Thursday, June 4, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(4)

ဟီရိုးရှီးမားနန်းတော်က ပြန်လည်တည်ဆောက်ထားတာပါ။ ဗုံးကျဲခံရတုန်းက ပလုံဖြစ်သွားခဲ့တယ်လေ။

ဒါက အဝင်ပေါ့။
အထဲကိုဝင်သွားလိုက်တာ အကျယ်ကြီးမှ အကျယ်ကြီးပဲ။ ဒါက နန်းမြို့ရိုးလို့ ထင်ပါတယ်။

ပန်းခြံလိုမျိုးဖြစ်နေတဲ့ နေရာကို ဖြတ်ပြီးနောက်မှာတော့ ဂျင်းဂျာတစ်ခုကို တွေ့ပါတယ်။ အထဲတော့ ဝင်မကြည့်ခဲ့ဖြစ်ဘူး။ တဖြည်းဖြည်းနဲ့ လျှောက်လာလိုက်တာ နန်းတော်ထိပ်ပိုင်းကို လှမ်းမြင်နေရပြီ။
ဟော................... ရောက်ပါပြီ။ ဟီရိုးရှီးမားနန်းတော်ကြီး။
ဝင်ကြေးပေးရပါတယ်။ ငါးရာလို့ ထင်တယ်။ အထဲမှာ လေးထပ်ရှိတယ်။ ရှေးခေတ်က အသုံးအဆောင်ပစ္စည်းတွေ၊ နေပုံထိုင်ပုံတွေ၊ မြို့အနေအထားတွေကို ပြသထားပါတယ်။ နားကြပ်တပ်ပြီး နားထောင်၊ ပုံတွေကို ကြည့်လို့ရတာလည်းရှိတယ်။ ဂျပန်လိုက ကိုယ်သွားရပ်လိုက်တာနဲ့ အော်တိုအသံထွက်လာတယ်။ နားကြပ်မလိုဘူး။ တခြားဘာသာစကားနဲ့ နားထောင်ချင်တယ်ဆိုရင် ဘာသာပြောင်းလို့ရတယ်။ ပြီးမှ နားကြပ်နဲ့ နားထောင်ပေါ့။ ကျမက ဘယ်ခေတ်အကြောင်းလဲမသိဘူး နားထောင်နေတာ၊ ဟိုဘက်က လူကြီးတစ်ယောက်က တစ်ခြားခေတ်သမိုင်းကို နားထောင်တယ်သိလား။ သူ့ဖက်ကလည်း ဆူ၊ ကိုယ့်ဘက်ကလည်း ညံနဲ့ တစ်ထပ်လုံး ဆူညံနေတာပဲ။

နေရာတိုင်း ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး။ နေရာတစ်ချို့ပဲ ဓာတ်ပုံရိုက်ခွင့်ရတယ်။

ဆာမူရိုင်းဝတ်စုံဝတ်လို့ရတဲ့နေရာကို ဓာတ်ပုံရိုက်ခွင့်ပေးတယ်။ ဆာမူရိုင်းဝတ်စုံလည်း ဝတ်ကြည့်လို့ရတယ်။ ဦးထုပ်ဆောင်းကြည့်တာနဲ့တင် လေးလွန်းလို့ မဝတ်ကြည့်ခဲ့ဖြစ်ဘူး။

ဒါက အပေါ်ဆုံးထပ်ကနေ မြင်ရတဲ့မြင်ကွင်းပါ။ ရှေ့၊နောက်၊တောင်၊မြောက် လေးဘက်လေးတန်က ကြည့်လို့ရတယ်။
လက်တလော နာမည်ကြီးနေတဲ့ ဟီရိုးရှီးမားဘေ့စ်ဘောကွင်း။
နန်းတော်က ပြန်အထွက်မှာ မိုးရွာပါတယ်။ ဒါနဲ့၊ မြို့ပတ်ရထားစီးပြီး ဟီရိုးရှီးမားမြို့အနှံ့ တစ်ခေါက်ထပ်သွားခဲ့တယ်။ ဗုံးကျဲတဲ့နေရာတွေကို နောက်တစ်ခေါက် ထပ်သွားကြည့်ခဲ့သေးတယ်။ နေရာတွေစုံသွားတော့ ဟီရိုးရှီးမားဆိပ်ကမ်းကို သွားခဲ့တယ်သိလား။
ဒီမှာတော့ မိုးမရွာဘူး။ အုံ့ ဆိုင်းနေတဲ့ တိမ်တွေနဲ့ ဟီရိုးရှီးမားဆိပ်ကမ်းကြီးကို ကြည့်ရတာ တစ်မျိုးကြီးပဲ။ လွမ်းလွမ်းဆွေးဆွေးကြီး။


ဟီရိုးရှီးမားအကြောင်း ဒီတင်ပြီးပါပြီ။ :z

4 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဝတ်ပြီးသာ ဓာတ်ပုံရိုက်ဖြစ်ခဲ့လို့ကတော့ ဆာမူရိုင်းဝတ်စုံနဲ့ ဆာမူရိုင်း ဦးထုပ်နဲ့ Megu ... လားလားလား .. တကယ့် မြန်မာဆာမူရိုင်းမ ဖြစ်သွားမယ် ... :D

Phyo Maw said...

ဦးထုပ်ဆောင်းထားတဲ့ ပုံကော မရှိဘူးလား O.o

Taungoo said...

ဆာမူရိုင်းဝတ်စုံတော့ စိတ်ဝင်စားတယ်

Dr Phyo Wai Kyaw said...

လူရပ်တာနဲ့ အသံထွက်တယ်တဲ့
အဆန်းပါလား
သြော်သူတို့တောင်ပြန်ဆောက်ပြီးသွားပြီ

 

Design By:
SkinCorner