ကြုံလာတဲ့ဘေး ပြေးတွေ့ရုံသာရှိတော့သည်။
မမဝါဆီက Believe it or not ဖတ်ပြီးကတည်း က လူက နေလို့မရတော့ပါ။ ဟိုတနေ့က ဂျပန်မသူငယ်ချင်းနဲ့တောင် ငလျင်အကြောင်းပြောနေမိသေးတယ်။ ပြောလို့မှ (2)ရက်မကြာ သေးဘူး။ မမဝါက (လာမယ့် စက်တင်ဘာ၂ ရက်နေ့မှာ ဂျပန်မှာ ပြင်း
အားအလွန်ကြီးတဲ့ငလျင်ကြီး လှုပ်မှာတဲ့.,ငလျင် ကပြင်းအား ၈.၆ တောင်ရှိမှာတဲ့ )ဒီလိုဒီလိုပဲ ကြားတယ်နော်ဆိုပြီး သတင်းလာပေးတော့ ပိုပြီး ကြောက်သွားတော့တာပေါ့။ ကောလဟာသ ဆိုပေမယ့်လည်း ဖြစ်ခဲ့သည် ရှိသော်၊ ဘယ်လိုလုပ်မလဲပေါ့။ ဂျပန်မလာခင်ကတည်းက ဂျပန်က တော်တော့ကို ငလျင်လှုပ်တဲ့ နိုင်ငံဆိုတာကို သိတော့သိပါရဲ့။ ဂျပန် ရောက်တော့လည်း သေးသေးကြီးကြီး ငလျင်မျိုးစုံကို ခဏခဏကြုံနေရတော့ တော်ရုံတန်ရုံ ပြင်းအားလောက်နဲ့ ငလျင်ဆို သိပ်ပြီးတော့ကို မကြောက်တော့။ ပုခပ်လွဲသိပ်နေသလားလို့တောင် ထင်မိသေး။ :p ဒါပေမယ့်၊ အခုလာနိုင်တယ်လို့ ကောလဟာသသတင်း ထွက်နေတဲ့ ပြင်းအား ၈.၆ တောင်ရှိတဲ့ ငလျင်ကြီးတော့ ကြောက်တယ်။ ဒါနဲ့၊ ငလျင် လှုပ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ လို့ စဉ်းစားနေတုန်း၊ မမမြရွက်က ငလျင်ဘေးအတွက် လိုအပ်သော ကြိုတင်စီမံစရာများ ကို ရေးပေးလာတော့ နည်းနည်းတော့ စိတ်အေးလာပါတယ်။ ကြောက်တာကတော့ ကြောက်တုန်းပဲ။ သေချိန်တန်လို့ သေရတယ်ပဲ ထားအုန်းတော့၊ မိဝေးဘဝေး နိုင်ငံခြားတိုင်းပြည်မှာ တယောက်တည်း လူမသိ သူမသိ မသေချင်ပါ။ :c ဒီလိုအခြေအနေကြတော့လည်း မမဝါတို့ ၊ မမမြရွက်တို့ ကို အားကျတယ်အဟုတ်။ အားကိုးရှိလို့လေ။ ကျမမှာတော့................. ။ :c အဖေက အတန်တန်တားရဲ့သားနဲ့ လာချင်အုန်းလေ တယောက်တည်း။ အခုမှ နောင်တရနေလည်း မထူးတော့။ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ အောက်မေ့ပြီး နေရတော့မှာပဲ။ ရေးရင်းရေးရင်းနဲ့ ဘယ်တွေရောက်ကုန်ပါလိမ့်?????? :d ဪ၊ သိပြီ သိပြှီ။ ပြင်းအား ၈.၆ တောင်ရှိတဲ့ ငလျင်ကြီးနဲ့ ပတ်သတ်ပြီး ရေးနေတာကိုး။ ဆက်ရေးအုန်းမှ။
စားပွဲ၊ကုလားထိုင်အောက်ကို ဝင်နေပါ။
စားပွဲ၊ကုလားထိုင်မရှိခဲ့ပါလျှင် ဦးခေါင်းပေါ် ပစ္စည်းမပြုတ်ကျလာအောင် တခုခု(ခေါင်းအုံးဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ်)နဲ့ ဦးခေါင်းကို ကာကွယ်ပါ။
စိတ်အေးအေးထားပြီး ထွက်ပေါက်ကို ရှာဖွေပါ။
