Sunday, December 28, 2008

ထင်ရာမြင်ရာ ဟင်းချက်ရာဝယ်

ပုဇွန်ခရမ်းချဉ်သီးချက်ကြက်သားကြော်

ကြက်သားအားလူးချက်(အရောင်တင်မှုန့်မပါတော့ ဖြုစုပ်စုပ်နဲ့ :p )ကြက်သွန်ကြော်

ဟိ ဟိ ၊ ထင်တာမြင်တာ လျှောက်ချက်ထားတာ။ :z
ချက်နည်းလား မမေးပါနဲ့။ သေချာသိတော့ဘူး။ လိုအပ်မယ်ထင်တာတွေ ထည့်လိုက်တာပဲ။ အစာပလာအနေနဲ့ ဆား၊ အချိုမှုန့်၊ ဆနွင်း၊ မဆလာ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးတောင့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငံပြာရည်၊ ဆီ၊ အကြော်မှုန့်၊ ကြက်သား၊ ပုဇွန်ထုပ်တွေ ပါတယ်။ ကောင်းမကောင်းတော့ သိဘူး။ ကိုယ့်ဟာကိုတော့ စားဖြစ်တယ်။ အရသာရှိတယ်လို့လည်း ထင်တယ်သိလား။ :p

ကြိုက်ရင် စားသွားကြနော်။ အားမနာပါနဲ့။ (မကြိုက်ရင်လည်း အားနာနဲ့နော်၊ ကိုယ့်အရည်အချင်းကိုယ်အသိဆုံးဆိုတော့ ;) )

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

လုစားသွားတယ်..
အကုန်လုံး..
:P :P :P

megumi said...

ဟွန်း.........ကျွေးတာတောင် လုစားသေးတယ်။
တော်တော်ပဲ။ မပြောချင်ဘူး။
ကြွက်စုတ်ပလုတ်တုတ်။

mgngal said...

ကြက်သွန်ကြော် ၀ါးသွားတယ် ။ အကုန် ။ :D

Anonymous said...

ကြက်သွန်ကြော်တော့ စားချင်တယ်ကွာ
ဗိုက်တောင် ဆာလာပြီ အဟီး
မယ်ဂုက ချက်တတ်တယ်ဟေ့

khin oo may said...

ပုဇွန်ထုတ်ကြီးက အကြီးကြီးဘဲ။ ကြက်သား က ဆီနည်းရေနည်း သွားတယ်။ အာလူးးက အရည်စုပ်သွားတယ။် အကြော်ကလေးကတော့မိုက်တယ်။ ဒါပေမဲ့ခြုံကြည့်ရင်တော့ ဂွတ်တယ။် လေးစားပါသည်။

Nge Naing said...

ညီမလေး ဟင်းတွေကတော့ ဟင်းကောင်းတွေပါပဲ ဒါပေမယ့် ဆီများတဲ့ ဟင်းတွေနဲ့ ကော်လက်စထရောလ် များတဲ့ အသားတွေပဲ ဖြစ်နေတော့ ကျန်းမာရေး မထိခိုက်အောင် အသီးအရွက်ပါတဲ့ အသုပ်လေးဘာလေးနဲ့ စားမှ သင့်တော်လိမ့်မယ်။ Public Health in Myanmar မှာ ရှိတဲ့ Nutrition posts တွေကို တခါတလေ လာဖတ်အားပေးပါ။ အာဟာရရှိအောင် ဘယ်လိုစားရမယ်ဆိုတာတွေ အများကြီး တင်ထားပါတယ်။ အစ်မက ကျန်တဲ့အသား မစားပေမယ့် ပင်လယ်က ထွက်တဲ့ အသားတချို့ကိုတော့ စားပါတယ်။ ကော်လက်စရောလ် များပေမယ့် ပုဇွန်နဲ့ ခရမ်းချဉ်သီးဟင်းကိုတော့ ကြိုက်လို့ စားသွားတယ်။ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ပါစေ။

စိုင်းစိုင်းလားရှိုး said...

အို... အလုပ်က ပြန်လာလို့ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ပုဇွန်ဟင်းနှိုက်စားသွားတယ်.. ဟင်းရည်လေးတစ်ခွက်လောက်ချက်ပါလား ? ကန်ဇွန်းရွက် ချဉ်ဟင်းပေါ့။ အဟေး... ကောင်းမှကောင်း စားရတာ :)

Anonymous said...

ပုဇွန်ဟင်းကို များများပိုစားသွားတယ် ... ကြိုက်လို့ ... အကိုတို့ အိမ်မှာလည်း ခဏခဏ ချက်စားတယ် ကြိုက်လို့လေ ... ကျေးဇူးအထူး... ဗိုက်တင်းလို့ ပြန်သွားကြောင်း ... :D

Anonymous said...

ချက်ထားတာတွေကတော့ ရှယ်ပဲ စချင့်စဖွယ်တွေပါပဲ တကယ်
စားရင်သာ ဘယ်လို အရသာထွက်မလဲတော့မသိဘူး။

ဇင်ယော် said...

ထင်ရာမြင်ရာ ချက်ထားတာတွေ ဟိုစပ်စပ်ဒီစပ်စပ် ၀င် မြည်းလိုက်ဦးမယ်။ နောက်တစ်ခါချက်ရင် ပို့ လိုက်ဟာ အစာအသောက်နဲ့ ပတ်သက်ရင် အကဲဖြတ် ကောင်းကောင်းလုပ်တတ်တယ် ဟီး။ မစားရတာကြာတဲ့ ကြက်သွန်ကြော် အစားချင်ဆုံးပဲ။

 

Design By:
SkinCorner