Sunday, July 6, 2008

ကျမ နှင့် ဂျပန်ရဲ

ဒီနေ့ မနက်ခင်းကပေါ့ ၊အိပ်ရာထတာကလည်း နောက်ကျ ၊
အလုပ်ချိန်ကလည်း နီးနေပြီ ၊ဘာမှလည်း မစားရသေးဘူးဆိုတော့ဗိုက်ကလည်းဆာ ။
အဲဒါနဲ့ ပဲတွေဘာတွေမများနိုင်တော့ဘဲ လမ်းသွားရင်း မုန့် စားတော့တာပေါ့ ၊

ဘူတာကိုရောက်ခါနီးထိတော့အေးဆေးပဲ ၊ဘယ်သူမှလည်းကြည့်မဲ့သူမရှိ ကိုယ့်လမ်းကိုသွားနေကြတာဆိုတော့ အဲ ပြဿနာက ဘူတာအ၀င်ဝ
လက်မှတ်ဖြတ်တဲ့ နေရာရောက်တော့ စတာပဲ၊


ဒီလိုလေ ရထားကဒ်ကို ထိပြီးပြီးခြင်း ၊


ဘူတာထဲလည်းရောက်ရော



လူသုံးယောက်က ၀ိုင်းလာပြီးတော့ ၊ဘယ်မှပြေးလို့ မရအောင် ( ဂ )ပုံစံနဲ့ ဝိုင်းထားတာပေါ့ ၊
ပြီးတော့ ရဲကဒ်ကို ထုတ်ပြတယ်။ (အ၀တ်အစားကတော့ အရပ်ဝတ် အရပ်စားပဲလေ ) သူတိုက လူရှာနေပါတယ်တဲ့ kawasaki ဆိုတဲ့ကောင်မလေး ပျောက်သွားလို့  သူ့ အိမ်ကတိုင်ထားလို့ ပါတဲ့ဆိုပြီး ကျမကိုမေးပါတယ် ၊ကျမကလည်း မဟုတ်ဘူးလို့ ဂျပန်လိုပြန်ပြောတော့ ....အော်!!!!!!!တဲ့၊
ဒါဆိုနင်ကဘယ်သူလဲတဲ့ ၊နင့် ID ကဒ်ပြပါတဲ့ ၊ဘာဆိုင်လို့ လဲလို့ ကျမကမေးလိုက်တာပေါ့ ၊၊အခု
ရှင်တို့ ရှာနေတာ ကျမမဟုတ်ရင် ကျမသွားတော့မယ်လို့ လည်းဆိုရော ၊နင်က ဂျပန်မဟုတ်ဘူးတဲ့ နင့် ID ကဒ်ပြစမ်းဆိုပြီးပြောပါတော့တယ် ၊(အခုနက လေသံနဲ့ တခြားစီပဲ သိလား၊) ကျမကလည်း အလုပ်ကနောက်ကျ ၊ဗိုက်ကလည်းဆာ အစတည်းက စိတ်တို ရတဲ့အထဲ လာပြီး မေးလားမြန်းလားလုပ်တော့ ပိုပြီးစိတ်ကတိုလာတာပေါ့ ဒါနဲ့ အမြင်ကတ်ကတ်နဲ့  ရှင်ကဘာ ID ကဒ်လိုချင်တာလဲလို့  ကျောင်းသားကဒ်လား(学生証) ၊နိုင်ငံခြားသားကဒ်လား (外国人登録証明書)ဒါမှမဟုတ် ကျန်းမာရေးကဒ်(国民健康保険証)ကို ကြည့်ချင်တာလားလို့ မေးလိုက်တယ် ၊ပြီးတော့ အချိန်မရှိဘူး၊ ကျမမှာဗီဇာ အစစ်ရှိရင် ရှင်တို့ ဘာလုပ်ပေးမလဲလို့ ပြောလိုက်တာပေါ့ ၊ အဲဒါဆို တောင်းပန်ပါ့မယ်တဲ့ ၊အိုကေ!!!
ဒါဆိုမြန်မြန်စစ်လို့ ပြောလိုက်ပါတယ်၊နိုင်ငံခြားသားကဒ်က ၂ နှစ်မှ ၁ ခါ သက်တမ်းတိုးရတာဆိုတော့ ဓာတ်ပုံပါတဲ့ မျက်နှာစာက ဗီဇာက မရှိတော့ပါဘူး၊ အဲဒါနဲ့ ကျမကနောက်ကို ကြည့်ပါဦးလို့ ပြောလိုက်မှ အော်.....ဆိုပြီး ဖြစ်သွားတော့တယ်။ (နောက်မှာက သက်တမ်းတိုးထားတာ ၂ နှစ်ရှိသေးတယ်လေ၊ :) :P )(ကဲ ရှင်ကြီး ဘာတတ်နိုင်သေးလည်းပေါ့) သူတို့ ကသေသေချာချာစစ်ပြီးတော့ ကျမကို တောင်းပန်ပါတယ်၊ရပါပြီတဲ့ နင့်ရဲ့ အချိန်တွေကို ကုန်စေတဲ့အတွက် တောင်းပန်ပါတယ်တဲ့၊ယဉ်ယဉ်ကျေးကျေးကိုပြောတာ (ခုနနဲ့ များကွာပါ့ ) ၊
  သူတို့ နဲ့ ၅မိနစ်လောက် ပြောလိုက်ဆိုလိုက်ရတာ ရထား(၁)စီးလွတ်သွားပါတော့တယ်၊ ကျမနေတဲ့မြို့ ကရထားက ၁၀ မိနစ်နေမှ (၁)စီးလာတာဆိုမှပဲ ၊စောင့်ပေအုန်းပေါ့။အဲဒါနဲ့ ပဲ အသည်းအသန် ဖုန်းဆက်ရတော့တာပေါ့ (အလုပ်ကိုလေ) ဒီလို ဒီလိုပဲ ငါနောက်ကျမယ်ပေါ့ လည်းဆိုတော့ ဟိုကလည်း မြန်မြန်လာ လူမရှိဘူးတဲ့ ၊ အော်..ဟုတ်ကဲ့ ဟုတ်ကဲ့ပါပေါ့ ၊ပြေးလိုက်ရတာ မောမှမော။
တော်ပါပြီ။နောက်ဆိုရင်တော့ လမ်းသွားရင်း မုန့် မစားရဲတော့ပါဘူး။ ဂျပန်မှာက လမ်းသွားရင်း
မုန့့်စားတာမရှိသလောက်ကို နည်းတာ ၊ မိန်းကလေးဆို ပိုဆိုးပေါ့(လုံးဝမစားသလောက်ပဲ)၊ကျမက လမ်းသွားရင်း မုန့်စားလို့ အထူးအဆန်း ဖြစ်ပြီး စစ်တာလေ။တော်ပါသေးရဲ့ ဗီဇာရှိလို့ မဟုတ်ရင်တော့ (Shinagawa  品川နေထိုင်ခွင့်ကျော်တဲ့သူတွေကို ဖမ်းထားတဲ့နေရာ)ကို ရောက်နေလောက်ပြီ။ :P :D :)