အကြီးအကျယ် ငလျင်လှုပ်ရင် တံခါးတွေက ကျပ်ပြီး ဖွင့်လို့မရဖြစ်တတ်လို့ ပြေးလို့လွယ်အောင် ထွက်ပေါက်(အိမ်တံခါး၊ပြတင်းပေါက်၊ အရေးပေါ်ထွက်ပေါက်)ကို နည်းနည်း ဟထားပေးပါ။
မီးဖိုခန်းထဲက မီးတွေ အကုန်ပိတ်ပါ။
ဂစ်အိုးလည်း ပိတ်ဖို့ မမေ့ပါနှင့်။
လျပ်စစ်နဲ့ ဆိုင်တဲ့ကြိုးတွေ ပလပ်ပေါက်တွေ ရှိလျှင် အကုန်လုံး ပိတ်ထားပါ။
ငလျင် အကြီးကြီး လှုပ်ပြီးရင် နောက်ထပ်ငလျင်သေးသေးလေး လာတတ်လို့ လဲကျနေတဲ့ စာအုပ်စင်၊စင်၊အရုပ်စင်၊ ရေခဲသေတ္တာ အနားကို မသွားရပါ။TV ၊Radio ကနေ သတင်းကို ရယူပါ။
ကွန်ကရစ်အဆောက်အအုံ၊ အလိုအလျောက် ရောင်းသူမဲ့စက်၊ ဆောက်လုပ်ဆဲ အဆောက်အအုံတွေနဲ့ ဝေးရာကို ထွက်ပြေးပါ။
မီးပျက်သွားခဲ့ရင်တောင် အရေးပေါ် မီးလုံးလေးတွေရှိလို့ မှောင်ပေမယ့် နံရံ ဘက်ကိုကပ်ပြီး ဦးခေါင်းကို ကာကွယ်ပြီး စိတ်အေးအေးနဲ့ ထွက်ပေါက်ကို ရှာပါ။
ဘူတာရုံဝန်ထမ်းတွေ ရဲ့ လမ်းးညွှန်မှုကို လိုက်နာပါ။
ဝေးတဲ့နေရာထက် မြင့်တဲ့နေရာကို ဦးစားပေးပြီး ပြေးပါ။
ဆူနာမီ က အရမ်းမြန်လို့ ဝေးလည်း မီနိုင်လို့ပါ။
မြင့်နိုင် သလောက် မြင့်တဲ့ တောင်ကုန်းပေါ်ကို ပြေးပါ။
သွားရောက်ခိုလှုံမယ့်နေရာ၊ လက်ရှိအခြေအနေကို Memo ထားခဲ့ပါ။
လှုပ်ရှားလို့ လွယ်ကူမယ့် အဝတ်အစားကိုဝတ်၊ ဖိနပ်ကိုစီးပါ။
ဦးခေါင်းကို ဟဲလ်မက်ဆောင်းပါ။
အစားအစာနဲ့ ရေကို (3)ရက်စာ ထည့်ပါ။
အလိုအပ်ဆုံးပစ္စည်း ကလွဲလို့ အပိုမယူပါနဲ့။
လက်နှစ်ဖက်လုံး အသုံးပြုလို့ ရအောင် ကျောပိုးအိပ်နဲ့ ပစ္စည်းတွေကို ထည့်ပါ။
လမ်းလျှောက်ပြီး ထွက်ပြေးပါ။
လမ်းကျဉ်းလေးတွေ၊ မြစ်ဘေး၊ချောင်းဘေး၊တံတားလေးတွေကို တတ်နိုင်သလောက် ရှောင်ပြီး သွားပါ။
လမ်းမှာတွေ့တဲ့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပါ။
ထွက်ပြေးတဲ့အခါမှာ တာဝန်ရှိတဲ့လူတွေရဲ့ လမ်းညွှန်မှုနဲ့ သတ်မှတ်ပေးထားတဲ့ ကယ်ဆယ်ရေးနှင့်နေရာချထားရေး အဆောက်အအုံ တွေကို သွားပါ။
လမ်းဘေးဖုန်း၊အိမ်ဖုံး အသုံးပြုနည်းကတော့ 留守番電話(Answer-phone)နဲ့ ခပ်ဆင်ဆင်ပါပဲ။ 1ကို နှိပ်၊ အလိုအလျောက် အသံလွှင့်နေတာကိုနားထောင်ပြီး၊ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်၊
စပြောလို့ရပါပြီဆိုရင် ကိုယ်ပြောချင်တာကို ပြော၊ ပြောပြီးသွားရင် 9ကို နှိပ်ပြီး # နှိပ်ပါ။
ပြန်နားထောင်ချင်တယ်ဆိုရင် 2ကို နှိပ် အလိုအလျောက် အသံလွှင့်နေတာကိုနားထောင်ပြီး၊ ကိုယ်သိချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးတော့ နားထောင်ရုံပါပဲ။ အလိုအလျောက် Power off ပေးပါလိမ့်မယ်။
