Wednesday, December 17, 2008

???

ရေးချင်တာတွေက အများကြီးရှိတယ်။ အခုလောလောဆယ်စဉ်းစားမိတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်အလိုက်ချရေးလိုက်တော့ ဒီလို ထွက်လာတယ်။

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(အဆက်)

ဂျပန်ကာကွယ်ရေးတပ်မတော် တေးဂီတပွဲတော်ဆိုသည်မှာ

ကျောင်းတော်ကြီးမှအတွေ့အကြုံများ

ဘာVisa နဲ့ နေမှာပါလိမ့်

Credit card ဘယ်လိုလုပ်

ကိုရီးယားမှ ပရဟိတ

Takao (高尾)မှ မေဘယ်လ်များ

Hakone(箱根) သို့ အလည်တစ်ခေါက်

Izu (伊豆)သို့ အလည်တစ်ခေါက်

Nikko(日光)သို့ အလည်တစ်ခေါက်



လောလောဆယ်တော့ ဒီလောက်ပဲ။ တစ်ခုရေးရင် အနည်းဆုံး ငါးရက်လောက်ကြာမယ်ထင်တယ်။ ထုံးစံအတိုင်း ဓာတ်ပုံတွေက အများကြီး ထည့်ချင်တာလေ။ အတူတကွ လိုက်ပါရသလို ခံစားနိုင်အောင် ရေးချင်တာကိုး။ ဟိုတစ်နေ့က ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်တင်တော့ ရန်ကုန်က ညီမလေးတစ်ယောက်က လာပြောတယ်။ ”မမ၊ စာနည်းနည်း ပုံများများတင်နော်။ ညီမလေး အကြံပေးတာ။ စောင့်နေမယ်နော်....... တဲ့။”

အင်း၊ ညီမလေးပြောသလို လုပ်လိုက်ရကောင်းမလား............လို့ စဉ်းစားမိသေးတယ်။ :d ဒါပေမယ့် တစ်ချို့ အကြောင်းအရာတွေကို စာနဲ့ မရေးရင် သေချာ သိမှာမဟုတ်တော့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)ကို တင်ရင် ဘယ်လိုလုပ်ရပါ့..........လို့ စဉ်းစားနေမိတယ်။ အဲ၊ စဉ်းစားတုန်း Thesis က ထပ်တင်ရတာနဲ့ နှစ်ရက်မရေးပြစ်ဘူး။ အဲဒီတုန်းကဆို အားနာလိုက်တာ။ တစ်ဝက်တစ်ပျက်ကြီးဆိုတော့ ..........။ ရေးချင်ပေမယ့် စာအတူသွားလုပ်တဲ့ သူငယ်ချင်းအိမ်က Internet မရှိတော့ ရေးလို့ မရခဲ့ဘူး။ :c

ပြန်လာတော့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2) ရေးမယ်လည်း ဆိုရော ပေါက်ကွဲခြင်းဆီ ရောက်သွားတာနဲ့ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2) တောင် ဘယ်ရောက်သွားမှန်းသိတော့ဘူး။ ဟိ ဟိ။ ကျန်တဲ့ ပို့စ်တွေ ဆက်ရေးဖို့ဝေးလို့။ :p

အစက Blog ပိတ်မလို့ဟာ။ မိတ်ဆွေ၊ သူငယ်ချင်းတွေက ပိတ်ရဘူးတဲ့။ အဲဒါ၊ ကျမကို ချစ်တဲ့ ၊ခင်တဲ့သူတွေ စိတ်မချမ်းသာအောင် မလုပ်ရက်ပြန်ဘူး။

ဒါပေမယ့် လက်ရှိအခြေအနေမှာ ဘာဆက်ရေးရမှန်း မသိလို့ ဒီတိုင်းပဲ ထားလိုက်ဦးမယ်။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ကောင်းပါတယ။်ကောင်းပါတယ။် ဒါဘဲကောင်းပါတယ။်

Dr Phyo Wai Kyaw said...

ဟော့ကိုင်းဒိုး သို့ အလည်တစ်ခေါက်
ဆက်ပါဗျိုးးးးး...

ချမ်းမြေ့ပါစေဂုစ်..
:)

Anonymous said...

အမ် .... ဟော့ဟာကိုင်နိုး အကြောင်းရေးတော့မလိုဘာလိုလိုနဲ့
ဘာမှလဲရေးဘူး။

မြတ်သွယ် said...

ရတယ် အဆင်ပြေတဲ့အချိန်ရေးနော်
စောင့်လို့မျှော်လို့နေမယ်
အားပေးလျက်ပါ မမယ်ဂု :D

ညီအကိုများ said...

ရေးမဲ့ဟာတွေကို ခေါင်းစဉ်ပဲတပ်ပေးထားတာ
ကိုယီးယားဇာတ်လမ်းကောင်းနေတုန်း မီးပျက်သွားသလိုပဲ... :)

စောင့်မျှော်ကြည့်ရှုအားပေးနေပါတယ်..

မိုးကြယ်

mabaydar said...

ခရီးသွားပိုစ့်လေးတွေ ပိုစိတ်ဝင်စားတယ် သယ်ရင်း.. စောင့်မျှော်နေပါတယ်..

Anonymous said...

ဒီလိုဆိုတော့လည်း ရေးစရာတွေက အများကြီးပါလား
အားရတယ်
ရေးသာရေး ....
ဘလော့ မပိတ်ဘူးဆိုလို့ ၀မ်းသာတယ် ....

laminkhin said...

ဟော့တော့ မမ နေမကောင်း လို့ မ၀င်ဖြစ်တုန်း ဘာတွေဖြစ်တုန်း ညီမလေးရ -- ဒီလောက်ရိုးရိုးသားသားနဲ့ အေးအေးဆေးဆေး ပျော်ပျော် နေတဲ့သူတွေကို တောင် နှောက် ယှက်တာ မျိုး ရှိကြသေးတယ် နော့ --ညီမလေးရေ ဘာမှဒေါသနဲ့မတုန့် ပြန် နဲ့ ဟုတ်ပြီလား သူ့ သဘောသူဆောင်ပါလိမ့် မယ် ကိုယ့်ဝါသနာနဲ့ တက်လမ်း သာ ဖြောင့်ဖြောင့်တန်းတန်းသွားပါ ကလေး ရေ

Unknown said...

မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံပါစေ ခင်ဗျာ..

 

Design By:
SkinCorner