Tuesday, June 30, 2009

မှတ်တမ်း

 ဒီနေ့ဆို တစ်နှစ်တစ်လနဲ့တစ်ရက်တောင် ကြာခဲ့ပြီပေါ့။

 စစချင်းရေးတုန်းက ဂျပန်မှာ။

 တစ်နှစ်ပြည့်တဲ့နေ့က စလုံးမှာ။

တစ်နှစ်နဲ့တစ်လလည်း ပြည့်ရော မြန်မာပြည်မှာတဲ့။

တမင်တကာ မကြံစည်ပါပဲနဲ့ နိုင်ငံသုံးနိုင်ငံမှာ အမှတ်တရနေ့လေးတွေက ရှိနေခဲ့တယ်။

အပြည့်အစုံသို့....

Saturday, June 20, 2009

ဥပ္ပါတသန္တိစေတီတော်ကြီး






မြန်မာနိုင်ငံရောက်တာ ဆယ်ရက်ကျော်ပြီ။ ပို့စ်ရေးချင်တာ အရမ်းပဲ။ ဒါပေမယ့် အများသိတော်မူတဲ့အတိုင်းပဲ။ ဟိ ဟိ။ အခုရေးလို့ရတုန်း ဘုရားပုံကို တင်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံပြန်ရောက်ခြင်းအထိမ်းအမှတ်မှာ ဓမ္မဒါနပြုချင်လို့ပါ။ဥပ္ပါတသန္တိစေတီတော်ကြီးတဲ့။

နေပြည်တော်မှာရှိတဲ့ ရွှေတိဂုံစေတီတော်ပုံတူပါ။ နေပြည်တော်ရောက်တုန်း ရိုက်ခဲ့တာပါ။ သပ္ပာယ်ပါတယ်။ ကုန်းမြင့်မှာ တည်ရှိလို့ နေရာအနှံ့ကနေမြင်တွေ့ရပါတယ်။ အဝေးကကြည့်ရင်လည်း တစ်မျိုးကြည်ညိုစရာကောင်းပါတယ်။(နေပြည်တော်ရောက်တုန်း ရေပန်းဥယျာဉ်လည်း ရောက်ခဲ့ပါသေးတယ်။ ကွန်အခြေအနေကြောင့် အဆင်ပြေမှ တင်ပေးလိုက်ပါ့မယ်နော်။)

ဘလော့ကို သံယောဇဉ်မဖြတ်သေးပါဘူး။ ဘလော့က မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း လွမ်းနေပါတယ်။ အိမ်ပေါက်စေ့လိုက်လည်ချင်ပေမယ့် ကျမ မကျော်တတ်လို့ လည်လို့မရဘူးဖြစ်နေတယ်။ ကျော်နည်းသင်ပြီးမှ အားလုံးဆီ လာလည်ပါဦးမယ်။ အရမ်းသတိရတယ် ဘလော့လောကကြီးကို။
အကြောင်းအရာတွေက ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ ပြောချင်တာတွေ များသွားလို့ အကုန်အစုံ ရေးလိုက်ပါတယ်ရှင့်။

အပြည့်အစုံသို့....

Monday, June 8, 2009

Thursday, June 4, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(4)

ဟီရိုးရှီးမားနန်းတော်က ပြန်လည်တည်ဆောက်ထားတာပါ။ ဗုံးကျဲခံရတုန်းက ပလုံဖြစ်သွားခဲ့တယ်လေ။

ဒါက အဝင်ပေါ့။
အထဲကိုဝင်သွားလိုက်တာ အကျယ်ကြီးမှ အကျယ်ကြီးပဲ။ ဒါက နန်းမြို့ရိုးလို့ ထင်ပါတယ်။

