားပြောမတတ်လို့ စာရေးတာ ရင့်သွားရတာ ခွင့်လွှတ်ပါ။
ရင့်အောင်လုပ်ခဲ့တဲ့အတွက် ပြန်ရင့်ခဲ့မိတာ တောင်းပန်ပါတယ်။
ရိုင်းတယ်လို့ ပြောရအောင် ကျမစာတွေထဲမှာ လူမဖတ်ဝင့်တဲ့၊ မိန်းကလေးတွေ မဖတ်သင့်တဲ့၊ သားအမိ ၊မောင်နှမချင်း မဖတ်သင့်တဲ့ စကားလုံးတစ်လုံးမှ ထည့်မရေးခဲ့ပါ။ စိတ်အရမ်းတိုနေတာတောင် ထည့်မသုံးခဲ့ပါ။ သုံးလည်းမသုံးတတ်ပါ။ မြန်မာလိုလည်း မဆဲတတ်သလို English လို၊ ဂျပန်လို လည်း မဆဲတတ်ပါ။
နောက်ပြီး ဒီပို့စ်ဟာ Comment မရေးပေးလို့ စိတ်ဆိုးပြီး ရေးခဲ့တာလည်းမဟုတ်ဘူး။
သူငယ်ချင်း အရင်းခေါက်ခေါက်တွေကို တစ်ခါတစ်လေ ဂျီကျပြီး "Comment ရေးပေးပါ"......လို့ ပြောဖူးပေမယ့် ကိုယ်နဲ့မခင်တဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ "Comment ရေးပေးပါ".......လို့ မပြောဖူးပါ။ အရင်ကလည်း မပြောခဲ့ပါ။ အခုလည်း မပြောပါ။ နောက်လည်း ပြောမှာမဟုတ်ပါ။ Commentရအောင်လည်း "......ရေးထားတာ လာကြည့်ကြပါ၊ .......လည်း ရေးထားပါတယ် ၊ အားရင် လာဖတ်နော် "လို့လည်း ဘယ်Cbox မှာမှ မအော်ဘူးပါ။ "ပြန်လာလည်ပါ"လို့လည်း အတင်းအကျပ် မခေါ်ဘူး၊ မပြောဘူးပါ။
စာရေးသူကို လုံးဝကို အသိအမှတ်မပြုလို့ ပြောခဲ့တာပါ။
အသားလွတ်ကြီးလည်း စွပ်စွဲခဲ့တာမဟုတ်ဘူး။
{ကျမ စွပ်စွဲချက်မှန်လား၊ မမှန်ဘူးလားကိုလည်း လက်ရှိအခြေအနေတွေက သက်သေပြနေပါတယ်။}
အလကားရတဲ့ Blog မှာ စာရေးတာ ဒီလောက်အဖြစ်မသည်းပါနဲ့.......လို့ ရေးသွားတဲ့လူလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ Blogspot မှာရေးတဲ့သူတွေထဲမှာ လူအမျိုးမျိုးပါပါတယ်။ တစ်ချို့က အပျော်ရေးသလို တစ်ချို့ကလည်း စီးပွားဖြစ်လုပ်ကြပါတယ်။ တစ်ချို့က အားလပ်ချိန်မှာ ရေးသလို တစ်ချို့ကလည်း မအားလပ်တဲ့ကြားက ရေးပါတယ်။ လူအမျိုးမျိုးရှိလို့ စိတ်လည်းအထွေထွေပါ။
ကျမအနေနဲ့ ပြောရရင် Blog က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ အသေးအဖွဲလေးက အစ ဂရုစိုက်မိတယ်။ ဒီလို ဂရုစိုက်မိလို့ ဆုံးရုံးရတာတွေ အများကြီးပဲ။ "အရည်မရ အဖတ်မရတဲ့ Blog ကို ဘာအကျိုးရှိလို့ လုပ်နေတာလည်း"လို့ Blogger မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ ကျမ ချစ်လို့.....လို့၊ Blog ကို ချစ်လို့.....။ စာတွေကို ချစ်လို့....၊ မိတ်ဆွေတွေကို သံယောဇဉ်ရှိလို့လို့။ ဖြေလိုက်တယ်။
ကျမက စာဖတ်သူတွေကို အလေးအနက်ထားခဲ့တယ်။ အချိန်ကုန်ခံ လာပြီးမှ Post အသစ်မရှိရင် အားနာစရာကောင်းလိုက်တာ.......လို့ စဉ်းစားပြီး အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးခဲ့တယ်။ သူတို့ရဲ့ အချိန်တွေကို ပေးပြီး လာတာ လာလည်ရကျိုးနပ်စေချင်လို့ အဲလို ရေးခဲ့တာ။ ကိုယ် စာရေးချင်တာလည်း ပါတာပေါ့နော်။
ဘယ်သူက အဲလိုအတင်းအကျပ် ရေးခိုင်းလို့လည်း လို့မေးရင် ဒီလိုဖြေပါမယ်။
ဟုတ်ကဲ့၊ ဘယ်သူ့မှ မရေးခိုင်းပါဘူး။ ကျမရဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာပါ။
အခုတော့ စာရေးချင်စိတ်က ရှိပေမယ့် ဘာရေးလို့ ရေးရမှန်းကို မသိတော့ဘူး။
Comment မရေးပေးလို့ စိတ်ဆိုးတာ.........လို့ ဘယ်သူက သတ်မှတ်ပေးလိုက်မှန်းမသိတဲ့ ဝေဖန်ချက်တစ်ခုတည်းကို မပြီးနိုင်မစီးနိုင် ဖွသူကဖွ ၊ ဆဲသူကဆဲ ၊ ပုံကြီးချဲ့သူကချဲ့ ၊အတင်းပြောသူက ပြော ၊ ချောက်တွန်းသူက တွန်း လုပ်နေတဲ့ကြားက ဆက်လက်ရပ်တည်ဖို့ကြိုးစားရတာဟာ မလွယ်ကူဘူးဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။
ဒီလောက်အပြောခံနေရတဲ့ကြားက Blog မပိတ်သေးတာက ဘလော့ အပေါ်ထားတဲ့ သံယောဇဉ် ၊ စာဖတ်သူများနဲ့ မိတ်ဆွေများအပေါ်ထားတဲ့သံယောဇဉ်သာမက ယုံကြည်ချက်တစ်ခု ကြောင့်လည်းဖြစ်ပါတယ်။
အဲ့ဒီယုံကြည်ချက်ကတော့ မြန်မာမိန်းကလေးဖြစ်ပေမဲ့ ၀ိုင်းဆဲတာကိုခံရရုံနဲ့ မိမိရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ သွေဖည်မသွားရဘူး......... ဆိုတဲ့ အားတင်းထားတဲ့ ယုံကြည်ချက်ပါပဲ။
ကျမလိုပဲ ၀န်နဲ့အား မမျှမတ ဖိအားပေးခံခဲ့ရတဲ့ အစ်မတွေ ၊ ညီမတွေရှိခဲ့ပါတယ်။ ကိုယ်ချင်းစာ ကြည့်ရင်သိပါလိမ့်မယ်။ တစ်နေ့မှာ လူတိုင်းဟာ ဒီလိုကြုံတွေ့လာနိုင်ပါတယ်။ ဘလော့စာမျက်နှာပေါ်သာမှာမက ဘ၀စာမျက်နှာပေါ်မှာပါ နောက်ကျောက တိုက်ခိုက်တာတွေ၊ မဆီမဆိုင် အခွင့်သာတုန်း နှိပ်ကွပ်တာတွေ ကြုံတဲ့အခါမှာ လက်ရှိကျမအခြေအနေရဲ့ ခက်ခဲမှုကို စာနာနားလည်နိုင်ပါလိမ့်မယ်။
ကျမကတော့ လူ့ဘဝအကြောင်း ကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ အခွင့်ကြုံတုန်း ဝင်နှိပ်ကွပ်တဲ့ လူတွေရှိသလို အခွင့်ကြုံမှ ပေါ်လာတတ်တဲ့ သူငယ်ချင်းကောင်းတွေလည်း တွေ့ရှိခဲ့ရပါတယ်။ ရိုင်းစိုင်း၊ ယုတ်မာတဲ့ လူတွေအများကြီးရှိသလို ယဉ်ကျေးပျုငှာတဲ့ လူတွေလည်းအများကြီးရှိပါတယ်။ အဖြစ်မှန်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးကြတဲ့လူတွေရှိသလို ဘက်လိုက်ပြီး ဆုံးဖြတ်ပေးကြတဲ့လူတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ခန်းစာတွေ အများကြီးကို ခဏလေးအတွင်းမှာ ရရှိခဲ့လို့ လူ့သဘာဝအကြောင်းကောင်းကောင်းသိသွားပါပြီ။
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။
မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
ကိုယ်ချင်းစာတရားရှိကြပါစေ။
အပြည့်အစုံသို့....
