Tuesday, December 16, 2008

(2)ခါတင်တော့ မှတ်မိတာပေါ့နော်.........:P

ကျမ အရမ်းပျော်နေပါသည်။ :z ဘာလို့လည်း သိလား။ ကျမ ရေးသော စာများကို သေသေချာချာ ဖတ်ပေးသော အမာခံပရိသတ် (1)ယောက် ရရှိတဲ့အတွက်ပါ။ တစ်ကယ် ပျော်ပါတယ်။ :z ဘယ်လိုပြောရမှန်း မသိအောင် ဝမ်းသာပါတယ်။ :z Blogမှာ စစချင်း Postရေးကတည်းက နာမည်ကြီးဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့်၊ အမှန်အတိုင်း ဝန်ခံရရင် လူသိစေချင်ခဲ့ပါတယ်။ ဖတ်စေချင်ခဲ့ပါတယ်။ လူတွေ ဖတ်စေချင်ပေမယ့် လူစိတ်ဝင်စားအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျမ ရေးတတ်သလို အဆင်ပြေမယ်ထင်တာလေးတွေ ရေးခဲ့တာပါ။ :p လူ(1)ယောက်ပဲ ဖတ်ဖတ်၊ (2)ယောက်ပဲ ဖတ်ဖတ် သေသေချာချာ ဖတ်စေချင်ခဲ့တာတော့ အမှန်ပဲ။ ကျမလည်း သူများ Blogကို သွားရင် သေသေချာချာ ဖတ်ပါတယ်။ စာရေးသူအတွက် မထိခိုက်နိုင်ဘူးထင်ရင် Commentပါ ရေးပေးခဲ့ပါတယ်။ စာရေးသူ မကြိုက်နိုင်ဘူး ထင်တဲ့ Commentဆို မရေးပဲ ဖတ်ပြီး Cboxမှာ နှုတ်ဆက်ပြီး ပြန်လာခဲ့တာများပါတယ်။ စာရေးသူပင်ပင်ပန်းပန်း ရေးထားတဲ့ Postတစ်ခုကို ကိုယ့် Commentကြောင့် စိတ်မညစ်စေချင်တာ ကျမရဲ့ စာရေးသူအပေါ်ထားတဲ့ စေတနာပါ။ (ကိုယ့်ကို ကိုယ် သဘောထားတာနော်။ လူတိုင်းကို အဲလို သဘောမထားဘူးလို့ မပြောဘူးနော်။) :y တစ်ချို့ Blogကျတော့ Commentရေးပေးတဲ့လူတွေ များလွန်းလို့ ကျမ မရေးလည်း ဘာမှမဖြစ်လောက်ဘူးထင်ပြီး (အပျင်းကြီးစွာနဲ့ )Commentမရေးပဲ ပြန်လာတာမျိုးလည်း ရှိပါတယ်။ :p တစ်ချို့ Blog ကျတော့ ရေးထားတဲ့အကြောင်းအရာကို ကျမအနေနဲ့ နားမလည်ပေးမယ့် Personalအရ ခင်လို့ သွားလည်ပါတယ်။ တစ်ကယ်ကို ခင်တာပါ။(မြင်လည်း မမြင်ဖူးပါပဲနဲ့) ;) ဖတ်တော့ ဖတ်ကြည့်တယ်။ နားလည်း မလည်။ :d အဲလို Blogဆို သွားလည်ပေမယ့် ဘာမှ မရေးပေးနိုင်ခဲ့ပါဘူး။ {ဖောရှောCommentရေးရင် ရပေမယ့် ကိုယ်နားမလည်ပဲနဲ့ ဖောနေတာကို စာရေးသူကတော့ သိမှာပဲလို့ ယူဆပြီး ရှက်တဲ့အတွက်ပါ။} ကျမရဲ့ အူကြောင်ကြောင် အယူအဆတွေကို လက်ခံရမယ်လို့ မပြောဘူးနော်။ ကျမရဲ့ ခံယူချက်နော်။(ခဏ၊ခဏ အထင်လွဲခံရလွန်းလို့ ။ :y ဟူး ..........။)

