Monday, June 9, 2008

သော့ဝိဇ္ဖာ

နိဗ္ဗာန်သွား
တံခါးသော့တူ
သူ့ မှာရှိတယ်။
ငရဲသွား
တံခါးသော့တူ
သူဖွင့်နိုင်တယ်။
မီးခံသေတ္တာ
အာမခံသော့
သော့ခလောက် အကြီးအသေး
ရွေးစရာမလို။
တကယ်တော်တဲ့သူ
သိပ်ကျွမ်းတဲ့သူ
အဲဒီလိုသူက
လူတွေရဲ့ 
ကောက်ကျစ်ယုတ်မာ နှလုံးသား
မုသားပရိယာယ် အပေါ့စား
အပေါ့စား သော့ခလောက်လေး တစ်ခုကျမှ
ဖွင့်မပြနိုင်၊ ဖွင့်မရနိုင်ဆိုတော့......

1 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

လူတွေရဲ့ အကြောင်းလေးဆိုပါတော့...ဒီလိုပဲလေ လူတွေက ကောင်းပါစေဆိုင်္ပြီး စေတနာနဲ့  ပြောရင်လက်မခံချင်ကြဘူးလေ...ဒါပေမယ့်လည်း မုသားပရိယာယ်လေးတွေနဲ့  ကြားလို့ ကောင်းအောင်၊နားဝင်ချိုအောင်ပြောတတ်တဲ့ ကိုယ့်အပေါ်ကို မကောင်းကြံမယ့် သူဆိုရင်တော့ အပြစ်မမြင်တတ်ကြဘူးလေ..
အားပေးနေလျက်ပါ..

 

Design By:
SkinCorner