Saturday, November 8, 2008

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်.............
ဂျူး ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ :z မိန်းမတစ်ယောက်ရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသွားနိုင်တယ်သိလား။ ;) တော်တော်လေးကောင်းပါတယ်။ နည်းနည်းတော့ တစ်ဖက်စွန်းရောက်နေသလိုပဲ။ :p ဂျူးရဲ့ ထုံးစံအတိုင်းပေါ့နော်။ :z စစချင်း ပြောလိုက်တဲ့ အကြောင်းအရာက" မိန်းမနှင့်အချစ်.".....တဲ့။

ချစ်ပြီးသွားတော့ ပတ်ဝန်းကျင်က ပါလာပြီလေ။ :z
လက်ထပ်ကြပြီ။ :z
မာနတွေပါလာတော့ အနိုင်၊အရှုံး တွေ ရှိလာတာပေါ့နော်။
နောက်ဆုံးမှာတော့ မုန်းခဲ့ရပြီ။

ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ဖတ်ပြီး ဘာတွေမှန်းမသိတဲ့ ခံစားချက်တွေ ရခဲ့တယ်သိလား။ ;) အခုတလော စိတ်ညစ်ညစ်နဲ့ ဝတ္ထုဖတ်နေတာ ကောင်းတာလေးတွေ့လို့ မျှဝေလိုက်ပါတယ်။ ဂျူးပြောတဲ့ မိန်းမတစ်ယောက်အကြောင်း မှန် ၊ မမှန်တော့ ကျမလည်း သိဘူးနော်။ ;) :p

ဪ၊ မေ့လို့ အစအဆုံး ဖတ်ချင်ရင် ဒီမှာ ယူနော်။ :z

15 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

အကြိုက်ထဲက တစ်ခုပါ

စိုင်းစိုင်းလားရှိုး said...

သြော် မိန်းမ မိန်းမ မိန်းမ ဆိုတာ ဒါကိုး

မယ် said...

မယ်ကြိုက်တဲ့သတ္ထုတပုဒ်ပါ...

:P said...

ဖတ်ပြီးသားလေး...ပြန်နွှေးဖို့ Down Load ဆွဲသွားလိုက်မယ်..ကျေးဇူးပါ

kautay.co.cc said...

အင်းကောင်းပါတယ် ၀တ္ထုက ဟိုတုန်းကဖတ်ဖူးတယ်။

mgngal said...

ဟုတ်နေပြီ ။ ဟုတ်တော့ ဟုတ်နေပြီ ။ ဟေးဟေး
အဟမ်း အဟမ်း ပဲပြောမယ် ။ ဘာလဲတော့ မသိဘူး ။ :D

ကိုဥာဏ်(စက်မှု) said...

ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်တာ ကလီယိုပတ်ထရာဆိုတဲ့ မိန်းမဂြိုလ်မွှေလို့တဲ့ … ။ မြန်မာတွေ ထီးနန်းပျောက်ရတာလည်း စုဖုရားလတ် ဆိုတဲ့ မိန်းမကြောင့်တဲ့ …. ။ လွန်စွာနူးညံ့ သိမ်မွေ့လှသော မိန်းမသား တစ်ယောက်၏ စကားလုံးများသည် ခက်ထန် ကြမ်းကြုတ်လှသော ယောက်ျား ရင့်မာ ကြီးများကို မျက်ရည် တောက်တောက် ကျစေလေသည် … တဲ့ ။ ပြောကြတာပဲနော …… ။

Anonymous said...

သြော် မိန်းကလေး ဆိုတာ ဒီလိုပါလား
မှတ်သားထားရမယ့် အချက်တွေထဲမှာ ပါသွားပြီ :D..
ပြီးရင် စာအုပ်လေး ဒေါင်းလိုက်ဦးမယ် .. :P
ဒါနဲ့ ဂျူးဆိုတာ စာရေးဆရာမ လား စာရေးဆရာ လား
တစ်ကယ် မသိဘူး သူ့စာအုပ်တွေတော့ ဖတ်ဖူးတယ် :P ..

Anonymous said...