Post ကို သေချာ မဖတ်ရင်၊ ဘယ်လောက်စိတ်ဆိုးတတ်မှန်းလည်း ကျမ Blogစလုပ်ကတည်းက သိခဲ့တဲ့လူတွေက အကြောင်းအသိဆုံးနေမှာပါ။ :p ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကို အတူတကွ တန်ဖိုးလိုက်မထားပေးရင်တောင် ချိုးချိုးနှိမ်နှိမ်၊ ဖြစ်ကလက်ဆန်း လုပ်တာတော့ မခံချင်ပါဘူး။ အဲလို လုပ်ခဲ့တဲ့လူတွေနဲ့ ပတ်သတ်ပြီးလည်း ပြဿနာတတ်ပေါင်း၊ လူမုန်းခံရပေါင်းများပြီ။ မတတ်နိုင်ဘူးလေ။ ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ။ ပျက်တာတွေလည်း ပျက်ပြီးသွားပြီ။(တရားသဘောတွေ၊ တရားသဘောတွေ) :y အဲလို ပြဿနာတွေရဲ့ အရင်းအမြစ်ကတော့ Postကို သေချာ မဖတ်တာက စတယ်ထင်တာပဲ။ ဟိ ဟိ။ ကောင်းသည်ပဲ ဖြစ်စေ၊ ဆိုးသည်ပဲ ဖြစ်စေ ဝေဖန်လို့ ရပေမယ့် Postကို သေချာမဖတ်ပဲ ကိုယ်ထင်တာ ကိုယ်လာပြီး Commentရေးပေးရင် ကျမကလည်း ဆက်ဆက်ထိမခံနဲ့ဆိုတော့ အခုဆို အပေါင်းအသင်းတွေတောင် လျော့ကုန်ပြီ။ :c (အမြင်ကပ်ကုန်ကြတာနဲ့ တူပါရဲ့။ လာလည်း လည်ကြတော့ဘူး။ ဟင့် ဟင့်။)

Postကို သေချာ မဖတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်လေစွာနဲ့ Blog ဆက်ရေးသင့်၊ မသင့် စဉ်းစားပေမယ့် အပေါင်းအသင်းသံယောဇဉ်ကလည်း လုံးဝမဖြတ်နိုင်ခဲ့ပါ။ :z ကျမက သူငယ်ချင်းအရမ်းခင်သည်။မင်သည်။ အပြင်မှာ သူငယ်ချင်း သိပ်မရှိတော့ Onlineထဲက သူငယ်ချင်းတွေကိုပဲ အဖော်လုပ်နေရတာဆိုတော့ အပေါင်းအသင်းတွေနဲ့ မခွဲနိုင်ပါ။ :y နောက်ပြီး နောက်နှစ် Aprilဆို မြန်မာနိုင်ငံ ပြန်ဖြစ်မည် ထင်ပါသည်။ မြန်မာနိုင်ငံပြန်ရောက်လျှင် Onlineမတတ်ဖြစ်ဖို့က 80%လောက်ရှိသည်လေ။ :p (ထိုသို့သော အကြောင်းကြောင်းကြောင့် အတတ်နိုင်ဆုံး တစ်နေ့ တစ် Postရေးနေရသည်။ ) အချိန်ကြီးက ကျမနောက်မှ ထပ်ကြပ်မကွာလိုက်နေတာကိုး ။ :y

