Showing posts with label မျှဝေစရာ. Show all posts
Showing posts with label မျှဝေစရာ. Show all posts

Tuesday, June 2, 2009

ပုံတူကူးသူနှစ်ယောက်အကြောင်း

"ကျွန်တော်ချစ်သောမိန်းကလေး"ကျော်ကျော်ဗိုနဲ့ မေကဗျာ၊
"လရောင်နမ်းတဲ့ ပန်းပင်လယ်" မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်။

အဲ့ဒီကားနှစ်ကားက တစ်ကားချင်းစီကြည့်ရင်တော့ မသိသာဘူး။ ဒါပေမယ့်၊ "My Sassy Girl"ဆိုတဲ့ ကိုရီးယားကားကို ကြည့်လိုက်ရင် သိလိမ့်မယ်။ "ကျွန်တော်ချစ်သောမိန်းကလေး"က ချွတ်စွတ်၊ "လရောင်နမ်းတဲ့ ပန်းပင်လယ်"က နည်းနည်းကွဲ။ ဟ ဟား.......................ရယ်လည်းရယ်ရတယ်။ ကူးစရာတွေ တော်တော်ရှားသွားကြပြီထင်တယ်။ ပြိုင်တူကူးမိပြီးသားဖြစ်နေတယ်။

"ကျွန်တော်ချစ်သောမိန်းကလေး"ရဲ့ ဇာတ်ညွှန်းရေးတဲ့လူကလည်း တော်တော်တော်ပါတယ်။ အဝတ်အစားက အစကွတ်တိ၊ ဇာတ်ညွှန်းမရေးပဲ ဘာသာပြန်ပဲ လုပ်စားလိုက်ရင် ကောင်းမယ်ထင်တယ်။

"လရောင်နမ်းတဲ့ ပန်းပင်လယ်"ကတော့ မြန်မာဆန်ဆန်လေး ဇာတ်ညွှန်းကို ပြောင်းထားသေးတယ်။ မြန်မာဇာတ်ကားကို ခက်ခက်ခဲခဲဖန်တီးတဲ့ အဆိုပါ ဇာတ်ကားနှစ်ကားကို ဖန်တီးကြသူများ တော်ပါပေတယ် ။ တော်ကြပါပေတယ်လို့ပဲ ပြောရမလားပဲ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အပြည့်အစုံသို့....

Wednesday, May 20, 2009

Swine flu

တစ်ကမ္ဘာလုံးမှာ လူတစ်သောင်းကျော်၊ ဂျပန်မှာ ဒီနေ့ လူနာ (236)ယောက် ရှိပြီတဲ့။ ဟူး...............ကိုဘဲ့ခရိုင်က (90) ကျော်ပြီ။ ကိုဘဲ့မှာ လူသွားလူလာတွေလည်း နည်း၊ ရထားတွေလည်း အရှုံးပေါ်၊ ဆေးရုံမှာလည်း ကုတင်မလောက်တဲ့။ Mask တောင် ဝယ်လို့မရလို့ Volunteer အဖွဲ့က Maskအခု (3000)အလကားဝေပေးခဲ့တယ်တဲ့။ လောက်မလောက်တော့မသိ၊။ ကုနေရင်းနဲ့ကို လူနာတွေကို ထပ်ထပ်ထွက်နေတယ်။ အမြစ်ပျောက်အောင် ကုနိုင်ပါ့မလားမသိဘူး။

လူနာထွက်လာတဲ့တခြားနိုင်ငံတွေလည်း တိုးတိုးနေသလိုပဲ။ မြန်မာတော့ မတွေ့သေးဘူး။ တော်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး အမြစ်ပျက်စေချင်လှပြီ။

မှတ်ချက်၊ တီဗီသတင်းအား ကိုးကားသည်။

အပြည့်အစုံသို့....

Monday, April 27, 2009

ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာဟာ အပြစ်ရှိလို့လား?????????????????

