အသဲပုံ ကြက်ဥလေး
မမမြရွက်ကို အားကျလို့ လုပ်ကြည့်တာပါ။ :p မမမြရွက်ရဲ့ ကြက်ဥပြုတ်က ခက်တယ်လေ။ အဲလိုလေးလည်း လုပ်ချင်၊ လုပ်ရမှာလည်း စိတ်မရှည်ဘူးဆိုတော့ လွယ်လွယ်ကူကူနဲ့ လှတပတ စားလို့ ရမယ့် ကိရိယာလေးပဲ ဝယ်လာခဲ့တယ်သိလား။ :z ဒီမှာလေ။ မိုက်တယ်မလား။ ;) အသဲပုံ ကြက်ဥပြုတ်၊ ကြက်ဥကြော်လုပ်စားလို့ ရတဲ့ ကိရိယာလေးလေ။ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျောဘက်မှာ စာရေးပေးထားတယ်။ :p
စစချင်း ကြက်ဥကို ခွဲလိုက်ပြီး အဲဒီ ကိရိယာထဲကို တစ်လုံးချင်းစီ ထည့်ပါ။
အဖုံးပေါ်မှာ လေပေါက်ပွင့်နေ၊ မနေ စစ်ဆေးပြီး (မပွင့်နေရင် ပွင့်အောင် ချိန်ဆပြီး) ကိရိယာကို အဖုံးအုပ်ပါ။
Microwave oven ထဲထည့်ပြီး အပူပေးပါ။
ကိုယ့်စိတ်ကြိုက်အပျော့အမာပေါ် မူတည်ပြီး အပူပေးပါ.........တဲ့။
သူရေးထားတဲ့အတိုင်းပဲ အောက်မှာ လုပ်ကြည့်လိုက်ပါတယ်။
ကြက်ဥ နှစ်လုံးနဲ့စမ်းလုပ်ကြည့်တာပါ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ။
ကြက်ဥကို ခွဲပြီး တစ်ကန့်မှာ တစ်လုံး ထည့်ပြီး Microwave oven နဲ့ (1) မိနစ်အပူပေးရုံပဲ။
မြန်မှ မြန်နော်။
အရေးပေါ်လုပ်၊ အလွယ်တကူစား အဆင်ကို ပြေလို့။ ;)

အဖုံးကို ဖွင့်လိုက်ရင် ဒန်တန်တန်~~~~~~~~~ :z
အသဲပုံ ကြက်ဥပြုတ်လေး နှစ်လုံးကို တွေ့ရတာပေါ့နော်။
ဆီမထည့်ပဲ လုပ်လိုက်တာဆိုတော့ ကြက်ဥပြုတ်အရသာလေး။ ;)
ဆီထည့်လိုက်ရင် ကြက်ဥကြော်ပေါ့နော်။ :p
တစ်ခြားမုန့်တွေကိုလည်း ဉာဏ်ရှိသလိုလုပ်စားလို့ ရပါတယ်တဲ့။ ;)
သူကတော့ Pancake(or)Hotcake လုပ်ပြထားတာတွေ့ပါတယ်။ :p

ကျမလည်း ဉာဏ်ရှိသလို လုပ်ကြည့်လိုက်တာ ဒီလိုမျိုးလည်း ဖြစ်သွားပါတယ်။ :z ဟိ ဟိ၊ အဲဒါ ဘာလည်းသိလား။ :d ကြက်ဥမွှေကြော်လေ၊ ဆီသုတ်ပြီး ကြက်ဥမွှေခေါက်ထားတာကို ထည့် ၊ကျက်ခါနီးမှ အပေါ်ကနေ ငါးပိကြော် တင်လိုက်တာ။ ကြက်ဥထဲ ငါးပိကြော်ထည့်ကြော်တာ အရမ်းစားလို့ကောင်းတယ်ရှင့်။ ဆားလည်းမလိုဘူး၊ အချိုမှုန့်လည်း မလိုဘူး။ (မေမေကို သွားမပြောနဲ့နော်။ :y မတော်လို့ သိသွားရင်တော့ ပေါက်ကရတွေ လျှောက်လုပ်စားလို့ ဆူမှာ သေချာတယ်။ ;)
ထမင်းဘူးထဲ ထည့်ကြည့်တာ ချစ်စရာလေး။
အဖုံးလည်း ဖုံးကြည့်လိုက်သေးတယ်။ မနက်ဖြန် ကျောင်းသွားရင်တော့ OK ပဲ။ ;)
" Megumi, ကလေးမဟုတ် သူငယ်မဟုတ် Pooh အရုပ် ထမင်းဘူးလေးနဲ့" လို့ပြောမနေနဲ့အုန်းနော်။ ;) ဂျပန်မှာ ရှိတဲ့ အမျိုးသမီးတွေက ကြီးကြီးငယ်ငယ် အဲလို အရုပ်ပစ္စည်းလေးတွေ သုံးတာ နှစ်သက်တယ်ရှင့်။ တစ်ချို့၊အဘွားကြီးတွေဆို Handphoneမှာ အလှချိတ်တာတောင် အရုပ်လေးနဲ့။ :p ကျမလည်း ဂျပန်ရောက်လို့ ဂျပန်စတိုင် ဘာပစ္စည်းသုံးသုံး အရုပ်တွေနဲ့ ဖြစ်ကုန်တာ။ ;)

