Sunday, June 29, 2008

Blog လေးရဲ့(၁)လပြည့်မွေးနေ့

ဒီနေ့ဆိုရင် ကျမရဲ့ Blogလေးက( ၁ )လ ပြည့်ပါပြီ။
အဲဒါ သူက မွေးနေ့လုပ်ပေးရမယ်ဆိုလို့ မွေးနေ့လုပ်ပေးလိုက်ပါတယ်နော်။
သူကပြောပါတယ်။သူဆီကို လာလည်တဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ်တဲ့။
(မှတ်တမ်းလေးများ)ရေးပေးတဲ့လူဆိုရင် ပိုပြီးကျေးဇူးတင်ပါတယ်တဲ့။
ဖြစ်နိုင်ရင်Cbox(Messageလေးတွေချန်ခဲ့ပါနော်) မှာထက်(မှတ်တမ်းလေးများ) မှာရေးပေးစေချင်ပါတယ်တဲ့။
အမြဲတမ်း သိမ်းထားချင်လို့ပါတဲ့။
သူကို လှလှပပလေးဖြစ်အောင် လုပ်ပေးတဲ့​ကျမကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။
ကျမထက် သူကို လှပအောင် စိတ်ရောကိုယ်ပါကူညီပြင်ဆင်ပေးခဲ့တဲ့ ကို..............၊
သီချင်းကို အရုပ် နဲ့မှနားထောင်ချင်ပါတယ်ဆိုပြီး ဂျီကျတာကို ဖြစ်အောင်လုပ်ပေးခဲ့သော အကိုကြီးတို့ကို ပိုပြီးကျေးဇူးတင်ပါတယ်တဲ့။
အားလုံးသော ကျေးဇူးတင်ထိုက်သောသူများကို ကျေးဇူးတင်တဲ့အနေနဲ့ ဂျပန်အစားအစာတွေကို ဘူဖေးကျွေးချင်ပါတယ်တဲ့။
အဲ့ဒါနဲ့ ကျမမှာ အသည်းအသန် အမြန်စီစဉ်ရပါတော့တယ်။
အားမနားတမ်း သုံးဆောင်ကြပါနော်။
ပါဆယ်ထုပ်သွားလည်း ရပါတယ်နော်။:P :D

စူရှီ sushi 寿司


အသားလွှာ sashimi 刺身


ရေဘဝဲ ဝဆဘိ takowasabi たこわさび


ပုဇွန်ကျော် ebisen 海老せん


ဂဏန်းဟင်းချို kaninabe カニ鍋


အကင်များ kushiyaki 串焼き


ဂျပန်အရက် osakei お酒


အိမ်သယ်သွားလို့ရအောင် :P syoucyuu 焼酎


အရက် မသောက်တက်သောသူများအတွက်


အချိုပွဲ macha ice 抹茶アイス

17 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ဇနိ said...

၁ လပြည့်မှ ၁ နှစ်ပြည့်.............
ပျော်ပျော်ရွှင်ရွှင်ဘလော့ဂင်းနိုင်ပါစေ...

မိုးပြေး said...

မင်္ဂလာပါဗျာ..အရမ်းချစ်စရာကောင်းတဲ့ ဘလော့လေး
(၁)လပြည့်မှသည် နောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါစေဗျာ။
ကျွန်တော်ကတစ်ယောက်းထဲ ဘလော့မွေးနေ့ ကိုလာတာဆိုတော့ ကျွန်တော့်ကောင်မလေးအတွက်ပါယူသွားမယ်နော်.ကျွန်တော်ကတော့ဂျပန်
OSAKEI お酒 နဲ့ TARKOWASABI たこわさび ကိုအရမ်းကြိုက်တယ်ဗျို့ ၊အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းရင်း မှုးနေပြီဗျို့ ပြန်လိုက်ဦးမယ်ဗျာ..

Gu Gu said...

ကျနော်က စူရှီးဆို အသေကြိုက်... ပုံတွေ ကြည့် ဗိုက်ဆာပြီး ပြန်သွားရပါတယ် ခင်ဗျာ...

ဇနိ said...

串焼きとたこわさびを食べた。大好き。おめでとう。
မဇနိ

အောင်ကြည်မင်း said...

