長野県(NAGANO KEN)သို့ အလည်တခေါက်(4)
ထမင်းစားပြီးနောက် ၊ကားက 霧ケ峰高原(KIYIGAMINEကုန်းပြေမြင့်)ဆီသို့ ဦးတည်ပြီး ထွက်ခွါလာခဲ့တာပေါ့။မျက်နှာချင်းဆိုင်မှာတော့ ကားတန်းကြီး။
ဒီလမ်းလေးအတိုင်းပေါ့ ။

ဒီလမ်းလေးအတိုင်းပေါ့ ။

霧ケ峰高原(KIYIGAMINEကုန်းပြေမြင့်)ဆီမရောက်ခင် လမ်းမှာခဏနားပါတယ်။(ကျန်းမာရေးအတွက်လေ။ :) )မူလတန်းကလေးတွေ တူညီဝတ်စုံလေးတွေနဲ့ လေ့လာရေးခရီးထွက်လာတာတောင် တွေ့လိုက်ပါသေးတယ်။

ဒါကတော့၊ရုပ်ရှင်ရုံလို့ မထင်လိုက်ပါနဲ့။ :) အမျိုးသမီးအိမ်သာပါတဲ့ရှင်။သိပ် တန်းမစီနေဘူးနော်။

အခု ဘယ်အိမ်သာ လွတ်နေပါတယ်ဆိုတာကို ပြထားတာပါ။အားလုံးပေါင်း အိမ်သာ(60)လုံးလောက်ရှိပေမယ့် မီးနီလေးတွေပြနေတဲ့ အမှတ်အသားက အိမ်သာထဲမှာလူရှိပါတယ်တဲ့။

ဒါကတော့ လမ်းခရီးမှာ တွေ့ရတဲ့ 白樺木(SHIRAKABAKI)ပါ။ပင်စည်က ထူးဆန်းစွာနဲ့ အဖြူရောင် ဖြစ်နေပါတယ်။(ထုံးသုတ်ထားတာ မဟုတ်ပါ။)

ဒါကတော့白樺湖လို့ခေါ်ပါတယ်။白樺木ပင်ကို အစွဲပြုပြီး SHIRAKABAကန်လို့ခေါ်ကြတာပါ။ကားပေါ်ကနေ လှန်းရိုက်ထားတာ ဖြစ်လို့ သေသေချာချာတော့ မမြင်ရပေမယ့် တော်တော်လေး လှတယ်လို့ ထင်ပါတယ်။

ပန်းသီးပင်လေးပါတဲ့။မမှည့်သေးလို့ အစိမ်းရောင်ဖြစ်နေတာပါ။မှည့်သွားရင်တော့ ပန်းသီးနီနီလေးပေါ့။


霧ケ峰高原(KIYIGAMINEကုန်းပြေမြင့်)ကို ရောက်ပါပြီရှင်။ကားရပ်လိုက်တာက လက်ဆောင်ပစ္စည်းရောင်းတဲ့နေရာပါ။

ဒီ(ニッコウキスゲ)NIKKOUKISUGE ပန်းလေးတွေကို ကြည့်ဖို့ (5)နာရီလောက် ကားစီးခဲ့ရတာပေါ့။အဲ့ဒီ 霧ケ峰高原(KIYIGAMINEကုန်းပြေမြင့်)ပေါ်မှာ လမ်းလျှောက်ရင်းနဲ့ (ニッコウキスゲ)NIKKOUKISUGEပန်းအလှကို ခံစားနေတဲ့ လူတွေလည်း အများကြီးတွေ့ခဲ့ပါတယ်။

霧ケ峰高原(KIYIGAMINEကုန်းပြေမြင့်)ပေါ်မှာ အိမ်လေးတောင် တွေ့ခဲ့သေး။

車山高原(KURUMAYAMA ကုန်းပြေမြင့်)မှာရှိတဲ့ လက်ဆောင်ပစ္စည်းရောင်းတဲ့နေရာပါ။မိနစ်(20)ပဲ ပေးလို့ ဘာမှတောင် သိပ်မရိုက်ခဲ့ရပါ။

ホタテ申州煮(SCALLOP ပြုတ်ပါ။)

