Wednesday, March 25, 2009

ရောက်တတ်ရာရာ

အခုတလော ရေးချင်တာတွေများပြီး ဘာရေးရမှန်းမသိလို့ ဘာမှမတင်ဖြစ်ဘူးသိလား။ လျှောက်လည်တဲ့အကြောင်းလည်း ရေးရဦးမယ်။ အများကြီးပဲသိလား။ ဘာအကြောင်း စရေးရမှန်းတောင်မသိဘူး။ ဘွဲ့ယူတဲ့နေ့က အကြောင်းလေးလည်း ရေးချင်သား။ :pဖီးလ်မလာသေးလို့ စိတ်ပါမှပဲ ရေးတော့မယ်။ ;) အခြေအနေကလည်း သိပ်မပေးဘူးလေ။ လူကြီးတွေက အိမ်ပြန်ရောက်ပြီး ခဏနေတာနဲ့ အိပ်ရာဝင်ကြပါလေရော။ ဒီတော့ ကျမလည်း တစ်တစ်တစ် တစ်ဒေါက်ဒေါက် လုပ်လို့ မရတော့ဘူးရှင့်။ ဒီကြားထဲ ကွန်ပျူတာက ဘာဖြစ်နေမှန်း သိဘူး။ လေတွေ ထွက်နေတယ်။ တော်တော် နားညီးတယ်သိလား။ ပြင်လည်း မရ။ အဲလို အကြောင်းတွေကြောင့် ပို့စ်မရေးဖြစ်တာ။ လည်လည်း မလည်ဖြစ်ဘူး။ ဘလော့လောကနဲ့ အဆက်အသွယ်ပြတ်သလိုလိုဖြစ်လာပြီ။ :c ဒါလည်း တစ်ခုတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံပြန်ရောက်လည်း ရေးဖြစ်ချင်မှ ရေးဖြစ်တော့မှာဆိုတော့။ အခုထဲက သံယောဇဉ်တွေ ဖြတ်ထားတာ။ မဟုတ်ရင်၊ ကျမက သံယောဇဉ်ကြီးလွန်းလို့။

2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ကွန်ပြူတာကလေတွေထွက်နေတယ်ဟုတ်လား
ရယ်ချင်သွားတယ်..
မကောင်းဘူး
ရေး..

Anonymous said...

ဟမ်.. ကြုံ..ကြုံဖူးပေါင်ဗျာ။ ကွန်က လေထွက်သတဲ့ ထွက်မှာပေါ့ သူ့အထဲမှာ
စီပီယူကို အေးအောင် လုပ်ဖို့ ပန်ကာပါတာပဲဟာ
ဒါမှမဟုတ် အဲဒီပန်ကာက တခုခုနဲ့ညှိနေလို့ အသံထွက်တာနေမှာပါဗျာ။ အတော်နောက်တာပဲ အဟစ်ဟစ်ဟစ်

 

Design By:
SkinCorner