Wednesday, December 24, 2008

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)ဖတ်ချင်ပါက

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)ဖတ်ချင်ပါက


အမနှစ်ယောက်နဲ့ စကားပြောနေတုန်း လေယာဉ်မယ်လေးက အအေးလာချပေးတော့ သောက်လိုက်တယ်။ ပြီးတော့ မုန့်လာချမလားလို့ စောင့်နေတာ မလာတာနဲ့ သူတို့ကို မေးကြည့်လိုက်တယ်။ မုန့်လည်းလာမချဘူးနော်..........ဆိုတော့ အေးလေ..........တဲ့။ သုံးယောက်သား ကြောင်ကြောင်တောင်လေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မေးကြည့်မလား..........လို့ တိုင်ပင်လိုက်တယ်။ :p လေယာဉ်မယ်လေးကို မေးကြည့်တော့ ပြည်တွင်းခရီးစဉ်ဖြစ်လို့ အအေးပဲတဲ့။ မုန့်မပါဘူးတဲ့။

ဪ.......................၊ သိမှ မသိတာကိုး။ ထိုင်းနဲ့ မြန်မာ လေယာဉ်စီးတုန်းကတောင် မုန့်ကျွေးတော့ အခုလို ဟော့ကိုင်းဒိုးကြီးတောင် သွားတာဆိုတော့ မုန့်လေးဘာလေးကျွေးမယ်ထင်ခဲ့တာ။ ဘာမှလည်း ကျွေးဘူး။ :c မြန်မာနိုင်ငံမှာတုန်းကလည်း ပြည်တွင်းခရီးစဉ်ဆို သွားမှမသွားဘူးတော့ သိလည်းသိခဲ့ဘူးလေ။ အခုတော့ ကျမသိပြီ။ :z

ဗိုက်ဆာလိုက်တာ။ ဗိုက်ဆာလိုက်တာ.............လို့ အော်ရင်းနဲ့ပဲ နေ့လည် သုံးနာရီထိ ရေသောက်ရင်း လေယာဉ်စီးခဲ့ရတယ်။ လေယာဉ်ကြီးက ဆိုက်ခါနီးမှ လေဆိပ်ကြီးကို မြင်နေပြီးမှ ရာသီဥတုမကောင်းလို့ ဆင်းလို့ရဘူးတဲ့။ ဘာမှလည်းပါပဲနဲ့ လေပေါ်မှာ ဒီတိုင်းကြီး ရပ်ထားတယ်။ (စဉ်းစားကြည့်ရင်း ကြောက်စရာကြီးနော်။) :y

ဓာတ်ပုံကလည်း အရမ်းရိုက်ချင်နေပြီဆိုတော့ လေယာဉ်မယ်လေးကို မေးပြီး ရိုက်ပစ်လိုက်တယ်သိလား။ ဟိ ဟိ။ လေယာဉ်ပေါ်က လှမ်းရိုက်တာဖြစ်လို့ နည်းနည်းတော့ ဝါးနေတယ်။ လှတော့ လှတယ်ဟုတ်။

ဒီတစ်ပုံဆို နှင်းတွေချည်းပဲနော်။ :z
ဟိုအမနှစ်ယောက်ရဲ့ ကင်မရာတွေကိုပါ ရိုက်ပေးရင်း အချိန်တွေကုန်သွားတယ်။ လေယာဉ်ဆိုက်တော့မယ် ခါးပတ်ပတ်ပါ..................လို့ ကြေညာတော့မှ သုံးယောက်သား ကင်မရာသိမ်းတော့တယ်။ အဲလောက် ဆိုးကြတာနော်။ ဟိ ဟိ။