ကျမ Postကို သေသေချာချာဖတ်ပေးလျှင် အရမ်းကျေးဇူးတင်တတ်ပါသည်။ :z အဲလိုလူမျိုးဆိုရင် သူ့ဟာသူ ဘာတွေပဲ ရေးရေး၊ နားလည်လည်မလည်လည် ခင်မင်လွန်းလို့ နေ့တိုင်းသွားလည်သည်။ :z {ကျမနှင့်ခင်သော တစ်ချို့Bloggerများမှာ နာမည်မကြီးပါ။ တစ်ခါတစ်လေ Cboxမှာ ကျမချည်းပဲ။ ဟိဟိ။ }
အရမ်းလည်းပျော်ပါသည်။ :z ကိုယ်ရေးထားတဲ့ Postလေးကို သေသေချာချာ ဖတ်ပေးကြလို့ပါ။ အမာခံပရိသတ်တွေမလို့ပါ။ အခုလည်း အဲလို အမာခံ ပရိသတ်(1)ယောက် ရရှိခဲ့ပါသည်။ အရမ်းပျော်ပါသည်။ :z နောက်မှ လာမဖတ်တော့ရင်လည်း ကိုယ့်ကံပဲပေမယ့် အခုတော့ ပြောမပြတတ်အောင် ဝမ်းသာပါသည်။ :z ကျေးဇူးလည်း တင်ပါသည်။ :y

ကျမရဲ့ ပရိသတ်က ဒီမှာ ပါ။ အရမ်းကို ကျေးဇူးတင်ဖို့ကောင်းတဲ့ အစ်ကိုကြီးပေါ့။ :p ;)ဒီလိုမျိုးလေး ရေးပေးထားတယ်သိလား။ 

megumi ဘယ်လိုအသံထွက်လဲကျွန်တော်မသိပါ။ (မင်္ဂလာပါရှင်. ဒီဘလော့လေး ကတော့ ကျွန်မရင်ထဲကခံစားမှုတွေကို ရေးသားခြင်း သက်သက်ဖြစ်ပါတယ်. လာရောက်လည်ပတ်တဲ့ မိတ်ဆွေ၊သူငယ်ချင်း၊များကို အထူးကျေးဇူးတင်ပါတယ်ရှင်) စတင်ထားသော ဂျပန်ရောက်မြန်မာအမျိုးသမီးငယ်တစ်ယောက်၏ သူမအကြောင်း၊ ကဗျာလေးတွေ၊ သူမခရီးသွားရင်းရိုက်ထားသောဓါတ်ပုံတွေနှင့် သူမနေထိုင်သော ဂျပန်နိုင်ငံအကြောင်း စာဖတ်သူများကို မရိုးနိုင်အောင် တင်ပြပေးသူ ဖြစ်၍ ဖတ်ရကျိုးနပ်သော blog တစ်ခုဟုညွှန်းခြင်သည်။ သူမ၏ post များထဲမှ မှတ်မှတ်ရရ ကြိုက်သောပိုစ့်များပြောရရင် ဂျပန်ကာကွယ်ရေးတပ်မတော်ရဲ့ဂီတပွဲတော်၊ ဂျပန်ပုဂ္ဂိုလ်ကြီးတစ်ဦး၏မွေးနေ့ပွဲ၊ ဟိုက်ကူကဗျာ၊ လွတ်လပ်ခြင်းကိုတန်ဖိုးရှိစွာ၊ ကျမရဲ့အူကြောင်ကြောင်နိုင်တဲ့မှတ်ဥာဏ်၊ ကျွန်မနှင့်ဂျပန်ရဲ၊ အမေးကမ္ဘာ ဖြေစရာပိုစ့်များ၊ နောက်ဆုံးတင်ထားသော သူမရဲ့ post ထဲ ကျွန်တော် သဘောအတွေ့ဆုံး တစ်နေ့တာ အလယ်တန်းပြဆရာမ ဆိုသည့်ပိုစ့်အထိ ဖတ်ကြည့်ပါ သင့်စိတ်ထဲတစ်ခုခုတော့ သူမရဲ့ ပေါ့ပါးတဲ့မြန်မာစကားပြေအရေးအသား ကပေးစွမ်းပါမယ်...
မည်သူမဆိုလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်
ကျော်ထင်


