Wednesday, September 3, 2008

ODAIBA(お台場) သို့ အလည်တခေါက်

 (3.8.2008)နေ့က ODAIBA(お台場)ကို အလည်တစ်ခေါက်သွားခဲ့ပါတယ်။ ဒီတခါနဲ့ဆို နှစ်ခေါက်မြောက်ပေါ့။ အသိမမတစ်ယောက်က ODAIBA(お台場)ကိုအရမ်းကြိုက်တော့ တနင်္ဂနွေနေ့တိုင်း သွားလေ့ရှိပါတယ်။ မမသွားတိုင်းလည်း ကျမကို ဖုန်းဆက်ပြီး {လိုက်မလား၊ လိုက်မလား }မေးလေ့ရှိပေမယ့် ကျမက အားလပ်တဲ့အချိန်ရှိရင် အိမ်မှာပဲနေတာများတော့ မမခေါ်တိုင်း ငြင်းဖြစ်တယ်။ အဲဒီနေ့ကတော့ ခဏခဏငြင်းရလို့ အားနာတာနဲ့မမနဲ့အတူ ODAIBA(お台場)ကို သွားဖြစ်ခဲ့ပါတယ်။ သွားလိုက်တော့လည်း ပျော်ပါတယ်။
 အိမ်ကနေ 新宿(SHINJUKU)ကို အရင်သွား၊ 新宿(SHINJUKU)ကနေ ရထားပြောင်းစီး SHINBASHI(新橋) ထိ၊ SHINBASHI(新橋)ဘူတာရောက်တော့ အပြင်ကို တခေါက်ထွက်လိုက်ပါတယ်။ YURIKAMOME(ゆりかもめ)ပြောင်းစီးမလို့ပါ။

ဒါက YURIKAMOME(ゆりかもめ)ပြောင်းစီးရမယ့် ဘူတာရုံပါ။
ရထားလက်မှတ်ပါ။ ယန်း(800)ပေးရတယ်သိလား။ YURIKAMOME(ゆりかもめ)ရထားလိုင်းပေါ်မှာ တနေကုန် ကြိုက်သလောက်စီး၊
ကြိုက်တဲ့ဘူတာကို အဝင်အထွက်လုပ်လို့ ရပါတယ်။One-day open ticket မလို့ပါ။ YURIKAMOME(ゆりかもめ)ဆိုတာ ရထားတွဲ ငါးတွဲပါပြီး ရထားမောင်းတဲ့လူ မပါတဲ့ မိုးပေါ်ကနေ ခုတ်မောင်းနေတဲ့ ရထားရဲ့ ရထားလိုင်းနာမည်ပါ။YURIKAMOME(ゆりかもめ)ကို စီးသာစီးရတယ်။ ကြောက်တော့ကြောက်သား။ ရထားမောင်းက မပါတော့ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တော့လေ။ ဘူတာရုံမှာတော့ တခုခုဖြစ်ခဲ့ရင် ရထားကို ရပ်ပစ်လို့ရတဲ့ အရေးပေါ်ခလုတ်တွေ ရှိပါတယ်။ ရထားပေါ်တက်ကတည်းက ဘယ်ဘက်က ရှုခင်းလှရင် သွားဓာတ်ပုံရိုက်လိုက်၊ ညာဘက်က ရှုခင်းက လှတယ်ထင်ရင် ညာဘက်ကို ပြေးလိုက်နဲ့ လျှပ်တပြတ် ဓာတ်ပုံရိုက်နေရလို့ ရထားပေါ်ရဲ့ ဘယ်နားမှာ တခုခုဖြစ်ခဲ့ရင် ရထားကို ရပ်ပစ်လို့ရတဲ့ အရေးပေါ်ခလုတ်ရှိမှန်းတောင် သတိမထားမိပါဘူး။

YURIKAMOME(ゆりかもめ)ရပ်တဲ့ ဘူတာတခုရဲ့ စကြံင်္မှာရိုက်ထားတဲ့ပုံပါ။

ရထားစထွက်ပါပြီ။ ဘေးမှာမြင်နေရတာက ရထားသံလမ်းပါ။ သူက အသွားအပြန်ရှိလို့လေ။

ရထားပေါ်ကနေ ရိုက်ထားတာပါ။အဆောက်အဦးကြီး လှလို့လေ။
အဖြူရောင်တိုင်တွေကို တွေ့မိလားမသိဘူး။ အဲဒီတိုင်တွေရဲ့အောက်က သာမန်ရထားသံလမ်းပါ။

