Monday, May 25, 2009

110 V

110 V ဒုက္ခပေးပုံများ ပြောမပြောချင်ဘူး။ ဘယ်လိုမှကို ဓာတ်ခဲအားသွင်းလို့ မရဘူး။ ဗို့ပြောင်းတဲ့ဟာကလည်း မှားပြီး အိမ်ကို ပို့ပစ်လိုက်ပြီ။ ဟင့်ဟင့်။ အခုမပါလာဘူး။ ဓာတ်ပုံရိုက်ချင်ပါတယ်ဆို အခုတော့ ဗီဒီယိုပဲ ရိုက်ရတယ်။ တော်သေးတယ်။ ကွန်ပျုတာက ဓာတ်ခဲအားသွင်းလို့ရလို့။ ;)

ဂျပန်၊ဂျပန် သူတို့နိုင်ငံနဲ့သူတို့တော့ ဟုတ်လို့။ ကျမမှာတော့ တစ်ခြားနိုင်ငံသွားတိုင်း နှစ်ပေါက်ထိုးပလက်ပေါက်ကို လိုက်ရှာရ၊ ဗို့အားက မတူ။ ဗို့အားပြောင်းတဲ့စက်ဝယ်ထားတော့လည်း အလေးကြီးကို သယ်ရနဲ့။ ဟူး ................ အလုပ်တော်တော်ပေးတယ်။

စလုံးမှာ ကင်မရာဓာတ်ခဲ ဘယ်လို အားသွင်းရမလဲ ................သိတဲ့လူများရှိရင် ပြောပြပေးပါလား။ busyအိမ်မှာရှိတဲ့ နှစ်ပေါက်ထိုးပလက်ပေါက်တွေက ကင်မရာ ဘက်ထရီချာဂျာကို လက်မခံပါ။ ဒါကြောင့်၊ နောက်နေ့ ဓာတ်ပုံရိုက်လို့မရပါ။ ဟင့် ဟင့်။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ZT said...

Funan IT Mall မှာဖြစ်ဖြစ် CarreFour မှာဖြစ်ဖြစ် Convertor ရှာကြည့်ပါလား။

တောင်ပေါ်သား said...

၁၁၀ ကတော့ သိဘူးဗျာ... ZT ပြောသလိုပဲ လုပ်လိုက်ပါ အဟီးးး

Unknown said...

၁၁၀ ပြဿနာ ဘယ်လိုဖြေရှင်း တယ်ဆိုတဲ့ အတွေ့အကြုံ ပြန်လာရင် သေချာရေးအုံး။ ငါ့ ပစ္စည်းတွေ အကုန်လုံး ၁၁၀ပဲ...ဟိ.....:D

Anonymous said...

လွယ်တာမှ အရမ်းလွယ် အသစ်တလုံးထပ်ဝယ်လိုက်ပေါ့။ ပြီးရင်း သွင်းစမ်းအမုန်း ဘတ္တရီအားပြောတာပါနော် ဟိ

သီဟသစ် said...

မိဂုရေ..

ကိုZT ပြောသလို Funan သို့ Simlim မှာ ရှိမယ်ထင်တယ်..

စင်္ကာပူမှာ ပျော်ရွှင်ပါစေကွယ်..

ခင်မင်စွာဖြင့်
သီဟသစ်

 

Design By:
SkinCorner