Tuesday, July 1, 2008

အမေးကမ္ဘာ ဖြေစရာ

ကျမက ခရီးသွားပြီး သွားတဲ့နေရာတိုင်းကို အမှတ်တရဓာတ်ပုံရိုက်ရတာကို​​၀ါသနာပါတယ်လေ...
အဲဒီတော့ ​​နေရာစုံ ကို လျှောက်လည်ပြီး ဓာတ်ပုံရိုက်လေ့ရှိပါတယ်..
ကျမသွားရောက်ခဲ့တဲ့ နေရာလေးတွေအကြောင်း ဓာတ်ပုံလေးတွေနဲ့ 
စာလေးတွေနဲ တင်ပြချင်ပါတယ်။
ဂျပန်မှာရှိတဲ့ အကြောင်းအရာလေးတွေကိုလည်း
ကျမသိသလောက် ရေးပြချင်ပါတယ်။ (ကျမသွားရောက်ခဲ့တဲ့ နေရာလေးတွေ အပါအဝင်ပေါ့)
အဲဒါနဲ့ ဒီဘလော့လေးကို လုပ်ဖြစ်တာပါ၊
ဒါပေမဲ့ ကျမကအခုမှ ဘလော့စလုပ်တာ ဖြစ်တဲ့အတွက် ဘယ်အကြောင်း
အရာကို ရေးရင်ကောင်းမလဲဆိုပြီး ခဏခဏတွေဝေမိပါတယ်။
ဒါကြောင့်တင်ထားတဲ့ post တွေက ဟိုရောက် ဒီရောက်ဖြစ်နေတာပါ၊အခုလောလောဆယ်တော့ ကျမတင်ထားတဲ့ post တွေထဲက
မေးလာတဲ့မေးခွန်းလေးတွေရှိပါတယ်။
အဲဒီမေးခွန်းလေးတွေကိုဖြေရင်းနဲ(့ အမေးကမ္ဘာဖြေစရာ)ဆိုတဲ့ အစီစဉ်လေးကို လုပ်ရင်ကောင်း
မလားလို့ စဉ်းစားမိပါတယ်၊
ကျမတင်ထားတဲ့ post တွေထဲကနေပြီးတော့ ဝေဖန်ချင်တာများ ရှိခဲ့ရင်,
နားမလည်တာများရှိရင် comments ကနေမေးမြန်းနိုင်ပါတယ်၊
ကျမက ဒီအမေးကမ္ဘာဖြေစရာဆိုတဲ့ အစီစဉ်ကနေ ပြန်ဖြေပေးပါ့မယ်၊
ကျမကို တင်စေချင်တဲ့ post များရှိရင် (ဂျပန်နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင်လည်း)
ဒီအစီစဉ်လေးက comments မှာတောင်းဆိုနိုင်ပါတယ်။
ကျမ သိသလောက်တတ်သလောက် ဖြေကြားပြီး
post ရေးမှာဖြစ်တဲ့အတွက် အမှားများပါခဲ့ရင်လည်း သည်းခံ ခွင့်လွှတ်ကြပါလို့ 

2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

အစီစဉ်လေးကတော့ ကောင်းပါတယ်ဗျာ၊ကျွန်တော်လည်း
မေးချင်ပါတယ်..တင်ထားတဲ့ ပုံတွေထဲက နှင်းပွဲက ဘယ်လမှ စပြီးလုပ်တာလဲ..ဘယ်လောက်ကြာအောင် ကျင်းပတာလဲခင်ဗျာ.....

megumi said...

လာလည်ကြတဲ့ အတွက်အရမ်းကျေးဇူးတင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကလွဲပြီး မပြောတတ်လို့ ထပ်​​ပြီးပြောလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
ရေးချင်တာတွေကများပြီး ဘယ်အကြောင်းအရာကို အရင်စရေးရရင် ကောင်းမှန်း မသိလို့ အကြံပြုကြပါအုန်း လို့ တောင်းဆိုလိုက်ပါတယ်။

 

Design By:
SkinCorner