Saturday, December 20, 2008
နောက်ဆုံးတော့လည်း
အမျိုးမျိုးလည်း ပြောပြပြီးပြီ၊ အမျိုးမျိုးလည်း ရှင်းပြပြီးပြီ။ "လှေနံ ဒါးထစ်"ဆိုတဲ့ စကားပုံအတိုင်း ဒီတစ်ခုကိုမှ ဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲ မပြီးနိုင်မစီးနိုင် ဝေဖန်နေကြတဲ့လူတွေကို ကြည့်ပြီး ကျမတော့ သံဝေဂရတယ်။ Blog မပိတ်မချင်း သူတို့မှာလည်း အမြဲစောင့်ကြည့် ဝေဖန်နေရအုန်းမှာဆိုတော့ သူတို့ရဲ့အချိန်တွေကို သူတို့အစား နှမြောပါတယ်။ Blog မပိတ်မချင်း ဒေါသတွေနဲ့ ပူလောင်စွာ စောင့်ကြည့်နေမယ့်လူတွေကို ဒေါသတွေဆီက လွတ်ငြိမ်းသွားအောင် ၊ ခဏခဏ ဆဲနေရလို့ ငရဲမကြီးအောင် အကောင်းဆုံး အကြံတစ်ခုစဉ်းစားမိလိုက်ပါပြီ။
ဟိုတစ်နေ့က Blog ပိတ်မယ်ဆိုတုန်းက မပိတ်ပါနဲ့......လို့ လာအားပေးပြောကြားပေးကြတဲ့ ကျမရဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းတွေကို အားနာ၊ သူတို့စေတနာကို လေးစားပြီး ဘယ်သူတွေ ဘာလာပြောပြော မပိတ်တော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ၊ ဘယ်လိုမှကို နားမလည်ပေးနိုင်၊ ရန်စောင် ရန်ရှာနေတဲ့လူတစ်စုကို ကျမအတွက်နဲ့ မစ္ဆရိယစိတ်မများစေချင်တဲ့အတွက် ကျမစဉ်းစားမိတဲ့ အကောင်းဆုံးအကြံကို အကောင်အထည်ဖော်ပါတော့မယ်။
Blog ရဲ့ Permissions ကို "Only people I choose" ပေးလိုက်ပါတော့မယ်။
ကျမက ဘာမှ မဟုတ်ပါဘူး။ ကျမရေးတဲ့ စာတွေကလည်း ဂန္တဝင်မြောက် စာဖွဲ့လောက်အောင် ကောင်းမနေပါဘူး။ ဒါပေမယ့်၊ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်။
အရမ်းကြီးကျယ်ရာရောက်နေမှန်းသိပေမယ့် လက်ရှိအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဒါပဲရှိလို့ပါ။ မကြီးကျယ်ချင်ပေမယ့် ကြီးကျယ်ရပါတော့မယ်။
Blog မြန်မြန် ပိတ်စေချင်သော လူများအတွက်၊ Blog မပိတ်ရန် အချိန်ရှိတိုင်း လာရောက်အားပေးနေသော ကျမအား ချစ်ခင်မြဲ ချစ်ခင်နေတဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်များအတွက် "ပိတ်ပေမယ့် မပိတ်ဘူး "ဆိုတဲ့ သဘောနဲ့ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်ရှင်။
အကယ်၍များ ကျမစာတွေကို ဖတ်ချင်ကြသေးတယ်ဆိုရင် yomitaihitodake@gmail.com ကို
စာဖတ်သူ၏ နာမည်နဲ့ E-Mail Address သာ ပို့ပေးလိုက်ပါရှင်။
ရှောင်ပြေးခြင်း မဟုတ်ဘဲ အကောင်းဆုံး နည်းလမ်းကို မိတ်ဆွေများနဲ့ တိုင်ပင်ပြီးရွေးချယ်ခဲ့ခြင်းပါ။
မကြာမီ ကာလအတွင်းမှာ "Only people I choose" အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ စီစဉ်ထားပါတယ်ရှင်။
စကားချပ်
ကိုအိမ်မက်ရှင်ဆီမှ Mail ဝင်လာပါတယ်ရှင်။
ညီမငယ် မိဂုမိရဲ့ ပိုစ့်လေးများကို ဆက်လက်ဖတ်ရှုချင်မိပါသည်။
အိပ်မက်ရှင်
.......................တဲ့။
နောက်တစ်စောင်က ကိုရှင်ရဲထွတ်ကြီး ရဲ့ Mail ပါ။
"ကျွန်တော် ရှင်ရဲထွတ် မဂုဂုရဲ စာဖတ်မယ်ဗျို့
"....................တဲ့။
ဂု.........စ်
ငါ့လည်း ဖတ်မှာ....
