Blog လေးရဲ့(၁)လပြည့်မွေးနေ့
ဒီနေ့ဆိုရင် ကျမရဲ့ Blogလေးက( ၁ )လ ပြည့်ပါပြီ။
အဲဒါ သူက မွေးနေ့လုပ်ပေးရမယ်ဆိုလို့ မွေးနေ့လုပ်ပေးလိုက်ပါတယ်နော်။
သူကပြောပါတယ်။သူဆီကို လာလည်တဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ်တဲ့။
(မှတ်တမ်းလေးများ)ရေးပေးတဲ့လူဆိုရင် ပိုပြီးကျေးဇူးတင်ပါတယ်တဲ့။
ဖြစ်နိုင်ရင်Cbox(Messageလေးတွေချန်ခဲ့ပါနော်) မှာထက်(မှတ်တမ်းလေးများ) မှာရေးပေးစေချင်ပါတယ်တဲ့။
အမြဲတမ်း သိမ်းထားချင်လို့ပါတဲ့။
သူကို လှလှပပလေးဖြစ်အောင် လုပ်ပေးတဲ့ကျမကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။
ကျမထက် သူကို လှပအောင် စိတ်ရောကိုယ်ပါကူညီပြင်ဆင်ပေးခဲ့တဲ့ ကို..............၊
သီချင်းကို အရုပ် နဲ့မှနားထောင်ချင်ပါတယ်ဆိုပြီး ဂျီကျတာကို ဖြစ်အောင်လုပ်ပေးခဲ့သော အကိုကြီးတို့ကို ပိုပြီးကျေးဇူးတင်ပါတယ်တဲ့။
အားလုံးသော ကျေးဇူးတင်ထိုက်သောသူများကို ကျေးဇူးတင်တဲ့အနေနဲ့ ဂျပန်အစားအစာတွေကို ဘူဖေးကျွေးချင်ပါတယ်တဲ့။
အဲ့ဒါနဲ့ ကျမမှာ အသည်းအသန် အမြန်စီစဉ်ရပါတော့တယ်။
အားမနားတမ်း သုံးဆောင်ကြပါနော်။
ပါဆယ်ထုပ်သွားလည်း ရပါတယ်နော်။:P :D
စူရှီ sushi 寿司
အသားလွှာ sashimi 刺身
ရေဘဝဲ ဝဆဘိ takowasabi たこわさび
ပုဇွန်ကျော် ebisen 海老せん
ဂဏန်းဟင်းချို kaninabe カニ鍋
အကင်များ kushiyaki 串焼き
ဂျပန်အရက် osakei お酒
အိမ်သယ်သွားလို့ရအောင် :P syoucyuu 焼酎
အရက် မသောက်တက်သောသူများအတွက်
အချိုပွဲ macha ice 抹茶アイス