Friday, September 5, 2008

ဂျပန်နိုင်ငံနှင့် အမျိုးသမီးတို့၏လုံခြုံရေး

ဂျပန်နိုင်ငံသည် ကောင်းသောဘက်မှာ အရမ်းခေတ်မှီတိုးတက်သလို မကောင်းတဲ့ဘက်မှာလည်း ခေတ်မှီတိုးတက်လွန်းအားကြီးတဲ့နိုင်ငံတခုဖြစ်ပါတယ်။ ကောင်းတဲ့ဘက်ဆိုတာကတော့ စက်မှုပညာအရမ်းဖွင့်ဖြိုးတိုးတက်ပြီး၊ လူနေမှုအဆင့်အတန်းမြင့်မားပြီးတော့ နေရေးထိုင်ရေး၊ သွားရေးလာရေး အဆင်ပြေချောမွေ့တာကို ပြောချင်တာပါ။ မကောင်းတဲ့ဘက်ကတော့ အရမ်းတိုးတက်ခေတ်မှီလွန်းအားကြီးတော့ ဂျပန်ရိုးရာယဉ်ကျေးမှုတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာပြီး အနောက်တိုင်း ယဉ်ကျေးမှုတွေ ထိုးဖောက်ဝင်ရောက်လာပါတော့တယ်။ လက်မထပ်ပဲ အတူနေထိုင်တာ၊ ယောင်္ကျားလေးတွေ ပျော်ဖို့ပါးဖို့အတွက် အပျော်မိန်းကလေးတွေဆီကို သွားတာ၊ အလားတူပဲ မိန်းကလေးတွေလည်း သွားတဲ့နေရာတွေရှိပါတယ်။ ပိုဆိုးတာက အခြောက်ကလပ်၊ အခြောက်ဘား၊ အခြောက်တို့ ပျော်ပါးရာနေရာတွေတောင် ရှိနေပါတယ်။ ကဲ၊ ဘယ်လောက်တောင် လွတ်လပ်ပျက်စီးနေကြတယ်ဆိုတာ တွေးတောင်မကြည့်ဝံ့လောက်အောင်ပါပဲ။ အဲဒီလောက်တောင် နေချင်သလိုနေ၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပေါင်းစုံကနေလာရောက်နေကြတဲ့ နိုင်ငံခြားသားမိန်းကလေးတွေ အများကြီးရှိပါတယ်။ အဲဒီလို မိန်းကလေးတွေထဲမှာ ကိုယ့်အစွမ်းအစနဲ့ ကိုယ် ကောင်းရောင်းကောင်းဝယ် အလုပ်လုပ်ပြီး နေနေတဲ့မိန်းကလေးတွေလည်း အများကြီးပါ။ အလွယ်တကူ ဖြတ်လမ်းနည်းနဲ့ ပိုက်ဆံရှာနေတဲ့လူတွေလည်း နည်းမယ်မထင်ပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ရှင်။
ဂျပန်သည် နေထိုင်မှု အရမ်းလွတ်လပ်တာမှန်ပေမယ့် အိနြေ္ဒသိက္ခာရှိပြီး ကိုယ်ကို့ကိုယ် တန်ဖိုးထားတဲ့ မိန်းကလေးတွေအတွက်တော့ အရမ်းကို လုံခြုံမှုပေးနိုင်တဲ့နိုင်ငံတခုလို့ ထင်ပါတယ်။ ဂျပန်မှာ ညသန်းခေါင်ယံ မိန်းကလေးတယောက်တည်းပြန်လာရင် လိုက်နှောက်ယှက်မဲ့ လူရမ်းကား၊အရက်မူးသမား၊ လမ်းသူရဲတွေ မရှိပါဘူးလို့ ပြောနိုင်လောက်အောင်ကို နည်းပါးပါတယ်။ ကျမပြောချင်တာက အဲဒီလိုလူမျိုးတွေ ဂျပန်မှာ လုံးဝမရှိဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ အဲဒီလို လူတန်းစားတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကို ကိုယ့်အိမ်ကို အေးအေးဆေးဆေးပြန်လာတဲ့ မိန်းမကောင်းလေးတွေကို လိုက်ပြီး နှောက်ယှက်တာမျိုးမရှိသလောက် ရှားတာကို ပြောချင်တာပါ။ မိန်းကလေးတယောက်တည်း လမ်းလျှောက်လာရင် အနောက်ကနေလိုက်ပြီး စာပေးတာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်အောင် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ လိုက်ပြီးစတာ၊နောက်တာမျိုးလည်း မရှိပါဘူး။ လူအရမ်းကျပ်တဲ့ကားပေါ်၊ ရထားပေါ်မှာ မသိမသာနဲ့ မိန်းကလေးရဲ့ အသားကို ထိတာ၊ကိုင်တာမျိုးလည်း သိပ်မတွေ့ဘူးပါဘူး။ အလုပ်ထဲမှာ မိန်းကလေးတစ်ယောက်တည်းရှိပြီးကျန်တဲ့လူအကုန် ယောင်္ကျားလေးတွေ ဖြစ်နေခဲ့ရင်တောင် ထိကပါးရိကပါး မလုပ်ကြပါဘူး။ အကြောင်းကိစ္စတစ်ခုကြောင့် ခရီးအတူသွားဖြစ်ခဲ့ရင်တောင် မိန်းကလေးတစ်ယောက်တည်းဆိုပြီး အခွင့်အရေးမယူကြပါဘူး။
{ ဒီကောင်မလေး၊ မဖြစ်နိုင်တာကြီးကို ကိုယ်ထင်တာ ကိုယ်လျှောက်ပြောနေတယ်လို့ ထင်နေကြပါသလား။ }
{ဒီလောက် လွတ်လပ်တဲ့နိုင်ငံမှာ အဲဒီလိုမျိုး ဖြစ်နိုင်ပါ့မလားလို့ တွေးနေကြပါသလား။}
ဂျပန်သည် ကိုယ်ကို့ကိုယ် တန်ဖိုးမထားတဲ့ မိန်းကလေးအတွက်တော့ အရမ်းကို ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်လို့ရတဲ့နိုင်ငံဖြစ်တယ်ဆိုပေမယ့် ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့မိန်းကလေးတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးထားပါတယ်။ ဘယ်လိုဥပဒေလည်း ဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။

