Saturday, June 20, 2009

ဥပ္ပါတသန္တိစေတီတော်ကြီး






မြန်မာနိုင်ငံရောက်တာ ဆယ်ရက်ကျော်ပြီ။ ပို့စ်ရေးချင်တာ အရမ်းပဲ။ ဒါပေမယ့် အများသိတော်မူတဲ့အတိုင်းပဲ။ ဟိ ဟိ။ အခုရေးလို့ရတုန်း ဘုရားပုံကို တင်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံပြန်ရောက်ခြင်းအထိမ်းအမှတ်မှာ ဓမ္မဒါနပြုချင်လို့ပါ။ဥပ္ပါတသန္တိစေတီတော်ကြီးတဲ့။

နေပြည်တော်မှာရှိတဲ့ ရွှေတိဂုံစေတီတော်ပုံတူပါ။ နေပြည်တော်ရောက်တုန်း ရိုက်ခဲ့တာပါ။ သပ္ပာယ်ပါတယ်။ ကုန်းမြင့်မှာ တည်ရှိလို့ နေရာအနှံ့ကနေမြင်တွေ့ရပါတယ်။ အဝေးကကြည့်ရင်လည်း တစ်မျိုးကြည်ညိုစရာကောင်းပါတယ်။(နေပြည်တော်ရောက်တုန်း ရေပန်းဥယျာဉ်လည်း ရောက်ခဲ့ပါသေးတယ်။ ကွန်အခြေအနေကြောင့် အဆင်ပြေမှ တင်ပေးလိုက်ပါ့မယ်နော်။)

ဘလော့ကို သံယောဇဉ်မဖြတ်သေးပါဘူး။ ဘလော့က မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း လွမ်းနေပါတယ်။ အိမ်ပေါက်စေ့လိုက်လည်ချင်ပေမယ့် ကျမ မကျော်တတ်လို့ လည်လို့မရဘူးဖြစ်နေတယ်။ ကျော်နည်းသင်ပြီးမှ အားလုံးဆီ လာလည်ပါဦးမယ်။ အရမ်းသတိရတယ် ဘလော့လောကကြီးကို။
အကြောင်းအရာတွေက ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ ပြောချင်တာတွေ များသွားလို့ အကုန်အစုံ ရေးလိုက်ပါတယ်ရှင့်။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

သီဟသစ် said...

မယ်ဂုရေ

ခရီးတွေ ထွက်ပြီး ပျော်နေတယ်ပေါ့လေ
ကောင်းပါ့ကွယ်။

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

မီဂူ ..
ကြားဖူးနေတာကြာပြီ ရွှေတိဂုံပုံတူစေတီဆိုတာ .. တော်တော်လေး သပ္ပါယ်တယ်နော် .. but မူရင်း ရွှေတိဂုံနဲ့ နဲနဲလေး လွဲနေသေးသလိုပဲ .. ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတော်ကြောင့် ထင်တယ် ...
နေဒေးသစ်။

Anonymous said...

သတိရလို့ ပျော်သွားတယ် မယ်ဂုမိ။

တောင်ပေါ်သား said...

အမြန်ဆုံး ကျော်တတ်ပါစေဗျာ... အဟီးးးးးး အစစအရာရာ အဆင်ပြေပါစေ အမရေ....


လေးစားလျက်
တောင်ပေါ်သား

Nge Naing said...

ညီမလေးရေ
ဘုရားလာဖူးသွားပါတယ်။

ကဗျာမလေး said...

တစ်ခါတစ်ခေါက်တော့ သွားရောက်ဖူးမြော် ပါဦးမယ်။

စိုင်းစိုင်းလားရှိုး said...

ဂုဂု ရောက်ခဲ့ပြီပေါ့ နေပြည်တော်ကြီးကို
နေရထိုင်ရတာ အဆင်ပြေ ပါစေနော်

အိပ်မက်အလွန် said...

ဟယ် သိတောင် မသိဘူး။ ပြန်သွားတာ..။

မိုးခါး said...

သာဓု သာဓု သာဓုး))
ပြောချင်ပေမယ့် ကွန်နက်ရှင်ကြောင့် ပြောမထွက်ဖြစ်နေရတယ်နော် :D
သည်းခံ သည်းခံ :P

 

Design By:
SkinCorner