Thursday, October 30, 2008

ပျော်ရွှင်ခြင်း အထိမ်းအမှတ်

Blog မွေးနေ့ပွဲကို လာရောက်သူများအား စကားပြန်လည်ပြောဆိုခြင်း ;)


Younggun said...

ငါးလပြည့်မှသည် စိတ်တိုင်းကျ ကာလတစ်ခုထိ ဘလော့နိုင်ပါစေဗျား။ မှတ်သားစရာ သုတနဲ့ ရသတစ်ခုခုပေးတတ်တဲ့ ဘလော့လေးမို့ အမြဲမဟုတ်တောင် မကြာခဏလာလည်ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအောင်မြင်နိုင်ပါစေဗျား။။။

ကိုBlogger Younggun ရေ၊ အသိအမှတ်ပြုပြီး လာရောက်အားပေးလေ့ရှိတယ်ပြောလို့ ဝမ်းသာမိပါတယ်ရှင့်။ ဆုတောင်းလည်း ပြည့်ချင်ပါတယ်။ :y

Wed Oct 29, 02:13:00 AM 2008

Blogger မိုးပြေး said...

ဂျပန်မလေးရေ ဆူရှီ တွေကို စားရင် အားမနာတမ်း စာတွေဖတ်၊
ပြီတော့ ဘလောဂ့် ၅ လပြည့်လေးအတွက် ဆုတောင်းပေးပါတယ် ခင်ဗျာ။ これからも、奢ってね ဟီး

ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

Wed Oct 29, 02:30:00 AM 2008

အေးပါ၊ စားပါ။ နောက်လည်းများများ ကျွေးမှာပေါ့။ :z ဒါမှ လက်ဆောင် အရုပ်များများရမှာ။ :p အခု နှစ်ရုပ်ကိုလည်း သေချာ သိမ်းထားတယ်သိလား။ ;)

မိုးသောက် said...

သယ်ရင်း ငါ မုန့်တွေ အကုန်စားသွားပြီနော် .
နင်ဖို့ မချန်တော့ဘူး .. မကျေနပ်ရင် အကြွေးမှတ်ထား :P
သယ်ရင်း မိဂု တစ်ယောက် ငါးလ ပြည့် မွေးနေ့မှသည် ( လူကို ပြောတာ မဟုတ်ဘူးနော် :P ) နောက်ထပ်ဆက်လက်ပြီး သုတ ရသ စာပေတွေကို
ရေးသားနိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ..
ခင်မင်တဲ့
မိုးသောက်

Wed Oct 29, 02:42:00 AM 2008

လောဘကြီးတဲ့ တယ်ရင်းမိုးသောက်၊

နင့်မွေးနေ့ကျမှ တွေ့မယ်။ ဟွန်း။ ဆုတောင်းပေးလို့ ကျူးဇေး၊ ကျေးဇူး။ :p

Blogger mgngal said...

ကောင်းမှကောင်း ဆူရှီ စားဖူးသွားပြီ ။ အာရီရယ် ကိုက်သို
ကိုဆိုင်းမာ့ ။ :P

Wed Oct 29, 03:38:00 AM 2008

ကောင်းတယ် ပြောလို့ ကျေးဇူးပါ ကိုမောင်ငယ်။ ;)

Blogger khin oo may said...

29 Oct 08, 07:18
kom: အရုပ် ကလေးတွေ ချစ်စရယ မိုလို့ မစားရက်ပါ။ ပျော်ရွှုင် သော မွေးနေ့ဖြစ်ပါစေ။ ဆက်လက် တည်တံ့ခိုင်မြဲပါစေ.

Wed Oct 29, 07:19:00 AM 2008


စားပါ မမရဲ့။ ကျမကိုယ်တိုင်လုပ်ထားတာ။ :z ဆုတောင်းလေး ပြည့်ပါရစေလို့ ဆုတောင်းလိုက်ပြီ။ ;)

Blogger ရှင်ရဲထွတ် said...

