Thursday, December 4, 2008

စိတ်ကလေးရယ်တဲ့...... ညစ်ပါတယ်။

ဟင့် ဟင့်၊ စိတ်ညစ်တယ်။ စိတ်ရှုပ်တယ်။ ကိုယ့်ကို ကိုယ် လျှာတော်တော်ရှည်မှန်းအခုမှသိတယ်။ :p ဘာလို့များ တစ်ယောက်တည်းသွားမယ်.........လို့ ပြောမိပါလိမ့်လို့ တွေးမိလိုက်တိုင်း နောင်တရတယ်။ ဟိုတစ်နေ့က ကလေးဖြစ်ချင်တယ်။ အခုလည်း ဖြစ်ချင်သေးတယ်။ ဟိ ဟိ။ ကိုယ်ကသာ ကလေးဖြစ်ချင်တာ ကလေးတွေနဲ့တော့ တွေ့ချင်ပေါင်။ မနက်ဖြန်ဆို တွေ့ရတော့မယ်။ ဟင့်ဟင့်။ ကလေးပေါင်း (73)ယောက်တောင်။ ဘယ်လိုလုပ်ရပါ့။ :d ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အခုလောလောဆယ်တော့ ဖြစ်ချင်တာ ဖြစ်၊ မီးစင်ကြည့်ကမယ်လို့ စိတ်ပေါက်ပေါက်နဲ့ ဆုံးဖြတ်လိုက်တယ်။ ;)

ဖြစ်နိုင်ရင် ကလေးတွေကို စာသင်ပေးရမယ့်အစား Report ဆယ်စောင်လောက်ရေးပလိုက်ချင်တယ်။ အဟုတ်။ အခုတော့........... စာတင်မက၊ သီချင်းလည်း ဆိုပြရအုန်းမယ်။ ကစားနည်းလည်းသင်ပေးရအုန်းမယ်။ ပုံပြင်လည်းပြောပြရအုန်းမယ်။ အမယ်လေး၊ ပဟေဠိပါ ဖွက်ပေးရင် ပိုကောင်းတယ်.....ဆိုပဲ။ ဟင့် ဟင့်။ ကယ်ကြပါအုန်း အရပ်ကတို့ရေ။

အသက်နှစ်ဆယ်တောင် တော်တော်စွန်းနေတဲ့ ဒီအသက်အရွယ်ရောက်မှ မူလတန်းတုန်းက ကဗျာတွေကို ပြန်စဉ်းစားနေရတယ်။ :d မှတ်မိတာလည်း မှတ်မိ၊ မမှတ်မိတာကများများ။ လိုချင်တဲ့အချက်အလက်တွေကို အသည်းအသန် လိုက်ရှာနေပေမယ့် အဝေးရောက် မြန်မာတစ်ယောက်အတွက် သိပ်တော့မလွယ်ကူတာအမှန်။ လိုချင်တာက ရှာမရ၊ ရတဲ့ အချက်အလက်ကြတော့ မလို။ ဟူး စိတ်ကလေးရယ်တဲ့...... ညစ်ပါတယ်။ :c

ဒါတောင် ကူရှာပေးတဲ့ သူငယ်ချင်းတွေရှိလို့။ သူတို့သာ မရှိရင်တော့ မနက်ဖြန် အိုးနင်းခွက်နင်းဖြစ်မှာ သေချာတယ်။ အဲ.......အချက်အလက် မပြည့်စုံလို့ စိတ်ညစ်ရတဲ့ အထဲ၊ သူတို့စကား ကို ခရေစေ့တွင်းကျနားလည်အောင် ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားလိုက်ရင် ငိုချင်တယ်။ ခပ်ရှက်ရှက်နဲ့ ပြောရရင်တော့ ကလေးတွေရဲ့ စကားကို နားမလည်ပါ။ ဟော့ကိုင်းဒိုးသွားတုန်းကလည်း Home stay အိမ်က ကလေးနှစ်ယောက်ပြောတဲ့စကားတိုင်းကို နားမလည်လို့ ကလေးအမေက ခဏခဏရှင်းပြပေးရတယ်။ :p အခုတော့၊ ကိုယ်က ကလေးတွေကို ရှင်းပြရမယ့်လူဆိုတော့ ............။

တကယ်တော့ ဂျပန်ကလေးတွေရဲ့ စကားမှ မဟုတ်။ မြန်မာနိုင်ငံက ကလေးတွေပြောနေတဲ့ စကားတောင် သေချာနားမလည်။ :p သူတို့က အထာလေးနဲ့ ပြောတတ်ကြသေးတယ်သိလား။ ဘာလိုချင်လို့ လိုချင်မှန်းမသိ၊ ဘာပြောချင်လို့ ပြောချင်မှန်းမသိနဲ့ ။ :d ဟိုတစ်ခါ မောင်တစ်ဝမ်းကွဲ ငါးနှစ်သားလေး ဖုန်းလာကိုင်တုန်းကဆို သူပြောတဲ့စကား ကျမနားမလည်လို့ စိတ်တိုဘူးတယ်သိလား။ အဲဒါ၊ သူ့အမ ခုနှစ်နှစ်သမီးက ထပ်ရှင်းပြတော့လည်း ကျမမှာ နားမလည်။ ဪ၊ ဒုက္ခ ဒုက္ခ။ ဟိ ဟိ၊ သူတို့ ဘာကိုဆိုလိုချင်မှန်း နားမလည်တော့လည်း သူတို့စိတ်တိုလည်း ခံရတော့တာပေါ့။