အဖုံးပေါ်မှာ လေပေါက်ပွင့်နေ၊ မနေ စစ်ဆေးပြီး (မပွင့်နေရင် ပွင့်အောင် ချိန်ဆပြီး) ကိရိယာကို အဖုံးအုပ်ပါ။

ကိုယ့်စိတ်ကြိုက်အပျော့အမာပေါ် မူတည်ပြီး အပူပေးပါ.........တဲ့။
သူရေးထားတဲ့အတိုင်းပဲ အောက်မှာ လုပ်ကြည့်လိုက်ပါတယ်။

ကြက်ဥကို ခွဲပြီး တစ်ကန့်မှာ တစ်လုံး ထည့်ပြီး Microwave oven နဲ့ (1) မိနစ်အပူပေးရုံပဲ။
မြန်မှ မြန်နော်။
အရေးပေါ်လုပ်၊ အလွယ်တကူစား အဆင်ကို ပြေလို့။ ;)

အဖုံးကို ဖွင့်လိုက်ရင် ဒန်တန်တန်~~~~~~~~~ :z

ဆီမထည့်ပဲ လုပ်လိုက်တာဆိုတော့ ကြက်ဥပြုတ်အရသာလေး။ ;)
ဆီထည့်လိုက်ရင် ကြက်ဥကြော်ပေါ့နော်။ :p

သူကတော့ Pancake(or)Hotcake လုပ်ပြထားတာတွေ့ပါတယ်။ :p

ကျမလည်း ဉာဏ်ရှိသလို လုပ်ကြည့်လိုက်တာ ဒီလိုမျိုးလည်း ဖြစ်သွားပါတယ်။ :z ဟိ ဟိ၊ အဲဒါ ဘာလည်းသိလား။ :d ကြက်ဥမွှေကြော်လေ၊ ဆီသုတ်ပြီး ကြက်ဥမွှေခေါက်ထားတာကို ထည့် ၊ကျက်ခါနီးမှ အပေါ်ကနေ ငါးပိကြော် တင်လိုက်တာ။ ကြက်ဥထဲ ငါးပိကြော်ထည့်ကြော်တာ အရမ်းစားလို့ကောင်းတယ်ရှင့်။ ဆားလည်းမလိုဘူး၊ အချိုမှုန့်လည်း မလိုဘူး။ (မေမေကို သွားမပြောနဲ့နော်။ :y မတော်လို့ သိသွားရင်တော့ ပေါက်ကရတွေ လျှောက်လုပ်စားလို့ ဆူမှာ သေချာတယ်။ ;)