Wednesday, December 17, 2008
???
ရေးချင်တာတွေက အများကြီးရှိတယ်။ အခုလောလောဆယ်စဉ်းစားမိတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်အလိုက်ချရေးလိုက်တော့ ဒီလို ထွက်လာတယ်။
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(အဆက်)
ဂျပန်ကာကွယ်ရေးတပ်မတော် တေးဂီတပွဲတော်ဆိုသည်မှာ
ကျောင်းတော်ကြီးမှအတွေ့အကြုံများ
ဘာVisa နဲ့ နေမှာပါလိမ့်
Credit card ဘယ်လိုလုပ်
ကိုရီးယားမှ ပရဟိတ
Takao (高尾)မှ မေဘယ်လ်များ
Hakone(箱根) သို့ အလည်တစ်ခေါက်
Izu (伊豆)သို့ အလည်တစ်ခေါက်
Nikko(日光)သို့ အလည်တစ်ခေါက်
လောလောဆယ်တော့ ဒီလောက်ပဲ။ တစ်ခုရေးရင် အနည်းဆုံး ငါးရက်လောက်ကြာမယ်ထင်တယ်။ ထုံးစံအတိုင်း ဓာတ်ပုံတွေက အများကြီး ထည့်ချင်တာလေ။ အတူတကွ လိုက်ပါရသလို ခံစားနိုင်အောင် ရေးချင်တာကိုး။ ဟိုတစ်နေ့က ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်တင်တော့ ရန်ကုန်က ညီမလေးတစ်ယောက်က လာပြောတယ်။ ”မမ၊ စာနည်းနည်း ပုံများများတင်နော်။ ညီမလေး အကြံပေးတာ။ စောင့်နေမယ်နော်....... တဲ့။”
အင်း၊ ညီမလေးပြောသလို လုပ်လိုက်ရကောင်းမလား............လို့ စဉ်းစားမိသေးတယ်။ :d ဒါပေမယ့် တစ်ချို့ အကြောင်းအရာတွေကို စာနဲ့ မရေးရင် သေချာ သိမှာမဟုတ်တော့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)ကို တင်ရင် ဘယ်လိုလုပ်ရပါ့..........လို့ စဉ်းစားနေမိတယ်။ အဲ၊ စဉ်းစားတုန်း Thesis က ထပ်တင်ရတာနဲ့ နှစ်ရက်မရေးပြစ်ဘူး။ အဲဒီတုန်းကဆို အားနာလိုက်တာ။ တစ်ဝက်တစ်ပျက်ကြီးဆိုတော့ ..........။ ရေးချင်ပေမယ့် စာအတူသွားလုပ်တဲ့ သူငယ်ချင်းအိမ်က Internet မရှိတော့ ရေးလို့ မရခဲ့ဘူး။ :c
ပြန်လာတော့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2) ရေးမယ်လည်း ဆိုရော ပေါက်ကွဲခြင်းဆီ ရောက်သွားတာနဲ့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2) တောင် ဘယ်ရောက်သွားမှန်းသိတော့ဘူး။ ဟိ ဟိ။ ကျန်တဲ့ ပို့စ်တွေ ဆက်ရေးဖို့ဝေးလို့။ :p
အစက Blog ပိတ်မလို့ဟာ။ မိတ်ဆွေ၊ သူငယ်ချင်းတွေက ပိတ်ရဘူးတဲ့။ အဲဒါ၊ ကျမကို ချစ်တဲ့ ၊ခင်တဲ့သူတွေ စိတ်မချမ်းသာအောင် မလုပ်ရက်ပြန်ဘူး။
ဒါပေမယ့် လက်ရှိအခြေအနေမှာ ဘာဆက်ရေးရမှန်း မသိလို့ ဒီတိုင်းပဲ ထားလိုက်ဦးမယ်။
အပြည့်အစုံသို့....
Tuesday, December 16, 2008
(2)ခါတင်တော့ မှတ်မိတာပေါ့နော်.........:P
ကျမ အရမ်းပျော်နေပါသည်။ :z ဘာလို့လည်း သိလား။ ကျမ ရေးသော စာများကို သေသေချာချာ ဖတ်ပေးသော အမာခံပရိသတ် (1)ယောက် ရရှိတဲ့အတွက်ပါ။ တစ်ကယ် ပျော်ပါတယ်။ :z ဘယ်လိုပြောရမှန်း မသိအောင် ဝမ်းသာပါတယ်။ :z Blogမှာ စစချင်း Postရေးကတည်းက နာမည်ကြီးဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့်၊ အမှန်အတိုင်း ဝန်ခံရရင် လူသိစေချင်ခဲ့ပါတယ်။ ဖတ်စေချင်ခဲ့ပါတယ်။ လူတွေ ဖတ်စေချင်ပေမယ့် လူစိတ်ဝင်စားအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျမ ရေးတတ်သလို အဆင်ပြေမယ်ထင်တာလေးတွေ ရေးခဲ့တာပါ။ :p လူ(1)ယောက်ပဲ ဖတ်ဖတ်၊ (2)ယောက်ပဲ ဖတ်ဖတ် သေသေချာချာ ဖတ်စေချင်ခဲ့တာတော့ အမှန်ပဲ။ ကျမလည်း သူများ Blogကို သွားရင် သေသေချာချာ ဖတ်ပါတယ်။ စာရေးသူအတွက် မထိခိုက်နိုင်ဘူးထင်ရင် Commentပါ ရေးပေးခဲ့ပါတယ်။ စာရေးသူ မကြိုက်နိုင်ဘူး ထင်တဲ့ Commentဆို မရေးပဲ ဖတ်ပြီး Cboxမှာ နှုတ်ဆက်ပြီး ပြန်လာခဲ့တာများပါတယ်။ စာရေးသူပင်ပင်ပန်းပန်း ရေးထားတဲ့ Postတစ်ခုကို ကိုယ့် Commentကြောင့် စိတ်မညစ်စေချင်တာ ကျမရဲ့ စာရေးသူအပေါ်ထားတဲ့ စေတနာပါ။ (ကိုယ့်ကို ကိုယ် သဘောထားတာနော်။ လူတိုင်းကို အဲလို သဘောမထားဘူးလို့ မပြောဘူးနော်။) :y တစ်ချို့ Blogကျတော့ Commentရေးပေးတဲ့လူတွေ များလွန်းလို့ ကျမ မရေးလည်း ဘာမှမဖြစ်လောက်ဘူးထင်ပြီး (အပျင်းကြီးစွာနဲ့ )Commentမရေးပဲ ပြန်လာတာမျိုးလည်း ရှိပါတယ်။ :p တစ်ချို့ Blog ကျတော့ ရေးထားတဲ့အကြောင်းအရာကို ကျမအနေနဲ့ နားမလည်ပေးမယ့် Personalအရ ခင်လို့ သွားလည်ပါတယ်။ တစ်ကယ်ကို ခင်တာပါ။(မြင်လည်း မမြင်ဖူးပါပဲနဲ့) ;) ဖတ်တော့ ဖတ်ကြည့်တယ်။ နားလည်း မလည်။ :d အဲလို Blogဆို သွားလည်ပေမယ့် ဘာမှ မရေးပေးနိုင်ခဲ့ပါဘူး။ {ဖောရှောCommentရေးရင် ရပေမယ့် ကိုယ်နားမလည်ပဲနဲ့ ဖောနေတာကို စာရေးသူကတော့ သိမှာပဲလို့ ယူဆပြီး ရှက်တဲ့အတွက်ပါ။} ကျမရဲ့ အူကြောင်ကြောင် အယူအဆတွေကို လက်ခံရမယ်လို့ မပြောဘူးနော်။ ကျမရဲ့ ခံယူချက်နော်။(ခဏ၊ခဏ အထင်လွဲခံရလွန်းလို့ ။ :y ဟူး ..........။)