တစ်လပြည့် မွေးနေ့ပွဲ အခမ်းအနားလေးကို တက်ရောက်ပါတယ်။ အမြည်းကောင်းကောင်းနဲ့ ဂျပန်အရက်သောက်သွားတယ်။ ခင်လို့နော် အရက်မသောက်ဘူး။ တစ်လပြည့်မှ သည်နောင်နှစ်ပေါင်းများစွာတိုင် ရင်ထဲမှခံစားမှုလေးများ ကိုဖွင့်ဟနိုင်ပါစေ။ တိုင်းကျိုးပြည်ပြု ဘလောက်လေးဖြစ်ပါစေ။

wynn.sun said...

မွေးနေ့ ပွဲလာစားသွားပါတယ်.. အလောတကြီးလာလို့  လက်ဆောင်တောင် မပါခဲ့ဘူးဗျ.. :)

khin oo may said...

yes. i eat and pack
wishing you all the best

ကိုသားငယ် said...

၁ လပြည့်မွေးနေ့လေးကိုလာသွားပါတယ် မွးနေ့ပေါင်းများစွာကိုပျော်ရွှင် အေးချမ်းစွာနဲ့ ဘလော့လေးကိုကျင်းပပေးနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်....
ハッピーバースデー

YeYint Nge said...

ဟယ်..ရရဂြီးဗိုက်ချာနေတာနဲ့အတော်ပဲ(မင်းလေး)ရှိုဒါကအဒူဒုန်း..ရရဂြီးတွား.ခေါ်ပေးမယ်လေ../
ရရဂျီးဂိုလည်းဂျမလလလေးချာပေး..ငှဲငှဲ

Unknown said...

1ရက်မှသည် 1လ 1 လမှသည် 1နှစ် 1နှစ်မှသည် နှစ်ပေါင်းများစွာတိုင်အောင် တည်မြဲပါစေနော်...
~~~~~~~~~~
ဒီလိုမျိုးအလှူတွေကို သိပ်မလှူနဲ့နော် ပိုက်ဆံကုန်မှာစိုးလို့... :P

mgthonnya said...

မွေးနေ့ပွဲကိုလာသွားပါတယ်။၁ နှစ်မှ၂ နှစ်၊၂နှစ်မှ ၃နှစ်၊
၃နှစ်မှ....................ထိတည်တန့်စေသေိာ.....။

အညာသား said...

အီး........အောင်မလေးဗျာ.. !!!!!
မစားဘူးတာတွေစားပြီးတော့ ဗိုက်တွေတောင်အောင့်တယ်။ ဆက်မစားနိုင်တော့လို့ ပါဆယ်ဆွဲသွားသဗျ။ :D
အဲ... ဆုတောင်းပေးဘို့ မေ့သွားတယ်။
၁ လပြည့်နေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် အဆင်ပြေချောမွေ့စွာ ဘလော့ဂင်းနိုင်ပါစေခင်ဗျာ။ :)

မင်းကျန်စစ်။ said...

တစ်လပြည့်ကိုတောင် ဒီလောက် အစားအသောက်တွေ များနေရင် တစ်နှစ်ပြည့်ဆိုရင်တော့ ရှယ်ထက်ရှယ်ကို စားရမယ်ထင်တယ်။ အများကြီးကျွေးနိုင်ပါစေ။ အများကြီး ရေးနိုင်ပါစေ။ နှစ်တွေ အကြာကြီး တည်တံ့ပါစေဗျာ။

mmepgroup said...

ဝါးတီလာဖွင့်သွားတယ် မနေ့က မအားလို့ ဒီနေ့ကျန်တာလေးတွေ လာစားသွားတယ်

Dream said...

ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေအမြဲတမ်း
ပိုင်ဆိုင်ရရှိပါစေ။
၁လပြည့်မှသည်နောင်နှစ်ပေါင်းများစွာဆီသို့

Welcome said...

အေးချမ်းတဲ့အိမ်ကလေး
ထာဝရတည်တံ့နိုင်ပါစေ ....

ဝင်းဇော်
www.winzaw-mdy.blogspot.com

Unknown said...

စားစရာတွေတော့ မသိဘူး...။ သောက်စရာတွေကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်...။ အောင်မြင်ပါစေဗျာ...။ :)

 

Design By:
SkinCorner