ပန်းခြံလိုမျိုးဖြစ်နေတဲ့ နေရာကို ဖြတ်ပြီးနောက်မှာတော့ ဂျင်းဂျာတစ်ခုကို တွေ့ပါတယ်။ အထဲတော့ ဝင်မကြည့်ခဲ့ဖြစ်ဘူး။ တဖြည်းဖြည်းနဲ့ လျှောက်လာလိုက်တာ နန်းတော်ထိပ်ပိုင်းကို လှမ်းမြင်နေရပြီ။
ဟော................... ရောက်ပါပြီ။ ဟီရိုးရှီးမားနန်းတော်ကြီး။
ဝင်ကြေးပေးရပါတယ်။ ငါးရာလို့ ထင်တယ်။ အထဲမှာ လေးထပ်ရှိတယ်။ ရှေးခေတ်က အသုံးအဆောင်ပစ္စည်းတွေ၊ နေပုံထိုင်ပုံတွေ၊ မြို့အနေအထားတွေကို ပြသထားပါတယ်။ နားကြပ်တပ်ပြီး နားထောင်၊ ပုံတွေကို ကြည့်လို့ရတာလည်းရှိတယ်။ ဂျပန်လိုက ကိုယ်သွားရပ်လိုက်တာနဲ့ အော်တိုအသံထွက်လာတယ်။ နားကြပ်မလိုဘူး။ တခြားဘာသာစကားနဲ့ နားထောင်ချင်တယ်ဆိုရင် ဘာသာပြောင်းလို့ရတယ်။ ပြီးမှ နားကြပ်နဲ့ နားထောင်ပေါ့။ ကျမက ဘယ်ခေတ်အကြောင်းလဲမသိဘူး နားထောင်နေတာ၊ ဟိုဘက်က လူကြီးတစ်ယောက်က တစ်ခြားခေတ်သမိုင်းကို နားထောင်တယ်သိလား။ သူ့ဖက်ကလည်း ဆူ၊ ကိုယ့်ဘက်ကလည်း ညံနဲ့ တစ်ထပ်လုံး ဆူညံနေတာပဲ။

နေရာတိုင်း ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး။ နေရာတစ်ချို့ပဲ ဓာတ်ပုံရိုက်ခွင့်ရတယ်။

ဆာမူရိုင်းဝတ်စုံဝတ်လို့ရတဲ့နေရာကို ဓာတ်ပုံရိုက်ခွင့်ပေးတယ်။ ဆာမူရိုင်းဝတ်စုံလည်း ဝတ်ကြည့်လို့ရတယ်။ ဦးထုပ်ဆောင်းကြည့်တာနဲ့တင် လေးလွန်းလို့ မဝတ်ကြည့်ခဲ့ဖြစ်ဘူး။

ဒါက အပေါ်ဆုံးထပ်ကနေ မြင်ရတဲ့မြင်ကွင်းပါ။ ရှေ့၊နောက်၊တောင်၊မြောက် လေးဘက်လေးတန်က ကြည့်လို့ရတယ်။
လက်တလော နာမည်ကြီးနေတဲ့ ဟီရိုးရှီးမားဘေ့စ်ဘောကွင်း။
နန်းတော်က ပြန်အထွက်မှာ မိုးရွာပါတယ်။ ဒါနဲ့၊ မြို့ပတ်ရထားစီးပြီး ဟီရိုးရှီးမားမြို့အနှံ့ တစ်ခေါက်ထပ်သွားခဲ့တယ်။ ဗုံးကျဲတဲ့နေရာတွေကို နောက်တစ်ခေါက် ထပ်သွားကြည့်ခဲ့သေးတယ်။ နေရာတွေစုံသွားတော့ ဟီရိုးရှီးမားဆိပ်ကမ်းကို သွားခဲ့တယ်သိလား။
ဒီမှာတော့ မိုးမရွာဘူး။ အုံ့ ဆိုင်းနေတဲ့ တိမ်တွေနဲ့ ဟီရိုးရှီးမားဆိပ်ကမ်းကြီးကို ကြည့်ရတာ တစ်မျိုးကြီးပဲ။ လွမ်းလွမ်းဆွေးဆွေးကြီး။


ဟီရိုးရှီးမားအကြောင်း ဒီတင်ပြီးပါပြီ။ :z

အပြည့်အစုံသို့....

Tuesday, June 2, 2009

ပုံတူကူးသူနှစ်ယောက်အကြောင်း

"ကျွန်တော်ချစ်သောမိန်းကလေး"ကျော်ကျော်ဗိုနဲ့ မေကဗျာ၊
"လရောင်နမ်းတဲ့ ပန်းပင်လယ်" မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်။

အဲ့ဒီကားနှစ်ကားက တစ်ကားချင်းစီကြည့်ရင်တော့ မသိသာဘူး။ ဒါပေမယ့်၊ "My Sassy Girl"ဆိုတဲ့ ကိုရီးယားကားကို ကြည့်လိုက်ရင် သိလိမ့်မယ်။ "ကျွန်တော်ချစ်သောမိန်းကလေး"က ချွတ်စွတ်၊ "လရောင်နမ်းတဲ့ ပန်းပင်လယ်"က နည်းနည်းကွဲ။ ဟ ဟား.......................ရယ်လည်းရယ်ရတယ်။ ကူးစရာတွေ တော်တော်ရှားသွားကြပြီထင်တယ်။ ပြိုင်တူကူးမိပြီးသားဖြစ်နေတယ်။