Post ကို သေချာ မဖတ်ရင်၊ ဘယ်လောက်စိတ်ဆိုးတတ်မှန်းလည်း ကျမ Blogစလုပ်ကတည်းက သိခဲ့တဲ့လူတွေက အကြောင်းအသိဆုံးနေမှာပါ။ :p ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကို အတူတကွ တန်ဖိုးလိုက်မထားပေးရင်တောင် ချိုးချိုးနှိမ်နှိမ်၊ ဖြစ်ကလက်ဆန်း လုပ်တာတော့ မခံချင်ပါဘူး။ အဲလို လုပ်ခဲ့တဲ့လူတွေနဲ့ ပတ်သတ်ပြီးလည်း ပြဿနာတတ်ပေါင်း၊ လူမုန်းခံရပေါင်းများပြီ။ မတတ်နိုင်ဘူးလေ။ ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ။ ပျက်တာတွေလည်း ပျက်ပြီးသွားပြီ။(တရားသဘောတွေ၊ တရားသဘောတွေ) :y အဲလို ပြဿနာတွေရဲ့ အရင်းအမြစ်ကတော့ Postကို သေချာ မဖတ်တာက စတယ်ထင်တာပဲ။ ဟိ ဟိ။ ကောင်းသည်ပဲ ဖြစ်စေ၊ ဆိုးသည်ပဲ ဖြစ်စေ ဝေဖန်လို့ ရပေမယ့် Postကို သေချာမဖတ်ပဲ ကိုယ်ထင်တာ ကိုယ်လာပြီး Commentရေးပေးရင် ကျမကလည်း ဆက်ဆက်ထိမခံနဲ့ဆိုတော့ အခုဆို အပေါင်းအသင်းတွေတောင် လျော့ကုန်ပြီ။ :c (အမြင်ကပ်ကုန်ကြတာနဲ့ တူပါရဲ့။ လာလည်း လည်ကြတော့ဘူး။ ဟင့် ဟင့်။)
Postကို သေချာ မဖတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်လေစွာနဲ့ Blog ဆက်ရေးသင့်၊ မသင့် စဉ်းစားပေမယ့် အပေါင်းအသင်းသံယောဇဉ်ကလည်း လုံးဝမဖြတ်နိုင်ခဲ့ပါ။ :z ကျမက သူငယ်ချင်းအရမ်းခင်သည်။မင်သည်။ အပြင်မှာ သူငယ်ချင်း သိပ်မရှိတော့ Onlineထဲက သူငယ်ချင်းတွေကိုပဲ အဖော်လုပ်နေရတာဆိုတော့ အပေါင်းအသင်းတွေနဲ့ မခွဲနိုင်ပါ။ :y နောက်ပြီး နောက်နှစ် Aprilဆို မြန်မာနိုင်ငံ ပြန်ဖြစ်မည် ထင်ပါသည်။ မြန်မာနိုင်ငံပြန်ရောက်လျှင် Onlineမတတ်ဖြစ်ဖို့က 80%လောက်ရှိသည်လေ။ :p (ထိုသို့သော အကြောင်းကြောင်းကြောင့် အတတ်နိုင်ဆုံး တစ်နေ့ တစ် Postရေးနေရသည်။ ) အချိန်ကြီးက ကျမနောက်မှ ထပ်ကြပ်မကွာလိုက်နေတာကိုး ။ :y
ကျမ Postကို သေသေချာချာဖတ်ပေးလျှင် အရမ်းကျေးဇူးတင်တတ်ပါသည်။ :z အဲလိုလူမျိုးဆိုရင် သူ့ဟာသူ ဘာတွေပဲ ရေးရေး၊ နားလည်လည်မလည်လည် ခင်မင်လွန်းလို့ နေ့တိုင်းသွားလည်သည်။ :z {ကျမနှင့်ခင်သော တစ်ချို့Bloggerများမှာ နာမည်မကြီးပါ။ တစ်ခါတစ်လေ Cboxမှာ ကျမချည်းပဲ။ ဟိဟိ။ }
အရမ်းလည်းပျော်ပါသည်။ :z ကိုယ်ရေးထားတဲ့ Postလေးကို သေသေချာချာ ဖတ်ပေးကြလို့ပါ။ အမာခံပရိသတ်တွေမလို့ပါ။ အခုလည်း အဲလို အမာခံ ပရိသတ်(1)ယောက် ရရှိခဲ့ပါသည်။ အရမ်းပျော်ပါသည်။ :z နောက်မှ လာမဖတ်တော့ရင်လည်း ကိုယ့်ကံပဲပေမယ့် အခုတော့ ပြောမပြတတ်အောင် ဝမ်းသာပါသည်။ :z ကျေးဇူးလည်း တင်ပါသည်။ :y
ကျမရဲ့ ပရိသတ်က ဒီမှာ ပါ။ အရမ်းကို ကျေးဇူးတင်ဖို့ကောင်းတဲ့ အစ်ကိုကြီးပေါ့။ :p ;)ဒီလိုမျိုးလေး ရေးပေးထားတယ်သိလား။ 
megumi ဘယ်လိုအသံထွက်လဲကျွန်တော်မသိပါ။ (မင်္ဂလာပါရှင်. ဒီဘလော့လေး ကတော့ ကျွန်မရင်ထဲကခံစားမှုတွေကို ရေးသားခြင်း သက်သက်ဖြစ်ပါတယ်. လာရောက်လည်ပတ်တဲ့ မိတ်ဆွေ၊သူငယ်ချင်း၊များကို အထူးကျေးဇူးတင်ပါတယ်ရှင်) စတင်ထားသော ဂျပန်ရောက်မြန်မာအမျိုးသမီးငယ်တစ်ယောက်၏ သူမအကြောင်း၊ ကဗျာလေးတွေ၊ သူမခရီးသွားရင်းရိုက်ထားသောဓါတ်ပုံတွေနှင့် သူမနေထိုင်သော ဂျပန်နိုင်ငံအကြောင်း စာဖတ်သူများကို မရိုးနိုင်အောင် တင်ပြပေးသူ ဖြစ်၍ ဖတ်ရကျိုးနပ်သော blog တစ်ခုဟုညွှန်းခြင်သည်။ သူမ၏ post များထဲမှ မှတ်မှတ်ရရ ကြိုက်သောပိုစ့်များပြောရရင် ဂျပန်ကာကွယ်ရေးတပ်မတော်ရဲ့ဂီတပွဲတော်၊ ဂျပန်ပုဂ္ဂိုလ်ကြီးတစ်ဦး၏မွေးနေ့ပွဲ၊ ဟိုက်ကူကဗျာ၊ လွတ်လပ်ခြင်းကိုတန်ဖိုးရှိစွာ၊ ကျမရဲ့အူကြောင်ကြောင်နိုင်တဲ့မှတ်ဥာဏ်၊ ကျွန်မနှင့်ဂျပန်ရဲ၊ အမေးကမ္ဘာ ဖြေစရာပိုစ့်များ၊ နောက်ဆုံးတင်ထားသော သူမရဲ့ post ထဲ ကျွန်တော် သဘောအတွေ့ဆုံး တစ်နေ့တာ အလယ်တန်းပြဆရာမ ဆိုသည့်ပိုစ့်အထိ ဖတ်ကြည့်ပါ သင့်စိတ်ထဲတစ်ခုခုတော့ သူမရဲ့ ပေါ့ပါးတဲ့မြန်မာစကားပြေအရေးအသား ကပေးစွမ်းပါမယ်...
