Tuesday, December 2, 2008

ကလေးလေးပဲ ဖြစ်ချင်တယ်။



ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတာကြီးကို မုန်းတယ်သိလား။ လူကြီးဖြစ်ရတာ ကောင်းဘူး။ ကလေးပဲ ဖြစ်ချင်တော့တယ်။ ဘာမှမသိ၊ ဘာမှမတတ်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ချင်တယ်။ အရာရာကို သိချင်၊ တတ်ချင်၊ သူတပါးအောက်မရောက်ချင်တဲ့ အောင်မြင်ခြင်း၊ တိုးတက်ခြင်းတွေ နောက် တစ်ကောက်ကောက်လိုက်နေရတဲ့ လူကြီးဘဝကြီး ရောက်ချင်ဘူး။ :c

လူကြီးဖြစ်ရတာ ပင်ပန်းတယ်။ အထူးသဖြင့် ထက်မြက်တဲ့ လူကြီးတစ်ယောက်ဖြစ်ရတာ အရမ်းပင်ပန်းတယ်။ သူတပါးကို အားမကိုးချင်တဲ့၊ အရာရာကို ကိုယ့်အားကိုယ်ကိုးချင်တဲ့၊ သူတပါးထက် မသာတောင် သူ့အောက်မကျချင်တဲ့၊ ထက်မြက်တဲ့ လူကြီးတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘယ်လောက်ပင်ပန်းတယ်ထင်လဲ။ :c

အထူးသဖြင့် မိန်းကလေးတစ်ယောက်က အဲလို လူတစ်ယောက်ဖြစ်ချင်ရင် ပိုတောင်ပင်ပန်းသေး။ "ယောင်္ကျားနဲ့ မိန်းမ တန်းတူအခွင့်အရေး ရလာပါပြီ" လို့ ပြောတဲ့ ဒီခေတ်ကြီးမှာ အရည်အချင်းချင်း တူရင်တောင် မိန်းမတစ်ယောက်ထက် ယောင်္ကျားတစ်ယောက်ကို ပိုမို ယုံကြည်အားကိုးကြတာ ဘာကြောင့်မှန်းမသိ။ :d

မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ထက် မသာရတော့ဘူးတဲ့.....လား။ မိန်းမဖြစ်ရုံနဲ့ မထက်မြက်ရတော့ဘူးတဲ့......လား။ စိတ်ထဲမှာ အထင်ကြီးပေမယ့် ဖွင့်ထုတ်ပြောဖို့ မတန်ဘူးတဲ့.......လား။ အား .............................ဘာတွေမှန်းလည်း သိတော့ဘူး။ တော်ပြီ။ စဉ်းစားတော့ဘူး။

လူကြီးလည်း ဖြစ်ချင်တော့ဘူး။ {အထူးသဖြင့် ထက်မြက်တဲ့ လူကြီး(မိန်းမ)တစ်ယောက်ပေါ့။ }
လူ့လောက အကြောင်း ဘာမှမသိနားမလည်တဲ့ ကလေးလေးပဲ ဖြစ်နေရင် ကောင်းမယ်နော်။ :p ဒီကလေးလေးလိုမျိုးလေ။ :z

ဟိ ဟိ၊စိတ်ကူးပေါက်ရာ လျှောက်ရေးထားတာ။ ဟိုရောက်ဒီပေါက် ဖြစ်နေတယ်။ ဟိ ဟိ။ :z :z
မှတ်ချက်၊ ပုံများကို Search Engine မှ ရှာဖွေဖော်ပြသည်။

15 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

GreenGirl said...

ကလေးလေးရေ...

Dr Phyo Wai Kyaw said...

အလကား

နင် စာတွေများလို့ ပေါက်တိပေါက်ရှာဖြစ်နေတာ။
ခု မှတော့ မထက်မြက်လို့လဲ မရတော့ဘူး။
ကလေးလဲ ပြန်မဖြစ်တော့ဘူး။

နောက်ပြီး နင်တော်တာကို ငါ ထောက်ခံတယ်နော်။
(ငါ့ကိုလည်း ပြန်ထောက်ခံ ဟီးဟီးး)

ကလေးလည်း ပြန်လုပ်မနေနဲ့တော့။ ကလေးတုန်းကလည်း သူ့ဟာနဲ့သူ ပင်ပန်းတာပဲ။ ကလေးပြန်ဖြစ်ရင် အစက ပြန်စရတော့မယ်။ အဲဒါမှ နှစ်ခါပင်ပန်းဖြစ်နေဦးမယ်။ ပင်ပန်းပြီးရင် သက်သာမှာပဲကို သည်းခံ သည်းခံ။