ဒီလိုနဲ့..................ရောက်ပါပြီရှင်။ Chitose လေဆိပ်ကို။ :z လေယာဉ်ကြီး ဆိုက်ပါပြီရှင်။ တစ်နာရီခွဲပဲ ကြာတဲ့ ဒီခရီးကို အိမ်ကနေ မနက်ငါးနာရီထဲက ရထားတစ်တန်၊ ဘက်စ်တစ်တန်၊ လေယာဉ်တစ်တန် စီးလာရတာ ညနေလေးနာရီခွဲမှ လေယာဉ်ဆိုက်တယ်။ မြန်မာပြည်ပြန်တာလောက် နီးနီးကို အချိန်ကြာတယ်သိလား။ ရာသီဥတု ရာသီဥတု တော်တော်ဒုက္ခပေးပါ့။ သူလုပ်တာနဲ့ အချိန်တွေလည်း ကမောက်ကမ၊ ကျမကလည်း နားမလည်ပါးမလည်နဲ့ ဘာမှ မစားခဲ့တော့ လေယာဉ်လည်းဆိုက်ဆိုက်ချင်း မူးတာမူးတာ ....ပါလေရော။ ဒီတစ်ခါပဲ လေယာဉ်မူးဘူးတယ်။ စစချင်း လေယာဉ်စစီးတဲ့အခေါက်တုန်းကတောင် နားနည်းနည်းအူတာကလွဲရင် မမူးဖူးဘူး။ အခုတော့ ဟော့ကိုင်းဒိုးရောက်ရောက်ချင်း လူက နှင်းနဲ့တူတူ အဖြုရောင်ဖြစ်သွားတယ်။ မျက်နှာကော လက်တွေကော ဖြူဖတ်သွားတာပဲ။ အစထဲက အစာမှ မရှိခဲ့တာလေ။ :p

ဒီလောက် ဖြစ်နေတာတောင် အနားယူဖို့ စိတ်ကူး လုံးဝမရှိတဲ့ကျမက Sapporo Snow Festival ကို မဖြစ်ဖြစ်အောင် သွားကြည့်ခဲ့တယ်သိလား။

ဆက်ရန်
မကြာမီ
လာမည်
မျှော်


7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

layaung said...

Hello Missy,
I just let you know that I visited and read the post. Keep it up.

GreenGirl said...

လာဖတ်ပါသည် ဂုဂု :P
ကျေးဇူးလည်း တင်ပါသည် :)

Dr Phyo Wai Kyaw said...

ဂုစုတ်တို့များ..

အစာငတ်ခံတာပါ ပါအောင်ရေးတယ်..

နှင်းပုံတွေက မိုက်တယ်..

Chitose လေဆိပ်ကို တော့ ဓာတ်ပုံရိုက်မပြဘူး..များပြီ။

Snow festival ဓာတ်ပုံတွေ ပါ ပြပါဗျိုး.........။

Nge Naing said...

Merry X-mas and Happy New Year. ခရစ်ဆမတ်နေ့မှာ လာဖတ်ပါတယ် ညီမလေး။ ခရီးသွားအတွေ့အကြုံလေးကို မျှဝေပေးတာ ကျေးဇူးပါ။

မြတ်သွယ် said...

ရာသီဥတုမကောင်းလို့ ဒီတိုင်းကြီးရပ်ထားတယ်တဲ့
အဟိ ကြောက်တယ်
မမမယ်ဂုရိုက်ထားတဲ့ပုံလေးတွေကို ကြည့်သွားပါတယ်
ပြင်တွင်းခရီးစဉ်ဆို မုန့်မစားရတာလဲမှတ်သွားပါတယ်
မျှော်မယ်နော်
Merry Christmas ပျော်ရွှင်ပါစေ :)

ဂျူဝသန် said...

သယ်ရင်း ဂုဂုရေ...... နင့်စာတွေဖတ်ပီး ငါလည်း ဟော့ကိုင်းဒိုးကို စိတ်ကူးနဲ့ သွားကြည့်တယ်။ လေယဉ်မယ်လေးတွေက ချောသားဟ နော်.... အဟိ။

s said...

မမ မယ်ဂု အလည်လာပြီး ဓါတ်ပုံလေးတွေကြည့်သွားပါတယ် ဒီဘက်ကိုမရောက်တာတောင်အတော်ကြာပြီး ပြသာနာဖြစ်လို့ စီဗောက်စ် ဖြုတ်ထားတာလား။ ပျော်ရွှင်ပါစေနော် မမ။
Merry Chrismas & Happy New year ။

 

Design By:
SkinCorner