မည်သူမဆိုလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်
ကျော်ထင်
ဟိ ဟိ၊ ဝေလေးက သူ့ကို အမာခံပရိသတ်စာရင်းမထည့်လို့ စိတ်ဆိုးသွားပြီ။
စိတ်မဆိုးပါနဲ့ ချစ်ညီမလေးရယ်။ မမက သိပါတယ်။ ထည့်မရေးမိတာတစ်ခုတည်းပါ။ နော်။ စိတ်ဆိုးနဲ့နော်။ :y လိမ္မာပါတယ်။ :pမမ လူဆိုးကြီးကို ခွင့်လွှတ်နော်။ ;)
ကိုမောင်ငယ်ကလည်း သေချာဖတ်ရဲ့သားနဲ့ အမာခံပရိသတ်စာရင်းမထည့်လို့ :( ပြသွားတယ်။ သူလည်း မကျေနပ်ဘူးထင်ပါရဲ့။ :d
စိတ်မဆိုးပါနဲ့ရှင်။ ကျမဆီကို စာတွေလာဖတ်တာ သိပါတယ်။ ဒါပေမယ့်၊ မပြောမဆို အမာခံပရိသတ်လို့ ပြောရင် ကိုမောင်ငယ်ကြီး စိတ်ဆိုးသွားမှာစိုးလို့ပါ။ စိတ်ဆိုးရဘူးနော်။ :y အခု သေသေချာချာသိသွားပါပြီ။ ကိုမောင်ငယ်လည်း ကျမရဲ့ အမာခံပရိသတ်ပဲဆိုတာကိုနော်။ ခွင့်လွှတ်ပါနော်။ :y
မခင်ဦးမေက များကလည်း အမာခံပါဘဲ......................................တဲ့။
ဟုတ်ကဲ့ မမ။ မမလို Blogger ဆရာမကြီးက အမာခံအဖြစ်ရပ်တည်ပေးလို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ရှင့်။
မောင်အစုတ်ပလုတ် ကိုဝေက သူ့နာမည်မပါလို့တဲ့။ အမမပီသတဲ့ အမတဲ့။ ဒုက္ခပဲသိလား။ Gtalk မှာ လာအော်နေတယ်။ ဟင်း။ မခေါ်ချင်ရင်သာ ရမည်၊မတော်ချင်လို့မရသော အမျိုးတော်နေတော့လည်း ဘယ်တတ်နိုင်မလဲ။ ဒင်း ၊နှိပ်ဆက်သမျှ ခံနေရတာပေါ့။
အားလုံးကို အသိပေးပါတယ်ရှင့်။ ကိုဝေကလည်း ကျမ၏ အမာခံပရိသတ်ပဲ ဖြစ်ပါကြောင်း ။ :p
ဟူး ......................... ။ :y
တစ်ခြားခင်တဲ့လူတွေကလည်း သူတို့နာမည်မထည့်ကြလို့တဲ့။ ဒါးကြိမ်း ကြိမ်းနေကြတယ်။ ဘယ်လို လုပ်ရပါ့။ :d အကုန်လုံးလျှောက်ထည့်ရင်လည်း Megumi က ရှာကြံကြွားတယ်ဆိုပြီး ဖြစ်အုန်းမယ်။ :d
ဪ၊ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။ :d
ကျမဆီ အမြဲလာအားပေး၊ ရေးသမျှကို မငြီးမငြူလာဖတ်ပေးတဲ့ တစ်ခြားသောစာဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ကျမရဲ့ အမာခံပရိသတ်အဖြစ် ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။ Post ထဲမှာ ထည့်မရေးတာက မသေချာလို့ပါနော်။ စိတ်မဆိုးကြပါနော်။ ဟိုအစ်ကိုကြီးက သေချာပြောပြပေးထားလို့ စံနမူနာအနေနဲ့ တင်ပြထားတာပါနော်။ အမိုက်အမဲလေးကို ခွင့်လွှတ်ကြပါနော်။ :y :y :y
နောက်တစ်ခေါက် ထပ်ပြော၊ ထပ်တောင်းပန်လိုက်ပါတယ်။ :y Post ထဲမှာ ထည့်မရေးပေမယ့် ကျမကို ခင်မင်တဲ့၊ အမြဲစာလာဖတ်ပေး အားပေးကြတဲ့ အမာခံပရိသတ်များရှင့်။
Postထဲမှာ မပါပေမယ့် ကျေးဇူးတင်တာကတော့ Postထဲမှာပါသောသူများနှင့် ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးပြောကြားအပ်ပါသည်။
နောက်ထပ်နာမည်များတော့ ထပ်မထည့်ပါရစေနဲ့ရှင့်။ :y
တော်ကြာ၊ အစကတည်းက ကြည့်မရသောသူများမှ အမြင်ကပ်လို့ ခဲနဲ့ လာပေါက်မှာစိုးလို့ပါ။ ;) :p
10/9/08 ကတင်ထားသောပို့စ်ကို ပြန်တင်လိုက်ပါသည်။
အပြည့်အစုံသို့....
ကြေငြာခြင်း(2)
ကျမနာမည်နဲ့ Cbox တွေမှာ Message လိုက်ရေးနေသော သူများရှင့်။
နာမည်အလွဲသုံးစားလုပ်မှုများ မလုပ်ကြပါနဲ့။
အပြည့်အစုံသို့....
မခင်ဦးမေသို့ ပေးစာ
မမရှင့်၊
တကူးတက ပို့စ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျမကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မမဆီက Comments ကိုကြည့်ပြီး ကျမကို မုန်းတဲ့လူတော်တော်များများရှိမှန်း ကျမ သိသွားပြီ။ ဒါပေမယ့် အဲဒီထဲက ခြောက်ယောက်က Burglish ပို့စ်မှာတုန်းက ကျမဆီ Comment လာရေးပြီး နောက်ဆုံးတောင်းပန်၊ မရတော့ ရန်စောင်နေကြတဲ့ လူလေးယောက်ပါတယ်ရှင့်။ တစ်ယောက်ကတော့ Gtalk မှာနှမချင်းကိုယ်ချင်းမစာပြောပြီးမှ မသိချင်ယောင်ဆောင်နေပေမယ့် ကျမက ရန်မဖြစ်ချင်တော့လို့ ဒီတိုင်းထားပေးထားတဲ့လူတစ်ယောက်ရှင့်။ နောက်တစ်ယောက်ကတော့ ကိုယ့်ကို ကိုယ်မှအကောင်းထင်ပြီး ဘုရားမကြောက်၊ နတ်မကြောက်တဲ့ကိစ္စတစ်ခုကို လုပ်ဖူး
ပြီး ကျမအနေနဲ့ ဘယ်လိုမှ မိတ်ဆွေမတော်နိုင်တော့တဲ့တစ်ယောက်ရှင့်။ သူတို့အားလုံးပဲ ကျမကို မုန်းကြမှာ ကျမသိပါတယ်။
အမှန်တရားကို နတ်စောင့်ပါတယ်။ ဘယ်သူတွေဟာ ဘာစိတ်နဲ့ ဘာစာတွေကို ရေးနေလည်းဆိုတာကို ဘုရားနဲ့ မိမိကိုယ်တိုင်သိမှာပါ။ ကျမကတော့ လုပ်သင့်တာကို လုပ်ပါတော့မယ်။ ပို့စ်တစ်ခုအနေနဲ့ ရေးပေးခဲ့တဲ့ မမကို ကျေးဇူးအရမ်းတင်ပါတယ်။ အမတစ်ယောက်လိုလည်းသဘောထားပါတယ်။ မမရဲ့စေတနာကို လေးစားပေမယ့် လက်ရှိအခြေအနေအတိုင်းဆိုရင် Blog ပိတ်ပစ်ဖို့ (90)%သေချာနေပါတယ်။
မမအပြင် ကျမကို လာအားပေးတဲ့၊ ကျမကိုချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အားနာ၊ချစ်ခင်၊ လေးစားပေမယ့် လက်ရှိအခြေအနေကို ကျမ မခံစားနိုင်တော့ဘူး။
အပြည့်အစုံသို့....
Monday, December 15, 2008
ကြေငြာခြင်း
117.47.88.222
ss Country Region City Latitude/
Longitude
ZIP Code Time Zone
117.47.88.222 THAILAND - - 13.75
100.517
- +07:00
Net Speed ISP Domain
DSL MAXNET INTERNET SERVICE PROVIDER BANGKOK TTTMAXNET.COM
IDD Code Area Code Weather Station
66 - THXX0002 - BANGKOK
အမြင်မတော်လို့ 
ရန်စာပဲရေးနေတော့ ဘယ်သူက ရေးရဲတော့မလဲ နှမငယ်ရယ် အဟွတ် အဟွတ် ကျုတ်ကျပ်လိအုံးးးးး :P
ကောင်း
မစိတ်တိုေ၇... ကွန်မက် ပေးအောင် ချိုချိုသာသာေ၇းပါ... ဒေါသ ထွက်စ၇ာ မဟုတ်ဘဲ ဘာလို့ များ ဒေါသ ထွက်နေ၇တာ လဲ... ချစ်သူနဲ့  ၇န်ဖြစ်ထားတာလား...
