Monday, December 29, 2008

စိတ်ကူးယဉ်ဆန်စွာ

အမှတ်တရတွေကို မကြာမကြာ ဖန်တီးကာ တန်ဖိုးထားတတ်တဲ့ သူမ၊ အမှတ်တရနေ့တိုင်းမှာ သူနဲ့အတူရှိနေချင်ခဲ့သည်။ အထူးသဖြင့်၊ သူမ မွေးနေ့လိုနေ့မျိုးလေးတွေ၊ သူ့မွေးနေ့လို နေ့မျိုးလေးတွေ၊ သူနဲ့ စတွေ့တဲ့နေ့လေးတွေကိုပေါ့။ အဲဒီအပြင်၊ ထူးထူးခြားခြားတစ်ခုခုလုပ်ဖြစ်တဲ့နေ့လေးတွေကိုပါ သူမက အလေးထားတတ်သေးသည်။ အဲဒီလို နေ့မျိုးလေးတွေမှာ အမှတ်တရ တစ်ခုခု လုပ်ချင်ခဲ့သည်။ သူနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းချင်ခဲ့သည်။

သို့သော်၊ သူက ပြောသည်။
"ဒီလောက် စိတ်ကူးယဉ်ဆန်ပြီး ဘာလုပ်မှာလဲကွ။"
" လက်တွေ့နဲ့ စိတ်ကူးယဉ်ဆိုတာ တစ်ထပ်တည်းကျလာနိုင်တဲ့အရာမှ မဟုတ်ပဲကွာ။ "
"ကြားလား၊ ကောင်မလေး။ စိတ်ကူးမယဉ်စမ်းပါနဲ့ ။ "
"လက်တွေ့ကျကျ စဉ်းစားကွာ".................တဲ့။

သူပြောတော့လည်း ဟုတ်နေသလိုလို။ "မဖြစ်နိုင်တာကြီးကို စိတ်ကူးယဉ်နေမိသလား"................. လို့ ကိုယ့်ကို ကိုယ် ပြန်မေးကြည့်သည်။ "ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာအကြောင်း မရှိဘူး." .................ဟုအဖြေထွက်သည်။ သူ ကိုယ်၌က အဲလိုမျိုးတွေ စိတ်မဝင်စားတာ...........လို့ တွေးမိလိုက်တော့ စိတ်ထဲက မကောင်း။ ဪ၊ ငါ့နှယ်။ စိတ်ကူးယဉ် မဆန်တတ်သူကိုမှ ချစ်မိရတယ်လို့ ..........ဟူသော အတွေးဝင်လာမိသေးသည်။ အခုမှတော့ မတတ်နိုင်တော့။ သူ ၊ မလုပ်ချင်လည်း ကိုယ့်ဘာသာကို လုပ်ယူလို့ ရသေးသည်ပဲ။ သူက အတင်းအကြပ်ကြီးတော့ ငြင်းလေ့ငြင်းထမရှိပါ။ အတတ်နိုင်ဆုံး လိုက်လျောပေးလေ့ရှိသည်။ ဒီတစ်ခုအတွက်တော့ သူ့ကို ကျေးဇူးတင်မိသား။