ဂုဂု ဘလော့ဂ် 5 မှသည် အများကြီးများကြီးများကြီး ခုဆယ်ရာထောင်သောင်းသိန်းသန်းထိ ရေးသားနိုင်ပါစေ

Wed Oct 29, 07:55:00 AM 2008

ဟုတ်၊ ဟုတ်၊ ~ခုများကြီး ရေးမယ်သိလား။ :z

Blogger ၀ါဝါခိုင်မင်း said...

ညီမလေး ရေ..
ဘလော့လေး ၅ လပြည့်ပြန်ပြီနော်..
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမလေး ရေ..
မောင်မိုးသောက် ဆူရှီတွေ အကုန်စားသွားတော့ မမ စား
ဘို့မရှိတော့ဘူးပေါ့။ :P
ဘလော့လေးရဲ့ ၅ လပြည့်မွေးနေ့မှသည် ပျော်ရွှင်စွာ
ဆက်လက် ဘလော့ဂင်နိုင်ပါစေ ချစ်သောညီမလေး ရေ.

ချစ်တဲ့
မမ၀ါ

Wed Oct 29, 08:31:00 AM 2008

ကျေးဇူးတင်ပါတယ် မမ၊

နောက်လ ကျရင် အများကြီး ကျွေးမယ်နော်။ :p အခုတော့ ကိုလောဘမိုးသောက်က...... ။ ပြောတော့ပါဘူး။ :z

Blogger Apprenticeship said...

ဆက်လက်ချီတက်နိုင်ပါစေ........

Wed Oct 29, 08:41:00 AM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

Blogger puluque said...

ဂူးဂူးရေ..
၅လပြည့် အထိမ်းအမှတ်လေးကို ဂုဏ်ယူစွာတက်ရောက်ခဲ့ပါတယ်။ ဂူးဂူးတစ်ယောက် ချစ်တဲ့ ဘလော့လေးနဲ့အတူ ပျော်ရွှင်စွာ ဆက်ဘလော့နိုင်ပါစေ..

Wed Oct 29, 09:56:00 AM 2008

ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့ ကိုပုလုကွေးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စွာ ဆက်ဘလော့ချင်ပါတယ်။ :z

Blogger - said...

ဂျပန်မလေး
ဘလောဂ့်မွေးနေ့လေးမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေနော်၊ ဆက်ပြီးတော့လည်း ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေ စဉ်ဆက်မပြတ် မျှဝေ ၊ ပွားများပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ခင်မင်လျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com

Wed Oct 29, 10:36:00 AM 2008

ပေးတဲ့ဆု အကုန် ပြည့်ရပါလို၏။ :y

Blogger သက်တန့် said...

ဂုဂုရေ...
ငါးလပြည့်မွေးနေ့ပွဲကို တက်ရောက်သွားပါကြောင်း... :)

Wed Oct 29, 12:40:00 PM 2008

ကျေးဇူးတင်ပါတယ်နော်။ :z

Blogger အိမ်မက်ရှင် said...

ငါးလပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်
ဤချစ်စဖွယ် ဘလောက်ဂ်လေး တံတည့်နိုင်ပါစေ
တောင်းဆုချွေလျှက် ကျွေးမွေးတာတွေ အားပါးတရ
ကြည့်ရှု အဲမှားလို့ စားသောက်သွားကြောင်းပါ ...

ခင်မင်လေးစားစွာဖြင့်

Wed Oct 29, 01:41:00 PM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

တကယ်ကျွေးချင်ပါတယ်။ :p အခုတော့ ကြည့်ပဲကြည့်အုန်းနော်။ ;) ဂျပန်လာရင် တကယ်ကျွေးမယ်သိလား။ :z

Blogger ဝေလေး said...

ဘလော့လေးငါးလပြည့်မှ ရှေ့သို့ ရှေ့သို့...... :P

Thu Oct 30, 12:18:00 AM 2008

:z ကျေးဇူး ကျေးဇူး။ :z
Blogger Dream said...