အင်း..ဘလော့ရေးတော့လည်း ကိုယ်ခံစားရတာတွေကို ဖွင့်ထုတ်လို့ ရတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ကျန်းမာရေးကို အထောက်အကူ ပြုမယ်လို့ ယူဆတယ်။ တစ်ချို့ ပေါတောတော (ငါ့လို)ဘလော့ဂါ တွေ လာကွန့်တာ ဖတ်ရတော့ လည်း အပျင်းပြေ စိတ်ပေါ့တာပေါ့။

လေးလေးနက်နက်ကွန့်ထားတော့ လည်း အားတက်ရတာပေါ့။
ဆက်လုပ်
ဂုစ်
ချမ်းမြေ့ပါစေ။

ဗီလိန် said...

ကလေးကို သွားဖြစ်ရင်ငိုမှာပေါ့။ :)

အရုပ်ကလေး said...

ကလေးတစ်ယောက် တစ်ကယ်ဖြစ်ချင်နေပြီပေါ့
ညီမလေးရေ.. ကလေး ဖြစ်တိုင်းလည်း မကောင်းဘူး သိလား
ကြုံတုန်းလေး အစ်ကို့တွေးမိတာလေးကို ပြောပြသွားတယ်

လူတစ်ချို့ ပြောကြတယ်...
ကလေးဘ၀လေးကို ပြန်ရောက်ချင်တယ်တဲ့
ဖြူစင်တယ် (အပြစ်)ကင်းတယ်လို့ ပြောကြတယ်..
အစ်ကို့ အမြင်တော့ ကလေးနဲ့ လူကြီးဖြူစင်တာချင်း ကွာသွားတာပဲ
ရှိတယ်.. ကလေးဘ၀မှာ လိုချင်တာ မရရင် ပူဆာတယ်
ပူဆာတော့ မိဘက များသောအားဖြင့် လုပ်ပေးကြတယ်
သူ့အတွေးမှာ လိုချင်တော့ ငိုချင်ငိုမယ် .. ဂျီကြရင်ကြမယ်
အဲကတည်းကိုက ကလေးအတွေးမှာ မဖြူစင်ဘူးလို့ ထင်မိတယ်
...ဟဟ နည်းနည်းတော့ ဆိုင်မယ်ထင်လို့
ဝင်ပြောခဲ့တာပါ.. ညီမတစ်ယောက် ပျော်ရွှင်ပါစေ..

Anonymous said...

ကလေးမှာလဲ ကလေးဖြစ်ရတဲ့ ဒုက္ခနဲ့ ပါပဲ မယ်ဂု၇ယ်..။ လူရယ်လို့ဖြစ်လာရင် မသေမချင်း ဒီလိုပဲ ရုန်းကန်နေရတာပါပဲ..။ အဲဒါကို က ဘဝရဲ့ အဓိပါယ်ပါပဲ..။ မောစရာတွေ့ရင် ကြည်နူးစရာလေးတွေပြန်တွေးပြီး အားဆက်လိုက်ပါ..။

Anonymous said...

ကလေးမှာလဲ ကလေးဖြစ်ရတဲ့ ဒုက္ခနဲ့ပါ ပဲ မယ်ဂုရေ..။ မသေမချင်း ရုန်းကန်နေရတာကို က ဘ၀ ရဲ့ သရုပ်ပါပဲ..(ကုလားမဟုတ်တာပေါ့) ။

ဒီတော့ ရှင်သန်နေချိန်မှာ..ကိုယ့်ကို ကိုယ်ရော အများအတွက်ရော အကျိုးပြုနိုင်အောင် ကြိုးစားလိုက်ပါ ကွာ...။
( ဟိ ဆရာကြီး လေသံနဲ့ ပြောသွားတာ..နာယူချင်ယူ...မယူချင်နေ..:):)

Anonymous said...

မယ်ဂုရေ...ကလေးမှာလဲ ကလေးဖြစ်ရတဲ့ ဒုက္ခနဲ့ပါပဲ..။ အကောင်းဆုံးက ဖြစ်နေတဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက် ကြဖို့ပါပဲ ။ အဲဒါ ဘ၀ ပဲလေ။ (ဟိ ခပ်တည်တည်နဲ့ ရွှီးလိုက်ပြီ..မှတ်ချင်မှတ် မမှတ်ချင်နေ..)

