Tuesday, December 16, 2008

ကြေငြာခြင်း(2)

ကျမနာမည်နဲ့ Cbox တွေမှာ Message လိုက်ရေးနေသော သူများရှင့်။


နာမည်အလွဲသုံးစားလုပ်မှုများ မလုပ်ကြပါနဲ့။



3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

အားလုံးပဲ မေတ္တာရပ်ခံချင်ပါတယ်ဗျာ
တစ်ကယ်တော့ ဘလော့ ရေးသူနဲ့ စာဖတ်သူဆိုတာ မောင်နှမတွေပါပဲ
ဒီလို တွေ လုပ်ဖို့ မသင့်ပါဘူး .. ပြီးတော့ စီဘောက်မှာလည်း
မိန်းကလေး တစ်ယောက် မဖတ်သင့်တဲ့ စာမျိုး မရေးသင့်ပါဘူး ..
ပြောချင်ရင်လည်း ပြေပြေလည်လည် ပေါ်ပေါ်တင်တင် ပြောလို့ ရပါတယ်ဗျာ
ကျေးဇူးပြုပြီး ဒီလိုနည်းတွေကို မသုံးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ
ကျနော်လည်း ဒီဘလော့ရဲ့ စာဖတ်သူ သက်သက်ပါပဲ ..
အားလုံးကို ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆောင်ရွက်ကြတာ ကောင်းပါတယ်ဗျာ ..

Dr Phyo Wai Kyaw said...

ယူအာရ်အယ်လ် ကတော့ လူတိုင်းကို ဒုက္ခပေးနေတဲ့ ကိစ္စပဲ..

နောက်တစ်ချက်က.. ဘလော့ဂါ တစ်ယောက် ဘလော့ ပိတ်ရအောင်ဆိုတာ ခိုင်မာတဲ့ အကြောင်းပြချက် ရှိသင့်ပါတယ်..

အလုပ်မအားလို့...စိတ်မပါလို့ စတာတွေ မဟုတ်ဘဲ..ကိုသောက်ပြောသလို.
မဖတ်သင့်တဲ့ စာတွေ..ကြောင့်ဆိုရင်တော့.. ဘယ်လိုလုပ်ပြီး ဖြစ်သင့်မလဲ..

နောက်တစ်ကြောင်းကလည်း.. ဘလော့ ပိုင်ရှင်အနေနဲ့ တရားမျှတတဲ့ ဆန့်ကျင်ဘက် အမြင်တွေကိုတော့ စိတ်ကျယ်ကျယ်နဲ့ လက်ခံပေးနိုင်စွမ်းရှိသင့်ပါတယ်..

ဒါကတော့ ဖြစ်သင့်တဲ့ အမြင်တွေပါပဲ.. ဝေဖန်သူတွေကလည်း ဘလော့ဂါ တစ်ယောက် ဆုံရှူံးအောင် ဆိုးယုတ်တဲ့ စေတနာနဲ့တော့ ဝေဖန်မယ် မထင်ပါဘူး..

ဆိုးယုတ်တဲ့ စေတနာနဲ့ ပြောဆိုတာမျိုးကိုတော့ ဝေဖန်တယ်လို့ တကယ်တမ်း မသတ်မှတ်ဘူးခင်ဗျ.. အတင်းပြောတယ်.. ရန်ဖြစ်တယ်..ဒီလောက်ပဲ.. ဒီ့ထက်မပိုပါဘူး..

မှန်တယ်မှားတယ် ငြင်းခုန်နေတာထက်လည်း..
အားလုံးပြေပြေလည်လည်ဖြစ်စေချင်တဲ့ ဘက်မှာပဲ နေချင်ပါကြောင်း..

ကေ.တီ.အမ် said...

ကျွန်တော်ကတော့ ကွန့်မတ်ပေးတာ တအားနည်းပါးပါတယ်
သေချာတာကတော့ ပို့စ်တစ်ခုတစ်လေမဖတ်ပဲတော့ စီဘောက်မှာရေးလေ့မရှိပါဘူး
(စီဘောက်အလွယ်ရေးတဲ့သူက ကိုယ့်စီဘောက်ပြည့်တာပဲလိုချင်တာပါ) ဒီလိုပဲခံစားမိတယ် ...

ကျွန်တော်ဆီမှာ စာဖတ်သူမရှိတာ၊ လာမလည်တာတွေ ဘယ်လိုမှမခံစားရဘူး
စာဖတ်မသွားရင်တောင် .. အနည်းဆုံး ဘလော့ခ် ဒီဇိုင်းတော့ မြင်မှာပါ

အမြဲတမ်းလျှောက်လှမ်းတဲ့ လမ်းမှာ ညီညာချောမွေ့နေတယ်ဆိုတာမှမရှိတာပဲ
ဘ၀တလျှောက်လုံးနဲ့ဆို ... အခုလိုပေါ်ပေါက်လာတဲ့ အဖြစ်အပျက်လေးတွေဟာ ဘာမှကြီးကျယ်တဲ့ အရာမဟုတ်ပါဘူးဗျာ

အမြဲတမ်းပျော်ရွှင်စွာ ကိုယ့်စိတ်တိုင်းကျလေး လျှောက်လှမ်းနိုင်ပါစေ ...

မဆီမဆိုင် ... ကျေးဇူးတင်စကားလေးပြောပါရစေဦး ... ကျွန်တော် ဂျပန်စကားနဲ့ ပတ်သတ်ပြီးမေးမယ့်သူ ပထမဆုံးသတိရလိုက်တယ် ... အဲဒါနဲ့လာပြီး ခေါင်းစားခိုင်းလိုက်တယ် ... မဆိုင်းမတွလာရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဗျာ ...

 

Design By:
SkinCorner