အထက်က ဂျူးရဲ့ သုံးသပ်ချက်တွေကို သဘောကျလာပေမယ့် နောက်ဆုံးကျတော့ တွေးစရာဖြစ်လာတယ်နော်၊

မိန်းမတွေ မုန်းလို့ရှိရင် ချစ်သူကို ခွာမပြေးပဲ ကပ်နေကြတယ်ဆိုတာ တကယ်လားဗျာ။ အံ့ပါရဲ့နော်။
လက်စားချေချင်တဲ့ သဘောတွေ မိန်းမတိုင်းမှာ ရှိပါ့မလား တွေးမိတယ်။ ပြောတတ်ဘူး။

ဝေဖန်မိတာထက် တွေးမိယုံသက်သက်ပါ။

ခင်မင်လေးစားစွာဖြင့်

Welcome said...

ဂျပန်မလေး
ဝတ္ထုကောင်းလေးကို ပြန် ရှယ်ပေးလို့ ၀မ်းသာ ပါတယ်။ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတဲ့ အတွက်လည်း တိုးလို့ ၀မ်းသာပါတယ်။ မိန်းကလေးရဲ့ စိတ်ထားဘယ်လို ဆိုတာ ဂဃနဏ သိရဖို့ စာအုပ်လေးကို ဒေါင်း သွားပါ တယ်။ ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ် ။။။

http://winzaw-mdy.blogspot.com

ဇင်ယော် said...

ဘာတွေဖွင့်ဟ ၀န်ခံထားလဲမသိဘူး။ စပ်စုချင်လို့  ဒေါင်းသွားတယ်။ စာရေးဆရာမ ဂျူးရဲ့လက်ရာဆိုတော့ အင်း ယောက်ျားလေးတွေဘက်က သိပ်အခြေအနေ ကောင်းမယ့်ပုံတော့ မပေါ်ဘူး။ လူပျိုကြီး လုပ်ဖို့  တွန်းအားတစ်ခု ဖြစ်တော့မယ်လို့  ထင်တာပဲ။

ရွှေပြည်သူ (ShwePyiThu) said...

Megumi လေးရေ။ ဆရာမဂျူးက အစ်မရဲ့ အကြိုက်ဆုံး စာရေးဆရာပါ။ ပြန်ပြီး ဖော်ပြပေးထားတာလေးတွေကို ပြန်ဖတ်သွားပါတယ်။ ကျေးဇူးနော် ညီမလေးး)

စိုင်းနောင့် said...

ပို့စ်တိုင်းမှာ ပလောဂ့်ပိုင်ရှင်ရဲ့ စေတနာကို မြင်ရပါတယ်။ စာအုပ် ကို ဒေါင်းတာ မရဘူးဖြစ်တယ်ဗျ၊ ကွန်နက်ရှင်မကောင်းတာများ လား၊ နောက်တစ်ခေါက်ပေါ့

mabaydar said...

အပေါ်ကဟာတွေအကုန်ကြိုက်တယ်.. အများစုငါနဲ့ အယူအဆတူတယ်လို့လဲထင်တယ်.. အောက်ဆုံးက မိန်းမနဲ့အမုန်းကတော့ ငါ့အတွက်မဟုတ်ဘူး.. ငါကအရမ်းမုန်းရင် ဥပက္ခာပြုလိုက်တာ.. စိတ်ထဲထားဖို့တောင်မတန်လို့.. အိမ်မက်ထဲတောင်မပါစေချင်ဘူး.. ဘာပဲပြောပြောငါ့လိုဝတ္တုမဖတ်ဖူးတဲ့သူအတွက်ခုလိုဝေမျှတာ ကျေးဇူးနော်...

Anonymous said...

ယောက်ကျားနဲ့ မိန်းမဆိုတာ တစ်ကယ်တော့ ခေါ်ရတာချင်းပဲ ကွာတာပါ
အနိုင်အရှုံးတွေ ခံစားမှုတွေဆိုတာက တစ်ယောက်ချင်းစီရဲ့ အတ္တနဲ့ပဲဆိုင်တယ် အဲ့လိုပဲ ထင်တယ်
ဘာလို့လဲ ဆိုတော့ အခုကိုက ရေးထားတာတွေနဲ့ ပြောင်းပြန်တွေ ခံစားနေရတယ်

 

Design By:
SkinCorner