လူပုံအလယ်မှာ မိန်းကလေးတစ်ယောက်ရဲ့ ကာယအိနြေ္ဒသိက္ခာကို ပျက်ပြားအောင် အကြောင်းအမျိုးမျိုးနဲ့ ထိပါးပြုလုပ်ခဲ့လျှင်
ထောင်ဒဏ် (6)လအောက်(သို့) ဂျပန်ယန်းငွေ(5)သိန်းအောက် လျော်ကြေးပေးဆောင်ရပါမယ်။
အမြဲတမ်း အဲဒီလို အပြစ်မျိုးကို ကျူးလွန်နေတဲ့လူဆိုရင်တော့ ထောင်ဒဏ် (1)နှစ်အောက်(သို့) ဂျပန်ယန်းငွေ(10)သိန်းအောက် လျော်ကြေးပေးဆောင်ရပါမယ်။

မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဓာတ်ပုံ၊ VIDEO ခိုးရိုက်ခဲ့လျှင်
ထောင်ဒဏ် (1)နှစ်အောက်(သို့) ဂျပန်ယန်းငွေ(10)သိန်းအောက် လျော်ကြေးပေးဆောင်ရပါမယ်။
အမြဲတမ်း အဲဒီလို အပြစ်မျိုးကို ကျူးလွန်နေတဲ့လူဆိုရင်တော့ ထောင်ဒဏ် (2)နှစ်အောက်(သို့) ဂျပန်ယန်းငွေ(10)သိန်းအောက် လျော်ကြေးပေးဆောင်ရပါမယ်။

