長野県(NAGANO KEN)သို့ အလည်တခေါက်(2)
အဲဒါနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် ကားထိုင်ခုံမှာ တင်းတင်းကျပ်ကျပ် ကားခါးပတ်ကြီး ပတ်ပြီး ခရီးထွက်ခဲ့ရတာပေါ့။
ကျမက ပြတင်းပေါက်ဘေးက ထိုင်ခုံမှာ ထိုင်တာဆိုတော့ ရှုခင်းတော့ ကောင်းကောင်းငေးလို့ ရတယ်သိလား။ဪ၊မေ့နေလို့။ကျမက တယောက်တည်း ခရီးသွားတာ မဟုတ်ဘူးရှင့်။အဖော်နဲ့.........................(အသိမမကြီးကိုပြောတာပါ။) :P ကားက တဖြေးဖြေးနဲ့ အဝေးပြေးလမ်းမကြီး(高速道路)ကို ရောက်လာတော့ ကားသွားနှုန်းက အရမ်းမြန်လာတယ်။(စကားမစပ်:အဝေးပြေးလမ်းမက မြို့တွေရဲ့ အပေါ်မှာ တံတားဆောက်ပြီး လုပ်ထားတာ များပါတယ်။တံတားအောက်မှာ မြို့က ရှိနေတဲ့ သဘောပေါ့။)
ဒီတော့ အဝေးပြေးလမ်းမပေါ်က မြင်ရတဲ့ ရှုခင်းက အပေါ်စီးက ဖြစ်နေပြီးတော့ အရမ်းလှတာပဲ။
ဟိုငေးဒီငေးနဲ့ စီးလာလိုက်တာ၊(2)နာရီလောက် ရှိလာပြီ၊သွားချင်တဲ့ နေရာက မရောက်သေး။
ဒီကြားထဲ အဝေးပြေးလမ်းမက ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီးတော့ (2)နာရီသွားရမယ့်အချိန်က
(3)နာရီလောက်ဖြစ်သွားတာနဲ့ ထမင်းစားချိန်ရောက်သွားပါတော့တယ်။
ဒါနဲ့ ဘဲ ဘယ်မှမသွားနိုင်ပဲနဲ့ ဒီနေရာ(おぎの屋)(Oginoya)မှာ


ထမင်းက 鶏そぼろ煮ご飯(釜めし類)လို့ခေါ်ပါတယ်။ထမင်းရော ကြက်သားကို နှုတ်နှုတ်စင်းထားတာကို ရောပြီး ပေါင်းထားတဲ့ထမင်းပါ။
ခေါက်ဆွဲလိုမျိုး မြင်ရတာကတော့ 信州(Shin syuu)ဒေသရဲ့ そば(Soba)လို့ခေါ်တဲ့ ခေါက်ဆွဲအမျိုးအစား(1)မျိုးပါ။
အလည်က အကန့်လေး(2)ခုကတော့ တို့စရာ သဘောမျိုးပါ။漬物(Tsuke mono)လို့ ခေါ်ပါတယ်။
ပန်းရောင်ပန်းကန်လေးထဲက ငါးကိုအကြော်မှုန့်နဲ့ ကြော်ထားတာပါ။
အဲ့ဒီဘေးက ပန်းကန်ထဲက အဖြူရောင်လေးကトロロ(Tororo) လို့ခေါ်ပါတယ်။ဘေးကဟာလေးက ခရမ်းသီးပြုတ်(ナス)ပါ။
ရေနွေးချမ်းလေး(お茶)လည်း ပါသေးတယ်။
ကျမက ဂျပန်စာမကြိုက်တော့ အဲ့ဒီဟင်းတွေကြည့်ပြီး ငိုတောင် ငိုချင်သွားတယ်။
တခြား စားစရာကလည်းမရှိတော့ မစားချင်ပေမယ့်လည်း စားရတာပေါ့နော်။စစချင်း ထမင်းကိုစားကြည့်တော့ ထမင်းက ပေါ့ရွှတ်ရွှတ်ကြီး၊ဘာအရသာမှ မရှိ။(အဲ့ဒါတောင်မှ၊နာမည်ကြီးလွန်းလို့ တကူးတက လာစားတဲ့လူတွေ အများကြီး)တခြားဟာတွေကလည်း မစားနိုင်ဆိုတော့ နောက်ဆုံးမှာ 信州そば(Shin syuu Soba)လေးကို ရေနွေးနဲ့ မြောချလိုက်ရတာပေါ့။ငါးကြော်လေးပါလို့ တော်ပါသေးရဲ့။ :P
6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂလု .. ..
ဂျပန်မလေးကသာမကြိုက်တာ
ရောက်စုံလေးတွေနဲ့ဆိုတော့
စားချင်စရာလေးပါပဲ
အရသာတော့ဘယ်လိုနေတယ်မသိဘူး။
ခုလို မျှဝေပေးတာ ကျေးဇူးပါ။
အခု လမ်းပေါ်မှာပဲ ရှိသေးတာပေါ့နော်
တတိယပိုင်းကို မျှော်နေပါတယ်
ခင်မင်လျက်
ခရီးသွား စာလေးတွေဖတ်ရတာ စိတ်ဝင်စားတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာကို ရောက်ဖူးသွားသလိုပေါ့။ ပတ်ဝန်းကျင်ကို ရိုက်လာတဲ့ဓါတ်ပုံလေးတွေရှိရင် နောက်ထပ်တင်ရင် ထည့်ပါအုံး။
အခုလို အတွေ့ အကြုံလေးတွေကို ဝေမျှခံစားပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော်လည်း မရောက်ဖူးတဲ့ နေရာတွေ အကြောင်းကို ဖတ်ရတာ စိတ်ဝင်စားပါတယ်။ နောက်ပီး အခုလို မြန်မာဘာသာနဲ့ ရေးထားတော့ ပိုပီးဖတ်လို့ကောင်းပါတယ်။ Internet ကနေ ခရီးသွား အကြောင်းတွေကို ရှာဖတ်လို့ပေမယ့် အခုလို မြန်မာတစ်ယောက်သွားခဲ့တဲ့ ခရီးကို မြန်မာဘာသာနဲ့ ဓာတ်ပုံတွေစုံစုံလင်လင်နဲ့ ဖတ်ရတာပိုပြီးတော့ အရသာရှိပါတယ်။
အမမီရေ
ကျွန်တော်ကတော့ တချို့ဂျပန်အစာတွေ ကြိုက်တယ်ဗျ
ဒါပေမယ့် အဆစ်တောင်းလို့မရတော့ စားကောင်းရင်တောင် မဝဘူး
မေတ္တာဖြင့်
မမရေ..
ပုံလေးတွေကိုမြင်ရတာတော့စားချင်စရာနော်..
အရသာမသိတော့ဘယ်လိုနေမယ်မသိ..
ပုံလေးတွေနဲ့ဆိုတော့မိုက်တယ်.. :P
soba ခေါက်ဆွဲ စားချင်တယ်
နှစ်ပွဲ စားမယ်နော်......
Post a Comment