အမေးကမ္ဘာ ဖြေစရာ(၉)
12 Jul 08, 13:14
lknt: ကမာခူရ ဘုရားကြီး ပင့်သွားပါသည်၊ ဂျပန်ရောက်နေသူက ဘုရားသမိုင်းကို အမှန်ရှာဖွေပြီး တင်ပေးလျှင် ကောင်းပါသည်။ ရှာပြီးတင်ပြပေးပါ။ကမခုရဘုရားသမိုင်း
အဲ့ဒီမှာ ဖတ်ကြည့်ပါရှင်။ကျမက အဲ့ဒီလောက် ဂျပန်စကားကို မကျွမ်းကျင်တဲ့ အတွက် ဘုရားသမိုင်းကို တိတိကျကျတော့ ဘာသာမပြန်ပေးနိုင်ပါရှင်။
အကြမ်းမျဉ်းအားဖြင့် သက္ကရာဇ်(1238) နှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး သစ်သားနဲ့ ဆောက်လုပ်ခဲ့တာ ငါးနှစ်အကြာမှာ ပြီးစီးသွားခဲ့ကြောင်း၊အခုအခါမှာတော့ သံနဲ့ ပြန်လည် တည်ထားကိုးကွယ်ထားပါကြောင်း၊ဉာဏ်တော်ကတော့ (11)မီတာရှိပြီး၊အလေးချိန်က (121)တန်ရှိပါသတဲ့။ဂျပန်နိုင်ငံရဲ့ တတိယမြောက်ဆင်းတုတော်(日本三大大仏)လို့လည်း ပြောကြပါတယ်။
Linkက English လို ပြောင်းလို့ရပါသည်။ ကျမကတော့ အဲ့ဒီလောက် English စကားမတတ်ပါသောကြောင့် ဂျပန်လို ဖတ်ခဲ့တာ ဖြစ်ပါသဖြင့် အမှားပါခဲ့လျှင် ခွင့်လွှတ်ကြပါရန်။
3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂျပန်မလေးရေ...
ဘုရားသမိုင်း ဒီထက် ပြည့်ပြည့်စုံစုံသိရရင် ကောင်းမှာပဲနော်၊ အခုက သမိုင်း အကျဉ်းချုပ် လေး သိရလည်း အဆိုးထဲက အကောင်းပါပဲ။
နောက်ပြီး ဂျပန်မှာ ရွှေတိဂုံဘုရားပုစံတူ စေတီရှိတယ်လို့ ကြားဖူးတယ်၊ အဲဒီပုံတော်တွေလဲ ရရင် မျှဝေပေးပါအုန်း၊
ကြည်ညိုရတာပေါ့
ခင်မင်လျက်
ဝင်းဇော်
Post a Comment