နယူးရီးယား(နှစ်သစ်)မှာ သူနဲ့အတူ ဘုရားသွားချင်သည်။ ပုဂံဘုရားစုံကို သူနဲ့ အတူ ဖူးချင်သည်။ စစချင်း၊ တန့်ကြည်တောင်သွားမည်။ ထို့နောက်၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗေညုဘုရား၊ စသည့် တန်ခိုးကြီး ဘုရားများကို လိုက်ဖူးမည်။ (နေပူပူမှာ ဦးထုပ်ကိုယ်စီဆောင်းကာ စက်ဘီးစီးရင်းနဲ့ပေါ့။) လက်ညိုးထိုးမလွဲသော ၊ မြင်မြင်ရာ၌ ဘုရားစေတီများ ခြံရံနေသော ပုဂံတွင် နာမည်မထင်ရှားသော ဘုရားများလည်း ရှိနေပါသေးသည်။ ထိုဘုရားများကိုလည်း အတူတကွ ဖူးမြော်ချင်သေးသည်။ ရွှေဆံတော်ဘုရားကိုလည်း သူ့အကူအညီဖြင့် တတ်ရမည်။ သူမက အမြင့်ကြောက်သည်လေ။ နေဝင်ရီတရော ဆည်းဆာကို သူ့ပခုံးထက်မှာ မှီရင်းဖြင့် ကြည့်ချင်မိသည်။ ပုဂံ ရှုခင်းကြီးက လှလိုက်မည့် ဖြစ်ခြင်း။ ပုဂံရဲ့ အလှဆုံးအချိန်မှာ သူနဲ့ အတူ ရှိနေရတာ ဘယ်လောက်ကဗျာဆန်လိုက်ပါသနည်း။

နေဝင်သွားလျှင် မနူဟာဘုရားသွားမည်။ မနူဟာဘုရား ရောက်တိုင်း မွန်းကြပ်သွားသလို ခံစားရပေမယ့် ပုဂံရောက်တိုင်း အမြဲသွားချင်မိသည်။ မနူဟာ ဘုရင်အား ကိုယ်ချင်းစာနေတတ်သေးသည်။ "မည်သူတစ်ဦးတစ်ယောက်ကိုမှ အကျဉ်းမကျစေခြင်ဘူး"...လို့ ပြောမိလျှင် သက်ပြင်းချပြီး "သွားရအောင်ကွာ "........လို့ ပြောလိမ့်မည်။

နောက်ဆုံးအနေနှင့် ဗူးဘုရားသို့ သွားမည်။ ဗူးဘုရား တစ်ပတ်ဖူးမြော်ပြီးလျှင် ထိုင်ခုံလေးမှာ ထိုင်ပြီး ဧရာဝတီမြစ်၏ အလှကို ခံစားရင်း ဘဝရှေ့ရေးလည်း ဆွေးနွေးရဦးမည်။

ဒီနေ့ သူမနှင့် သူ၏ ဘဝ စပြီလေ။



ဟိ ဟိ၊ နေ့အိမ်မက်လေးက စိတ်ကူးယဉ်ပေးပါဆိုလို့ အပီအပြင် စိတ်ကူးယဉ်ပလိုက်တယ်။ ပျော်စရာကြီး။
ကျေးဇူးပဲနော်၊ ညီမလေး။ စိတ်ကူးယဉ်ခွင့်ပေးလို့။ :p

ကျမကလည်း ပြန်ပြီးစိတ်ကူးယဉ်ခွင့်တောင်းလိုက်ပါဦးမယ်။ ကံထူးရှင်များကတော့

မိုးပြေး၊
မိုးသောက်၊(ရေးပြီး)
ဘေဘီဒေါက်တာ၊
မတော်သောလူသား ဂျန်ဝသူ(ရေးပြီး)
ကိုရှင်ရဲထွတ်၊(ရေးပြီး)
ကိုမိုးကြယ်၊(ရေးပြီး)
ကိုပုလုကွေး
ကိုသုခမိန်
ကိုရဲရင့်နီ
ကိုအိမ်(ရေးပြီး)
ကိုနွေသူရ(ရေးပြီး)
ကိုကေ.တီ.အမ်
ကိုအိမ်မက်ရှင်(ရေးပြီး)
ချစ်ခြင်းခြေရာ(ရေးပြီး)
တူ ပိကျိ(ရေးပြီး)
မခင်ဦးမေ၊
ညခင်းနဲ့ လမင်း(ရေးပြီး)
ပုလဲလေး(ရေးပြီး)
မက်မက်(ရေးပြီး)
ကလေးငယ်လေး
မမီးလေး တို့ပဲ ဖြစ်ပါတယ်ရှင်။

