ASIAN REGIONAL INTEGRATION(アジアの地域統合)
集中講義(Intensive Lecture)ရဲ့ ASIAN REGIONAL INTEGRATION(アジアの地域統合)သင်ခန်းစာလေးတခု အကြောင်းပါ။ စာသင်ချိန်က တနေ့ကို (1:30နာရီ)နဲ့ (4)ချိန်၊ စာသင်ရက်က (3)ရက် ထဲပါ။(3)ရက်ထဲနဲ့ 単位Credit(2)မှတ်ရနိုင်တယ်ဆိုတော့ သက်သာမယ်ထင်ပြီး သွားယူမိတာ ခက်လိုက်တာမှ အိပ်တောင်မငိုက်ရဲလောက်အောင်။နောက်ပြီး၊ကျမက ဘလော့(1)ခုမှာ အဲ့ဒီ သင်ခန်းစာလေး အကြောင်းကို မျှဝေပေးမယ်လို့ ဂတိပေးမိနေတော့ နည်းနည်းလေးတောင် မငိုက်ရဲပဲ သေသေချာချာ နားထောင်ရတော့တာပေါ့။သူငယ်ချင်း တရုပ်မကတော့ အပူအပင်မရှိ အိပ်ငိုက်နိုင်ပေမယ့် ကျမမှာတော့ (1)ယောက်တည်း အလုပ်တွေကို ရှုပ်လို့။
အဲ့ဒီ ဆရာက (3)ချိန် မြောက်ထိ စာသင်ပါတယ်။နောက်ဆုံး အချိန်က 講義ノート(Lecture note)ရေးရတာပေါ့။ဆရာကို ထပ်ရတာလေ။ဆရာ စာသင်တဲ့ အထဲမှာ ပါတဲ့ စကားလုံးလေးတွေရဲ့ အဓိပ္ပာယ်ကို ကိုယ့်စကားနဲ့ ကိုယ် ပြန်ရှင်းပြရတာပေါ့။ဥပမာ- FTAဆိုတာ Free Trade Agreement 自由貿易協定ပါ။ဘယ်နေရာမှာ သုံးပါတယ်ပေါ့။စာရွက် (3)ရွက်စာ၊စကားလုံးပေါင်း (12)လုံးရဲ့ အဓိပ္ပာယ်ကို အဲ့ဒီအချိန်မှာ ရေးရပါတယ်။အဲ့လိုမျိုး သင်လာခဲ့တာ နောက်ဆုံးနေ့(3)ရက်မြောက်နေ့ရောက်လာခဲ့ပါလေရော။နောက်ဆုံးနေ့ဆိုတော့၊ ရေးနေကြ 講義ノート(Lecture note)အပြင်၊သင်ခန်းစာ (1)ခုလုံးနဲ့ ပတ်သတ်ပြီး 課題レポート(Subject report)ရေးရပါတယ်။ဘယ်လိုပုံစံနဲ့ ကျမ စာသင်နေသလဲဆိုတာ သိရအောင် ကြည့် ကြည့်ကြပါရှင်။နောက်ဆုံးနေ့ရဲ့ တတိယ အချိန်ကို နမူနာအနေနဲ့ ပြထားပါတယ်။
စာသင်ချိန်မှာ အသုံးပြုတဲ့ ပစ္စည်းလေးတွေပေါ့။ 電子辞書(Electric Dictionary)လေးရယ်၊ ခဲဆံဘောပင်လေးရယ်၊ Line pan လေးရယ်၊ Recording လုပ်ထားတဲ့ ဖုန်းလေးရယ်၊ ခဲဖျက်လေးရယ်၊
အဲ့ဒီ (APEC ရဲ့ ဖြစ်ပေါ်လာပုံ)ကို Projector မှာ ပြပြီးတော့
ဆရာ ဝေထားတဲ့ စာရွက်က ကွက်လပ်တွေကို အပေါက်လိုက်ဖြည့်ရပါတယ် ။
