Bejin Olympic 2008 ဖွင့်ပွဲ
ဒီနေ့၊Bejin Olympic 2008 ဖွင့်ပွဲ ကို ဂျပန်နာရီ ည(9)နာရီ၊ တရုပ်နာရီ ည (8)နာရီမှာ စတင် ကျင်းပပါတယ်တဲ့။သူငယ်ချင်း တယောက် က ကြည့်ကြည့်လို့ ပြောလို့ ကျမလည်း အသည်းအသန် TV ဖွင့်ကြည့်ရတော့တာပေါ့။(NHK က တိုက်ရိုက် ထုတ်လွှင့်ပေးတာပါ။) TV ကလည်း မကြည့်တာကြာလို့ တော်တော်နဲ့ကို ဖွင့်လို့ မရတာနဲ့ အစလေးတောင် မကြည့်လိုက်ရပါဘူး။ကျမ ကြည့်လိုက်တော့၊ ကမ္ဘာလုံးကြီးပေါ်မှာ လူတွေ ပြေးနေပြီသိလား။ ကျမ လည်း ကြည့်နေရင်းနဲ့ အိမ်ကမိသားစုကိုပါ ကြည့်စေချင်တာနဲ့ အိမ်ကိုတောင် ဖုန်းဆက်ပြီး အသိပေးပြောပြလိုက်ပါသေးတယ်။အဲ၊ ဖုန်းဆက်ပြီးပြီးချင်း အဲဒီ၊Bejin Olympic 2008 ဖွင့်ပွဲပုံတွေကို ဓာတ်ပုံ ရိုက်ပါလေရော။ :) ကြည့်လိုက်ရတဲ့လူတွေ အများကြီး ရှိသလို၊ မကြည့်လိုက်ရတဲ့လူတွေလည်း အများကြီး ရှိမှာပဲလို့ စဉ်းစားမိလိုက်လို့လေ။
TV ကနေ ရိုက်ထားရတာ ဖြစ်လို့ သိပ်တော့ မကြည်ပဲ ဝါးတားတား ဖြစ်နေပေမယ့် Bejin Olympic 2008 ဖွင့်ပွဲပုံစံလေးကို ခန့်မှန်းလို့ ရအောင် တင်ပေးလိုက်ပါတယ်။



ကြီးကျယ်ခမ်းနားလိုက်တာနော်



Bejin Olympic 2008 ဖွင့်ပွဲ အကြည့်ကောင်းတာ စာကျက်ချိန်လေးတောင် မရှိတော့လို့ နောက်နေ့မှပဲ အတိုးချပြီး ကျက်ရတော့မယ်။ လာမဆူကြပါနဲ့နော်။
4 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂျပန်မလေး
ထူးထူးခြားခြား Share ပေးတာ ကျေးဇူးတင်တယ်။
ကိုယ်တိုင် အိုလံပစ်ဖွင့်ပွဲကို ရောက်နေသလို ခံစားရပါတယ်။
-
ဝင်းဇော်
အင်မတန်မှ ကြီးကျယ်ခမ်းနားပြီး
ကြက်သီးထလောက်အောင် ခံစားရပါတယ်
ကျနော်လည်းကြည့်ဖြစ်ပါတယ်
ကျွန်တော်ကတော့ Megumi ရဲ့ ၁၁၁၁၁ယောက်စာဖတ်သူပေါ့ဗျာ။မိုက်တယ်ဗျာ။အထိမ်းအမှတ်လေး အနေနဲ့ BEER သွားသောက်လိုက်ဦးမယ်။အရက်သမားမဟုတ်ဘူးနော်၊ယမကာလုလင်ပါ။
:L :y
Hello..ညီမလေး..
Visitors 11111 ယောက်တောင်ဖြစ်သွားပြီနော်။
OMEDETO GOZAIMASU...
အဆင်ပြေရင် သီချင်းထပ်တောင်းဦးမယ်။
သီချင်းလက်ဆောင် အစီအစဉ်လေးကိုအား
ပေးတာနော်။ မမ ကြောင့် အလုပ်ရှုတ်နေမှာစိုး
လို့...အဆင်ပြေရင်..
ဇော်ပိုင် နဲ့ချောစုခင် ရဲ့...အကြင်နာအင်အားသီချင်း
လေးနဲ့...
ဆောင်းဦးလှိုင် ရဲ့...၁၉း၁၈...ကို လက်ဆောင်တောင်း
ချင်ပါတယ်နော်.. :P
မမ၀ါ..
Post a Comment