စိတ်ကူးယဉ်တဲ့ အကြောင်း ပို့စ်ရေးပေးကြပါ.......လို့ တောင်းဆိုလိုက်ပါတယ်။ (ကျမကို ခင်တယ်ဆိုရင်ပေါ့။ :p)


စကားမစပ်၊ ဒီပို့စ်က Blog လေး (7)လမြောက်အမှတ်တရပို့စ်ပါ။

အစစအရာရာအတွက် Blog လောကကြီးကို ကျေးဇူးတင်ပါတယ်။


29 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဘယ်သူမဆို စိတ်ကူးယဉ်တက်ကြမှာပါ။ တစ်ချို့ ကတော့ ပြောမယ် စိတ်ကူးနဲ့ လေထဲတိုက်မဆောက်ပါနဲ့ တဲ့ ၊ အဲလို စိတ်ကူးလေးတွေသာ မရှိရင်လည်း တော်တော်ပျင်းဖို့ ကောင်းသွားမှာ၊ ကိုယ်ရှိစေ ချင်တဲ့ သူတစ်ယောက်က ကိုယ်အနားမှာ ရှိနေပြီ ဆိုရင် လောကကြီးကို ရင်ဆိုင်ဖို့ ခွန်အားမဟုတ်ရင်တောင်မှ အတော်ကို ကြည်းနူးဖို့ ကောင်းနေပြီ။ သူကပိုပြီး အလေးထားတဲ့သူဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ နှစ်သစ်တစ်ခုမှာ အတူရှိနေရင် နောက်လည်းဆက်ပြီး ရှိနေမယ်လို့ ယူဆရင်တော့ ဟုတ်တယ်ဗျာ။ ဂျပန်မလေးပြောမှပဲ မြန်မာပြည်ကို လွမ်းလာပြီဗျာ။ ဗူးဘုရား တစ်ပတ်ဖူးမြော်ပြီးလျှင် ထိုင်ခုံလေးမှာ ထိုင်ပြီး ဧရာဝတီမြစ်၏ အလှကို ခံစားရင်း ဘဝရှေ့ရေးလည်း ဆွေးနွေးရဦးမည်။ဆိုတဲ့စကားကိုတော့ နှစ်သက်တယ်ဗျာ။ကျွန်တော်လည်း အဲလို အတွေးရှိတယ်ဗျ။ ကျွန်တော်နေတဲ့ မြို့ မှာကို ချစ်သူနဲ့ အတူထိုင်ချင်တာ။ လောကမှာ ဖြစ်ချင်တာတွေ မဖြစ်တာ ဓမ္မတာ ဖြစ်နေတော့ မတမ်းတရဲ တော့ပါဘူးလေ။ လောကကြီးမှာ ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်တဲ့ သူနဲ့ ရှိနေရခြင်းဆိုတဲ့ အရာတွေကို မကြုံပါစေနဲ့ လို့ ဆုတောင်းရင် ဘလောဂ့် ၇လပြည့် အတွက် ဆုတောင်းပေးပါတယ်။ စာအရေးအသားကတော့ စာရေးဆရာမ ပုံစံနည်းနည်းပေါက်နေပြီ..... အားပေးလျက်

Dr Phyo Wai Kyaw said...

အလဲ့လဲ့လဲ့......... ဂုစုတ်.
သူစိတ်ကူးယဉ်တာကလည်း မိုက်စ်တယ်..
နာတောင် အကြံရပြီ...

ငါ့အလှည့်ကျရင်
ယပ်ခတ်ပေးရအောင်..ယပ်တောင်လေးပါယူသွားမယ်..
ဟေးဟေး....ခုပြောရင်းနဲ့ စိတ်ကူးယဉ်မိသွားပြီ...

မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်..တဲ့...
ငါတော့ရောက်ဖူးသေးဘူး.. မြန်မာဟုတ်ဘူး..
စိတ်ကူးရတာ သိပ်မနိပ်ဘူး.. အာရုံမရဘူး...

ဘလော့လည်း (၇ )လသားဖြစ်ပြီ..
ထိုင်တတ်ရုံမက သွားပါပေါက်ပြီးသွားပြီ..
ကုသိုလ်ရအောင် တရားနှလုံးသွင်းချည်ကွဲ့
ဂုစုတ်လေး....
:P :P :P

Anonymous said...

အင်း ရေးပါမယ် နှစ်ယောက်ရှိပြီ ဒါကို တက်ဂ်တာ ။ မယ်ဂု စိတ်ကုးလေး ကပျော်စရာလေး ။ အိပ်မက်လေးတကယ် ဖြစ်နိုင်ပါစေဗျာ ။

megumi said...

ဟိတ်၊ အပေါ်က နှစ်ယောက်

TAG ထားတာကို မသိချင်ယောင်ဆောင်မနေနဲ့။ မြှောက်ပြောလည်း မေ့ဘူးကွ။ ရေးပေးကြပါ။ ဟွန်း ဟွန်း။ :p

Unknown said...

ရေးမှာပေါ့..ကိုယ့်ညီမလေးခိုင်းတာဘဲ...စိတ်ချ

Unknown said...

စိတ်ကူးလေးကိုမအားတဲ့ကြား ကဖတ်ဖြစ်တယ်ညီမလေး ဖြစ်မှာပါ ဆန္ဒရှိရင်အကုန်ဖြစ်တယ်ညီမငယ် --

မြတ်သွယ် said...

ညီမလေးလည်း ဘုရားဖူးခရီးထွက်ချင်လာတယ်
မမမယ်ဂု စိတ်ကူးယဉ်မှုလေးက ပျော်စရာကောင်းလိုက်တာ
စိတ်ကူးယဉ်တဲ့ အတိုင်း ဘုရားဖူးပြီး သူနဲ့ ကဗျာဆန်ဆန် ပုဂံအလှဆုံးအချိန်မှာ အတူရှိနေနိုင်ပါစေ ...
ဘလော့ ၇လပြည့်မှာ ပျော်ရွှင်အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်နော် :)

ပျံသန်းခြင်းရပ်ဝန်း said...

တက်ဂ်ကြွေးဟောင်းတောင်ကျေအောင်မဆပ်ရသေးဘူး
အသစ်ကရောက်လာပြီလား...
ဘော်ဘော်တွေဆိုတော့လည်းရေးပေးရမှာပေါ့။
စိတ်တော့ရှည်ရှည်ထားပြီးစောင့်ရမယ်နော်...

ဖိုးဂျယ် said...

စိတ်ကူးယဉ်တာလေး လာဖတ်သွားတယ်။
ပျော်ရွှင်စရာ နှစ်ကူးလေးဖြစ်ပါစေ

Nge Naing said...

ံစိတ်ကူးဆိုတာ လက်တွေ့အကောင်အထည်ဖေါ်လို့ ရနိုင်တာ အများကြီး ရှိပါတယ်။ ဘုရားဖူးတာကို စိတ်ကူးယဉ်တော့ ကုသိုလ်လည်းရတာပေါ့။ စိတ်ကူးယဉ်တဲ့အတိုင်း ချစ်သူနဲ့အတူ ဘုရားဖူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါယ်။

Anonymous said...

သိပ်ကို ပျော်ရွှင်ဖို့ကောင်းမယ့် စိတ်ကူးယဉ်မှုကလေးပါပဲ ညီမရေ ...
လက်တွေ့ဘ၀ထဲမှာတော့ စိတ်ကူးယဉ်တယ်ဆိုတာ လေထဲ တိုက်အိမ်ဆောက်တယ် လို့ ဘယ်သူတွေ ဘာပဲ ပြောပြော ... လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးလေးတစ်ခုပါ၊ နှစ်ခြိုက်သလို စိတ်ကူးယဉ်နိုင်တာပဲ မဟုတ်လား ... ညီမငယ်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ အကောင်အထည်ပေါ်ဖြစ်မြောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ... ။

TAG ထားတာလေးကို ရေးပေးမယ် ... :)

Anonymous said...

