Thursday, July 10, 2008

ကျမ နှင့် ဂျပန်ရဲ (၂)

ဂျပန် ရောက်ခါစက တကာဒါနိုဘာဘာ高田馬場 (မြန်မာတွေများလွန်းလို့ မြန်မာမြို့လို့ကို ပြောလို့ရပါတယ်)မှာနေတုန်းကပေါ့။
မီးခြစ်ဆံဗုံး လောက်ရှိတဲ့ အိမ်လေးမှာ ကျမရယ်၊အသိအမကြီး (၂)ယောက်ရယ် အတူနေကြတာပေါ့။
တစ်နေ့တော့ အမ(၁)ယောက်က မနက်(၇နာရီ)အစောကြီး အလုပ်သွားနေတဲ့ အချိန်၊
ကျမရယ်၊နောက်အမ(၁)ယောက်ရယ်ပဲကျန်ခဲ့တာပေါ့။ကျမကတော့ ကျောင်းက (၁၀:၄၀)နာရီမှ ဆိုတော့ အိပ်တုံး:P။
ဟိုအမကလည်း ကျောင်းမသွားဘူးဆိုပြီး အိပ်နေတုံးပေါ့။တီတီဆိုပြီး လူခေါ်ဘဲလ်က ထမြည်ပါတော့တယ်။
အဲဒါကို ဟိုအမကလည်း ဘာမှမကြည့်ပဲနဲ့(ချောင်းကြည့်ပေါက်မှ ကြည့်လို့ရသော်လည်း) တံခါးကို သွားဖွင့်ပေးလိုက်ပါတော့တယ်။
{စကားချပ်:အဲဒီမှာ ဘယ်သူတွေ ရောက်နေတယ်လို့ ထင်ပါသလဲ။:P}
ကျမကတော့ ကိုယ်နဲ့မှမဆိုင်တာ မစပ်စုတော့ပါဘူးဆိုပြီး ဆက်အိပ်နေလိုက်ပါတယ်။
ဒါကို အမက ပြာပြာသလဲနဲ့megumi ၊ megumi ထအုန်းဆိုပြီးအတင်း နှိုးပါတော့တယ်။
ဘာဖြစ်တာပါလိမ့် လို့ တွေးရင်း ထရတော့တာပေါ့။(မထချင်ထချင်နဲ့:P)
( ဒီမှာရဲတွေရောက်နေလို့ဟ) လို့ အမကပြောလိုက်တော့ အိပ်ချင်စိတ်တောင် ကြက်ပြောက်ငှက်ပြောက် ဖြစ်ကုန်တော့တယ်။
ကျမကလည်း သူစနေတယ်ထင်လို့ ဘာလာလုပ်တာလဲလို့ မေးလိုက်တာပေါ့။:P
သူက ငါလည်းမသိဘူးတဲ့။အဲဒါ နင်မေးကြည့်လိုက်တဲ့။(အဲ့ဒီ အမက ဂျပန်စကား သိပ်နားမလည်ပါ။)
အဲဒါနဲ့ ကျမလည်း လူမိုက်ကြီးလုပ်ပြီး ထွက်တွေ့ရတာပေါ့ ။ဘာကိစ္စရှိပါသလဲပေါ့????
ဆိုတော့၊သူတို့က နင်တို့အိမ် ထဲကို ဝင်စစ်ချင်လို့တဲ့။ Overstay တွေရှိမရှိပေါ့။
ဘယ်နှစ်ယောက်နေတာလည်းလို့လည်း မေးပါသေးတယ်။ကျမလည်းဘာလုပ်လို့လုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။
(ဟိုအမ(၁)ယောက်က အခုအိမ်မှာ မရှိဘူးလေ၊အဲဒါ၊သူတို့က ဝင်စစ်လို့ အိပ်ယာတွေ့ရင် ပြဿနာရှာတော့မှာပေါ့)
ဒါနဲ့ပဲ (၂)ယောက်လို့ ပြောလိုက်တယ်။:P ပြီးတော့ ကျမတို့က မိန်းကလေးတွေချည်းပဲ နေတာဆိုတော့​အိမ်ထဲတော့အဝင်မခံနိုင်ဘူး။
ရှင်တို့ စစ်ချင်တယ်ဆိုရင် ဒီအိမ်ပေါက်ဝမှာပဲစစ်လို့ရမလားလို့ မေးလိုက်တယ်။
သူတို့ကလည်း ရရတော့မှာပေါ့လို့ ပြောပါတယ်။(ဟုတ်တယ်လေ၊ကျမတို့က ဘာပြစ်မှု ကျူးလွန်ထားတာမှမဟုတ်တာ။သူတို့ဝင်ချင်တိုင်းဝင်ခွင့်မပေးနိုင်ပေါင်)
အဲ့ဒါနဲ့ ထုံးစံအတိုင်း ရှိသမျှId card တွေကို ပြရတော့တာပေါ့။ပြီးတော့၊ဟိုအမကိုလည်း ရှာရသေးတယ်။
(သူကကျမကို တာဝန်လွဲပေးပြီး ကတည်းက အိမ်ထဲဝင်သွားတာလေ။)
အိမ်ထဲရောက်တော့၊သူက အလုပ်သွားဖို့တောင် ပြင်ဆင်ပြီးနေပြီ။ဪ၊တော်တော် အားကိုးရတဲ့ အမပါပဲ:P
ကျမလည်း အမ၊ Id card သွားပြလိုက်အုန်းဆိုမှ အင်း၊အင်းဆိုပြီး သွားပြပါတော့တယ်။
ဒါတောင် နင်လိုက်ခဲ့ဆိုလို့ လိုက်ပြီး ဘာသာပြန်လိုက်လုပ်ပေးရသေးတယ်။
 ကျမကော၊အမကောရဲ့ ရှိသမျှ Id card တွေကိုစစ်ပြီးတော့မှပဲ ကိုရွှေရဲများလည်း ရစ်လို့မရ၊ဖမ်းလို့မရတာနဲ့ တပ်ခေါက်ပြန်သွားပါလေရဲ့။
 အဲ့ဒိ့နေ့က တကာဒါနိုဘာဘာ高田馬場မှာရှိတဲ့ Overstay တွေရှိတဲ့အိမ်တော်တော်များများကို လာစစ်သွားကြောင်း၊
Visa မရှိတဲ့လူတော်တော်များများလည်း အဖမ်းခံလိုက်ရကြောင်း ညကြတော့ သူငယ်ချင်းဆီက ဖုန်းလာလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
(မဆင်မခြင် တံခါးမဖွင့်ရေးတရား)ကိုလည်း ဟိုအမကို ဟောခဲ့ရပါတယ်။:P :D