ဝေး..ဆူရှီတွေလာစားသွားတယ်.. ဘောလ့လေးငါးလ
ပြည့်မှသည်နောင်ငါးနှစ် သို့တိုင်ပါစေ..
ဒီထက်လည်းကျွေးမွေးနိုင်ပါစေနော်.. ဟီးဟီး..
:) :)

Thu Oct 30, 12:55:00 AM 2008

ကျွေးမှာပေါ့။ စိတ်ချ။ ;) ဆုတောင်းပေးလို့ ကျေးဇူးပါ မက်မက်ရေ။ :z

Blogger ညီအကိုများ said...

ဆူရှီများစားသွားပါကြောင်း... စာကေးမတိုက်လို့စိတ်ဆိုးတယ် :P

မိုးကြယ်

Thu Oct 30, 02:26:00 AM 2008

ကျေးဇူးတင်ပါတယ်နော်။ :z ဆာကေးက ခဏခဏတိုက်လို့ အကုန်အကျသက်သာအောင် ဒီတစ်ခါ မသိချင်ယောင်ဆောင်နေတာ။ ဟိဟိ။ :z

Blogger thihanyein said...

ညီမလေးရေ မုန့်လာစားသွားတယ် နည်းတယ်ကွ
နောက်တစ်ခါ ၆ လဆိုရင် များများလေးနော် အဟီးးး

Thu Oct 30, 09:57:00 AM 2008

ကိုယ်တိုင် လုပ်ထားလို့ နည်းတာပါ။ ;) နောက်လကြရင် Internet ထဲကနေ အများကြီး ရှာပြီး ကျွေးမယ်နော်။ :z

:z နည်းတယ်ဆိုလို့ ရှိတာလေး ထပ်ကျွေးတာပါ။ :z
Delete


7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

အဟား အရင်ဆုံး ဦးဦးဖျားဖျား လားစားပြီဟေ့ ..
ငါက အဲ့လို မုန့်လုံးကြီးကျော်ပုံစံမျိုး ဆို အရမ်းကြိုက်တာဟ .. ဟီဟီး
ရှယ်ပဲ .. သဘောကောင်းလိုက်တဲ့ နာ့သယ်ရင်း ..
နင်များနေပြီနော် ငါ့ကို ကိုလောဘလေး ဘာလေးနဲ့ ..
ငါတော့ စားစရာရှိ စားမှာပဲ မကျေနပ်ရင် ငါကျွေးတဲ့ အခါကျရင် ပြန်လိုက်စားလှဲ့ .. (အခုလောလောဆယ်တော့ ကျွေးဖို့ မရှိသေးဘူးနော် :P )

စိုင်းစိုင်းလားရှိုး said...

ဟေ့ကောင် မိုးသောက် လောဘမကြီးနဲ့ ငါ့ဖို့ချန်ဦး ဂုဂု သိမ်းလိုက်တော့ ဒီကောင်က အကုန်စားမယ့်ကောင် ၀က်သားကြော်ဆို ငါအရမ်းကြိုက်

ဝေလေး said...

အဲဒါ ဝက်သားကြော်လားမမ.. ကိုရှင်ရဲထွတ်ပြောလို့...
ရှိတာထပ်ကျွေးတော့လည်း အားမနာပဲ စားသွားရတာပေါ့နော်.... :P

Welcome said...

ဂျပန်မလေး
ရှိတာလေး ထပ်ထုတ်ကျွေးလို့ အားနာပါးနာနဲ့ ထပ်စားသွားပါတယ်။
ဝင်းဇော်

မိုးပြေး said...

စားချင်စဖွယ် ၀က်သားကြော် လေးများကို တကယ်မစားရသော်လည်း မြင်ရတာလေးနဲ့  တင်ကျေနပ်ပါတယ်ဗျာ။

Anonymous said...

ထပ်ကျွေးတော့လည်း ဗိုက်ပြည့်ပြည့်နဲ့ အားနာပါးနာ ထပ်စားရပေတာပေါ့ဗျာ ... တော်တော် သဘောကောင်းတဲ့ မီဂုမိပါပဲ :)

သက်တန့် said...

ရှိတာလေးကို ထပ်ကျွေးလို့ အားနာပါးနာနဲ့ စားသွားတယ်နော် ဂုဂု...
အမှန်တကယ်က ဂလုသွားတာ... ဟီး... :D

 

Design By:
SkinCorner