ဒီမေလ်းအတိုင်းပဲနော်.....
ညီမ...:P
အလှတ၇ား
"မြန်မာမိန်းကလေးဖြစ်ပေမဲ့ ၀ိုင်းဆဲတာကိုခံရရုံနဲ့ မိမိရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ သွေဖည်မသွားရဘူး........."
Yes...
Must Do...
" Never Surrender "
We are always stand your side...
ရဲရင့်နီ
ညီမလေး ဘလော့ကို ဖြစ်အောင် ဆက်ရေးပါ။
ချစ်ခင်လျက်
Nge Naing
မယ်ဂုရေ ငါ့ကိုလည်း ၀င်ခွင့်လေး ဘာလေး ပေးပါဦး ဟေ့ ..
နင်က တော်တော် လက်မြန်တာပဲ ..
ငါလည်း ကျွေးပွဲရယ် စာမေးပွဲ ရယ်နဲ့ကို ရှုပ်ရှက်ခတ်နေတာ ကွန်ပျူတာ နားကို အခုမှပဲ ကပ်နိုင်တော့တယ်..
အခန်းထဲ က သူငယ်ချင်းကလည်း စာမေးပွဲ ကျလို့ မြန်မာပြည်ပြန်တာ လိုက်ပို့လိုက်ရသေးတယ် ...
မိုး သောက်
hi
I'm also from thailand and I'm your blog reader.I want to read your new posts.
Regards,
Nyi Lin Win
ကျွန်တော်လည်းဆက်လက်အားပေးလျက်
ပါ..
လေးစားခင်မင်လျက်..
မိုးကြယ်
ကဲ မယ်ဂုမိရေ။ Only people I choose အစီအစဉ်မှာ ပါဝင်မယ်ဗျာ။
အပျင်းပြေ စာလည်းဖတ်ဖြစ် စာလည်းရေးဖြစ် ဘလော့ဂ်လုပ်တာပဲ ဆက်လျှောက်ပါ။ ကွန်မန့်ကတော့ ကျွန်တော်ဆို မရသလောက်ပဲ။ လာလည်သူလဲ သိပ်မရှိဘူးထင်တယ်။ ဘယ်တတ်နိုင်မလဲ ကိုယ်က ရေးချင်နေတာကိုး။ ရေးရမှာပဲ။ ဒီလိုပဲ ဖတ်ချင်တာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ ဖတ်ချင်တာလေးတွေ မယ်ဂုမိဆီမှာ ဖတ်ရတယ်။ သဘောအကျဆုံးတွေက ခရီးသွားဆောင်းပါးတွေရယ်၊ နိုင်ငံခြား အတွေ့အကြုံ (ကျောင်းသား ဘဝလိုမျိုး)။
ကဲ.. ဖတ်မယ်နော်။ စာရင်းသွင်းလိုက်အုံး။း)
--
သုခမိန်
(တားမြစ်ထားသော ...)
Hey
My name is Amara Thiha and I would like to read your blog. For permission here is my email address.
thanks
ကွန်မန့်တ်ပေးမရလို့ ... မေးလ်ပဲပို့လိုက်ပါတယ် ... ဆုံးဖြတ်ချက်ချပြီးသားဆိုတော့ ထွေထွေထူးထူးပြောစရာမရှိတော့ပါ
ဘူး
လူချင်းကတော့ အမြင်မတူနိုင်ဘူးလေ
ကျွန်တော့စိတ်ဆိုရင်တော့ လစ်လျှုရှုနိုင်တာ အကောင်းဆုံးပဲဗျာ ...