ဟိ ဟိ၊ ဝေလေးက သူ့ကို အမာခံပရိသတ်စာရင်းမထည့်လို့ စိတ်ဆိုးသွားပြီ။
စိတ်မဆိုးပါနဲ့ ချစ်ညီမလေးရယ်။ မမက သိပါတယ်။ ထည့်မရေးမိတာတစ်ခုတည်းပါ။ နော်။ စိတ်ဆိုးနဲ့နော်။ :y လိမ္မာပါတယ်။ :pမမ လူဆိုးကြီးကို ခွင့်လွှတ်နော်။ ;)

ကိုမောင်ငယ်ကလည်း သေချာဖတ်ရဲ့သားနဲ့ အမာခံပရိသတ်စာရင်းမထည့်လို့ :( ပြသွားတယ်။ သူလည်း မကျေနပ်ဘူးထင်ပါရဲ့။ :d
စိတ်မဆိုးပါနဲ့ရှင်။ ကျမဆီကို စာတွေလာဖတ်တာ သိပါတယ်။ ဒါပေမယ့်၊ မပြောမဆို အမာခံပရိသတ်လို့ ပြောရင် ကိုမောင်ငယ်ကြီး စိတ်ဆိုးသွားမှာစိုးလို့ပါ။ စိတ်ဆိုးရဘူးနော်။ :y အခု သေသေချာချာသိသွားပါပြီ။ ကိုမောင်ငယ်လည်း ကျမရဲ့ အမာခံပရိသတ်ပဲဆိုတာကိုနော်။ ခွင့်လွှတ်ပါနော်။ :y

မခင်ဦးမေက များကလည်း အမာခံပါဘဲ......................................တဲ့။
ဟုတ်ကဲ့ မမ။ မမလို Blogger ဆရာမကြီးက အမာခံအဖြစ်ရပ်တည်ပေးလို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ရှင့်။

မောင်အစုတ်ပလုတ် ကိုဝေက သူ့နာမည်မပါလို့တဲ့။ အမမပီသတဲ့ အမတဲ့။ ဒုက္ခပဲသိလား။ Gtalk မှာ လာအော်နေတယ်။ ဟင်း။ မခေါ်ချင်ရင်သာ ရမည်၊မတော်ချင်လို့မရသော အမျိုးတော်နေတော့လည်း ဘယ်တတ်နိုင်မလဲ။ ဒင်း ၊နှိပ်ဆက်သမျှ ခံနေရတာပေါ့။

အားလုံးကို အသိပေးပါတယ်ရှင့်။ ကိုဝေကလည်း ကျမ၏ အမာခံပရိသတ်ပဲ ဖြစ်ပါကြောင်း ။ :p

ဟူး ......................... ။ :y
တစ်ခြားခင်တဲ့လူတွေကလည်း သူတို့နာမည်မထည့်ကြလို့တဲ့။ ဒါးကြိမ်း ကြိမ်းနေကြတယ်။ ဘယ်လို လုပ်ရပါ့။ :d အကုန်လုံးလျှောက်ထည့်ရင်လည်း Megumi က ရှာကြံကြွားတယ်ဆိုပြီး ဖြစ်အုန်းမယ်။ :d
ဪ၊ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။ :d

ကျမဆီ အမြဲလာအားပေး၊ ရေးသမျှကို မငြီးမငြူလာဖတ်ပေးတဲ့ တစ်ခြားသောစာဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ကျမရဲ့ အမာခံပရိသတ်အဖြစ် ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။ Post ထဲမှာ ထည့်မရေးတာက မသေချာလို့ပါနော်။ စိတ်မဆိုးကြပါနော်။ ဟိုအစ်ကိုကြီးက သေချာပြောပြပေးထားလို့ စံနမူနာအနေနဲ့ တင်ပြထားတာပါနော်။ အမိုက်အမဲလေးကို ခွင့်လွှတ်ကြပါနော်။ :y :y :y

