Saturday, April 18, 2009

ဂျပန်လူငယ်တို့၏ ဖက်ရှင်

 သင်္ကြန်က ဓာတ်ပုံ တစ်ချို့ကို ကြည့်ပြီး နည်းနည်းလန့်သွားခဲ့တယ်သိလား။ လှတော့လှကြပါတယ်။ မိုက်လည်း မိုက်ကြပါတယ်။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ မျက်စိနဲ့ မယဉ်သေးတာအမှန်ပဲ။ နည်းနည်းများ ခေတ်ရှေ့ရောက်လွန်းနေသလားလို့။ ကျမလည်း လူငယ်ပါပဲ။ ခေတ်နဲ့အမီ ဝတ်စားဆင်ယင်ပါတယ်။ ဒါပေမယ့် ၊ ခေတ်တော့လွန်အောင် မဝတ်ဘူး။ မိန်းကလေးဆိုတာ ကိုယ့်အန္တရာယ် ကိုယ်သိရတယ်လေ။ နေရာဒေသနဲ့ လိုက်ဖက်ညီအောင် မဝတ်စားတတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ များနိုင်တယ်ဆိုတာ သတိပြုသင့်ကြပါတယ်။ မြန်မာမိန်းကလေးတွေ ခေတ်နဲ့အညီဝတ်စားဆင်ယင်စေချင်ပါတယ်။ ဒါပေမယ့်၊ ခေတ်မလွန်ကြပါနဲ့လို့ ဆုတောင်းနေမိပါတယ်။

 မြန်မာနိုင်ငံရဲ့ အပူဆုံးကာလမှာ ဝတ်တဲ့ ဖက်ရှင်တစ်ချို့တွေကတော့ အများသိကြတဲ့အတိုင်းပါပဲ။ ဂျပန်မလေးတွေ အပူဆုံးအချိန်မှာ ဝတ်တဲ့ဖက်ရှင်နဲ့ နှိုင်းယှဉ်ကြည့်လို့ရအောင် တင်ပြပေးလိုက်ပါတယ်။

 တိုပေမယ့် အမြင်မရိုင်းအောင် ဝတ်စားဆင်ယင်နည်းတွေ အများကြီးရှိတယ်ဆိုတာကို ခေတ်ရှေ့ရောက်လွန်းတဲ့ ကောင်မလေးတွေ သိစေချင်ပါတယ်။


 ဖက်ရှင်တွေကို စတင်တီထွင်လေ့ရှိတဲ့ ဟရဂျုကုမြို့မှ ဖက်ရှင်တစ်ချို့


 ဆွဲဆောင်မှုအပြည့်နဲ့ အိုမိုတဲ့စန်းဒိုးမြို့မှ ဖက်ရှင်တစ်ချို့

 တန်ဖိုးကြီးပစ္စည်းများနဲ့ ဂုဏ်ယူဖွယ် ဒိုင်းကန်းယာမမြို့မှ ဖက်ရှင်တစ်ချို့

 ခေတ်နဲ့အညီ ပြေးနေတဲ့ ရှိဘူရ မြို့မှ ဖက်ရှင်တစ်ချို့

 ပြည်တွင်းသာမက ပြည်ပမှ ပစ္စည်းများနဲ့ တမူထူးခြားတဲ့ စတိုင်ရှိတဲ့ ဂင်းဇမြို့မှ ဖက်ရှင်တစ်ချို့


 ပုံကို http://www.style-arena.jp/မှ ရယူပါသည်။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ယဉ်ယဉ်ကျေးကျေးနဲ့
ကိုယ့်ကိုယ်ကိုယ်
ထိန်းနိုင်သိမ်းနိုင်မဲ့
အ၀တ်အစားလေးတွေဝတ်မှ
အထင်ကြီးဖို့ကောင်းတာ...
ခေတ်ဆန်ပေမဲ့ မျက်စိမရိုင်းနိုင်မဲ့
ဖက်ရှင်လေးတွေ ရှိသားပဲ
သေသေချာချာဝတ်ရင် လူအထင်သေးမခံရနိုင်ဘူး
ချစ်ခင်မှုရနိုင်ပါတယ်။ ။

Anonymous said...