"ကျွန်တော်ချစ်သောမိန်းကလေး"ရဲ့ ဇာတ်ညွှန်းရေးတဲ့လူကလည်း တော်တော်တော်ပါတယ်။ အဝတ်အစားက အစကွတ်တိ၊ ဇာတ်ညွှန်းမရေးပဲ ဘာသာပြန်ပဲ လုပ်စားလိုက်ရင် ကောင်းမယ်ထင်တယ်။

"လရောင်နမ်းတဲ့ ပန်းပင်လယ်"ကတော့ မြန်မာဆန်ဆန်လေး ဇာတ်ညွှန်းကို ပြောင်းထားသေးတယ်။ မြန်မာဇာတ်ကားကို ခက်ခက်ခဲခဲဖန်တီးတဲ့ အဆိုပါ ဇာတ်ကားနှစ်ကားကို ဖန်တီးကြသူများ တော်ပါပေတယ် ။ တော်ကြပါပေတယ်လို့ပဲ ပြောရမလားပဲ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အပြည့်အစုံသို့....

စင်္ကာပူသို့အလည်တစ်ခေါက်

စင်္ကာပူကို (24.5.2009 )နေ့ကရောက်ပါတယ်။ တာမီနယ်(3)ကို ရောက်ရောက်ချင်းရိုက်လိုက်တဲ့ဓာတ်ပုံက ဒီပုံပေါ့။ လေယာဉ်ပေါ်ကဆင်းတာ နောက်ကျလို့ ခရီးသည်တွေတောင် သိပ်မတွေ့တော့ဘူး။ အိမ်ကလာကြိုတာကို ဖုန်းဆက်ဖို့လည်း သတိမရပဲ ဗီဒီယိုရိုက်နေခဲ့တယ်။ :z နောက်မှ သတိရလို့ကြည့်လိုက်တော့ (2)နာရီကျော်နေပြီ။ ဟိဟိ၊ ဒါနဲ့၊ Immigration မြန်မြန် ဝင်ရတော့တယ်။ ဟော၊ မြင်နေရပါပြီ။ သွားမလို့ လုပ်တုန်း ဘေးတစ်ဖက်တစ်ချက်မှာ Swine flu စစ်တဲ့လူနှစ်ယောက်က ကြည့်နေတယ်။ ရောဂါမပါလာလို့ ထင်ပါရဲ့။ စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိဘူး။ ဒီလိုနဲ့ Immigration ရောက်သွားတယ်။ လူသိပ်မရှိဘူး။ နှစ်ယောက်လောက်ပဲ စောင့်ရပြီး ကိုယ့်အလှည့်ရောက်တယ်။ Mask အုပ်ထားလို့ ချွတ်ပြလိုက်တယ်။ ချက်ချင်းပဲ ရပြီ။ သွားနိုင်ပါပြီတဲ့။ တော်တော်သဘောကောင်းတဲ့ စင်္ကာပူ Immigration။ :p တုံးထုပြီးတော အထုပ်သွားရွေး၊ Custom ဖြတ်ပြီး အပြင်ကို ထွက်ခဲ့တော့တယ်။ ဗိုက်မဆာပေမယ့် မုန့်သွားစားခဲ့သေးတယ်။ အိမ်ပြန်သင့်ပြီဖြစ်ပေမယ့် မပြန်သေးပဲ အရုပ်ခြစ်တဲ့ နေရာသွားပြီး အရုပ်သွားခြစ်ခဲ့သေးတယ်။ ချန်ဂီလေဆိပ်အမှတ်တရပေါ့။ ;)

လေးနာရီလောက်ပဲ အိပ်ပြီး လျှောက်လည်ခဲ့တယ်သိလား။ စစချင်းသွားခဲ့တာက ကြားသာကြားဖူးပြီး မရောက်ဖူးသေးတဲ့ ပင်နီဆူလာကုန်တိုက်ကြီးကိုပေါ့။ တနင်္ဂနွေနေ့ဆိုတော့ စည်ကားလိုက်တာ။ နေရာတကာ ဗမာတွေချည်းပဲ။ ဗမာပြည်ပြန်ရောက်သွားလားလို့တောင် ထင်ခဲ့မိတယ်။

မြနန္ဒာတဲ့။ :p


ဟိုပတ်ဒီပတ်နဲ့ ဒီနေရာကိုလည်းရောက်ခဲ့သေးတယ်။


Merlion သွားတုန်း တွေ့ခဲ့တဲ့ အရုပ်လေး။ ချစ်စရာလေးနော်။
ဒါက ရထားထဲမှာလေ။ ဒီမှာပူလို့နဲ့တူတယ်။ ထိုင်ခုံတွေက ဆိုဖာပါဘူး။

အပြည့်အစုံသို့....

 

Design By:
SkinCorner