အဝေးပြေးကားလမ်းမကြီးကိုလည်း ရထားပေါ်ကနေ တွေ့ခဲ့ရတာပေါ့။
 
သီရေတာတခုလည်း တွေ့ခဲ့ပါသေးတယ်။ SHIKI GEIKIJYOU(四季 劇場)ပါတဲ့။

ဆက်ရန်။
မကြာမှီ လာမည်။
မျှော်။  ;) :p

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဖိုးစံလာတယ်နော်။
ဂျပန်မလေးကတော့ တယ်ကြွားတယ်၊ ကျနော်တို့ မြန်မာ ပြည်က ရထားတော့မမှီပါဘူးနော်၊ ပြီးတော့ ကြည့်ကောင်းတုန်း မျှော်ခိုင်းသေး၊ လည်ပင်ရှည်ရောဂါရရင် ကုပေးရမှာနော်...ဟင်းဟင်း

megumi said...

တမင်မျှော်ခိုင်းတာ မဟုတ်ရပါဘူးနော်။ ရိုက်ထားတဲ့ ဓာတ်ပုံ က ပုံ(100)ကျော်တော့ ကောင်းနိုးရာရာလေးတွေ ရွေးနေရလို့ ခဏစောင့်ခိုင်းမိတာပါ။ ;)

Anonymous said...

မိုက်တယ်ဟေ့
အဆောက်အဦးတွေကိုပြောတာ
လန်းတယ်နော်...:D

မြရွက်ဝေ said...

ဟိုက်ရှားဘား!! "အိုဒိုင်းဘ" သွားတာတောင် ပုံ ၁၀၀ကျော်တယ်လား!!!

megumi said...

အတိအကျပြောရရင်တော့(168)ပုံရှိတယ် မမြရွက်ရေ၊
မြင်သမျှ၊ တွေ့သမျှ အကုန် ဓာတ်ပုံရိုက်တာလေ။
ဝါသနာ၊ ဝါသနာ၊ ဘယ်လိုလုပ်ရမှန်းတောင် သိတော့ပါဘူး။ ;)

စူး said...

ညီမကလဲ ၁၀၀၀ ပေးလိုက် သဘောင်္ရော ရထားရော အကုန်စီးလိုံရတယ်ကွ
お台場 たい好き

MyMetro said...

ရထားစင်္ကြံပုံနဲ့၊ ရထားလမ်းနှစ်ပုံ ကူးသွားပါတယ် ခင်ဗျာ။ အသုံးပြုတဲ့အခါ ပြန်အကြောင်းကြားပါ့မယ်။

megumi said...

ဟုတ်ကဲ့ ကို My Metroရှင့်။ ဘယ်နေရာမှာအသုံးပြုမယ်ဆိုတာ မသိပေမယ့် အများအကျိုးအတွက်အသုံးပြုမယ်လို့ ယုံကြည်ပါတယ်ရှင်။ ရထားနဲ့ ပတ်သတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ရှိပါသေးတယ်ရှင်။ လိုချင်တယ်ဆိုရင် ပေးနိုင်ပါတယ်ရှင်။ ရထားရဲ့ ဘယ်လိုအနေအထားမျိုးကို လိုချင်တာလို့ ပြောနိုင်မယ်ဆိုရင် ကျမက အမြဲရထားစီးတော့ ရိုက်ခဲ့ပေးနိုင်ပါတယ်ရှင်။ အများအကျိုးအတွက် သိသင့်သိထိုက်တာလေးတွေ ရေးနေတဲ့ My Metro Blog မှာ လိုအပ်မယ်ထင်ရင်တော့ အားမနာတမ်း ပြောကြားနိုင်ပါတယ်ရှင်။

MyMetro said...

ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျွန်တော် subway အကြောင်းကိုရေးသားနေပါတယ်။ မြန်မာနိုင်ငံအတွက် မိတ်ဆက်ရေးသားတဲ့အခါ တခြားနိုင်ငံတွေမှာ subway, sky-rail ဆိုတာ ဘယ်လို/ဘယ်ပုံရှိတယ် ပြောပြတဲ့အခါ အသုံးပြုနိုင်အောင်လို့ပါ။ အခုလောလောဆယ် Tokyo subway ရဲ့ Idabashi station အတွင်း/ပြင် ပုံလေးတွေ လိုက်ရှာရင်းနဲ့ မမီဂူမီဆီကို ရောက်လာတာပါ။ အခုလိုခွင့်ပြုတဲ့အတွက် ဝမ်းသာမိသလို ကျေးဇူးလည်း တင်မိပါတယ်။

 

Design By:
SkinCorner