ဒီပို့စ်ကို ရေးသင့်၊ မရေးသင့် စဉ်းစားနေတာတော့ ကြာပါပြီ။ နောက်ဆုံးတော့လည်း မျှဝေချင်တာနဲ့ ရေးဖြစ်သွားပါတယ်။

ဒီလိုပါ၊ လွန်ခဲ့တဲ့လအနည်းငယ်က TV အစီအစဉ်တစ်ခုမှာ ကြည့်လိုက်ရပါတယ်။ ဖုဂျော့ရှိ (腐女子)တဲ့။ ဖုဂျော့(腐女)လို့လည်း ခေါ်ပါတယ်။ ဖုဂျော့ရှိ (腐女子)တွေရဲ့ နေပုံထိုင်ပုံ၊ အလေ့အထတွေကို ရိုက်ထားတာပါ။ ကျမလည်း အဲ့ဒီကျမှာ ကြားဖူးတာပါ။ ဖုဂျော့ရှိ (腐女子)ဆိုတာ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တဲ့အကြောင်းကို ရေးထားတဲ့စာအုပ်တွေ၊ ဗီဒီယိုတွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ ဖုဂျော့ရှိ (腐女子)တွေဟာ ကိုယ့်ဟာကို သီးသန့်နေတာများပါတယ်။ ကာတွန်းကားထဲမှာပါတဲ့ အဝတ်အစားတွေကို လိုက်တုပြီးဝတ်တတ်ပါတယ်တဲ့။ သူတို့ဟာ လူ့သဘာဝနဲ့ ဆန့်ကျင်တာကို စိတ်ဝင်စားတတ်တဲ့ ကိုယ့်စိတ်ကိုယ် သိပေမယ့် ဖုဂျော့ရှိ (腐女子)အဖြစ်နေရတာကို ပျော်ပါတယ်တဲ့။ တကယ်ဆို ဖုဂျော့ရှိ (腐女子)ရဲ့ အဓိပ္ပာယ်က ပုတ်သိုးနေတဲ့မိန်းမပါ။ အမှန်လည်း အဲလိုဖြစ်နေတာပါပဲ။ ဒါပေမယ့် လုပ်ချင်တာလုပ်လို့ရတဲ့ အင်မတန်မှ လွတ်လပ်တဲ့ နိုင်ငံဖြစ်တဲ့ ဂျပန်မှာတော့ ဖုဂျော့ရှိ (腐女子)တွေဟာ တစ်နေ့တစ်ခြားတိုးပွါးနေပါတယ်။

ဂျပန်နိုင်ငံရှိ ဒေသအသီးသီး၏ ဖုဂျော့ရှိ (腐女子)အရေအတွက်

ဖုဂျော့ရှိ (腐女子)လိုမျိုးပဲ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာတွေ ရေးထားတဲ့ မဂ္ဂဇင်းတွေ၊ ဘလော့တွေ၊ ကာတွန်းတွေကို စိတ်ဝင်စားတဲ့ယောင်္ကျားကိုကျတော့ ဖုဒန်းရှိ (腐男子)、ပုတ်သိုးနေတဲ့ယောင်္ကျားတဲ့။ ဖုခေး(腐兄)ပုတ်သိုးနေတဲ့အကိုလို့လည်း ခေါ်ပါတယ်။ (ပုံမှာပြထားတာက နကနိုဖုဒန်းရှိကျောင်းသားကဒ်  တဲ့။ ပေါက်ကရတွေလျှောက်လုပ်ထားတာများ ပြောမပြောပေါင်။ ဟူး.................ကျောင်းသားကဒ်တောင် လုပ်လိုက်သေး။ )

ဖုဂျော့ရှိ (腐女子) ၊ ဖုဒန်းရှိ (腐男子)နဲ့ ဆက်စပ်ပြီး ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တဲ့ Boys Love အကြောင်းလည်း နည်းနည်းရေးချင်ပါတယ်။ အရင်တုန်းက ဂျပန်မှာ အဲလိုမျိုးကိစ္စတွေကို ရှုံ့ချပေမယ့် အခုအခါမှာတော့ သာမန်အချစ်ကိစ္စတစ်ခုလို ဖြစ်လာပါပြီ။ ဝတ္ထုစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဘလော့တွေ၊ ကာတွန်းတွေ အစရှိတဲ့ မီဒီယာတွေကတစ်ဆင့် ပြည်သူလူထုကို ပျံ့နှံ့လာပါပြီ။ ကောသလအိပ်မက် (16)ချက်က တစ်နေ့တစ်ခြားမှန်လာတယ်လို့ ပြောရမလားပဲ။ ခေတ်ကြီးက တဖြည်းဖြည်းနဲ့ ပျက်စပြုလာပါပြီ။

