Monday, December 8, 2008

ဘေဘီဒေါက်တာ (သို့)ကြွက်စုတ်ကလေး :P (3)

ဒေါက်တာ ဒေါက်တာ ဘေဘီဒေါက်တာ
အမြန်ကြွခဲ့ပါ

ဘေဘီဒေါက်တာ လာပင့်ကာ
ဆေးကုမလို့ပါ

နေထိုင်မကောင်းတာ
ဆေးလေး မစပါ

ဘေဘီဒေါက်တာ ရမ်းကုမှာ
ကြောက်တော့ကြောက်တယ်ကွာ

ဟ ဟ ဟ..... ဟ ဟ ဟ.....

"နာတော့မယ်" "ပိတ်တီးလိုက်ရ"
ခြိမ်းလည်း ခြောက်သေးတာ

ခြိမ်းခြောက်မှုများ ကြောက်စရာ
အဖျားပိုတက်ကာ

ဘေဘီဒေါက်တာ ဘေဘီဒေါက်တာ
မြန်မြန် ပျို့စပ်ပါ

နာမည်ကျော်သွားအောင်
ကြေငြာပေးမှာပါ။

ဟိ ဟိ၊ သူ့ပျို့မပြီးခင် နောက်ကဗျာတစ်ပုဒ်ရပြန်ပြီ။ ပျော်စရာကြီး။ ဟိ ဟိ။ micky

မှတ်ချက်၊
"ဘေဘီဒေါက်တာ"ဆိုသည်မှာ ဒေါက်တာဟန်ဆောင်ထားသော ကလေးကိုဆိုလိုသည်။

ကလေးအထူးကုဆရာဝန်မဟုတ်ပါ။
:z

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ဘေဘီဒေါက်တာ ခေါ်ဆိုတာ
မှန်ကို မှန်လိုက်တာ
ဘေဘီ ဒေါက်တာ အဓိပ္ပါယ်က
ကလေး ကုတာဗျ။
ဂုစုတ် ကိုက ကလေးမ
ဘေဘီခေါ်ဆိုရ။

နေမကောင်းရင် ဆေးထိုးမယ်
မကြောက်ဘူးလားကွယ်
ကြောက်လေပါက ပြောသမျှ
လိုက်ကာလုပ်လေဗျ။

မမိုက်ပါနဲ့ ကလေးရယ်
စကားနားထောင်ကွယ်
အသက်ကလေးကြီးရုံနဲ့
လူကြီးမဖြစ်ကွယ့်။

ပျို့ကလေးလည်းစပ်ချင်တယ်
နက်ကမကောင်းတယ်
ကလေးမဟုတ်ဒေါ်ဂုစုတ်
ကြိမ်ကြိမ်ဖန်ဖန်၇ှူပ်။

စကားနားထောင် မယ်ဂု၇ယ်
နင့်ကြောင်စိတ်ညစ်တယ်
မအော်ချင်ဘဲအော်နေရ
မယ်ဂု ကလေးမ။

နာတော့မယ်။ နေမကောင်းလို့ လျှော့လျှော့ပေါ့ပေါ့လေးစပ်ပေးထားတယ်။
နောက်တစ်ခါဆိုမ၇ဘူးနော်။
မငိုနဲ့
အဲကျမှ.

Anonymous said...

မယ်ဘုရေ အတော်ပဲဗျာ ဆရာဝန်အသိရှိတယ်ဆိုတော့ ကျနော့်မှာ ပြဿာနာတခုရှိလို့ ဒီလိုဗျ အသက်ရှုလိုက်တိုင်း
နှာခေါင်းထဲလေ၀င်သွားပြီး ပြန်ထွက်သွားတော့လဲ နှာခေါင်းထဲကပဲဗျာ
ပြီးတော့ ဗိုက်က တနေ့၃ခါလောက်စာနေတယ်
ဗျာ အဲဒါလေးမေးပေးပါဗျာ။ ဒီရောဂါပျောက်ချင်
ရင် သေလိုက်လို့တော့ မပြောပါနဲ့နော်

megumi said...

