Sunday, June 8, 2008

ကြယ်စင်လေး........တဲ့

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...



ကိုမိုးပြေးရဲ့  ဘလော့ ထဲကိုဝင်ကြည့်မိတော့ ဒီကြယ်စင်လေးဆိုတဲ့ ကဗျာလေးကို ဖတ်မိသွားတယ်.ဖတ်ပြီးတော့ ရင်ထဲမှာတစ်မျိုးလေးးခံစားရပြီး.နှစ်သက်မိလို့ 

0 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

 

Design By:
SkinCorner