သူတို့လေးတွေ စကားကို အကုန်နားလည်ရင်တောင် ကိုယ်ပြောတဲ့စကားကို သူတို့နားလည်ပါ့မလား။ :d ကိုယ်ရဲ့ ဂျပန်စာ အရည်အချင်းကို လူကြီးတွေက အသိအမှတ်ပြုပေမယ့် ကလေးတွေက နားလည်ပါ့မလား။ အား................. ကိုယ့်ကိုကိုယ် ယုံကြည်မှုလေးတောင် ကလေးတွေနဲ့ တွေ့ရခါနီးလို့ ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်း မသိတော့။ ဟင့် ဟင့်၊ သွေးပျက်သွားပြီ။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ကောင်းရော ဂုစုတ် ...နင်ပဲ ကလေးဖြစ်ချင်တယ်ဆို...

၁)ကလေးတွေပြောတဲ့ စကားနားမလည်ရင်
သြော် သြော် သြော် မေးလေးငေါ့ပြလိုက်။
အစက ပြန်ပြောလိမ့်မယ်..

၂)နင်ပြောတာ နားမလည်ရင်
လက်ဟန်ခြေဟန် လုပ်ပြလိုက်
ရယ်စရာကောင်းအောင် လုပ်ပြ
မျက်နှာ အမူအရာကောဘာကော။

၃)စကားနည်းနည်းပဲပြော...
မုန့်တွေ ညာကျွေး.. မုန့်စားနေရင် နင်အနားရတယ်.(နင်လည်းစားချင်ပြန်လုစား..ဗိုက်ဝလည်း မနည်းဘူး)

၎)အသံတော့ တစ်ခုခု ထွက်နေပစေ
အ အာ အိ အီ ဖြစ်ဖြစ်
အော်ချင်ရာသာအော် သူတို့ ဘာသိတာမှတ်လို့

ဒါနဲ့ ငါက နည်းနည်းချောက်တွန်းတတ်တယ်နော်။ သတိထား။ ငါပြောတဲ့ အတိုင်းလုပ်လို့ ထိပ်ပေါက်ခေါင်းကွဲတော့ ထပ်မဖြစ် လောက် တော့ဘူး ထင်တာပဲ။ ဟိ

အဆင်ပြေမှာပါ ဟ သိပ်စိုးရိမ်မနေနဲ့။ ကလေးကလေးချင်း ပဲ ၇င်းနှီးတာ မြန်မှာပါ။ ပြန်မလွှတ်မှာတောင် ကြောက်ရဦးမယ်။ သူငယ်ချင်း သစ်ကလေးကို။ ဟီးးး

တစ်ချို့ဟာတွေက စတာ၊ တစ်ချို့ဟာတွေက အတည်ပြောတာ ဘယ်ဟာက စတာ ဘယ်ဟာက အတည်လဲတော့ ငါလည်းမသိတော့ဘူး။ ကိုယ့်ဖာသာသာ ချင့်ချိန်ပေတော့။

ချမ်းမြေ့ပါစေ။

Anonymous said...

ကလေးတွေပြောတာနားမလည်တာများ ကလေးတွေလိုပြန်ပြောလိုက်ပေါ့..အဲဒါမှ မရရင် သမီးလေး က ချစ်ဖို့အရမ်းကောင်းတာစကားလဲ အရမ်းတက်တယ်ပေါ့၊သားလေးက ချစ်ဖို့အရမ်းကောင်းတာဘဲ စကားလဲ အရမ်းတက်တယ်ပေါ့ ဘာညာလျှောက်ပြောလိုက် သူတို့ပြောချင်တာပြောပါစေ ခေါင်းသာညိမ့်လိုက်ပေါ့ဗျာ :P :P
အဆင်ပြေပါစေဗျာ

Welcome said...

ဂျပန်မလေး
ရာသီဥတု အေးအေးမှာ ကြောက်ဒူးတုန်မနေနဲ့နော်။
အဆင်ပြေသွားမှာပါ... သတင်းကောင်းမျှော်နေမယ်

http://winzaw-mdy.blogspot.com/

ညီအကိုများ said...

မညစ်ပါနဲ့.. အားလုံးအဆင်ပြေသွားမှာပါ။

မိုးကြယ်

megumi said...

ပြေတဲ့ ကိစ္စလည်း ပြေတယ်။   :p
မပြေတာလည်း မပြေဘူး။ :p
ဘာပဲပြောပြော အားပေးကြလို့ ကျေးဇူးပါနော်။ 

 

Design By:
SkinCorner