အင်းရေးပေးရမှာပေါ့ ..
စိတ်ကူးယဉ်စရာကလည်း သိပ်မရှိတော့ဘူး
ဘုရားဖူးတာ စိတ်ကူးယဉ်တော့ ကောင်းတာပေါ့ ..
စိတ်ကူးထဲမှာတင် ကုသိုလ်တွေ အများကြီး ရသွားပြီ ..
ဒါပေမယ့် ဘုရားဖူးရင်းနဲ့ လိပ်ဥတူးတာတော့ မကောင်းဘူး ထင်တယ်နော် အဟီ

တားမြစ် ထားသော... said...

အွန်လိုင်းမသုံးနိုင်အောင်ကို အလုပ်ရှုပ်နေပါတယ်။ ဖွင့်မိတော့ Tag ထားတယ်ဆိုလို့ လာကြည့်တာ စိတ်ကူးယဉ်ရမယ်ဆိုပဲ။ အင်း.. အချိန်ရရင် စိတ်ကူးယဉ်ပါအုံးမယ်။ လောလောဆယ်တော့ အွန်လိုင်းကို ဆင်းရဲနေလို့ ခဏစောင့်ပါဗျ။

ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေနော။

သုခမိန်(E-Journal)

Anonymous said...

စိတ်ကူးလေးကောင်းတယ် ညီမငယ်
ပြန်ရေးပေးပါမယ်
ပျော်ရွှင်ပါစေ။

မောင်ပိစိ said...

သာဓုဗျာ ဘုရားသွားချင်တဲ့ စိတ်ကလေး.. တကယ်ဖစ်ပါစေ
ဟီးး
ပြောသာ ပြောတာ ကျတော်လဲ အဲဒီလို သွားချင်သားဗျ..

:D :D မိဂု တစ်ယောက် ပုဂံ ကပြန်လာရင် မဲဂု ဖစ်တော့မယ်..
:P စက်ဘီးစီးမယ်ဆိုလို့ပါ..
အလဲ့.. ပုခုံးကလဲ မှီထားချင်သေးတယ် နေ၀င်ရီတရော..
ချစ်တတ်တယ်ပေါ့... :P စတာ.. ပြေးဘီ.. စိတ်ဆိုးနဲ့

Dream said...

အန်းးးးးးးး နောက်တစ်တက်ဂ်လား... တက်ဂ်ကျပါ တက်ဂ်ကျပါ... ပြန်ကို မဆင်းတော့ဘူး.. ဟိဟိ... တခါထဲကို အပေါ်မှာပဲ ထိုင်နေတော့မယ်... ဟားဟား... ရေးပေးမယ်.. နော့်
စိတ်ကူးယဉ်အတွေးကမ္ဘာထဲ.. ဒန်ဒန်... ဒန်.. သီချင်းဆိုတာ.. ဟိဟိ....

မကြာမီ..လာမည်... မျှော်.......... :P

စိတ်ကူးနဲ့ လက်တွေ့တစ်ထပ်တည်းကျပါစေ ... တီတီဂုရု :P

zyluway.blogspot.com said...

ငါ့နာမည်မပါဘူးလို့ ဝမ်းသာနေတာ.... နောက်တစ်ခေါက်ပြန်ဖတ်မှတွေ့တယ်။ အဟဲ... ဂလဲ့စားခြေလိုက်ပီပေါ့။ နင်က ပုဂံဖက်ကို စိတ်ကူးယဉ်ထားတော့ ငါကလည်း ကျိုက်ထီးရိုး ဖက်သွားရင်ကောင်းမလားလို့.. စိတ်ကူးယဉ်လိုက်မယ်... ငါကတော့ သူငယ်ချင်းတွေ အားလုံးနဲ့ပေါ့။ ဟဲဟဲ။

Anonymous said...

