Showing posts with label ၀တ္ထုဆိုတာ ဖတ်စရာ. Show all posts
Showing posts with label ၀တ္ထုဆိုတာ ဖတ်စရာ. Show all posts

Wednesday, November 26, 2008

သူမ နှင့် သူ

လွန်ခဲ့သော နှစ်နှစ်ခန့်က သူမသည် မမျှော်လင့်သော အချိန်တစ်ခု၌ မထင်မှတ်ဘဲ လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူမအပေါ် သူမတူအောင် ကောင်းလွန်းသော လူတစ်ယောက်ရှိလာလိမ့်မည်ဟု စိတ်ကူးနဲ့ပင် မတွေးခဲ့ဖူးသော အချိန်ကာလတစ်ခုတွင် ထိုသို့သောလူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရသည်။ နှစ်နှစ်တာ ကာလအတွင်း သူ၏ အလိုက်သိတတ်မှု၊ ကြင်နာမှု၊ အားပေးမှု၊ လိုက်လျောမှု၊ သစ္စာရှိမှုများကို လှိုက်လှိုက်လှဲလှဲ သုံးဆောင်ခဲ့ဖူးသည်။ သို့သော်၊ သူမသည် သူ့ကို ချစ်၍ မရခဲ့ပါ။ ထိုမျှ ကောင်းလွန်းသူ တစ်ယောက်ကို သူမသည် မည်သို့ပင် ကြိုးစား ချစ်ခဲ့ချစ်ခဲ့ ၊ ချစ်၍မရခဲ့ပါ။

ထို့အတွက် သူမအရမ်း ဝမ်းနည်းသည်။ သူ့ကို အားနာသည်။ သနားသည်။ အင်မတန်မှ သံယောဇဉ်ရှိလှသော်လည်း သံယောဇဉ်သည် အချစ်မဟုတ်ခဲ့ပါ။ သူ့ကို မချစ်ပါဘူး...........လို့ ပြောဖို့ အင်အားကို သူမ တော်တော်ကြာ မွေးမြူခဲ့ရဖူးသည်။ တော်ရုံနှင့် ပြောမထွက်ခဲ့ဖူးပါ။

ထိုပြောမထွက်ခဲ့ခြင်းကြောင့် ထင်မှတ်မထားသော အခြားပြဿနာများလည်း ဝင်ရောက်ခဲ့ဖူးသည်။ သူမကို ပျော့နွဲ့သူ၊ မပြတ်သားသူ........လို့ပဲ ပြောချင်ပြောကြပါစေ၊ သူ့ကို ယတိပြတ်မငြင်းရက်ခဲ့တာ အမှန်ပါ။ သူမ အပေါ် သူမတူအောင် ကောင်းလွန်းသော လူတစ်ယောက်ကို ပြတ်ပြတ်သားသား ငြင်းပစ်ရက်လောက်သည့် အင်အားသူမတွင် ရှိမနေခဲ့ပါ။

သူမတွင် သူ့အတွက် အချစ်မရှိသော်လည်း မြောက်များစွာသော သံယောဇဉ်များရှိသည်။ သူသည် သူမအတွက် ရဲဘော် ရဲဘက်ကောင်းတစ်ယောက်ဖြစ်သည်။ သူရှိနေလျှင် မည်သည့်အရာကိုမှ မကြောက်ပါ။ "သူ ၊ သူမအနားမှာ ရှိနေသည်".........ဆိုသည့် အသိစိတ်တစ်ခုတည်းနှင့် အရာရာကို သူမရင်ဆိုင်ရဲသည်။ ထိုမျှလောက်ထိ သူ့ကို သူမ ယုံကြည်သည်။

လောကကြီးမှာ ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရကြေးဆိုလျှင် သူမ သူ့ကို ချစ်ချင်သည်။ အခုတော့ သူမသည် သူ့အပေါ်မတရားမှန်း သိသိချည်းနဲ့ သူ့ကို မချစ်ခဲ့ပါ။ သူမကို သူမလည်း နားမလည်တော့ပါ။ သေချာတာတစ်ခုကတော့ သူမသည် ကြောင်တောင်တောင် မိန်းကလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေခဲ့ပါပြီ။