အဲ့ဒီအပြင် Bisexual ဆိုတာလည်း ရှိပါသေးတယ်။ တစ်ချို့ယောင်္ကျားတွေက ယောင်္ကျားကော မိန်းမပါ ချစ်ကြိုက်ပါတယ်တဲ့။ ဗုဒ္ဓေါ လို့ပဲ တလိုက်ချင်တော့တယ်။

ကြုံလို့ ဟိုတစ်နေ့ကကြည့်လိုက်ရတဲ့ စုံထောက်ကားတစ်ကားအကြောင်း ပြောပြပါဦးမယ်။ မိန်းမနဲ့ယောင်္ကျား နှစ်လောင်းပြိုင်လူသေမှုဖြစ်တာ။ ကိုယ့်ကိုကိုယ်သတ်သေမှုလား၊ လူသတ်မှုလားလို့ စုံစမ်းတာ နောက်ဆုံးမှပဲ အဖြေပေါ်တော့တယ်။ ရဲတစ်ဦးဖြစ်တဲ့ မင်းသားက သူ့အထက်အရာရှိ(ယောင်္ကျား)နဲ့ ကြိုက်နေတာ။ အဲဒါ သူ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မိန်းမယူလိုက်တယ်။ ဒါပေမယ့် သူက အဲဒီမိန်းမကို မကြိုက်ဘူး။ ဒီလိုပဲနေလာရင်း နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ကောင်မလေးနဲ့ တွဲသွားတွဲလာလုပ်ဖြစ်တယ်။ ဒါလည်း သူ့အထက်အရာရှိနဲ့ ခြေရှုပ်တာကို သူ့မိန်းမရိပ်မိလာလို့ ကာကွယ်တဲ့သဘောပါ။ သူက ဘယ်မိန်းမမှ မကြိုက်ဘူး။ အဲဒါကို သူ့မိန်းမက အထင်လွဲပြီးကောင်မလေးကို သတ်ပစ်လိုက်တယ်။ သူက သူ့မိန်းမရဲ့ လူသတ်မှုကို ကာကွယ်ပေးမယ်ဆိုပြီး သူပါသတ်သေလိုက်တယ်။ ဒါနဲ့ နှစ်လောင်းပြိုင်အမှုကြီးက ဖြစ်လာတာ။ နောက်ဆုံးတော့အမှုပေါ်သွားပါတယ်။ အဲဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းထဲက စကားတစ်ခုကို အခုထိမှတ်မိနေတယ်။ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာဟာ အပြစ်ရှိလို့လားတဲ့။ ကျမကတော့ သဘာဝကို ဆန့်ကျင်တဲ့အတွက် အပြစ်ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုထင်လဲဟင်။

http://info-cat.paslog.jp/image/photo20080405.jpg

https://thumbnail.image.rakuten.co.jp/@0_mall/book/cabinet/4580/4580284850462.jpg

http://images.google.co.jp/imgres?imgurl=http://img2.blogs.yahoo.co.jp/ybi/1/35/4f/sky_11_02/folder/328103/img_328103_3078567_3%3F1226069941&imgrefurl=http://blogs.yahoo.co.jp/sky_11_02/3078567.html&usg=__cOuxGQJcJIZl1r4-YXsU3fyEMCo=&h=229&w=355&sz=23&hl=ja&start=219&sig2=JB3WdWxT_0NF-camvs4JdQ&tbnid=1ImIj6EM96ELqM:&tbnh=78&tbnw=121&prev=/images%3Fq%3D%25E8%2585%2590%25E7%2594%25B7%25E5%25AD%2590%26gbv%3D2%26ndsp%3D20%26hl%3Dja%26sa%3DN%26start%3D200&ei=tl35SY3fKpqG6AOh9PCYAg

အပြည့်အစုံသို့....