Hand phone မှာလည်း ရှိပါတယ်။ ဘယ်Hand phoneမှာမဆို အဲ့ဒီ 災害用伝言板「Disaster Message Board) ထည့်ပေးထားပါတယ်တဲ့။အရေးပေါ်သုံးဖြစ်လို့ သာမန်အချိန်မှာ အသုံးပြုလို့မရပါ။Mail system လိုမျိုးဖြစ်လို့ စာလုံးရေ(100)လောက် ရိုက်ပို့လို့ ရပါတယ်။
အသုံးပြုနည်းကတော့
Auဆိုရင် Ez web>Top menu>災害用伝言板「Disaster Message Board)
Soft bankဆိုရင် Yahoo >災害用伝言板「Disaster Message Board)
Docomo ဆိုရင် iMenu>「災害用伝言板」「Disaster Message Board)
WillCom ဆိုရင် CLUB AIR-EDGE >「災害用伝言板」「Disaster Message Board)
ဒါကတော့၊ ငလျင်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို တပြိုင်တည်းရနိုင်တဲ့ Website linkပါ။
気象庁、Japan Meteorological Agency သိချင်တဲ့နေရာကို ရှာကြည့်လို့ရပါတယ်။ ဒါက English လိုပါ။
災害用伝言板サービス
သိသင့်သိထိုက်သော ငလျင်ဒဏ်ကာကွယ်နည်း
ငလျင်လှုပ်၊ မလှုပ်တော့ မသိ။ ကြောက်ကြောက်နဲ့ Internet ထဲမှာ ရှာလိုက်တာ ငလျင်အကြောင်းတော့ ကောင်းကောင်း နားလည်သွားပြီ။ ကြိုတင်ပြင်ဆင်မှု လုပ်ပြီး ကြုံလာတဲ့ဘေး ပြေးတွေ့ရုံသာရှိတော့သည်။ :) ကြောက်တာကတော့ ကြောက်မြဲ၊ ကြောက်ဆဲပဲ။ :y
6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အေးနော်ကြောက်စရာကြီး
ဒါပေမယ့် မယ်ကုမိရဲ့ ကြိုတင်ကာကွယ်မှု
ပို့စ်ကို ဖတ်ပြီးရစ်ချက်တာစကေး 9.00
ပဲလာလာမကြောက်တော့ဘူးကွ
ဆူနာမီတော့ကြောက်တယ်
စတာနော်...................
ခုလို ရှင်းပြပေးတာ မျှဝေပေးတာ
ကျေးဇူးကမ္ဘာပါနော်
ကြိုတင်ကာကွယ်တာတော့ ကောင်းပါတယ်ဗျာ။ဒါပေမယ် ကျွန်တော်ကတော့ ဘာမှအဖြစ်ပါစေနဲ့ လို့ ပဲ ဆုတောင်းပေးပါတယ်။မဖြစ်ခင်က ကာကွယ်ရတယ်ဆိုတာကို ကြားဖူးပါတယ်။ရေးထားတာလေးတွေကို ကျွန်တော် ဘာမှမသိတဲ့ သူတောင် နားလည်လာပြီ။ဘာဘဲပြောပြောဗျာ
ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေ။
ကြိုတင်ကာကွယ်တာတော့အကောင်းဆုံးပဲပေါ့မမရယ်
ဘေးကင်းကြပါစေနော်
ကာကွယ်နည်းတွေကတော့အစုံပဲ။ :D မှတ်သားထားဦးမယ်။ ကျေးဇူးပါ။ ဒါနဲ့တော်တော်လန့်သွားပုံရတယ်။ :P
ကြောက်တာပေါ့ ကိုညမီးအိမ်ရေ။ သူတပါးတိုင်းပြည်ကြီးမှာ သေရမှာကိုတော့ မီးမီးကြောက်ကြောက်။ ;) :p
ခုမှရှာတွေ့တယ် :p:p
ကျေးဇူးပဲ megumi
မိတ်ဆွေတစ်ယောက်ကို လက်ဆောင်ပေးစရာ ရပြီ။
ယူသွားပြီ BB
Post a Comment