စာဖတ်သူက ကွန်မန့်တ်၊ စီဘောက်မှာ ရေးတာလောက်ပဲလုပ်နိုင်တာပါ
ကိုယ့် စာမျက်နှာမှာလာပြီးတော့ ပို့စ်တစ်ခုဖြစ်လာအောင် မလုပ်နိုင်ပါဘူး
ကိုယ့်စာမျက်နှာမှာ .. ကိုယ်တိုင်ပဲ ... လှပအောင် ၊ ရှင်းလင်းအောင်၊ အကျည်းတန်အောင် ၊
အားလုံး အားလုံးက ဘလော့ဂ် ပိုင်ရှင်ရဲ့လက်ထဲမှာပါ
အခုလို ပို့စ်တွေမြင်ရတော့လည်း စိတ်မချမ်းသာစရာပေါ့ဗျာ ... တစ်ဖက်သူရဲ့ လိုချင်တဲ့ အကွက်ထဲကို ရောက်သွားတော့တာပေါ့
အဲဒီလူတွေအတွက် ပို့စ်တစ်ခုမဖြစ်ပဲ .. ပုံမှန်အတိုင်းလည်ပတ်နေမယ်ဆို .. သူတို့လည်း ရေရှည် မလုပ်နိုင်ပါဘူး ...
အပြင်မှာလည်း လူတစ်ယောက်ကို စနောက်တယ်ဆိုလည်း ... မခံချင်တဲ့သူကို စတာပဲလေ ... အဲဒါမှ အရသာရှိတာ
အစအနောက်ခံတဲ့သူ .. ဘာမှပြန်မပြောတဲ့သူဆို .. ဘယ်သူက စနောက်တော့မှာလဲ
အဲဒီလိုပဲမြင်တယ် ... အခုလို မခံနိုင်လို့ သူတို့အတွက် ပို့စ်တွေဖြစ်လေ ... သူတို့အနေနဲ့ ပိုပြီးတော့ကို လာလာပြီးပြောလေ ဖြစ်နေမှာပဲ
ကိုယ့်ဘ၀ကြီးတစ်ခုလုံးနဲ့တောင် ယှဉ်ပြီးပြောစရာမလိုပါဘူး ... အခုဖြစ်နေတဲ့ ကိစ္စတွေက ... မြူမှုံ သဲတစ်ပွင့်တောင် မရှိပါဘူးဗျာ ....
ထားလိုက်ပါတော့ဗျာ ... အခုမှတော့ ...
အခုလာပြီးမေးလ်ပို့တာလဲ .. ကျွန်တော့် မေးလ်လိပ်စာကို ခွင့်ပြုစေချင်လို့ပါ ...
ရိုင်းတာတွေပါတယ်ဆိုရင်တော့ ခွင့်လွှတ်ဦးနော် ...
ခင်မင်လေးစားလျှက်
ကေ.တီ.အမ်
မယ်ဂုရေ
တခုတခုတိုင်းမှာ အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ...
စိတ်ဓာတ်မကျပါနဲ့... ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ...
အမြဲ အားပေးနေမှာပါ...
သူတို့ဖြစ်စေချင်သလို ဘလော့ဖျက်လိုက်တာပဲ ဖြစ်ဖြစ် စီပုံးဖြုတ်ထားလိုက်တာပဲဖြစ်ြ
ဖစ် ကိုယ်တွေက ကြိုရှောင်လိုက်ရင်
သူတို့ အကြိုက်ဖြစ်သွားမှာပေါ့...
သူတို့က ဘလော့ဂ်ဖျက်စေချင်ရင် မီးလေးတို့က ပိုရေးပြမယ်... စီပုံးမှာ မဟုတ်က ဟုတ်က လာအော်ရင် ဗန်းပစ်မယ်...
ဒီလိုနည်းနဲ့ တို့တွေ လက်တွဲညီညီ ပြန်လည်တိုက်ခိုက်ကြတာပေါ့....
အမြဲ အားပေးလျက်...
ပို့စ်တွေလည်း ပုံမှန်အတိုင်း ဖတ်ချင်ပါတယ်....