ပြစ်မှုက ထင်ရှားတယ်ဆိုရင်တော့ ပိုပြီး ပြစ်ဒဏ်ကြီးပါတယ်။ အမှုအသေးအကြီးပေါ်လိုက်ပြီး ထောင်ဒဏ် (6)လမှ ထောင်ဒဏ်(10)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံရပါမယ်။

အဲဒီလို ဥပဒေတွေ ရှိနေတဲ့ အတွက်ကြောင့် ဂျပန်မှာ မိန်းကလေးတစ်ယောက်တည်း သွားလာလှုပ်ရှားနေပေမယ့်လည်း တော်ရုံတန်ရုံ အနှောက်အယှက်မရှိတာပါ။ ဂျပန်က လူတွေက အရမ်းရိုးသားတာပဲလို့ မထင်ပါနဲ့ရှင်။ ရရင်ရသလို လုပ်ချင်ကြပေမယ့် မလုပ်ရဲကြတာပါ။ ဒါတောင် ဥပဒေမကြောက်၊ အရှက်မရှိ လုပ်ချင်တာလုပ်နေကြတဲ့ ယောင်္ကျားတွေလည်း ရှိပါတယ်။ သူတို့ကတော့ အထက်မှာ ပြောထားတဲ့ ပြစ်ဒဏ်ထဲက တစ်ခုခုကို မလွဲမသေခံကြရမှာပါရှင်။ ဂျပန်မှာရှိတဲ့ ကောင်မလေးတွေက မြန်မာမလေးတွေလို့ ရှက်လို့ဆိုပြီး သည်းခံပြီးနေကြတာမဟုတ်ဘူးလေ။ ကိုယ့်ဆန္ဒမပါပဲ ထိကပါးရိကပါး လာပြီးလုပ်လို့ကတော့ တရားစွဲဖို့ ဝန်မလေးဘူးဆိုတော့။ ;)

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ဝေလေး said...

ဗဟုသုတရသွားပြီမမ..
ဒီပို့စ်လေးမိုက်တယ်.....

မြရွက်ဝေ said...

"လာမထိနဲ့ ဘာမှတ်လဲကွ!! ဟွင်း ဟွင်း"
မြန်မာမှာလို ကြိုက်လို့နောက်က တကောက်ကောက်လိုက်ပြီး လျှောက်ပြန်သံပေးလုပ်ရင် ストーカー(stalker)ဆိုပြီး အချုပ်ထဲ ရောက်သွားမှာနော့။

megumi said...

ဟုတ်တယ်နော်။
သူတို့တွေ ဘယ်လောက်ကြောက်လည်းဆို သာမန်မျက်လုံးလေးနဲ့တောင် ပေါ်တင်မကြည့်ရဲဘူး။ ကြည့်ခံရတာကို မကျေနပ်လို့ မိန်းကလေးက ဘုကြည့်ပြန်ကြည့်လိုက်ရင် ထွက်ကိုပြေးရောနော်။ ;)

စိုင်းစိုင်းလားရှိုး said...

ဥပဒေရဲ့အောက်မှာ လူတွေနေရတာဆိုတော့
လုံခြုံတာပေါ့ အဲ ဥပဒေရဲ့ အထက်မှာလူတွေ
ထိုင်နေပြီဆိုရင် သွားရော.........

မိုးပြေး said...