15 Dec 08 15:04
69.181.168.207
ကောင်း
အချိန် မ၇ှိဘူးလဲ ပြောသေးတယ်. ကွန်မက် ဖတ် ဖို့  အချိန် ကော ၇ှိလို့ လား
15 Dec 08 15:02
69.181.168.207
ကောင်း
အဲဒါ ကြောတာမှ မဟုတ်ဘူး... စာမေ၇းချင်၇င်လဲ မေ၇းဘဲ နေပါ... ဒေါသထွက်စ၇ာ မလိုပါ... သေသေချာချာ ပြန်စင်းစားပါ...အဲဒါ ကြောတာ မဟုတ်ပါ
69.181.168.207 UNITED STATES CALIFORNIA PINOLE 37.9896
-122.269
ZIP_CODE : 94564
AREA_CODE : 510
CITY_ALIAS_NAME : PINOLE
CITY_TYPE : P
COUNTY_NAME : CONTRA COSTA
STATE_FIPS : 06
COUNTY_FIPS : 013
DAY_LIGHT_SAVING : Y
ELEVATION : 38
PERSONS_PER_HOUSEHOLD : 2.67
ZIPCODE_POPULATION : 16705
COUNTIES_AREA : 720
HOUSEHOLDS_PER_ZIPCODE : 5994
WHITE_POPULATION : 8994
BLACK_POPULATION : 1941
HISPANIC_POPULATION : 2374
INCOME_PER_HOUSEHOLD : 60804
AVERAGE_HOUSE_VALUE : 216200
PERSONS_PER_HOUSEHOLD : 2.67
CBSA : 41860
CBSA_TITLE : SAN FRANCISCO-OAKLAND-FREMONT, CA METROPOLITAN STATISTICAL AREA
','#FEE3A3')" ;="" onmouseout="kill()">94564
-08:00
Net Speed ISP Domain
- COMCAST CABLE COMMUNICATIONS HOLDINGS INC COMCAST.NET
IDD Code Area Code Weather Station
1 510 USCA0867 - PINOLE
15 Dec 08 14:57
69.181.168.207
japan
မင်းထမင်းကိုစားနေတဲ့သူတွေ မပါဘူး Reader ထဲမှာ
15 Dec 08 17:17
193.200.150.189
japan
မရေးချင်မရေးနဲ့ အလကားလေကျယ်မနေနဲ့ 
15 Dec 08 17:16
193.200.150.23
japan
ဘာတွေကိုမကျေနပ်နေတာလည်း။ခင်ဗျာရေးချင်လို့ ရေးတယ် ကျုပ်တို့ ကလည်း INTERNET ကို အလကားရတာမဟုတ်ဘူး
japan
မင်းဒီလို ဆက်ပြီးရေးနေရင် မင်း blog လောကကနေ အပယ်ခံဖြစ်မယ် ဟုတ်ပြီလား
15 Dec 08 17:22
193.200.150.189
japan
မင်းမရှက်ရင် ဆက်ရေးပေါ့ မင်းကိုလည်း ငါတို့ မစော်ကားဘူး ငါတို့ ကလည်း ဖတ်ချင်ရင်ဖတ်မယ်
15 Dec 08 17:21
193.200.150.189
japan
မင်းအတွက်လာမယ်ဆိုတာသိတယ်နော်
15 Dec 08 17:28
85.195.123.24
japan
မင်းကမရှက်တက်ဘူးထင်ပါတယ် ရေးလည်းအပိုပဲ မင်းအကြောင်းတွေကို မပေါ်စေနဲ့ ပေါ့ကွာ ငါတို့ ကို ပေါက်ကွဲပြီး
15 Dec 08 17:28
85.195.123.24
japan
မင်းစာတွေရေးတယ်ဆိုပြီး ဘ၀င်လေဟပ်မနေနဲ့ သတိထားပါ မင်းငယ်ပါသေးတယ်
15 Dec 08 17:26
193.200.150.137
Bangkok
almost everyday read you bolg is ,only love to read ,the rest nothing
15 Dec 08 17:29
125.24.178.243
Onlineပေါ်မှာ Nick nameတောင် မှန်အောင် မပြောဝင့်တဲ့လူများရှင့်။(IP address 69.181.168.207 and 117.47.88.222, 125.24.178, 125.24.178.243,
IP address အမျိုးမျိုးပြောင်းရေးသော japan 193.200.150.189,193.200.150.23,193.200.150.189,85.195.123.24
,193.200.150.137,
)
ရှင်းရှင်းလေးရေးထားတဲ့စာကို နားမလည်ဘူးထင်လို့ နောက်တစ်ခေါက်ထပ်ပြောလိုက်မယ်။ ကျမကို စော်ကားဖို့ Blog ကိုလာစရာမလိုဘူး။ ကျမရဲ့ Postတွေကို တန်ဖိုးမထားတဲ့လူတွေ ကျမအလိုမရှိဘူး။ တစ်ယောက်ပဲ ရှိရှိ Postတွေကို အလေးထားပြီး ကျမစေတနာကို လေးစားတဲ့လူပဲလိုချင်တယ်။
ဒီတော့ ရှင်တို့ရဲ့ စော်ကားမော်ကားစကားတွေကို နားထောင်ဖို့အချိန်မရှိလို့ ရှင်တို့ကို Banပါတယ်။ IP address ပြောင်းပြီးထပ်လာလည်း ထပ် Banပါမယ်။
IP address တောင် မှန်အောင် မပြောရဲတဲ့သူများရှင့်။
မဆိုင်တာတွေ ပတ်မရမ်းကြပါနဲ့ရှင့်။
ယောင်္ကျားပီပီသသလေး ယဉ်ယဉ်ကျေးကျေးလာရောက်ပြောဆိုနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ကို မမြင်ရတဲ့ Online လောကမှာ ရန်ရှာရဲတဲ့ ရှင့်တို့တွေရဲ့ သတ္တိကိုလေးစားပါတယ်။
ယုတ်မာပိုင်ခွင့် ရှိတယ်လို့ ယူဆနေတဲ့ Japan။
(မတရားတဲ့နည်းလမ်းနဲ့
ယုတ်မာချင်ရင် ယုတ်မာနိုင်ပါတယ်။)
အပြည့်အစုံသို့....