မီးလေး
မိဂုလေး... သူငယ်ချင်းရေးတဲ့ စာဖတ်နေရရင် ပီးရော.. ကျန်တာဘာမှ မသိဘူး။
နောက်ပီး.. "အိပ်ပေါက်နဲ့ ဖားကောက်" သလိုမျိုး ကျင့်ကြံပါ (အကြံပေးတာ၊ ဘယ်သူဘာပြောပြော နင်မယူရင် ပီးတာပဲလေ စိတ်ကို အပေါက်ဖေါက်ထား၊ စိတ်ရှုပ်စရာတွေ လွှတ်ချလိုက်)
ညီမငယ် မယ်ဂုမိရေ....
အမှန်တရားဟာ ဘယ်တော့မှကျဆုံးမယ့်အရာမဟုတ်ပါ
ဘူး...
ဆက်သာရေးပါ။ အစဉ်အားပေးလျက်......
နွေသူရ
onesan,
watashiwa daydream dayo.
watashi mo yomitaine. kinowa meruga okurarenakattanode, kyo okurimasu.
ganbattene...
၎ ရက် ငယ်တဲ့ ညီမ။
ဒေသန္တရ ဗဟုသုတွေနဲ့ နှစ်သက်ရာလေးတွေ တင်ပေးတဲ့ အတွက် မကြာခဏ ၀င်ဖတ်ဖူးတယ်။
နောင်လဲ ဖတ်ရအောင်လို့ပါ။ ဆက်ရေးပါ။
စိတ်ချမ်းသာပါစေ..
အောင်ဦး
blogger တယောက်၏ပေးဆပ်မှုကိုလေးစား၍ဆက်
လက်ရွက်လွင့်စေလို၏
--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
yeyintcanada
မမဂုဂုရေ...
ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့ ..
ညီမလေး မမကို အမြဲအားပေးနေမယ် ..
ကလေးငယ်လေး
မမမယ်ဂု
မမစာတွေကို အားပေးချင်တယ်
ဘလော့ကိုလဲလည်လည်လာမယ် ပို့စ်တွေကိုလည်းဖတ်မယ်နော်
မမမယ်ဂု အမြန်ဆုံး စိတ်ကြည်လင်နိုင်ပါစေ
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ညီမလေး ပုလ
အခုလို အားပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်ရှင်။
Invite လိုက်ပါပြီ။
နားလည်ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။
မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
ကိုယ်ချင်းစာတရားရှိကြပါစေ။
20 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
မောင်ထင် said...
မရောက်တာတောင်သိပ်မကြာသေးပါဘူး။ဘာတွေဘယ်လိုဖြစ်။ဪblog လောကတယ်လဲ ရှုတ်လှပါလား။
စိုင်းစိုင်းလားရှိုး said...
တစ်ကယ်စဉ်းစားပြီးရင်လည်း လုပ်လိုက်တော့ကွာ
mabaydar said...
အင်း.. ဒါလဲမဆိုးပါဘူး..
Saing Khan Tun said...
ညီမရေ ... ကဲ့ရဲ့ခံရတဲ့အခါရှိသလို ချီမွမ်းခံရတဲ့အခါလည်းရှိတယ် ... နောက်မတွန့်သွားနဲ့ ... ကိုယ်လမ်းကိုယ်လျှောက်ပါ ...
Permission နဲ့ဆို အစ်ကိုတော့ သိပ်လာဖြစ်မယ်မထင်ဘူး .... ကန့်သတ်ချက်တွေကို ... ကျဉ်းကျပ်လွန်းလို့ .... မခင်လို့တော့ မဟုတ်ဘူးနော် ....
khin oo may said...
Khin Oo May
khinoomay77@gmail.com
Dr Phyo Wai Kyaw said...
ကောင်းလေစွ.. ဒါလည်းတစ်နည်းကောင်း...
Dream said...
တို့လည်းလာဖတ်မှာနော်... ဒါပဲ..ဂုစ်ရုစ်.......... အဆင်ပြေပါစေ......
watching said...
