Sunday, July 13, 2008

ရက်စက်ပါပေ့ ဂျပန်နွေရာသီရယ်

ဂျပန်၊ဂျပန် ၊
မလာခင်တုံးကတော့ အရမ်းကို အေးတဲ့နိုင်ငံကြီးလို့ ထင်ခဲ့တာပေါ့။
ဒီရောက်မှပဲ သိတော့တယ်။ဘယ်လောက်အေးလည်းဆိုတာကို။
ဆောင်း(冬)(December,January,February,)နဲ့ဆောင်းဦး(秋)(September,October,November)ကတော့ တော်တော်လေးကို အေးပါတယ်။
နွေဦး(春)(March,April,May)ထိကို နည်းနည်း အေးသေးတယ်။
ဒါပေမယ့် နွေရာသီ(夏)(June,July,August)ကတော့ ဘယ်လိုမှ သည်းမခံနိုင်လောက်အောင်ကို ပူပါတယ်။မြန်မာနိုင်ငံကမှ ကိုယ်တသက်လုံးနေခဲ့တဲ့ နေခဲ့တဲ့နိုင်ငံဆိုတော့ ပူပေမယ့် အဲ့ဒီအပူကို သည်းခံနိုင်ပါသေးတယ်။ဒီဂျပန်က ပူတာကြီးကြတော့ ပူစပ်ပူလောင်ကြီးနဲ့ ဘယ်လိုမှမနေနိုင်အောင်ပါပဲ။

ကဲ၊ပူမပူ ဒီနေ့(13.7.2008)ရဲ့ အပူဆုံးဒီဂရီတွေကို www.msn.co.jp ကနေ သွားကြည့်လိုက်တာ မြင်တော်မူကြတဲ့အတိုင်းပါပဲရှင်။
တိုကျို (Tokyo)33'C
ယိုကိုဟားမား(Yokohama)32'C
ဟော့ကိုင်းဒိုး(Hokkaidou)27'C
အိုကီနာဝါ(Okinawa)33'C
အိုစကာ(Oosaka)34'C
နာဂိုယာ (Nagoya)33'C
နစ်ကိုး(Nikko)30'C

မြန်မာနိုင်ငံမှာတောင်
ရန်ကုန်က28'C ၊ မန္တလေးက34'C ပဲရှိတဲ့ဟာကို
ရက်စက်ပါပေ့ ဂျပန်နွေရာသီရယ်

(စိတ်ညစ်ရပါလား ဂျပန်နွေရာသီရယ်)လို့ အော်ပစ်လိုက်ချင်တယ်။ :c :c

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဂျပန်မလေးရေ..မာကလာပင် မင်္ဂလာပါခင်ဗျာ..ပူတယ်ဆို JAPAN မှာဟုတ်မှာပါ..အမိမြေရဲ့ အပူဒဏ်ကတော့ ခံနိုင်တာပေါ့လေ..ဒီဂျပန်က ပူတာကြီးကြတော့ ပူစပ်ပူလောင်ကြီးနဲ့
ဆိုတော့ မှန်တာပေါဗျာ...ဒီမှာလည်း အရမ်းအေးတယ်ဗျ..အေးရင်တော့ ယမကာလေးနဲ့ ဆိုပူသွားကောဗျ..ပူတယ်ဆိုရင်တော Aircon ဆိုတဲ့ ယာကြီးမရှိတော့ ယောင်တပ်...ယပ်တောင်လေးနဲ့  နှစ်သိမ့်နေရတာပေါ့ဗျာ...

စိုင်းစိုင်းလားရှိုး said...

ဝူတယ်... ၀ူတယ်....
ဂျပန်မလေးရယ်.....

ဇနိ said...

ပူလိုက်တာ စိတ်တောင်ညစ်တယ်။ အေးတုန်းကလည်း heater ဖွင့်ရတာ ပိုက်ဆံကုန်တယ်။ အခုတော့လည်း ဘယ်လိုနေရမှန်းကို မသိတာ။ စိုထိုင်းထိုင်းကြီးပူတာလား မသိနော်။
မဇနိ

တားမြစ် ထားသော... said...

ဟား..ဟား။ အဲဒါ နွေရာသီမဟုတ်။ လူပျိုရာသီခေါ်သဗျ။ အပျိုလေးတွေကို ငမ်းလို့ကောင်းတဲ့ ရာသီကိုး။
(:D) just kidding!

မြရွက်ဝေ said...

ဒီနေ့ အပြင်သွားရတာ ပူလိုက်တာ တော်တော်ဆိုး။ ကိုယ့်နိုင်ငံမှာ ပူတာနဲ့မတူဘူးနော်။ ရေငွေ့တွေများပြီး အရိပ်ထဲမှာနေနေရင်တောင် ပူတာ။ ပေါင်းအိုးထဲရောက်နေသလားမှတ်ရတယ်။ အိုက်ပြုတ်ပြုတ်ကြီးဂျ!:(

 

Design By:
SkinCorner