နောက်တစ်ခေါက် ထပ်ပြော၊ ထပ်တောင်းပန်လိုက်ပါတယ်။ :y Post ထဲမှာ ထည့်မရေးပေမယ့် ကျမကို ခင်မင်တဲ့၊ အမြဲစာလာဖတ်ပေး အားပေးကြတဲ့ အမာခံပရိသတ်များရှင့်။

Postထဲမှာ မပါပေမယ့် ကျေးဇူးတင်တာကတော့ Postထဲမှာပါသောသူများနှင့် ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးပြောကြားအပ်ပါသည်။
နောက်ထပ်နာမည်များတော့ ထပ်မထည့်ပါရစေနဲ့ရှင့်။ :y
တော်ကြာ၊ အစကတည်းက ကြည့်မရသောသူများမှ အမြင်ကပ်လို့ ခဲနဲ့ လာပေါက်မှာစိုးလို့ပါ။ ;) :p

10/9/08 ကတင်ထားသောပို့စ်ကို ပြန်တင်လိုက်ပါသည်။

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

အခုလဲအမာခံပါဘဲ။

Dr Phyo Wai Kyaw said...

အေး ဂုစ်..
ဘယ်လောက်ပဲ အမြင်တွေ မတူတူ..
မတူခဲ့ မတူခဲ့..
ဘလော့ ပိတ်မှာကို လက်မခံတဲ့ နေရာမှာတော့
အားလုံးတူကြပါတယ်..
ဟုတ်တယ်ဟုတ်..
ငါလည်း အစ်မကွန်လိုပဲ..
အမာခံပါဘဲ...။

ကေ.တီ.အမ် said...

ကျွန်တော်ကတော့ ကွန့်မတ်ပေးတာ တအားနည်းပါးပါတယ်
သေချာတာကတော့ ပို့စ်တစ်ခုတစ်လေမဖတ်ပဲတော့ စီဘောက်မှာရေးလေ့မရှိပါဘူး
(စီဘောက်အလွယ်ရေးတဲ့သူက ကိုယ့်စီဘောက်ပြည့်တာပဲလိုချင်တာပါ) ဒီလိုပဲခံစားမိတယ် ...
ကျွန်တော်ဆီမှာ စာဖတ်သူမရှိတာ၊ လာမလည်တာတွေ ဘယ်လိုမှမခံစားရဘူး
လာလည်ပြီး စာမဖတ်လည်းကိစ္စမရှိဘူး .. အနည်းဆုံး ကျွန်တော့် ဘလော့ဂ် ပုံစံလေးကိုတော့ မြင်မှာပါ ...

အမြဲတမ်းလျှောက်လှမ်းတဲ့ လမ်းမှာ ညီညာချောမွေ့နေတယ်ဆိုတာမှမရှိတာပဲ
ဘ၀တလျှောက်လုံးနဲ့ဆို ... အခုလိုပေါ်ပေါက်လာတဲ့ အဖြစ်အပျက်လေးတွေဟာ ဘာမှကြီးကျယ်တဲ့ အရာမဟုတ်ပါဘူးဗျာ

အမြဲတမ်းပျော်ရွှင်စွာ ကိုယ့်စိတ်တိုင်းကျလေး လျှောက်လှမ်းနိုင်ပါစေ ...

မဆီမဆိုင် ... ကျေးဇူးတင်စကားလေးပြောပါရစေဦး ... ကျွန်တော် ဂျပန်စကားနဲ့ ပတ်သတ်ပြီးမေးမယ့်သူ ပထမဆုံးသတိရလိုက်တယ် ... အဲဒါနဲ့လာပြီး ခေါင်းစားခိုင်းလိုက်တယ် ... မဆိုင်းမတွလာရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဗျာ ...

Anonymous said...

ပျော်ရွှင်ပါစေဗျာ အခုလိုပျော်နေတာပဲကောင်းပါတယ်။
ကျနော်ကျတော့မပါဘူးလားဗျ။ကျနော်လဲ လာနေကြပါနော်။

Anonymous said...

