Showing posts with label To Blogger Wesheme. Show all posts
Showing posts with label To Blogger Wesheme. Show all posts

Saturday, August 30, 2008

To Blogger Wesheme

ကျမက Post စရေးတာ ဟုတ်ပါတယ်။ (ရှင်က ရေးအောင်လုပ်ခဲ့လို့လေ။) ရှင်က ပြန်ပြီး ဖြေရှင်းသလိုလိုနဲ့ လူတွေ အထင်လွဲနိုင်တဲ့ ရင်မှခံစားမှုများ ဘလောက်ရှင်ထံသို့ တင်ခဲ့တယ်နော်။ အဲဒါနဲ့ ကျမက မေတ္တာရပ်ခံခြင်း ဆိုတဲ့ Postနဲ့ ထပ်ပြီး ရှင်းပြရပြန်တယ်။ ကျမရဲ့ မေတ္တာရပ်ခံခြင်း ဆိုတဲ့ Postက မေးခွန်းတွေကို ရှင် က Blogger Andy Myint said...

I hav said enough. Be cool. Cheers!
Sun Aug 03, 09:50:00 AM 2008

ဆိုတဲ့ Commentလေးနဲ့ ဘာမှန်းသေသေချာချာမသိပေမယ့် ဖြေရှင်းလိုက်တော့ ပြဿနာတွေ ပြီးသွားပြီလို့ ကျမက ထင်ခဲ့မိတယ်။ ဒါကို ရှင် က ပြဿနာ ဖြစ်ပြီး (16)ရက်အကြာ၊
Tuesday, August 19, 2008 ကျမှ မဏ္ဍပ်တိုင် တက်ခြင်း ဆိုပြီး တင်ပြန်ပါလေရော။ ရှင်Blogမှာ ရှင် ကြိုက်တာ ရေးလို့ရတာ ကျမ မပြောနဲ့ ကလေးတောင် သိတယ်။ ကြိုက်တဲ့link ကိုလည်း တပ်လို့ရပါတယ်။ ဒါပေမယ့်၊ ပြဿနာရဲ့ အရင်းအမြစ်ကို မသိခဲ့တဲ့လူတွေ အထင်လွဲစေနိုင်တဲ့ [တခြားဖတ်ရန် - ရင်မှခံစားမှုများ ဘလောက်ရှင် ထံသို့ ]
ကို ဘာလို့ ထည့်ရေးချင်ရတာလဲ။ ကျမရဲ့ Post link ကို ဘာကြောင့် မထည့်စေချင်တာကို ရှင်ကို Post နှစ်ခုနဲ့ သေသေချာချာ ရှင်းပြခဲ့ပြီးပြီ ။ ရှင်၊ မြန်မာ စကားတော့ ကောင်းကောင်းနားလည်ပါတယ်နော်။ ကျမက နောက်ထပ် အငြင်းမပွါးချင်တော့လို့ ၊ရှင်ကလည်း I hav said enough. Be cool. Cheers!
ဆိုတဲ့ Comment ရေးခဲ့လို့ ပြီးဆုံးပြီလို့ ထင်ခဲ့တဲ့ ပြဿနာကို ဘာလို့ ယုန်ထင်ကြောင်ထင်ဖြစ်အောင် ထပ်ထည့်ချင်ရတာလဲ။ ဘယ်သူက ပြီးသွားတဲ့ ကိစ္စတစ်ခုကို ဆက်လက် ပြဿနာရှာနေတာလဲ။ ဒီနေ့(Aug 30 , 1 Am ) မှ အဲ့ဒီ မဏ္ဍပ်တိုင် တက်ခြင်း ဆိုတဲ့ Post ရဲ့  အောက်ဆုံးစာကြောင်းမှာ[တခြားဖတ်ရန် - ရင်မှခံစားမှုများ ဘလောက်ရှင်ထံသို့ ]ဆိုတာ ပါနေတာ