ဟိ ဟိ၊ သူများတွေ ဝတ္ထုရေးတာတွေ့ပြီး အားကျလို့ ရေးကြည့်တာ၊ :z အရှည်ကြီးတော့ ရေးနိုင်သေးဘူး။ :p အခုလည်း ဝတ္ထုလား၊ဘာလားမသိတဲ့ စာစုလေး ရေးဖြစ်သွားပြီ။ ;) ကျမကတော့ ဝတ္ထုတိုလို့ သတ်မှတ်လိုက်တယ်။ ဟိ ဟိ။ ရတယ်ဟုတ်။ :z

အပြည့်အစုံသို့....

Saturday, November 8, 2008

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်.............
ဂျူး ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ :z မိန်းမတစ်ယောက်ရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသွားနိုင်တယ်သိလား။ ;) တော်တော်လေးကောင်းပါတယ်။ နည်းနည်းတော့ တစ်ဖက်စွန်းရောက်နေသလိုပဲ။ :p ဂျူးရဲ့ ထုံးစံအတိုင်းပေါ့နော်။ :z စစချင်း ပြောလိုက်တဲ့ အကြောင်းအရာက" မိန်းမနှင့်အချစ်.".....တဲ့။

ချစ်ပြီးသွားတော့ ပတ်ဝန်းကျင်က ပါလာပြီလေ။ :z
လက်ထပ်ကြပြီ။ :z
မာနတွေပါလာတော့ အနိုင်၊အရှုံး တွေ ရှိလာတာပေါ့နော်။
နောက်ဆုံးမှာတော့ မုန်းခဲ့ရပြီ။

ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ဖတ်ပြီး ဘာတွေမှန်းမသိတဲ့ ခံစားချက်တွေ ရခဲ့တယ်သိလား။ ;) အခုတလော စိတ်ညစ်ညစ်နဲ့ ဝတ္ထုဖတ်နေတာ ကောင်းတာလေးတွေ့လို့ မျှဝေလိုက်ပါတယ်။ ဂျူးပြောတဲ့ မိန်းမတစ်ယောက်အကြောင်း မှန် ၊ မမှန်တော့ ကျမလည်း သိဘူးနော်။ ;) :p

ဪ၊ မေ့လို့ အစအဆုံး ဖတ်ချင်ရင် ဒီမှာ ယူနော်။ :z

အပြည့်အစုံသို့....

Wednesday, June 11, 2008

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ...တဲ့

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဆိုတာ.......
ဘယ်လိုကောင်မလေးပါလိမ့်....
မြန်မာမှာတော့ ရွှေဖိနပ်ကို စီးတဲ့သူမရှိပါဘူး..
ရှိတယ်ဆိုရင်တောင် တော်တော်လေးကိုနည်းပါလိမ့်မယ်
ဒါပေမယ့် အဲဒီကောင်မလေးကတော့ ရွှေဖိနပ်လေးကို စီးထားတယ်
အစိမ်းရောင် ကြက်ခြေခတ်လေးတောင်အဆစ်ပါသေး.................
အဲဒီကောင်မလေး ဘယ်သူလဲဆိုတာ သိချင်ရင်တော့ ဒီမှာဆက်ဖတ်ကြည့်ပါနော်..

အပြည့်အစုံသို့....

Saturday, June 7, 2008

ကံကြမ္မာကို မယုံကြည်သူများ

လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကဖတ်ခဲ့တဲ့စာအုပ်လေးပါ..
ကြိုက်လွန်းလို့ ခဏခဏ ဖတ်မိပါတယ်....
စာအုပ်နဲ့ (၇)ကြိမ်၊E-Book နဲ့ (၁)ကြိမ် ဖတ်ခဲ့မိလို့ အလွတ်နီးပါးကို မှတ်မိနေပါတယ်၊
ဖတ်ဖူးတဲ့သူတွေရှိသလို၊ မဖတ်ဖူးတဲ့သူတွေလဲရှိမယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်..
စာအုပ်ကိုတော့ ဒီမှာ ရယူနိုင်ပါတယ်။
ကံကြမ္မာကို မယုံကြည်သူများ

အပြည့်အစုံသို့....

 

Design By:
SkinCorner