Dream said...

အပေါ်ကပြောသွားကြတဲ့အတိုင်းပါပဲ... ကလေးမှာလည်း ကလေးအတိုင်း
အတာအလျှောက်..လူကြီးမှာလည်းးလူကြီးအတိုင်းအတာ အလျောက်တော့ရှိကြတာပဲ... လူကြီးဖြစ်ရ တဲ့ထဲမှာမှ
လူတော်လူကောင်း စိတ်ဓာတ်ဖြူစင်ပြီး သမာသမတ်ရှိတဲ့လူကြီးဖြစ်ရတာကို ပိုပြီး ဂုဏ်ယူရမယ်ဟ.
လူကြီးဖြစ်တော့ အမှားအမှန်ခွဲခြမ်းစိတ်ဖြာတတ်တယ်.. ဘ၀အတွက်
ဘယ်လို အကျိုးရှိအောင် လုပ်ဆောင် ရမယ်ဆို တာ သိတတ်လာတယ်
စဉ်းစားလုပ်ကိုင်လာတယ်လေ.... ဟိဟိ
ဘာရယ်ညာရယ်မဟုတ်ပါဘူး...၀င်ဖော်လ်သွားတာ... အဟား.. :P

megumi said...

ဟိ ဟိ၊
လူကြီးဖြစ်ရတာပင်ပန်းလို့ ခဏလောက်ကလေးလုပ်ခွင့်ပေးကြပါရှင့်။ :p ;) :z

သက်တန့် said...

ကဲကဲ...
ဂုဂုရေ...
ဂုဂု စိတ်တိုင်းကျ ကလေးလုပ်စေ... :)
ပုံ... တန့်တန့်... :P

Anonymous said...

လူ့သဘာဝအရဖြစ်နေတာကို လူကြီလိုထား စိတ်ကိုတော့ကလေးလိုဖြူစင် ဒါဆို ဖြစ်ချင်တဲ့ ကလေးလေး ဖြစ်ပြီပေါ့ ...

စိုင်းစိုင်းလားရှိုး said...

ကြီးကျယ်လိုက်တာ သူ့ကိုသူ လူကြီးမှတ်နေလား မသိဘူး..... ခုထိကလေးပဲဟာကို အတွေးများမနေနဲ့.... ကလေးစိတ်မကုန်သေးတဲ့ လူကြီးပေါက်စနရဲ့......

Welcome said...

ဂျပန်မလေး
ရှောင်လွဲလို့မရနိုင်တဲ့ သဘာဝတရားကြီးရဲ့ ပြောင်းလဲ ဖြစ်တည်မှုကို ရဲရဲဝံ့ဝံ့ နဲ့ပဲ ရင်ဆိုင် စေချင်ပါတယ်။ first lady ဆိုတဲ့ စကားအတိုင်း ဦးစားပေးခံရဖို့ ရှိပါတယ် မဟုတ်လား။

Anonymous said...

အဲဒါကြောင့် ရှေးလူကြီးတွေပြောတာပေါ့ လူ့အလိုနတ်မလိုက်နိုင်ဘူးတဲ့
အဲဒီတော့ ဖြစ်လာသမျှကို ရင်ဆိုင်လိုက်စမ်းပါဗျာ။မဖြစ်နိုင်တော့တာကို မျှော်လင့်နေမဲ့အစား ဖြစ်လာမဲ့ကံကို ရဲရဲသာရင်ဆိုင်တတာ အသင့်တော်ဆုံးပါပဲ

ဟိန်းညီ said...

ကျွန်တော်ကတော့တစ်မျိုးဗျ။
ကိုယ်တိုင်ကလေးလုပ်ဖို့မပြောနဲ့
ကလေးအရွယ်လေးတွေတွေ့လိုက်ရင်တောင်
ဒီကလေး ငါ့လိုအရွယ်ဖြစ်လာဖို့အများကြီး
ရုန်းကန်ကြိုးစားရအုံးမယ်ဆိုပြီးတွေးဖြစ်တယ်။
သူတို့လေးတွေကိုကြည့်ပြီးလည်းရင်မောတယ်။
မိန်းမယူဖြစ်ရင်တောင်ကလေးမွေးဖို့ :) စဉ်းစားရအုံးမယ်။
တကယ်။
ဆိုက်ကို ပေါ့နော် ။

 

Design By:
SkinCorner