長野県(NAGANO KEN)သို့ အလည်တခေါက်(3)
ထမင်းက ဒုတိယထပ်မှာ စားရတာပါ။ပထမထပ်ကတော့ လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့နေရာပေါ့။
ဝယ်တာက နည်းနည်း ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့တယ်သိလား။
ဒါက၊峠の釜めし(TOUKE NO KAMAMESHIဆိုင်နာမည်)ရဲ့ ဘယ်နှစ်ခုနှစ်မှာ ဘယ်လောက်နဲ့ရောင်းခဲ့တယ်ဆိုတာကို ပြထားတာပါ။おぎの屋(OGINOYA)အရုပ်လေး။
မြင်းအသားလွှာ(馬刺し)ပါ။ဂျပန်တွေ အရမ်းကြိုက်ကြတာပေါ့။ရိုးရိုးငါးအသားလွှာ刺身ထက် မြင်းအသားလွှာ馬刺しက ပိုဈေးကြီးပါတယ်။စားရဲရင်တော့ စားကြည့်ကြနော်။ :Dわさび(WASABI)ကို POTATOCHIPS လုပ်ထားတာပါ။MAYONNAISE-WASABI အရသာလေးပေါ့။
ဂျပန်လက်ဖတ်ခြောက်ပွဲမှာ အသုံးပြုတဲ့ MACHA(抹茶)လက်ဖတ်ခြောက်အကြမ်းပါ။ကျမက မဝယ်ပဲ ဓာတ်ပုံသွားရိုက်နေတုန်း အဲ့ဒီကောင်တာမှာရှိတဲ့ အရောင်းစာရေးမ(2)ယောက်က ကျမကို ကြည့်ပြီး တိုးတိုးတိုးတိုးနဲ့ လုပ်နေတယ်သိလား။ကျမက သူတို့ကို ကြည့်လိုက်တော့ စကားစလာပြောပါတော့တယ်။ဘာလို့ အဲ့ဒါတွေကို ဓာတ်ပုံရိုက်တာလည်းတဲ့။အစက ကျမကို သူတို့က ဂျပန်မလေးလို့ ထင်နေကြတာတဲ့။အဲ့ဒီ လက်ဖတ်ခြောက်အကြမ်းကို ဓာတ်ပုံရိုက်တော့မှ နိုင်ငံခြားသားခရီးသွားဧည့်သည် ထင်သွားပြီး လာစပ်စုတာလေ။(ထူးဆန်းလို့ )ဘယ်သူမှ အဲ့ဒီလက်ဖတ်ခြောက်အကြမ်းကို ဓာတ်ပုံမရိုက်ကြဘူးတဲ့။ကျမကတော့ မမြင်ဘူးရင် အကုန်ရိုက်တာဆိုတော့ ။
ဂျပန်မပုံ အရုပ်လေးကတော့ လက်ဖတ်ခြောက်မှုန့်ထည့်တဲ့ ဘူးလေးပါ။
အဲ့ဒီ ဒေသက စပျစ်သီးအရမ်းထွက်တဲ့ ဒေသလေ။ဒါလေးတွေကတော့ သိကြမယ်ထင်ပါတယ်။ စပျစ်ဝိုင်လေးတွေပါ။အချို၊အခါးရှိပါတယ်တဲ့။သောက်ချင်ရင် အားမနာတမ်း ယူသွားကြပါနော်။ဒါကတော့ ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့လို့ ဆိုင်ရှင်ကို အားနာပြီး ဝယ်လာတဲ့ တခုတည်းသောမုန့်လေးပါ။
ဆိုင်က ထွက်မှပဲ ဆိုင်အမှတ်အသားဆိုင်းဘုတ်ကြီးကို ကြည့်မိတော့တယ်။
6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ခဏခဏ comments လာရေးနေလို့ မျက်စိ မနောက်ကြပါနဲ့ 
ခင်ဗျာ။ကျွန်တော့် အကြိုက် စပျစ်ဝိုင်လေးတွေကိုတွေ့ တော့
မနေနိုင်လို့ ပါခင်ဗျာ။ဂျပန်မလေးကတော့ ပြောပါတယ်"အဲ့ဒီ ဒေသက စပျစ်သီးအရမ်းထွက်တဲ့ ဒေသလေ။ဒါလေးတွေကတော့ သိကြမယ်ထင်ပါတယ်။ စပျစ်ဝိုင်လေးတွေပါ။အချို၊အခါးရှိပါတယ်တဲ့။သောက်ချင်ရင် အားမနာတမ်း ယူသွားကြပါနော်။" အပြန်လက်ဆောင်လေးပါ ယူသွားပြီဗျို့ ။အဟဲ အတော် မှုးနေပြီဗျို့ 
စားစရာတွေက များလိုက်တာ
စိတ်တိုင်းကျ သာစားရရင်
မယ်ကုမိ စားဖို့မကျန်ပဲ
နေမှာစိုးလို့ အခါးနှစ်ပုလင်း
ဆွဲသွားတယ်နော်....
ဝိုင်တွေယူသွားတယ်။
သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ မကျေနပ်မှုတွေ၊ စိတ်တိုင်းမကျတာတွေ များလွန်လွန်းလို့
တစ်နေကုန်သောက်နေမယ်.....
ကျေးဇူးနော်
ခင်တဲ့
စပျစ်ဝိုင်ပဲလာယူနေကြတယ်နော်။
မြင်းအသားလွှာလေး(馬刺し)လည်း စားကြည့်ကြပါလား။ :P :D
မမ.....မြင်းအသားလွှာတော့ကြိုက်ဖူး..
မမဝယ်လာတဲ့မုန့်ကျွေး... :P
မနေ့က ၀ိုင်သောက်ပြီး မူးသွားလို့ ခု မှ ကွန်မန့်ရေးခဲ့တယ် နှစ်လ ပြည့် မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် ဘလောက်ကလေး အောင်မြင်နေပါစေ
Post a Comment