ဟုတ်ကဲ့၊ ဘေဘီဒေါက်တာကို မေးပေးပါ့မယ်ရှင့်။
ဘေဘီဒေါက်တာဆိုတော့ ကိုအိမ်ကြီးသိတဲ့အတိုင်းပဲ ကလေးစိတ်က ပျောက်သေးတာဟုတ်ဘူး။
ဒါကြောင့်၊ ကြိုပြောထားမယ်နော်။ တစ်ခုခုဖြစ်ရင် မီးမီးနဲ့ဆိုင်ဘူး။ ဟိ ဟိ။

Dr Phyo Wai Kyaw said...

အဲဒီ ချာတိတ်မစကားကို
မယုံနဲ့ကိုအိမ်ရေ

ခင်ဗျားကိုဆရာဝန်ခေါ်ပေးမယ်ဆိုပြီး
မုန့်ကြီုတောင်းစားမယ်။
ပြီးရင် ကလေးကုတဲ့ ဆရာဝန်ကိုခေါ်ပီး
ခင်ဗျားကိုကုခိုင်းမှာဗျ။
သတိထား။

megumi said...

ဘေဘီဒေါက်တာကလေ.....
ကိုယ့်ရုပ်ကို ပြန်မကြည့်ဘူး။ ;)
ဒီလောက် ကလေးရုပ်လေးနဲ့ လူကြီးယောင်ဆောင်ချင်နေတေးတယ်။ :p ခက်တော့နေပါပြီ။ :d
ဘီလို လုပ်ရပါ့။ :d

thihanyein said...

ဟေးဟေး...သွေးသောက်ကြီးနိုင်ပြီလား...
ဟိုက ခင်ဗျားစီဘုံးမှာလာပြီး အရှူံးပေးသွားတယ်..
သနားပါတယ်ဗျာ ကလေးမလေးကို သိပ်မစက်ပါနဲ့...
ဟေဟေ...ကိုအိမ်ရေ...လောင်းမယ်ဗျာ...
ခင်ဗျားက မယ်ဂုဘက်က...ကျနော်က သွေးသောက်
ကြီးဘက်က...ခင်ဗျားနိုင်ရင် မုန့်ကိုမယ်ဂုကိုကျွေး
ကျနော်နိုင်ရင်..မယ်ဂုက သွေးသောက်ကြိးကို
ကိုကြိးလို့ ခေါ်ရမယ်...ဘယ်လိုလဲ...ဟေးဟေး
အားပေးတယ်...ချကွ...ကစ်ကွ...ဖြောင်းဖြောင်းဖြောင်း...

khin oo may said...

ဆေးထိုးအပ်ကြီးပြလိုက်ပါ ညီမ. ထွက်ပြေးသွားမယ်။ :P

ဇင်ယော် said...

အဟေ. လက်ဝှေ့ ရေးပြဖို့  ဆိုင်းဝိုင်းငှားပေးရဦးမလား။ လိုအပ်ရင်ပြော။ ဗေပုံ တီးပုံ ထီထီ။ ပါးစပ်ဆိုင်းလေး ၀င်တီးပေးသွားတယ်။ ငှဲငှဲ။

Anonymous said...

ဘေဘီဒေါက်တာ လာပင့်ကာ
ဆေးကုမလို့ပါ

ဘေဘီဒေါက်တာ ရမ်းကုမှာ
ကြောက်တော့ကြောက်တယ်ကွာ

ဒါဆိုရင်တော့ ကုတော့ဘူး ဟီး

ကဗျာလေးက ဟာသလေးနဲ့  မိုက်တယ်

အားပေးနေပါတယ်

အိပ်မက်နိဒါန်း said...

အစ်မကတော့ ညီမလေးဘက်ကအားပေးနေမှာနော်.

မြတ်သွယ် said...

ဒီအိမ်လေးမှာလဲဟုတ်နေတာပဲနော်
ဖတ်သွားပါတယ် မမယ်ဂုမိ
ဘေဘီဒေါက်တာ ရမ်းကုမှာ
ကြောက်တော့ကြောက်တယ်ကွာ

ဟ ဟ ဟ..... ဟ ဟ ဟ.....
အဲလိုပြောတာ ဒေါက်တာရမ်းကုဆီမှာအကုတော့ဘူး
အားပေးသွားပါတယ် :)

 

Design By:
SkinCorner