အင်း... ဘာပဲပြောပြော ကောင်မလေးတွေကို
ငမ်းသွားတယ်ဗျ။ ဟစ်ဟစ်ဟစ် ဒါနဲ့ ရွာကလူတွေ ၀တ်တာ စားတာလား မယ်ဘုရေ
ဒါတော့ တိုင်းပြည်ကြီး တိုးတက်ခြင်းရဲ့ င်္သကေတ
တွေပေါ့ဗျာ။ ဟုတ်ကဲ့ ဘာတွေတိုးတက်လာလဲမေးရင် ဘီယာဆိုင်တွေ
အနှိပ်ခန်းတွေ၊ ကေတီဗီတွေ၊ အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်းတွေ၊ ဟိုတယ်၊
မော်တယ်၊ အင်း၊ နိုက်ကလပ်၊ ကျနော်ကြားဖူးတယ် ၇လွှာချွတ်ကပွဲတောင် ရှိ
တယ်ဆိုပဲ ဆိုတော့ကာ... ဒီလိုဝတ်စားတာတွေ
ဟာ ဘယ်လိုမိန်းကလေးဆိုတာ စဉ်းစားကြည့်ပေါ့။ ဒါကလဲ သူတို့ အပြစ်ပြောလို့ မရဘူးဗျ။ သူတို့မှာ ဒီအချိန်လေးပဲ ဒီလိုဝတ်ပြပြီး ဖောက်သည်ခေါ်ရတာလေ ဒီလိုမှမလုပ်လဲ
ဝမ်းရေးကရှိသေးတော့ သကိုးဗျ။ ဒါတွေအားလုံးရဲ့ တရားခံ ဘယ်သူလဲ...။
အဲ....
တခုတော့ ရှိတယ် အဲလို အစားထဲကမဟုတ်ပဲ
သာမာန်မိန်းကလေးဆိုရင်တော့ အဲဒါကို......
လို့ခေါ်တယ်။ ခုခေတ်မှာ တောင် ဒီလိုဝတ်နေကြရင် နောင်များဆို အကုန်ချွတ်သွားမလား မသိဘူး။ အဲဒီအထိ
အသက်ရှည်ပါစေပဲ ဆုတောင်းတော့မယ်ဗျာ
ဘာပဲပြောပြော အသက်ရှည်ဆေး မှီဝဲစရာ မလိုတော့ဘူးပေါ့ဗျာ အဟစ်ဟစ်ဟစ်
ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ တော်ပြီဒါဗျဲ
ဆက်ရေးရင် သောက်ကျင့်တွေ ပေါ်ကုန်မယ်...။
အဟစ်ဟစ်ဟစ်ဟစ်ဟစ်ဟစ်

Unknown said...

ဖက်ရှင် ၀ါသနာပါလား မြို့နဲ့ ဖက်ရှင်နဲ့ ဟုတ်မဟုတ်တော့ မသိဘူး သူဖောသမျှတော့ ဖတ်ရတာပဲ
ဗဟုသုတလည်းရ အမှားသရုပ်ပြဆိုရှောင်ပေါ့ ကိုယ်ယဉ်ကျေးမှုနဲ့ကိုက်ရင် အတုယူပေါ့
ဒိုင်းကန်းယာမမြို့မှ အောက်ဆုံးတန်း ၃ ယောက် မြောက် ကြိုက်တယ် လုံခြုံမှုလည်းရှိတယ်း)
မြန်မာဖက်ရှင်လေးပါ တင်ပေါ့

စိုင်းစိုင်းလားရှိုး said...

ဟုတ်ကဲ့ ခင်ဗျ...၊ ဘယ်လိုပြောရမလည်းနော်.....၊ မပြောတော့ဘူးကွာ....၊ ဂျပန်မတွေပဲ ငမ်းပြီး ပြန်တော့မယ်၊
ဟဲ့ မယ်ဂုမိ နင့်ဖက်ရှင် စတိုင်လည်း ပြပါဦးဟ...၊

nyiyekhaung said...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေခင်ဗျာ

Anonymous said...

မမရော ဘယ်လိုလေးလဲ.. ဟီဟီ

mabaydar said...

ရေးထားတာတွေလဲ မှန်တယ်.. ဖတ်ရှင် ပုံလေးတွေလဲလှတယ်.. ငါကြည့်ချင်နေတာနဲ့ အတော်ပဲ.. ကျေးဇူးသယ်ရင်းရေ..

မြတ်သွယ် said...

မမမယ်ဂုလှတာ တိတယ်နော် ဟဲဟဲ...
ဖက်ရှင်လေးတွေကို ကြည့်သွားပါတယ်
ဝတ်ဖြစ်မယ်တော့မထင် ဟီးးး
ညီမလေးက အဘွားကြီးဖြစ်နေတာကြာပြီး)

ကောင်းကင်ပြာ said...

ဂျပန်မလေးတွေ က တို့ညီမလေးလောက် မလှတာတော့ သေချာတယ်၊ ဟုတ်တယ်ဟုတ်

 

Design By:
SkinCorner