ညီမငယ် ရေ ညခင်းလည်း စိတ်ကူးယဉ်ပြီးပြီ
လာ ကြည့်လှည့် ဦး
စိတ်ကူးလေးတွေနဲ့ ထပ်တူး ပျော်ရွှင်နိုင်ပါစေ

အိပ်မက်နိဒါန်း said...

ဧရာဝတီမြစ်ဘေးမှာထိုင်ရင်းနဲ့ ပုဇွန်ကြော်၊ငါးကြော်တွေစားဦးလေ.မေ့နေမှာစိုးလို့.အမြန်ဆုံး ရည်ရွယ်သူလေးနဲ့သွားနိုင်ပါစေ.

Anonymous said...

လုပ်ပြန်ပြီ တယောက် ၀ိုင်းတက်လိုက်ကြတာ ကြောက်တောင် ကြောက်လာပြီဗျာ။
ဒါနဲ့ စိတ်ကူးလေးတွေ ကောင်းသဗျာ။ပုဂံကိုသွားချင်ရင် အရင်ဆုံး မြန်မာပြည်ပြန်လိုက်ဦးဗျနော် ဟိ

အိပ်မက်နိဒါန်း said...

စိတ်ကူးလေးအမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ ဂုရေ..

အိပ်မက်နိဒါန်း said...

ညီမလေးဂု..စိတ်ကူးလေးကို ချစ်သူလေးနဲ့အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ..

puluque said...

ရေးပေးပါမယ်. အချိန်တော့ နည်းနည်းပေးပါ။ အခုတလော စိတ်အစာမကြေ ဖြစ်နေလို့။ ဘလော့လေး ခုနှစ်လပြည့် မှ သည် နောင်နှစ်ပေါင်းများစွာ ချီတက်နိုင်ပါစေ

ညီအကိုများ said...

Tag ထားတာလေးရေးပေးပါမယ်။ လောလောဆယ်တော့ အလုပ်တွေထဲခေါင်းမြှုပ်ထားရလို့
ဘာမှမရေးနိုင်ဖြစ်နေပါတယ်။ အားတဲ့အခါကျတော့ စိတ်ကူးယဉ်ပါဦးမယ်။

ခင်မင်လျက်
မိုးကြယ်

Dr Phyo Wai Kyaw said...

ဂု
ကြာမယ်နော်..
:P

စိုင်းစိုင်းလားရှိုး said...

ကဲကဲ ကွန်မန့်နဲ့ တက် ပေါင်းလိုက်ပြီ.... ရေးပြီးပြီ.

စိုင်းစိုင်းလားရှိုး said...

ဂုဂုရယ် နင်ဟာလေ ကြံကြံဖန်ဖန် တွေးတတ်လိုက်တာ။ နင်ကရေးတတ်တော့ အဆင်ပြေတာပေါ့။ နင်ကပြန်တက်ဂ်တော့ ငါလည်းစိတ်ပင်ပန်းတာပေါ့ .. နင်ကတော့လေ ရေးတတ် စိတ်ကူးယဉ်တတ်နဲ့ ဟုတ်နေတညပေါ့။ နင်အတွေးထဲက နေရာတွေက စိတ်ကူးယဉ်လို့ကောင်းတဲ့နေရာတွေပဲ။ ဖတ်လို့ကောင်းတယ်ကွာ....

Anonymous said...

happy new year par naw.

nai said...

စိတ်ကူးယဉ်ရတာလေးတွေရေးပေးမယ်နော်
အခုလောလောဆယ်တော့
အချိန်မရသေးလို့ နောက်မှ နောက်မှ

 

Design By:
SkinCorner