TASPO ကွ၊TASPO ကွ
အရွယ်မရောက်သေးသောသူများအား(未成年者) ဆေးလိပ်(စီးကရက်)သောက်ခြင်းမှ ကာကွယ်ရန် (2008)နှစ်ကနေစပြီး ဆိုတဲ့ ရောင်းသူမဲ့အလိုအလျောက်စက်(自動販売機)မှာ အရွယ်ရောက်သူများသာ ဆေးလိပ် (စီးကရက်)ဝယ်ယူနိုင်အောင်လို့ TASPO (タスポ)ကဒ်လေးပေါ်လာပါပြီ။အဲ့ဒီ TASPOကဒ်လေးက အသက် (၂၀)ပြည့်မှ လုပ်လို့ရတာပါ။(ဂျပန်မှာ အသက်(၂၀)ပြည့်မှ အရွယ်ရောက်တာမို့လို့ပါ။)TASPO ကဒ်ကိုလုပ်ဖို့ အတွက် ဝန်ဆောင်ခပေးစရာမလိုပါဘူးတဲ့။နှစ်စဉ်ကြေးလေး မလိုပါဘူးတဲ့။အလကား ကဒ်လုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။ကဒ်ရဲ့ သက်တမ်းကတော့ (10)နှစ်ပါတဲ့။လျှောက်လွှာစာရွက်တွေက ဆေးလိပ်(စီးကရက်)ရောင်းတဲ့ ဘယ်နေရာမှာမဆို ရရှိနိုင်ပါတယ်တဲ့။ ရောင်းသူမဲ့အလိုအလျောက်စက်(自動販売機)မှာ ဝယ်ချင်ရင်တော့ စစချင်း ပိုက်ဆံကို ထည့်ရပါမယ်။ပြီးတော့ ကိုယ်လိုချင်တဲ့ ဆေးလိပ်အမျိုးအစားကို ရွေးချယ်ပြီး
နောက်ဆုံးမှာ ကဒ်လေးကို ထိရပါမယ်။
ဒါမှသာ၊ဆေးလိပ်(စီးကရက်)ဘူးလေး ထွက်လာပါလိမ့်မယ်။
အခုဆို နေရာတော်တော်များများမှာ TASPO ကဒ်အသုံးပြုရတဲ့ စက်တွေချည်းဖြစ်ကုန်ပါပြီ။
အစကတော့TASPOကဒ်လေးသွားလုပ်ပြီးပြမလားလို့။
"တော်ကြာMEGUMIဆေးလိပ်(စီးကရက်)သောက်နေပါတယ်"ဆိုတဲ့ မဟုတ်ကဟုတ်က သတင်းကြီးနဲ့ နာမည်ကြီးသွားမှာစိုးလို့ ဒီဓာတ်ပုံလေးနဲ့ပဲ ကျေနပ်ကြပါနော်။ :)
ဪ၊မေ့လို့မေ့လို့။TASPOကဒ်လေးက PREPAID(プリベイド型) အမျိုးအစားDIGITAL CASH(電子マネー)လေးလည်း ပါသေးတယ်သိလား။
2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အိမ်း......
ဒီမှာက ဆေးလိပ် အရမ်းဈေးကြီးတာမို့
TASPO ကဒ် ရှိလည်း အဆင်မပြေပေါင်...
အင်း.....အဲဒါလေးဆိုအဆင်ပြေတာပေါ့နော်။ဒီမှာတော့အသက်ငယ်ငယ်လေးတွေနဲ့ဆေးလိပ်သောက်နေကြတာတွေ့တော့စိတ်မကောင်းဖြစ်မိတယ်။
Post a Comment