ကွတ်ကီးလေးတွေ စားချင်လိုက်တာ။

ဒီနေရာက CHEESE CAKE က နာမည်ကြီးပါတဲ့။

အရသာစုံCHEESE လေးတွေ

CHEESE CAKE လုပ်ရာတွင် အသုံးပြုသော ကိရိယာများ

(1)ယောက်ထဲ နဲ့ CHEESE CAKE အများကြီးကို တပြိုင်တည်း လုပ်နေလေရဲ့။

လည်စရာတွေ ကုန်သွားပြီဆိုတော့ အိမ်ပြန်ချိန်ကိုရောက်ပြီပေါ့။
ကြည့်ကြပါအုန်း အရပ်ကတို့ရေ။အဝေးပြေးလမ်းပေါ်မှာ ဒီလိုမျိုး ကားတွေ ပိတ်နေပါတယ်ရှင်။သူတို့
(ခရီးသွားကုမ္မဏီ)ပြောတုန်းက (9)နာရီလောက် SHINJUKU(新宿)ကို ပြန်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားတာ အခုတော့ လိုဏ်ခေါင်းထဲမှာတင် ကားတွေတန်းစီနေလို့ (တကယ်တော့ မရွေ့ကိုမရွေ့တော့တာပါ။)(2)နာရီလောက် သွားရမယ့်ခရီးကို (4:30)လောက် သွားလိုက်ရပါတော့တယ်။

SHINJUKU(新宿)ကိုရောက်တော့ (11:40)ရှိနေပြီ။အဲ့ဒီကနေ ကျမအိမ်ကို ရထားစီးပြီးပြန်လာတာ ည(1:15)နာရီမှပဲ အိမ်ရောက်ပါတော့တယ်။
9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂျပန်ကလမ်းလေးတွေက ကျဉ်းတယ်နော်၊ဒါပေမယ့် တော်တော်ကိုလှတယ်နော်၊ကျွန်တော်တောင်ပေါ်ရှုခင်တွေကို
အရမ်းကြိုက်တာဗျ။စိတ်လွတ်ကိုယ်လွတ်နဲ့  လေကောင်းလေသန့် ရတယ်လေ၊ ဘ၀ရဲ့ အမောတွေကို ခဏတာပြေပျောက်စေတယ်နော်။CHEESE CAKE ကိုတော့ကြိုက်တယ်၊ ကျွန်တော့်ကို နောက်တစ်ခေါက်သွားရင်
cake လေးဝယ်လာနော်....
ဓာတ်ပုံတွေကြည့်ရတာ သဘောကျတယ်...
လူကိုယ်တိုင် မရောက်ဖူးပေမယ့် ဓာတ်ပုံတွေထဲရောက်ဖူးတာပေါ့
တွေ့ရ မြင်ရ ထူးဆန်းပါ့
မရောက်ဖူးရာ ခေါ်သွားတာ
မယ်ကုမိရဲ့ ကျေးဇူးပါ
စားစရာတွေ အကုန်လုံး
မယ်ကုမိ ကျွေးတာ အကုန်သုံး....
သုံးဆောင်ပါရှင် ... အဲ ဗျာ.....
အင်းဒို့ လည်းရောက်ဖူးသွားတာပေါ့ ဂျပန်ကို
ဓါတ်ပုံတွေကြည့်ပြီး
:)
ကိုယ်ကိုယ်တိုင် မရောက်ဖူးသော်လည်း
ညီမလေးရဲ့ကြိုးစားမှုကြောင့် ဂျပန်ရဲ့
တစိတ်တဒေသကို ကြည့်ခွင့် သိခွင့်ရတဲ့အတွက်
ညီမလေးကို အစ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
နောက်ဒီထက် တိုးတက်အောင်မြင်သော သူတစ်ယောက်
ဖြစ်ပါစေလို့ဆုတောင်ပေးပါတယ်
ထာဝရငြိမ်းအေးပါစေ...
ဟေး...ဂျပန်ပြည်သို့အလည်တစ်ခေါက်ရောက်ဖူးခြင်း..ဟိ
ဓာတ်ပုံထဲမှာပြောတာပါ။ကားတွေများလိုက်တာနော်..
ဝေလေးဆိုရင်တော့စောင့်ရတာစိတ်ရှည်မှာမဟုတ်ဘူး
ကိတ်မုန့်စားချင်တယ်.. ဝယ်ကျွေး.. :P
ခရီးတခါထွက်ရင် ဓာတ်ပုံငါးရာကျော်တာ ရုံပြီညီမရေ :D
ဂျပန်မလေး
ခရီးသွားဝါသနာပါတာမို့
မျှဝေပေးတာဝမ်းသာတယ်
ေ၀၂ဆာ၂တင်ထားတဲ့ဓာတ်ပုံတွေကြောင့်
ကိုယ်တိုင်ခရီးသွားနေရသလို ခံစားမိပါတယ်။
ခရီးသွားဖို့ အခွင့်ရေးလဲ ရှိမယ်၊ ဓာတ်ပုံရိုက်တာလဲ ၀ါသနာ ပါရင်ဖြင့် ဒီလို ပို့စ်လှလှလေး ဖြစ်အောင် ရေးသားနိုင်မှာပဲနော်။ လှပတဲ့ ရှုခင်းနဲ့ အတွေ့အကြုံအတွက် အစ်မကို ကျေးဇူးတင်တယ်
Post a Comment