ကျမနှင့် ဂျပန်ရဲ (အပိုင်း ၃)

မကြာမှီ လာမည် မျှော်

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မြရွက်ဝေ said...

ဖြစ်ရလေ။ အမကတော့ နှစ်ခါလား အစစ်ခံရတယ်။ တစ်ခါက ရဲစခန်းရှေ့ စက်ဘီးတစ်စီး ၂ယောက်စီးပြီးဖြတ်မိတုန်းကရယ် (၂ယောက်စီးလို့မရမှန်းမှ မသိတာလေ:D)၊ ကာမာကူရာဘုရားသွားတုန်းက ဘူတာမှာရယ်လေ။ ကိုယ်က တရားဝင်နေတဲ့သူဆိုရင်တော့ ခပ်တည်တည်ပြန်ဟောက်လို့ ရတာပေါ့။ တာကရနိုဘဘက မြန်မာတွေ အများကြီးနေလို့ ဝင်စစ်တာထင်တယ်။ အမတို့နေတာ မြို့လည်နဲ့ ဝေးလို့ဖြစ်မယ်၊ တခါမှ မလာဘူး။

Welcome said...

ဂျပန်မလေး

အိပ်ပုတ်ကြီးကြောင်း သိရတဲ့အတွက်
×××××××××××××
overstay ဖြစ်လို့ ဖမ်းခံရရင် ဘာလုပ်လဲ
အပြစ်ပေးပြီး မြန်မာပြည်ပြန်ပို့လား
ဂျပန်မလေးရော သတိထားအုန်း

megumi said...

ကျောင်းရှိရင် မနက်(6)နာရီ လောက်ထရတာကို မသိတဲ့ ကိုဝင်းဇော်ကြီး က လူကို အိပ်ပုတ်တဲ့၊ဟင့်ဟင့်

ဇနိ said...

ရဲနဲ့တွေ့တဲ့အကြောင်း ဗဟုသုတ ဖတ်သွားပါတယ်။ တခါမှတော့ မတွေ့ဖူးသေးဘူး။ နောက်ဆို လမ်းသွားရင် မုန့်မစားတော့ဘူး။ မဇနိကတော့ ဗိုက်ဆာရင် စားမိတာပဲ။ သူငယ်ချင်းဆိုလည်း ရဲက ခဏခဏလာစစ်ခံရတယ်တဲ့။ သူက တရုတ်နဲ့တူနေလို့လားမသိဘူးပြောတယ်။ တကယ်က မဇနိဆို မြန်မာရုပ်အစစ်ကြီး။ :P

Taungoo said...

အမမီ
ဂျပန်အကြောင်း ဆက်ရေးပါဗျာ
စိတ်ဝင်တစားကို ဖတ်နေပါတယ်
စာမူခကိုတော့ ဝက်ဝံနှစ်ကောင်ဆီ ပေးခဲ့ပါတယ်

(အမမီရဲ့ စာမျက်နှာက စာလုံးအရောင်ကို နည်းနည်းများ ရင့်ပေးနိုင်မလားခင်ဗျာ၊ “pink for girl" ဆိုတာကို နားလည်ပါတယ်ဗျာ ဒါပေမယ် ဖျော့နေတော့ ဖတ်ရတာ အားစိုက်ရလို့ပါ)

မေတ္တာဖြင့်

 

Design By:
SkinCorner