Saturday, December 13, 2008
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်
ဒီနှစ်(2008) ဖေဖော်ဝါရီတုန်းက ဟော့ကိုင်းဒိုး(北海道)သွားခဲ့ပါတယ်။ လေ့လာရေးခရီးအနေနဲ့ပေါ့။ ကျမတို့ကျောင်းက နိုင်ငံခြားသားဆိုရင် ဂျပန်ပြည်တွင်း၊ ဂျပန်လူမျိုးဆိုရင် ကျောင်းက သတ်မှတ်ထားတဲ့နိုင်ငံတစ်နိုင်ငံကို မဖြစ်မနေသွားရပါတယ်။ မယူမနေရ ဘာသာဖြစ်ပြီး Credit ပေးပါတယ်။ ဒီတော့ သွားချင်လည်းသွား၊ မသွားချင်လည်းသွားပေါ့ရှင်။
မြန်မာကျောင်းသားတော်တော်များများက အအေးကြောက်လို့ အိုကီနာဝါ(沖縄)ကို သွားကြလေ့ရှိပါတယ်။ ဟော့ကိုင်းဒိုးသွားတဲ့လူလည်းရှိပေမယ့် နည်းတာပေါ့နော်။ ကျမကတော့ အေးခါမှ အေး၊ နှင်းကောင်းကောင်းမမြင်ဖူးလေတော့ နှင်းကြည့်ချင်တာနဲ့ ဟော့ကိုင်းဒိုးကိုပဲ သွားခဲ့တာပါ။ တိုကျိုမှာ တစ်ဆောင်းလုံးနေလို့ နှင်းဘယ်နှစ်ခါမှ မကျပါဘူး။ ကျလည်း ဖွဲဖွဲပဲ။ တစ်လမ်းလုံး နှင်းတွေနဲ့ ဖွေးဖွေးလှုပ်နေတာကို ဂျပန်ရောက်ပြီး သုံးနှစ်တာကာလအတွင်းမှာ ငါးကြိမ်တောင်ပြည့်အောင်မမြင်ဖူးပါဘူး။ ဒီတော့ နှင်းတွေအများကြီး မြင်ချင်၊ ကြည့်ချင်လို့ ဟော့ကိုင်းဒိုးကိုပဲ သွားဖြစ်အောင်သွားခဲ့ပါတယ်။
ထူးထူးဆန်းဆန်းလို့ပဲ ဆိုရမလားပဲ။ ကျမ ဟော့ကိုင်းဒိုးသွားတဲ့နေ့မှာ တိုကျိုမှာ နှင်းကျပါတယ်။ နှင်းမိုးရွာသလိုမျိုးကို ကျတာပါ။ မြင်မြင်ရာ နှင်းတွေချည်းပဲ။ ဟော့ကိုင်းဒိုးမရောက်မီ နှင်းတွေအများကြီး ထိတွေ့ရတာ ပျော်တော့လည်း ပျော်ပါတယ်။ စိတ်လည်း ညစ်သွားခဲ့တယ်သိလား။ ကျမမှာ အထုပ်အပိုးတွေနဲ့လေ။ ဒီလောက်နှင်းတွေကျနေတာ ဘယ်လို သွားလို့ သွားရမှာတောင်မသိဘူး။ ထီးလည်းဆောင်းလို့ မရ။ အေးကလည်း အေး။ တစ်ကိုယ်လုံးလည်း နှင်းတွေ ရွှဲနေတာပဲ။ TAXI ကလည်း လမ်းမှာ မရှိ၊ TAXI Company ကို ဖုန်းဆက်ပြီးငှားတော့လည်း နေရပ်လိပ်စာမေးပြီးတော့မှ "ကျမအိမ်နဲ့ဘူတာက နီးနီးလေးမလို့ လမ်းလျှောက်ပြီးပဲ သွားလိုက်ပါ.".......လို့ အကြံပေးလေရဲ့။ ဟင့် ဟင့်။ ပိုက်ဆံပေးငှားတာတောင် ရာသီဥတုမကောင်းလို့ လိုက်မပို့ချင်။  :c
ဒီတော့ နှင်းကြည့်ဖို့ တကူးတက ဟော့ကိုင်းဒိုးသွားတဲ့ ကျမမှာ နှင်းလူသားဘဝနဲ့ ဟနဲဒလေဆိပ်(羽田空港)ကို သွားခဲ့ရတာပေါ့နော်။ တော်သေးတယ်။ မဖျားဘူးသိလား။ လေဆိပ်ရောက်တော့ Host family အတွက် လက်ဆောင်တွေဘာတွေ ဝယ်ပေါ့။
ဪ၊ ပြောဖို့ မေ့နေတယ်။ ဒီခရီးစဉ်က နှစ်မျိုးရှိပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမလား။ ဒါမှမဟုတ် သူတို့က စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း သွားမလား။ ကျမက သူတို့ စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း သွားလိုက်ပါတယ်။ ဒီတော့ ဘာတွေလိုအပ်တယ်၊ ဘာတွေမလိုအပ်ဘူးဆိုတာ ဘာမှ မသိဘူး။ Passportလည်း ပြရမယ်ထင်လို့ ထည့်လာတာ လိုလည်းမလိုဘူးသိလား။ သူတို့ Company နာမည်ရေးထားတဲ့ ကောင်တာမှာ ကိုယ့်နာမည်ပြောလိုက်တာနဲ့ လက်မှတ်ထုတ်ပေးတယ်။ Check in ဝင်ရုံပဲ။ ပြည်ပထွက်သလိုမျိုး Immigration လည်း ဖြတ်စရာမလို။ ဟိ ဟိ၊ ကျမက ဒီ ခရီးမတိုင်မီ ဂျပန်ကနေ ပြည်ပကို သုံးကြိမ်ထွက်ဘူးတယ်သိလား။ ဒီတော့ ကိုယ့်ကို ကိုယ် တော်တော်သိလှပြီ ထင်နေတာ ဘယ်ဟုတ်ပါလိမ့်မလဲ။ ဟော့ကိုင်းဒိုးသွားမှပဲ ကျမ မသိတာတွေ အများကြီးရှိသေးမှန်း သိရတော့တယ် အဟုတ်။
ဆက်ရန်
မကြာမီ
လာမည်
မျှော်
:z
အပြည့်အစုံသို့....
Friday, December 12, 2008
ကြေငြာချက်
ပို့စ် ရေးချင်တယ်။ ရေးချင်တဲ့အကြောင်းအရာတွေက အရမ်းများပြီး ဘယ်ဟာအရင်စရေးရင်ကောင်းမလဲ စဉ်းစားနေတယ်။ ရေးတော့ရေးပါမယ်။ စိတ်ကူးပေါက်တဲ့အကြောင်းပေါ့။ :p
တကယ်တော့ အိပ်ရာထထချင်း ပို့စ်ရေးမလားလို့ စဉ်းစားပြီး Blog ဖွင့်လိုက်တာ ဘာဖြစ်လို့လည်းမသိဘူး။ Geo counter ကြီးက ပျောက်နေတာ တွေ့တယ်။ အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပို့စ်မရေးတော့ပဲ သူများBlogတွေ လျှောက်လည်ပစ်လိုက်တယ်သိလား။ တစ်နာရီလောက်လည်း ကြာရော၊ Geo counterကြီးက ပြန်ပေါ်လာတယ်။မျက်လှည့်ပြနေလားမသိ။ :d သူလုပ်တာနဲ့ တော်တော်စိတ်လေသွားတာ။
အခု ပို့စ်ရေးချင်စိတ်ဖြစ်လာတော့ အလုပ်သွားရတော့မယ်။ ဘိုင်ဘိုင် ၊ ပြန်လာမှပဲ ပို့စ်ကောင်းကောင်းရေးတော့မယ်။
အပြည့်အစုံသို့....
Thursday, December 11, 2008
11.12.2008 (သို့)ဒီနေ့
ဘာပဲဖြစ်ဖြစ် ဒီတောင်ကို ကျော်နိုင်ခဲ့ပြီ။ စိတ်ကိုပေါ့ပါးသွားတာပဲ။ မအိပ်ခဲ့ရတဲ့နေ့တွေ၊ ရင်တထိတ်ထိတ်နေခဲ့ရတဲ့ အချိန်တွေကို ဘာလိုလိုနဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ။ :z ကိုယ့်တစ်ယောက်တည်းဆို ဒီလိုအဆင်ပြေပြေ ချောမွေ့ချင်မှ ချောမွေ့မှာ၊ အခုတော့၊ ဘေးကနေ တစ်တပ်တစ်အားကူညီပေးခဲ့တဲ့ သူငယ်ချင်းကျေးဇူးနဲ့ အရာအားလုံးက အဆင်ကို ပြေလို့။ ဟိ ဟိ၊ ဒီနေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ အနှောင့်အယှက်တွေအများကြီးထဲက ရရှိလာခဲ့တဲ့ အောင်မြင်ခြင်းအထိမ်းအမှတ်အနေနဲ့ ဒီနေ့ကို မှတ်တမ်းတင်လိုက်ပါတယ်။ :p
အပြည့်အစုံသို့....
Wednesday, December 10, 2008
"ကဗျာရေးသော လူတစ်ယောက်အကြောင်း"
အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်
အိပ်
သည့်
ခါ
အိပ်
မက်
လာ
အိပ်
ပါ
လျက်
နှင့်
နိုး
သည်။
တာရာမင်းဝေရဲ့ ကဗျာပါ။ ခေါင်းစဉ်က "ကဗျာရေးသော လူတစ်ယောက်အကြောင်း" တဲ့။ အခုလက်တလော အဖြစ်နဲ့တိုက်ဆိုင်နေလို့ ကြိုက်ပါတယ်။ အကြိုက်ဆုံးကဗျာအဖြစ် Tag post ကို ဖြေလိုက်ပါတယ်။
စကားမစပ်၊ ခပ်ညံ့ညံ့ကိုယ်တော်နဲ့ ဘေဘီဒေါက်တာ၊
ကျေနပ်တော့နော်။ နောက်ဆို ဒုက္ခမပေးနဲ့။ ဟွန်း၊ စာမေးပွဲ မဖြေနိုင်ရင် နင်တို့နှစ်ယောက်ကြောင့်ပဲ။ ဟိ ဟိ၊
နာ မအားတာကို ဒုက္ခပေးတဲ့ နှစ်ယောက် ၊ စာမေးပွဲဖြေနိုင်အောင် ဆုတောင်းပေးကြနော်။ မဆုတောင်းပေးလို့ကတော့ သိတယ်ဟုတ်။
အပြည့်အစုံသို့....
