Sunday, December 7, 2008

ကြွက်စုတ်ကလေး :P


ကြွက်စုတ် ကြွက်စုတ်
အစုတ်ပလုတ်
စိတ်ကလေးကပုပ်

ဟောက်လား၊ဟိန်းလားလုပ်ခါရယ်
"ညီမ" ခေါ်ချင်တယ်
မွေးသက္ကရာဇ် မေးကြည့်တော့
နာရီများစွာ ငယ်နေပေါ့

သိသိကြီးနဲ့ ငြင်းချင်တယ်
ဘာကောင်လေးမှန်း မသိကွယ်
"နာတော့မယ်" "ဘာမှတ်လည်း"
သူပြောနေကြ စကားကွဲ့

ကိုယ့်အမကို အော်ချင်တယ်
ကြွက်စုတ်ပလုတ်ရယ်
တခါတလေကြတော့လည်း
သဘောကောင်းပြန်ရဲ့

ဒါပေမယ့်လည်း ကြွက်စုတ်ရယ်
အမြဲရန်စတယ်

ကံဆိုးပုံများ ကြွက်စုတ်က
ဖွားဖက်တော်တဲ့........ အား...............................


ဟိ ဟိ။
"ပိတ်တီးချင်တယ်" လို့ပြောတဲ့ ကြွက်စုတ်ကို ကြောက်ရ၊လန့်ရလို့ ရေးချင်တာရေးပြီး ပြေးပြီဗျို့။ rer

ဟော....ဟဲ၊ ဟော....ဟဲ၊ ပြောဖို့မေ့ခဲ့လို့ ပြန်လာပြောတာ။
အပေါ်ကပုံက သူ့ပုံနော်။ ဟိ ဟိ။ ဒီတစ်ခါ ကားနဲ့ ပြေးပြီဗျို့။ pgi

ပုံကို www.costumecraze.com မှကူးယူဖော်ပြသည်။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

အဟေး........... သိနေတယ်......... ပြောတော့ဘူး နင်တို့ကြား မ၀င်ဘူး ကြောက်တယ်.......

Dr Phyo Wai Kyaw said...

အစုတ်ပလုတ် ဒေါ်ဂုစုတ်
စိတ်ထားကတော့ ခပ်ပုပ်ပုပ်။

ရန်လုပ်တတ်တဲ့ ဂုစုတ်ရယ်
လိမ်လိမ် မာမာ နေပါကွယ်။

သီးစစ်လေးတွေ မှန်မှန်ရေး
ရိုက်ခံထိမယ်လေး။

ဟင်းလေးဘာလေးချက်စားပါ
ကြက်ဥချည်းပဲ မကြော်ရာ။

ဗိုက်ဆာတဲ့ခါ မုန့်တောင်းစား
သူများဟားမယ်ဗျား။

ကလေးတွေနဲ့ အပြိုင်ဝါး....။ ။



တော်ပြီကလေးနဲ့ ပြိုင်မမိုက်တော့ဘူး။ ခုတော့ တိုတိုလေးပဲ စပ်မယ်။ နောက်တစ်ခါကျမှ
ရှင်မဟာရဋ္ဌသာရ စပ်သလို ပျို့ အရှည်ကြီးတွေနဲ့ နင့်အကြောင်းစပ်မယ်။

Unknown said...

ကဗျာကတော့ မိုက်တယ်ဗျာ။။ဘယ်သူ့ ကိုရေးတယ်ဆိုတာ မသိပေမယ့် ဖတ်ရတာ အတော်ရယ်ရတယ်.....တစ်ယောက်ရဲ့  ကောင်းတဲ့ အချက်တွေကို အသေအချာရေးထားတာပဲ.....ဟီး

khin oo may said...

ဖတ်သွားသည်။ မည်သူလဲဟုမပြောပါ။ :P

ဇင်ယော် said...

အဟေး အစကနေကို ဖတ်ပြီးတော့ အားပေးမှာ။ ဒေါက်တိုကို ပြန်ဆော်နေတာ လက်ခုပ်ထိုင်တီးပြီးတော့ကို အားပေးမှာဗျား။ တီးသာတီး နာ့အစား တီးမယ်သူတွေ.ပြီ။

 

Design By:
SkinCorner