14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ခက်လိုက်တာနော. အတော်ပင်ပန်းသွားမှာဘဲ. မိုးချိုသင်းကို သွားပြော ဦးမှ သူ က ကြက်ဥ ကြိုက်တယ်။
ဟား ဂွတ်တယ် ...
၂၁ ရာစု မိန်းကလေး တစ်ယောက်က ဒီလို ခေတ်မှီတိုးတက်နေရမယ် :P :P
လူလစ်တုန်း ကြက်ဥပြုတ် တစ်လုံးလောက် ဆွဲသွားဦးမှ
ဂွတ်ထ ဂွတ်ထ :D :P
ကျွန်တော်လည်း အားကျလို့ လိုက်လုပ်ကြည့်တယ် အသဲပုံတော့မဖြစ်ဘူး ရေလုံပြုတ်တော့ ဖြစ်သွားတယ် :D
အရေးထဲ ကဗျာလာဆန်နေသေးတယ် ။ကြက်ဥကြော်တာ
ပဲ ဗိုက်ထဲရောက်သွားပြီးတာကို။ ဟီးဟိး ။ မဆိုးဘူး။
တစ်မူထူးတာပေါ့ ။ ဆက်ရန်ကို မြန်မြန်ရေး။ :P
ဆားမထည့်ရင်တော့ အရသာ ရှိမှာ မဟုတ်ဘူးနော်.
ငါးပိကြော်ကို လှလှလေး ပုံလိုက်ရင် ပိုမိုက်မှာ
မျက်ခုံး သွယ်၂တန်း၂းလေး ၂ဖက်ရယ်
နှာခေါင်းကို ကြိဂံပုံလေး ပုံပီး
ပါးစပ်ကို ပြဲပြဲလေး လုပ်လိုက်ရင် ပိုမိုက်မယ်..
အောင်မလေး မယ်ဂုမိရယ်
အတော်ပင်ပန်းရှာမှာပဲ
ကဲကွာ အသည်းပုံ ကြက်ဥကြော်
တစ်ပွဲလောက် ဂျပန်ရေနွေးကြမ်းတဲ့
ဆွဲလိုက်မယ်..... ဒန့်.....3
ညီမရေ
မမ ခင်ဦးမေ ပြောလို့ ကြက်ဥအနံ့ရလို့ လိုက်လာပါတယ်။
ကြက်ဥက အသဲပုံလေးမို့ ချစ်စရာလေး။ လှလိုက်တာ။ အမလဲ စားစရာဆို လှလှပပလေးဆို ပိုစားချင်တယ်။ လှလှပပ မဟုတ်လဲ စားချင်တာပါပဲလေ။ :)
မမမိုးချိုသင်းရေ၊ ကြိုက်ရင် စားသွားပါရှင့်။ ဟိ ဟိ အားမနာပါနဲ့။ ;)
မမခင်ဦးမေ၊ ကြေငြာပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ကြက်ဥ(1)လုံး ကျွေးမယ်နော်။ :p
ကိုရှင်ရဲထွက်ကြီးက အော်ဒါလာမှာနေတယ်။ ;)
ကိုမိုးသောက်ကတော့ ကျမ မသိခင် စားသွားပြီတဲ့။ :p
မမမြတ်နိုး၊ အကြံပေးလို့ ကျေးဇူးပါပဲနော်။ နောက်တစ်ခေါက်ကျ လုပ်ကြည့်လိုက်ပါမယ်။ :p
ကိုမောင်ငယ်ကြီးကလည်း လှတပတ ကြက်ဥလေး မစားချင်ဘူးလား။ :)
ရေလုံပြုတ်လည်း ကြက်ဥပါပဲ ကိုချစ်သူ့ခေါ်သံရယ်။ ;)
အတော်ပဲ ထမ္မင်းဘူးမရှိတာနဲ့ :D :P
မနက်မိုးလင်းဗိုက်ဆာနေတာနဲ့ အတော်ပဲဗျာ...
ကြက်ဥကြော်နဲ့ ထမင်းလေးကို ဆွဲလိုက်ဦးမပဲ..
သူများတွေမေးရင်ပြောလို့ ရတာပေါ့ ဒီနေ့ ဘာနဲ့ 
စားလာလည်း လို့ မေးရင် ကြက်ကောင်လုံးကြော်နဲ့ 
စားလာတာလို့ ပြောလို့ ရတာပေါ့.. :P :D
နောက်တစ်မျိုးလေးကို လာကြည့်တာပါ ..
ကြက်ဥကျော်ထဲကို ငပိထည့်တာ တစ်ခါမှ ကြားဖူးဘူး :D
ဂုဂုက ပရော်ဖက်ရှင်နယ် ကြက်ဥ ကျော်လို့ရပြီပဲ :P
သယ်ရင်း ကြက်ဥ နာမည်ကြီးလွန်းလို့ အော်ဒါ မှာတဲ့သူတွေ များနေလို့
ကြက်ဥတွေ မျိုးသုန်းမဲ့ အလားအလာ ရှိတယ် :P :P
ဆရာမရဲ့ ကြက်ဥကြော် တော်တော်နံမည် ကြီးနေပြီဗျ။ ကြက်ဥနဲ့ ငါးပိကြော်ကြည့်နေရင်းက ဗိုက်ဆာလာတယ်။ ဟဲဟဲ ငတ်ကြီးလာကျတာ။
မမ ညီမလေးထမင်းဗူးပြန်ပေး....ဟီးဟီး(ငိုသံ)
ညီမလေးလဲ ဆော့နေတယ်ပေါ့။ :D
အမတော့ အဲဒါမဝယ်ဖြစ်ဖူး။ တခါသုံးရင် ကြက်ဥ၄လုံးမှ ကြော်လို့ရမလားမသိလို့ တွေးမိလို့။ :P
poohထမင်းဘူးနဲ့ပါလား။ ချစ်စရာလေး။ အသီးအရွက်လဲ စားပါညီမရေ။ တော်ကြာ အာဟာရ မမျှဖြစ်နေဦးမယ်။ အမလဲ သိပ်မချက်တတ်ပေမယ့် အသီးအရွက်ပါအောင် စဉ်းစားရတယ်။
Post a Comment