Friday, December 26, 2008

26

အမှတ်တရနေ့တစ်နေ့မှာ ဘာတစ်ခုမှ အမှတ်တရမလုပ်ဖြစ်ပေမယ့် အမှတ်တမဲ့ဖြစ်နေတာ မဟုတ်ပါဘူး။

အရင်ကလည်း အမှတ်ရခဲ့တယ်။ အခုလည်း အမှတ်ရနေတယ်။ နောက်လည်း အမှတ်ရအုန်းမှာပါ။

"အမှတ်တမဲ့မှ အမှတ်တရသို့" ဆိုသလို အမှတ်မထင် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့တဲ့နေ့တစ်နေ့ဟာ မထင်မှတ်ပဲ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်သွားခဲ့ရတယ်။

တစ်ချို့လတွေမှာ ပျော်ရွှင်ရသလို တစ်ချို့လတွေမှာ ဝမ်းနည်းခဲ့ရတယ်။

တစ်ချို့လတွေမှာ ကြည်နူးခဲ့ရသလို တစ်ချို့လတွေမှာ ပူဆွေးခဲ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရတော့ ရှိနေဆဲပါ။

ပြက္ခဒိန်မှာ (26)ဆိုတာ ရှိနေသရွေ့ ဒိုင်ယာရီထဲမှာလည်း ထင်ကျန်နေဦးမှာပါ။

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

လူလ said...

မင်္ဂလာပါ မမီဂိုမှီ

လာလည်သွား၏။
၂၆ ဆိုတာက ဘာကြီးတုန်း။ အသက်လား?

Happy New Year!

khin oo may said...

ပြောပြမှသိမှာပေါ့

မောင်ပိစိ said...

အဲ...ကောင်မလေး..
လျှိမထားနဲ့နော်
၂၆ က ဘာလဲ... ပြော..
:D
ဟိုတနေ့ က တရားခွေ အတွက် သိုင်းကျူး
၂၆ တွေမှာ များများ ကြည်နူးနိုင်ပါစေ... ဟီးးး

မြတ်သွယ် said...

အမှတ်တရနေ့လေးရှိနေတာ ကြည်နူးစရာပါ
ဒိုင်ယာရီထဲမှာလဲ ပျော်ရွှင်ခြင်းများစွာထင်ကျန်နေပါစေနော်
အမှတ်တမဲ့မှ အမှတ်တထင် .... ခံစားချက်လေးကလှမှာပါ
မမမယ်ဂု အမြဲပျော်ရွှင်ပါစေနော် :)

စိုင်းစိုင်းလားရှိုး said...

26 တဲ့ ဒါပဲနေမှာပါလေ.....အင်းဟုတ်လောက်တယ်...

Anonymous said...

ဘ၀ဆိုတာ ဒီလိုပါပဲဟာ
အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာ ပွေရ
အဲ့လိုပေါ့
ကြုံရ ဆုံရ ဖြစ်ကြ ပျက်ကြ
ဒါ ဘ၀ ပါပဲ

Anonymous said...

အဘွားဆုံးသွားတဲ့နေ့ဖြစ်မယ်ထင်တယ်နော်။

Dr Phyo Wai Kyaw said...

အလဲ့......
တယ်ဟုတ်..
ဂုစုတ်လေးက...


:P:P :P

 

Design By:
SkinCorner