Monday, December 8, 2008
ကြက်သားတရုတ်ချက်
ကြက်သားတရုတ်ချက်ကြိုက်ရင်သုံးဆောင်ပါ။ မှတ်ချက်၊ ဘေဘီဒေါက်တာကို မကျွေးပါ။ :p
ဟင့် ဟင့်၊ ဘေဘီဒေါက်တာကယုံဘူးတဲ့။ ဒါနဲ့ နောက်တစ်ပုံထပ်ရိုက်လိုက်ရတယ်သိလား။
ဟိ ဟိ၊ ဒါ ဘယ်သူရဲ့ Poohလေးဆိုတာတော့ ကြက်ဥပို့စ်ဖတ်ဖူးသူတိုင်း သိပါတယ်နော်။ :z
အပြည့်အစုံသို့....
ဘေဘီဒေါက်တာ (သို့)ကြွက်စုတ်ကလေး :P (3)
ဒေါက်တာ ဒေါက်တာ ဘေဘီဒေါက်တာ
အမြန်ကြွခဲ့ပါ
ဘေဘီဒေါက်တာ လာပင့်ကာ
ဆေးကုမလို့ပါ
နေထိုင်မကောင်းတာ
ဆေးလေး မစပါ
ဘေဘီဒေါက်တာ ရမ်းကုမှာ
ကြောက်တော့ကြောက်တယ်ကွာ
ဟ ဟ ဟ..... ဟ ဟ ဟ.....
"နာတော့မယ်" "ပိတ်တီးလိုက်ရ"
ခြိမ်းလည်း ခြောက်သေးတာ
ခြိမ်းခြောက်မှုများ ကြောက်စရာ
အဖျားပိုတက်ကာ
ဘေဘီဒေါက်တာ ဘေဘီဒေါက်တာ
မြန်မြန် ပျို့စပ်ပါ
နာမည်ကျော်သွားအောင်
ကြေငြာပေးမှာပါ။
ဟိ ဟိ၊ သူ့ပျို့မပြီးခင် နောက်ကဗျာတစ်ပုဒ်ရပြန်ပြီ။ ပျော်စရာကြီး။ ဟိ ဟိ။ micky
မှတ်ချက်၊
"ဘေဘီဒေါက်တာ"ဆိုသည်မှာ ဒေါက်တာဟန်ဆောင်ထားသော ကလေးကိုဆိုလိုသည်။
ကလေးအထူးကုဆရာဝန်မဟုတ်ပါ။
:z
အပြည့်အစုံသို့....
Sunday, December 7, 2008
ကြွက်စုတ်ကလေး :P (2)
အဖြစ်မှန်ကို ဖုံးကွယ်
ကြွက်စုတ်ကလေးရယ်
အသက်ငယ်သလောက် အော်ကာဟောက်
ကြွက်စုတ်ဂလောက်တောက်
နာရီများစွာကွာတာတောင်
မသိချင်ယောင်ဆောင်
နင် မပြောလည်း လူတိုင်းသိ
ဟိ ဟိ ဟိ ၊ဟိ ဟိ ဟိ။
ဆရာကလည်း လုပ်ချင်သည်
လူကြီးမှတ်နေသည်
ကြက်ဥတောင် ကြော်တတ်လား
နင်ကများ၊ ဟ ဟ ဟား
ဟိ ဟိ၊ ဘယ်ရမလဲ၊ နာကွ။ ပျို့အရှည်ကြီး ပြန်လာစပ်လေ။ ;) ကြောက်တော့ဘူး။ :z
အပြည့်အစုံသို့....
ကြွက်စုတ်ကလေး :P
ကြွက်စုတ် ကြွက်စုတ်
အစုတ်ပလုတ်
စိတ်ကလေးကပုပ်
ဟောက်လား၊ဟိန်းလားလုပ်ခါရယ်
"ညီမ" ခေါ်ချင်တယ်
မွေးသက္ကရာဇ် မေးကြည့်တော့
နာရီများစွာ ငယ်နေပေါ့
သိသိကြီးနဲ့ ငြင်းချင်တယ်
ဘာကောင်လေးမှန်း မသိကွယ်
"နာတော့မယ်" "ဘာမှတ်လည်း"
သူပြောနေကြ စကားကွဲ့
ကိုယ့်အမကို အော်ချင်တယ်
ကြွက်စုတ်ပလုတ်ရယ်
တခါတလေကြတော့လည်း
သဘောကောင်းပြန်ရဲ့
ဒါပေမယ့်လည်း ကြွက်စုတ်ရယ်
အမြဲရန်စတယ်
ကံဆိုးပုံများ ကြွက်စုတ်က
ဖွားဖက်တော်တဲ့........ အား...............................
ဟိ ဟိ။
"ပိတ်တီးချင်တယ်" လို့ပြောတဲ့ ကြွက်စုတ်ကို ကြောက်ရ၊လန့်ရလို့ ရေးချင်တာရေးပြီး ပြေးပြီဗျို့။ rer
ဟော....ဟဲ၊ ဟော....ဟဲ၊ ပြောဖို့မေ့ခဲ့လို့ ပြန်လာပြောတာ။
အပေါ်ကပုံက သူ့ပုံနော်။ ဟိ ဟိ။ ဒီတစ်ခါ ကားနဲ့ ပြေးပြီဗျို့။ pgi
ပုံကို www.costumecraze.com မှကူးယူဖော်ပြသည်။
အပြည့်အစုံသို့....
Saturday, December 6, 2008
ကမာကူရဘုရား(鎌倉大仏)
မွေးနေ့တုန်းက ကမာကူရဘုရားသွားခဲ့ပါတယ်။ ဘုရားသမိုင်းကို ပြည့်စုံစွာရေးထားတဲ့ လူတွေအများကြီးရှိလို့ အထူးအထွေ မရေးတော့ဘူးနော်။ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီးပဲ ပြောတော့မယ်။ ကိုယ်တိုင် ရိုက်ခဲ့တာပါ။ ဘလော့မှာ တင်ချင်တဲ့လူများရှိခဲ့ပါရင် ဓမ္မဒါန ပြုပါတယ်။
ရှုထောင့်အမျိုးမျိုးကနေ ရိုက်ခဲ့ပါတယ်။ 
ဘုရားကြီးရဲ့ ကျောတော်
ဘုရားကြီးရဲ့ ဖိနပ်တော်
အပြည့်အစုံသို့....