ညီမရေ ကိုယ့်ကိုနားလည်ပေးတဲ့အချိန်တိုင်း ညီမပျော်သလို ကိုယ့်ကိုတိုက်ခိုက်တဲ့အခါ စိတ်ရှုပ်တတ်တာ နားလည်ပါတယ် ပျော်သလိုနေပါ ညီမကို နားလည်တဲ့သူတွေရှိတယ်ဆိုတာ သိရင် ဘာကိုမှရရုမစိုက်ပါနဲ့ ကိုယ့်လမ်းကိုဆက်လျှောက်ပါ..
Best Myanmar Blog 100
ညီအကိုများ said...
စာတွေလာဖတ်ချင်ပါသေးတယ်..
ပျော်ရွှင်ပါစေဗျာ..
မိုးကြယ်
ကောင်းကင် said...
ငါလည်း လာဖတ်မယ်ဟေ့
ထည့်လိုက်ဦး
ဒီလိုဆိုတော့လည်း ဒီလိုပေါ့ ....
Anonymous said...
မယ်ဂု ငါ့ကိုလည်း ထည့်လိုက်ဦး
Nge Naing said...
ညီမလေး
ဘလော့ဂ်ကို ဘ၀ရဲ့အစိတ်အပိုင်းတခု ဖြစ်သတ်မှတ်ရင် မပိတ်စေချင်ဘူး။ ဖတ်တဲ့သူတွေထဲမှာ ကိုယ့်ကိုလိုလားသူလည်းရှိမယ် မလိုလားသူလည်း ရှိမယ် ဒါတွေကို ရင်ဆိုင်နိုင်တဲ့ နှလုံးသားရှိအောင်ပဲ ကြိုးစားစေချင်တယ်။ ဖြစ်အောင် ဆက်ရေးပါနော့်။
layaung said...
Hi Missy, what can I say to you now. It is all up to you. You want to give up or keep up with good work, You decide.
Anonymous said...
phyoewaihtoon@gmail.com ချစ်ခြင်းခြေရာ ဖြစ်ပါတယ် ။ ပျော်ရွင်ပါစေ ။
Anonymous said...
ဘာတွေ ဖြစ်တာလဲ မလာဖြစ်တဲ့ အတွင်းလေးကို
nyahkin.lamin@gmail.com မေးလ်ကို ပို့ ပေးပေါ့
ဖတ်ပါ့မယ် ..မကြာမကြာကျနော်တို့ အိမ်ကိုလဲလာလည်ပါအုံး
ပျော်ရွှင်သောခရစ်စမတ်လေးကို အေးဆေးစွာကျောဖြတ်နိုင်ပါစေ
မောင်ပိစိ said...
စီပုံးတင်တော့လေ.. မနက် မနက်လာဖစ်ရင် ဘီလို အော်ရမလဲလို့..
:D :D
နာ့ကို မုန့်လုပ်ကျွေးပါလား... breakfast
ဟီးးး ဗိုက်ဆာလို့
Anonymous said...
အင်း..... အခြေအနေအရဆိုတော့လဲ လုပ်ရတော့မှာပေါ့ဗျာ။
မေးထားခဲ့ပါတယ် phyo.aungwai@gmail.com
မယ်ဘု အက်ချင်ရင်ပေါ့။
မြတ်သွယ် said...
မမမယ်ဂု ညီမလေးလာဖတ်မယ်နော်
မေးလ်လည်းပို့မယ်
မမမယ်ဂု အဆင်ပြေပါစေနော်
ဆုံးဖြတ်ချက်လေးကို အားပေးပါတယ်
ကိုဥာဏ်(စက်မှု) said...
အရောင်တလက်လက် ထွက်လာအောင် သွေးပေးနေသည့် ဓားသွေးကျောက်များ ဟု ယူဆစေလို၏ မယ်ဂုမိ … သင့်စာများကား ရိုးသားပါ၏ .. ထို့ကြောင့် ကျွန်ုပ် ခိုက်လေသည် .. ၀င်ခွင့်ပြုပါ ဟု ဗိုလ်လောင်း ဖက်စ်ရီးယား စတိုင်ဖြင့် ညာလက်ကို မြှောက်ကာ အော်လိုက်ပါ၏ မယ်ဂုမိ ..
Anonymous said...
i also would like to read ur blog.
Design By:
SkinCorner