အခုလိုပဲ ပျော်ရွှင်နေပါစေဗျာ။အရင်ပို့စ်တွေလို ဒေါသသင့်တာတွေ နောင်ရေးတာ မတွေ့ရပါစေနဲ့လို ဆုတောင်း
ပါတယ်နော်။ ဒါနဲ့ကျနော်လဲပါဘူး။ ကျနော်လဲ လာလည်နေကြ
ပါနော်။အမြဲမဟုတ်တောင် ရောက်ပါတယ်ဗျ။

Anonymous said...

အခုလိုပဲ ပျော်ရွှင်တာတွေ့ချင်ပါတယ်ဗျာ။ အရင်ပို့စ်တွေလို
ဒေါသသင့်တဲ့စာတွေ မဖတ်ပါရစေနဲ့လို့ ဆုတောင်းပေးပါတယ်
ဒါနဲ့ ကျနော်လဲ လာလည်နေကြပါနော် အမြဲမဟုတ်တောင်
ရောက်ပါတယ်ဗျ။

Unknown said...

မယ်ကု မရောက်တာ အတော်ကြာပြီ ဂိမ်းလိုင်းကို ရောက်သွားလို့...
အမှတ်မထင် ဘလော့စ်ကို ဖွင့်ကြည့်လိုက်တော့ မွေးနေ့ ဖိတ်တာလေးကို တွေ့လိုက်တယ် ...နိုဝင်လာ ၂၁ တဲ့ ကိုက နိုဝင်ဘာ ၂၀ နီးနီးလေးပဲ...
အခုဆုပေးလိုက်တယ်နော်။ ငြိမ်းချမ်းသောနေရာလေးဆီသို့ ငြိမ်းငြိမ်းချမ်းချမ်း
ဖြတ်သန်းနိုင်ပါစေ။
Cbox မှာဆိုလည်း သူရေးတာပဲရှိတယ်ဆိုလို့ ကိုများပြောသလားလို့
မယ်ကု နဲ့ သက်တန့် ရေးထားတာလေးပဲ မြင်လို့ ....
ဘလော့စ်က ပိတ်ထားတာ နာမည်ကြီးမှာဆိုးလို့...( အလကားညာနေတာ)
စာလည်းရှည်းပြီ တစ်ခုပဲ မှာမယ် ။( ဒေါသမကြီးနဲ့ သည်းခံ...သည်းခံခြင်းဖြင့် အရာရာကို အောင်မြင်နိုင်တယ်...အောင်မြင်ချင်ရင် သည်းခံပါ)

Unknown said...

မယ်ကု မရောက်တာ အတော်ကြာပြီ ဂိမ်းလိုင်းကို ရောက်သွားလို့...
အမှတ်မထင် ဘလော့စ်ကို ဖွင့်ကြည့်လိုက်တော့ မွေးနေ့ ဖိတ်တာလေးကို တွေ့လိုက်တယ် ... နိုဝင်လာ ၂၁ တဲ့ ကိုက နိုဝင်ဘာ ၂၀ နီးနီးလေးပဲ...
အခုဆုပေးလိုက်တယ်နော်။ ငြိမ်းချမ်းသောနေရာလေးဆီသို့ ငြိမ်းငြိမ်းချမ်းချမ်း
ဖြတ်သန်းနိုင်ပါစေ။
Cbox မှာဆိုလည်း သူရေးတာပဲရှိတယ်ဆိုလို့ ကိုများပြောသလားလို့
မယ်ကု နဲ့ သက်တန့် ရေးထားတာလေးပဲ မြင်လို့ ....
ဘလော့စ်က ပိတ်ထားတာ နာမည်ကြီးမှာဆိုးလို့...( အလကားညာနေတာ)
စာလည်းရှည်ပြီ တစ်ခုပဲ မှာမယ် ။( ဒေါသမကြီးနဲ့ သည်းခံ...သည်းခံခြင်းဖြင့် အရာရာကို အောင်မြင်နိုင်တယ်...အောင်မြင်ချင်ရင် သည်းခံပါ)

 

Design By:
SkinCorner