Tuesday, June 2, 2009

ပုံတူကူးသူနှစ်ယောက်အကြောင်း

"ကျွန်တော်ချစ်သောမိန်းကလေး"ကျော်ကျော်ဗိုနဲ့ မေကဗျာ၊
"လရောင်နမ်းတဲ့ ပန်းပင်လယ်" မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်။

အဲ့ဒီကားနှစ်ကားက တစ်ကားချင်းစီကြည့်ရင်တော့ မသိသာဘူး။ ဒါပေမယ့်၊ "My Sassy Girl"ဆိုတဲ့ ကိုရီးယားကားကို ကြည့်လိုက်ရင် သိလိမ့်မယ်။ "ကျွန်တော်ချစ်သောမိန်းကလေး"က ချွတ်စွတ်၊ "လရောင်နမ်းတဲ့ ပန်းပင်လယ်"က နည်းနည်းကွဲ။ ဟ ဟား.......................ရယ်လည်းရယ်ရတယ်။ ကူးစရာတွေ တော်တော်ရှားသွားကြပြီထင်တယ်။ ပြိုင်တူကူးမိပြီးသားဖြစ်နေတယ်။

"ကျွန်တော်ချစ်သောမိန်းကလေး"ရဲ့ ဇာတ်ညွှန်းရေးတဲ့လူကလည်း တော်တော်တော်ပါတယ်။ အဝတ်အစားက အစကွတ်တိ၊ ဇာတ်ညွှန်းမရေးပဲ ဘာသာပြန်ပဲ လုပ်စားလိုက်ရင် ကောင်းမယ်ထင်တယ်။

"လရောင်နမ်းတဲ့ ပန်းပင်လယ်"ကတော့ မြန်မာဆန်ဆန်လေး ဇာတ်ညွှန်းကို ပြောင်းထားသေးတယ်။ မြန်မာဇာတ်ကားကို ခက်ခက်ခဲခဲဖန်တီးတဲ့ အဆိုပါ ဇာတ်ကားနှစ်ကားကို ဖန်တီးကြသူများ တော်ပါပေတယ် ။ တော်ကြပါပေတယ်လို့ပဲ ပြောရမလားပဲ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

အကျင့်ပါသွားလို့ မိဂု
ဆယ်တန်းစာမေးပွဲကတည်းက စလိုက်တာ
တစ်သက်လုံးပါသွားတာ
စိတ်လျှော့..။

ZT said...

အဟဲ။ အမေရိကန် ကဆို နာမည်တောင် မပြောင်းဘူး။ My Sassy Girl နာမည်နဲ့ပဲ ပြန်ရိုက်လိုက်သေးတယ်။

Anonymous said...

နှစ်ကားလုံးကြည့်ဖူးတယ် .... မင်းမော်ကွန်းကားကတော့ ထားပါတော့ အိန္ဒြာကျော်ဇင်ပါလို့ ခွင့်လွှတ်လိုက်တယ် ... :D နောက်တစ်ကားကိုတော့ အစကိုကြည့်မိတာနဲ့ ပိတ်ပစ်လိုက်တာ .. အိန္ဒြာကျော်ဇင်မပါလို့ .. အဲလိုကို အားပေးတာ ..ဟဟ ... နောက်ကားတွေရှိသေးတယ် ... Marrying the Mafia ကို ပြန်ရိုက်ထားတာ ... ခိုင်သင်းကြည်နဲ့ ကင်းကောင်တို့ ဘာတို့ ပါတယ် ... နောက် ဘီယာဘူးခွံကန်လို့ နဖူးပေါက်သွားတဲ့ကိုရီးယားကား ( နာမည်တော့ မသိတော့ ) အဲကားကိုလည်း ကျော်ရဲအောင်နဲ့ စိုးမြတ်နန္ဒာနဲ့က တစ်ကား၊ နောက်ပြီး လူမင်းနဲ့ အိန္ဒြာကျော်ဇင်နဲ့က တစ်ကား တစ်ကားတည်းကို ၂ ခါ ပြန်ကူးချထားတာ ... အဲလိုတွေကလည်း ရှိသေးတယ် .. :D

 

Design By:
SkinCorner