အခုလိုကာကွယ်ပေးထားတော့ ကောင်းတာပေါ့ဗျာ..ဒီလိုဗဟုသုတလေးတွေလည်းရတာပဲနော်
ဂျပန်မလေး blog ကိုလာလည်ရင် ။မမြရွက်ဝေပြောသလိုဆိုရင် ကောင်းမလေးကို ကြိုက်ပြီဆိုရင်
နောက်ကစကားလိုက်ပြောရင် ပြသနာတက်ပြီပေါ့နော်...
တော်ပြီ ဂျပန်မသွားတော့ဘူး ချစ်လို့ စကားလိုက်ပြောတာကို..တေိာတော်ဆိုး :D ဥပဒေရဲ့ ကာကွယ်မှုအောက်ကနေတော့ ဘ၀ဆိုတာ လုံခြုံတာပေါ့ဗျာ..ဒါဆိုကောင်မလေးတစ်ယောက်က နောက်ကလိုက်ပြီး စကားလိုက်ပြောရင် ဘယ်နှယ့်လုပ်ရပါသလဲခင်ဗျာ...ဟီး စတာနော် ...

megumi said...

ဂျပန်မှာ နောက်ကလိုက်ပြီး စကားလိုက်ပြောတဲ့ အလေ့အထကို နည်းတာပါရှင်။ မိန်းကလေး(1)ယောက်ကို ကြိုက်နှစ်သက်တယ်ဆိုရင် တည်တည်တန့်တန့်နဲ့ သူမရဲ့ အိနြေ္ဒသိက္ခာကို တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် ပြောလို့ရပါတယ်ရှင်။
ဂျပန်မှာ ရည်းစားစကားမပြောရဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူးရှင်။
(ချစ်လို့ပါ)လို့ ပြောပြီး အနောက်ကနေ တကောက်ကောက်လိုက်နေတာကိုတော့ မိန်းကလေးတွေ အနည်းနဲ့အများ စိတ်ဒုက္ခရောက်ကြမယ်လို့ ထင်ပါတယ်။
အကယ်၍ ကောင်မလေး(1)ယောက်က ကိုမိုးပြေးကို ကြိုက်တယ်ဆိုရင်တော့ ရည်းစားစကားကို လာပြောချင် ပြောပါလိမ့်မယ်။ :p ဂျပန်ဇာတ်လမ်းတွေထဲမှာတော့ ကောင်လေးထက် ကောင်မလေးက ရည်းစားစကား စပြီးပြောသလိုပဲ။
အဲဒီလို အပြောခံရလျှင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ရင်ခုန်ရင်းနဲ့သာ စဉ်းစားထားပေတော့ရှင်။ ;) ;)

စူး said...

အင်း။ဟုတ်တယ်။ဒါပေမဲ့ နေရာပေါ်မုတည်ပီး ကွားခြားတတ်ပါတယ်။ ဂျပန်ဆရာမကတောင် အမကို စိတ်ပူသေးတယ် တခါတခါ ကျောင်းက ၂ နာရီ ၃နာရိမှ ပြန်လို့ ..။
တိုကျို အိုဆာကာ နဲ့ တခြားမြိုံက ၂၄နာရီ လူစည်တဲ့နေရာတွေက စိတ်မချရပါဘူး။
နိုင်ငံခြားသား ကျောင်းသူတွေအတွက် သီးသန့် ကို ကျောင်းတွေက အကာအကွယ်ပေးထားပါသေးတယ်။
ဗဟုသုတရပါတယ်။ဒီပို့စ်လေး

စန္ဒီမိုးမြင့် said...

မမရေ
အခုလို ဗဟုသုတရတွေကို ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ
နောက်များလည်း မမ ရဲ့ အခုလိုဝေမျှပေးမှုတွေကို မျှော်နေမယ်နော်
ခင်တဲ့
စန္ဒီမိုးမြင့်

စန္ဒီမိုးမြင့် said...

မမရေ
အခုလို ဗဟုသုတရတွေကို ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ
နောက်များလည်း မမ ရဲ့ အခုလိုဝေမျှပေးမှုတွေကို မျှော်နေမယ်နော်
ခင်တဲ့
စန္ဒီမိုးမြင့်

phoe kyaw said...

thi thint tar twe ko pyaw pya teh a twat ,thanks u very much.
naut lae pyaw pya kya par own..

 

Design By:
SkinCorner