ကို သိရလောက်အောင်ကို ကျမက မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ ပြဿနာ(ပြဿနာရဲ့ အရင်းအမြစ်ကို သိခဲ့တဲ့လူတွေ လည်း မေ့လောက်ပြီလို့ ထင်ပါတယ်။ ;) )ကို မမေ့မလျော့ ဖြစ်နေတာ ဘယ်သူလဲ ။ ဒီလောက်တောင် အခဲမကြေဖြစ်နေသေးရင် ဖြေရှင်းကြရအောင် ဆိုတော့လည်း ပြဿနာ များတယ် ဖြစ်ရပြန်တယ်။ (ရှင့်စကားအတိုင်းဆိုရင်တော့ သောက်ပြဿနာ များတယ်ပေါ့။)ဘာမှကျ မဖြေရှင်းရဲပဲနဲ့။
ရှင်က စကားပြောတော့ တော်တော် မိုက်ရိုင်းတယ်နော်။ စကားဆိုတာ လူ့အဆင့်အတန်းကို ဖော်ပြတယ်တဲ့။ {သောက်ပြဿနာ များမယ် ဆိုရင်၊}
{မင်း ကိုယ့်ကို ဒီလို လာပြီး ရန်တွေ့တာ ကိုယ့်တို့ မိသားစု အတွက်တော့ အမင်္ဂလာပါပဲ။ }
{စာဖတ်သူတွေလည်း ပဲကြီးလှော်ကြား ဆားညပ်မှာ စိုးလို့ ဒီ ပို့စ်မှာ ကော့မန့် ပိတ်ထားပါတယ်။}
ဒီလိုမျိုး စကားတွေက ရှင် တယောက်တည်း ပြောတတ်တယ်လို့ မထင်ပါနဲ့။
ကျမနဲ့ ရှင်နဲ့ဆိုရင် ရှင်က အကြီးဖြစ်နေတော့ မြန်မာ့ယဉ်ကျေးမှုအရ ယဉ်ယဉ်ကျေးကျေးပြောနေတာကို သိပ်ပြီး အခွင့်ကောင်းမယူပါနဲ့။
ဘာနဲ့ တူလည်းဆိုတော့ ရပ်ကွက်ထဲမှာ အေးအေးချမ်းချမ်း နေနေတာ အိမ်ရှေ့မှာ လာအော်ပြီး ရန်ဖြစ်သလိုပါပဲ။
လို့ ရှင်ပြောခဲ့တယ်နော်။
ကျမက ပိုပြီးတော့တောင် အေးအေးဆေးဆေးနေချင်သေးတယ်။ ဘာပဲပြောပြော မိန်းကလေးနဲ့ ယောင်္ကျားလေး ရန်ဖြစ်ရင် မိန်းကလေးပဲ နစ်နာတယ်။ ဒါပေမယ့် ၊ ပြဿနာကို မဖြေရှင်းပဲနဲ့ ဒီတိုင်းဆက်သွားရင် ကျန်တဲ့လူတွေ အထင်လွဲကုန်နိုင်လောက်တယ်လို့ ထင်လို့ ပတ်ဝန်းကျင်ကို အလေးထားတဲ့ အနေနဲ့ ပြန်လည် Post တင်လိုက်ရပါတယ်။ ဖြစ်နိုင်ရင် ဒီပြဿနာကို (မဆိုင်တဲ့လူတွေ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မိန်းကလေးတန်မဲ့ ) ရှင်နဲ့ တိုက်ရိုက် ဖြေရှင်းချင်ပေမယ့် ရှင်က လက်ခံ မဖြေရှင်းနိုင်ဘူးဆိုတော့ ၊ Comment လာရေးတော့လည်း နောက်တစ်ခါ ဒီလို လာပြောရင် ဘာမှ မဖြေရှင်းဘဲ ဖြတ်ပစ်လိုက်မှာပါ။ ဆိုတော့ ကျမမှာ လူသိရှင်ကြား Post တင်ရတော့တာပေါ့။
ကျမက ရှင်လောက်တော့ စာရေးမကောင်းတာ အမှန်ပဲ။ ယုန်ထင်ကြောင်ထင်ဖြစ်အောင်လည်း မရေးတတ်တော့ ရှင်းရှင်းလင်းလင်းပဲ ရေးလိုက်ပါတယ်။

အပြည့်အစုံသို့....

 

Design By:
SkinCorner