Thursday, December 4, 2008
စိတ်ကလေးရယ်တဲ့...... ညစ်ပါတယ်။
ဟင့် ဟင့်၊ စိတ်ညစ်တယ်။ စိတ်ရှုပ်တယ်။ ကိုယ့်ကို ကိုယ် လျှာတော်တော်ရှည်မှန်းအခုမှသိတယ်။ :p ဘာလို့များ တစ်ယောက်တည်းသွားမယ်.........လို့ ပြောမိပါလိမ့်လို့ တွေးမိလိုက်တိုင်း နောင်တရတယ်။ ဟိုတစ်နေ့က ကလေးဖြစ်ချင်တယ်။ အခုလည်း ဖြစ်ချင်သေးတယ်။ ဟိ ဟိ။ ကိုယ်ကသာ ကလေးဖြစ်ချင်တာ ကလေးတွေနဲ့တော့ တွေ့ချင်ပေါင်။ မနက်ဖြန်ဆို တွေ့ရတော့မယ်။ ဟင့်ဟင့်။ ကလေးပေါင်း (73)ယောက်တောင်။ ဘယ်လိုလုပ်ရပါ့။ :d ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အခုလောလောဆယ်တော့ ဖြစ်ချင်တာ ဖြစ်၊ မီးစင်ကြည့်ကမယ်လို့ စိတ်ပေါက်ပေါက်နဲ့ ဆုံးဖြတ်လိုက်တယ်။ ;)
ဖြစ်နိုင်ရင် ကလေးတွေကို စာသင်ပေးရမယ့်အစား Report ဆယ်စောင်လောက်ရေးပလိုက်ချင်တယ်။ အဟုတ်။ အခုတော့........... စာတင်မက၊ သီချင်းလည်း ဆိုပြရအုန်းမယ်။ ကစားနည်းလည်းသင်ပေးရအုန်းမယ်။ ပုံပြင်လည်းပြောပြရအုန်းမယ်။ အမယ်လေး၊ ပဟေဠိပါ ဖွက်ပေးရင် ပိုကောင်းတယ်.....ဆိုပဲ။ ဟင့် ဟင့်။ ကယ်ကြပါအုန်း အရပ်ကတို့ရေ။
အသက်နှစ်ဆယ်တောင် တော်တော်စွန်းနေတဲ့ ဒီအသက်အရွယ်ရောက်မှ မူလတန်းတုန်းက ကဗျာတွေကို ပြန်စဉ်းစားနေရတယ်။ :d မှတ်မိတာလည်း မှတ်မိ၊ မမှတ်မိတာကများများ။ လိုချင်တဲ့အချက်အလက်တွေကို အသည်းအသန် လိုက်ရှာနေပေမယ့် အဝေးရောက် မြန်မာတစ်ယောက်အတွက် သိပ်တော့မလွယ်ကူတာအမှန်။ လိုချင်တာက ရှာမရ၊ ရတဲ့ အချက်အလက်ကြတော့ မလို။ ဟူး စိတ်ကလေးရယ်တဲ့...... ညစ်ပါတယ်။ :c
ဒါတောင် ကူရှာပေးတဲ့ သူငယ်ချင်းတွေရှိလို့။ သူတို့သာ မရှိရင်တော့ မနက်ဖြန် အိုးနင်းခွက်နင်းဖြစ်မှာ သေချာတယ်။ အဲ.......အချက်အလက် မပြည့်စုံလို့ စိတ်ညစ်ရတဲ့ အထဲ၊ သူတို့စကား ကို ခရေစေ့တွင်းကျနားလည်အောင် ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားလိုက်ရင် ငိုချင်တယ်။ ခပ်ရှက်ရှက်နဲ့ ပြောရရင်တော့ ကလေးတွေရဲ့ စကားကို နားမလည်ပါ။ ဟော့ကိုင်းဒိုးသွားတုန်းကလည်း Home stay အိမ်က ကလေးနှစ်ယောက်ပြောတဲ့စကားတိုင်းကို နားမလည်လို့ ကလေးအမေက ခဏခဏရှင်းပြပေးရတယ်။ :p အခုတော့၊ ကိုယ်က ကလေးတွေကို ရှင်းပြရမယ့်လူဆိုတော့ ............။
တကယ်တော့ ဂျပန်ကလေးတွေရဲ့ စကားမှ မဟုတ်။ မြန်မာနိုင်ငံက ကလေးတွေပြောနေတဲ့ စကားတောင် သေချာနားမလည်။ :p သူတို့က အထာလေးနဲ့ ပြောတတ်ကြသေးတယ်သိလား။ ဘာလိုချင်လို့ လိုချင်မှန်းမသိ၊ ဘာပြောချင်လို့ ပြောချင်မှန်းမသိနဲ့ ။ :d ဟိုတစ်ခါ မောင်တစ်ဝမ်းကွဲ ငါးနှစ်သားလေး ဖုန်းလာကိုင်တုန်းကဆို သူပြောတဲ့စကား ကျမနားမလည်လို့ စိတ်တိုဘူးတယ်သိလား။ အဲဒါ၊ သူ့အမ ခုနှစ်နှစ်သမီးက ထပ်ရှင်းပြတော့လည်း ကျမမှာ နားမလည်။ ဪ၊ ဒုက္ခ ဒုက္ခ။ ဟိ ဟိ၊ သူတို့ ဘာကိုဆိုလိုချင်မှန်း နားမလည်တော့လည်း သူတို့စိတ်တိုလည်း ခံရတော့တာပေါ့။
သူတို့လေးတွေ စကားကို အကုန်နားလည်ရင်တောင် ကိုယ်ပြောတဲ့စကားကို သူတို့နားလည်ပါ့မလား။ :d ကိုယ်ရဲ့ ဂျပန်စာ အရည်အချင်းကို လူကြီးတွေက အသိအမှတ်ပြုပေမယ့် ကလေးတွေက နားလည်ပါ့မလား။ အား................. ကိုယ့်ကိုကိုယ် ယုံကြည်မှုလေးတောင် ကလေးတွေနဲ့ တွေ့ရခါနီးလို့ ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်း မသိတော့။ ဟင့် ဟင့်၊ သွေးပျက်သွားပြီ။
အပြည့်အစုံသို့....
Tuesday, December 2, 2008
ကလေးလေးပဲ ဖြစ်ချင်တယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတာကြီးကို မုန်းတယ်သိလား။ လူကြီးဖြစ်ရတာ ကောင်းဘူး။ ကလေးပဲ ဖြစ်ချင်တော့တယ်။ ဘာမှမသိ၊ ဘာမှမတတ်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ချင်တယ်။ အရာရာကို သိချင်၊ တတ်ချင်၊ သူတပါးအောက်မရောက်ချင်တဲ့ အောင်မြင်ခြင်း၊ တိုးတက်ခြင်းတွေ နောက် တစ်ကောက်ကောက်လိုက်နေရတဲ့ လူကြီးဘဝကြီး ရောက်ချင်ဘူး။ :c
လူကြီးဖြစ်ရတာ ပင်ပန်းတယ်။ အထူးသဖြင့် ထက်မြက်တဲ့ လူကြီးတစ်ယောက်ဖြစ်ရတာ အရမ်းပင်ပန်းတယ်။ သူတပါးကို အားမကိုးချင်တဲ့၊ အရာရာကို ကိုယ့်အားကိုယ်ကိုးချင်တဲ့၊ သူတပါးထက် မသာတောင် သူ့အောက်မကျချင်တဲ့၊ ထက်မြက်တဲ့ လူကြီးတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘယ်လောက်ပင်ပန်းတယ်ထင်လဲ။ :c
အထူးသဖြင့် မိန်းကလေးတစ်ယောက်က အဲလို လူတစ်ယောက်ဖြစ်ချင်ရင် ပိုတောင်ပင်ပန်းသေး။ "ယောင်္ကျားနဲ့ မိန်းမ တန်းတူအခွင့်အရေး ရလာပါပြီ" လို့ ပြောတဲ့ ဒီခေတ်ကြီးမှာ အရည်အချင်းချင်း တူရင်တောင် မိန်းမတစ်ယောက်ထက် ယောင်္ကျားတစ်ယောက်ကို ပိုမို ယုံကြည်အားကိုးကြတာ ဘာကြောင့်မှန်းမသိ။ :d
မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ထက် မသာရတော့ဘူးတဲ့.....လား။ မိန်းမဖြစ်ရုံနဲ့ မထက်မြက်ရတော့ဘူးတဲ့......လား။ စိတ်ထဲမှာ အထင်ကြီးပေမယ့် ဖွင့်ထုတ်ပြောဖို့ မတန်ဘူးတဲ့.......လား။ အား .............................ဘာတွေမှန်းလည်း သိတော့ဘူး။ တော်ပြီ။ စဉ်းစားတော့ဘူး။
လူကြီးလည်း ဖြစ်ချင်တော့ဘူး။ {အထူးသဖြင့် ထက်မြက်တဲ့ လူကြီး(မိန်းမ)တစ်ယောက်ပေါ့။ }
လူ့လောက အကြောင်း ဘာမှမသိနားမလည်တဲ့ ကလေးလေးပဲ ဖြစ်နေရင် ကောင်းမယ်နော်။ :p ဒီကလေးလေးလိုမျိုးလေ။ :z
ဟိ ဟိ၊စိတ်ကူးပေါက်ရာ လျှောက်ရေးထားတာ။ ဟိုရောက်ဒီပေါက် ဖြစ်နေတယ်။ ဟိ ဟိ။ :z :z
မှတ်ချက်၊ ပုံများကို Search Engine မှ ရှာဖွေဖော်ပြသည်။
အပြည့်အစုံသို့....
Design By:
SkinCorner