ပြန်နားထောင်လို့ရအောင် ဖုန်းနဲ့ Recording လုပ်ထားပါတယ်။

Report ရေးတဲ့ စာရွက်လေး။(レポート提出用紙)
မေဂျာ {အခုလောလောဆယ်တော့ ASIAN REGIONAL INTEGRATION(アジアの地域統合) ပေါ့။}တစ်ခု ပြီးဆုံးတော့မယ်ဆိုရင် アンケート(Questionnaire)ရေးရပါတယ်။ဆရာရဲ့ သင်ကြားမှုကို ကျောင်းသားတွေက ဝေဖန်ပေးရတဲ့ သဘောပေါ့။ကျောင်းသားတွေရဲ့ ဝေဖန်မှုနဲ့ လိုက်ပြီး ဆရာက သင်ကြားမှု ပုံစံကို ပြောင်းလဲ နိုင်အောင်လို့ပါ။နောက်တစ်ခု၊ ရုံးခန်းက ဒီဆရာကို အလုပ် ဆက်ခန့်သင့် မခန့်သင့် ဆုံးဖြတ်ရန် အတွက်ပေါ့။အဲဒီ アンケート(Questionnaire)စာရွက်က နာမည်တွေဘာတွေ ရေးစရာ မလိုတော့ လွတ်လွတ်လပ်လပ် ပဲ ဆရာကို ဝေဖန်လို့ ရပါတယ်။အဲဒီ アンケート(Questionnaire)စာရွက်တွေအားလုံးကို ကျောင်းသား(1)ယောက်က စုပြီး ရုံးခန်းကို သွားပေးရပါတယ်။ဆရာရဲ့ သင်ကြားမှုက ကျမ အတွက်တော့ အရမ်းကို ဗဟုသုတရစေတဲ့ အတွက်アンケート(Questionnaire) မှာ အကုန်လုံး ကောင်းပါတယ်လို့
ခြယ်ပေးလိုက်ပါတယ်ရှင်။アンケート(Questionnaire)က စက်နဲ့ စစ်မှာဆိုတော့ ခဲတံ(သို့) ခဲဆံဘောပင်နဲ့ ရေးရပါတယ်။
ခြယ်ပေးလိုက်ပါတယ်ရှင်။アンケート(Questionnaire)က စက်နဲ့ စစ်မှာဆိုတော့ ခဲတံ(သို့) ခဲဆံဘောပင်နဲ့ ရေးရပါတယ်။
2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂျပန်မလေး
အောင်မြင်မှုတွေနဲ့ ထုံလွှမ်းနိုင်ပါစေ။
အများအကျိုး သယ်ပိုးမယ့်
ပညာတတ်ကြီးဖြစ်ပါစေဗျာ.....
ညီမလေးဂုဂု...
အမြဲကျန်းမာပျော်ရွှင်ပါစေလို့ မမဆုတောင်းပေးပါတယ်နော်။ညီမလေးရေ...
ဝါသနာပါလို့ ဘလော့ဂ်ရေးနေ ကြပေမယ့် အချိန်အရမ်းကုန်ပြီး ၊လူလည်းညောင်းညာပင်ပန်းနေတာပဲနော်။ :D
ညီမလေးလည်း ဘလော့ဂ်ဂါ ထက် thesis လုပ်ဖို့က
ပိုအရေးကြီးလိမ်မယ်လို့ မမ ကထင်မိပါတယ်။
ဘလော့ဂ်ရေးတာခဏနားပြီး စာကြိုးစားလိုက်ပါဦး
ညီမလေးရေ...ပျင်းတဲ့အချိန် တခါတလေမှ ရေးပေါ့
နော်။ thesis ကအရေးကြီးနေပြီ မဟုတ်လား??
頑張ってね
幸せになってほしい。。。。ချစ်သောမမ၀ါ
Post a Comment