သူပေါ့။လူဆိုးကြီး။
သူမသိအောင် ချောင်းရိုက်ထားတာ။Zoom ဆွဲပြီးတော့​:P :D


ကျမနှင့် ဂျပန်ရဲ အပိုင်း ၂ ၊ အပိုင်း ၃

မကြာမှီ လာမည် မျှော်



8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

RePublic said...

မ MEgumi ဆီ ဂျပန်စာလာတက်ချင်လို့ .. :P
အဲဒါ အဲဒါ....

ကိုသူ said...

ဖြစ်တတ်ပါတယ်ဗျာ..အမှတ်တရတွေပေါ့နော်..ကျွန်တော်လည်းကြုံဖူးတယ်ဗျ..ဘာတွေလာပြောနေမှန်းကို မသိတာလေ..ဘာလို့ဆိုတော့ သူတို့စကားကို ကျွန်တော်မှမတတ်တာလေ... :P

Synchro 305 ~ said...

း)
ဘာပဲဖြစ်ဖြစ်တစ်ခုခုဆိုမကြောက်တတ်တဲ့စိတ်ကိုပဲလေးစားတယ်။
များသောအားဖြင့်တော့ကျွန်တော်တို့ မြန်မာတွေဆို
အထင်သေးချင်ကြတယ်ဗျာ။
ကျွန်တော်တော့အဲ့လိုကြုံရင်ဘယ်တော့မှအောက်ကျမခံဘူး
ယဉ်ကျေးတဲ့နည်းနဲ့ တော့ပြန်အုပ်တာပဲ။
လေးစားပါတယ်ဗျာ။

Freshup said...

ဂလောက် ဓါတ်ပုံတွေရိုက်နေရင် တော်ကြာ စပိုင်ဆိုပြီး အစစ်ခံနေရပါဦးမယ်.. :P

Welcome said...

ဂျပန်မလေး...

အစားမတော်တစ်လုတ်၊
အသွားမတော်တစ်လှမ်းတဲ့ သတိထားမှပေါ့၊
ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဆိုတဲ့ စကားအတိုင်း သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုကို လေးစားရမှာပေါ့နော်၊ ဒါပေမယ့် နောက်ဆို သတိထားပါလို့ ပြောချင်ပါတယ်။
အပိုင်း(၂)ကိုစောင့်မျှော်နေပါတယ်...
နိုင်ငံခြားဖြစ်ရပ်မှန်တွေ စိတ်ဝင်စားတယ်..

ဝင်းဇော်

MelodyMon said...

လမ်းလျှောက်ရင်းနဲ့ဓါတ်ပုံတွေလိုက်ရိုက်နေတာလားဟင်။ လက်မှတ်ပေါက်မှာဓါတ်ပုံရိုက်တော့ နောက်မှာလူတွေတန်းမစီနေဘူးလား။

May Moe said...

ဟီး ဒီမှာတော့ မုန့်စားရင်း ပြေးနေတာပဲ။ ဒါပေမဲ့ ဘူတာထဲမှာ တော့စားလို့မရဘူး ။ ဆက်ရန်ကို စောင့်နေမယ်နော် :D

wynn.sun said...

မတော်တဆများ ဂျပန်ရောက်ခဲ့ရင်တော့ သတိထားရတော့မှာပေါ့.. လမ်းသွားရင်း မုန့် မစားမိဖို့ ကို.. :)

 

Design By:
SkinCorner