Saturday, April 25, 2009

"Golden week"

ဂျပန်တွေရဲ့ "Golden week"က (၄)လပိုင်းကုန်ကနေ (၅)လပိုင်း အစအတွင်းမှာ ရတဲ့ နားရက်ရှည်ကြီးပါ။

တကယ်တမ်း ရက်ကြီးရက်မြတ် ပိတ်ရက်တွေကတော့----

April 29 >Showa Day (Showa no hi)

May 3 >Constitution Day (Kenpo kinenbi)

May 4>Greenery Day (Midori no hi)

May 5>Children's Day (Kodomo no hi) တွေပါ။

( May 6>Substitute holiday(Furikae kyuujitsu) က အနီရက်ထဲမှာ ပါပေမယ့် ရက်ကြီးရက်မြက်ထဲမှာတော့ မပါပါဘူး။ )

မြန်မာတွေကတော့ ရက်ကြီးရက်မြတ်တွေအပါအဝင် တရားဝင် ပိတ်ရက်တွေကို အနီရက်လို့ ခေါ်ပါတယ်။ ပြက္ခဒိန်မှာ အနီရောင်နဲ့ ရေးထားလို့ပါ။ :p ဒီနှစ်အတွက် "Golden week" က ဒီနေ့ စပါတယ်ရှင်။ ၅လပိုင်း ၁၀ရက်နေ့ထိ ဆိုတော့ စုစုပေါင်း (၁၆)ရက် ။ ပျော်စရာကြီးနော်။ အခုန TVမှာကြည့်တာ (၁၆) ရက်ရက်ဆက် နားရက်ရလို့ နိုင်ငံခြားထွက်တဲ့လူတွေ အများကြီးပဲ။ နာရီတာလေဆိပ်မှာ ဒီနေ့အတွက် ပြည်ပသွားကြတဲ့ ခရီးသည်တွေ လေးသောင်းကျော်ပါတယ်တဲ့။ တကယ်တမ်း လူကြပ်မယ့်နေ့က ၅လပိုင်း ၂ရက်နေ့တဲ့။ ပြည်ပထွက် ခရီးသည် လေးသောင်းခုနှစ်ထောင်လောက် ရှိမယ်လို့ သတင်းရထားပါတယ်တဲ့။ ကျောင်းသားတွေတော့ သနားပါတယ်။ ဟိ ဟိ၊ ပိတ်တဲ့ကျောင်းလည်း ပိတ်ပေမယ့် မပိတ်တဲ့ကျောင်းလည်း ပိတ်ဘူးလေ။ ဘာလိုပဲပြောပြော (၁၆)ရက်မရမှာတော့ သေချာတယ်။ :z

"Golden week" ကကောင်းပေမယ့် တစ်ခုမကောင်းဘူးရှင့်။ ဘာလို့လဲဆိုတော့"Golden week" ပြီးရင် Gogatsu byou (五月病)ဖြစ်တဲ့လူတွေ များလို့ပါ။ Gogatsu byou (五月病)ဆိုတာ တိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင် ငါးလပိုင်းရောဂါပါ။ ဂျပန်မှာ ကျောင်းကော၊ အလုပ်ကော ၄လပိုင်း ၁ရက်နေ့မှာ စပါတယ်။ ဒီတော့ ကျောင်းသားသစ်တွေ၊ ဝန်ထမ်းသစ်တွေဟာ အသားမကျသေးတဲ့ နယ်ပယ်သစ်ကို ဝင်ပြီး နေသားမကျခင်မှာပဲ "Golden week"ကို ရောက်သွားပါတယ်။ ရက်ရှည်ကြီး ပိတ်ရက်ဝင်သွားတဲ့အခါ သူတို့အဖို့ ပျင်းသွားပါတော့တယ်။

ဟာ..................... နေသားကျမယ်မှ ကြံကာရှိသေး၊ "Golden week"တဲ့။ အစကနေ ပြန်စရတော့မယ်။   :cစသဖြင့် Stressတွေ ဖြစ်လာပါတယ်။ Stress တွေများပြီး Depression ဝင်လာပါတယ်။ လုပ်ချင်ကိုင်ချင်စိတ် လျော့ပါးလာပါတယ်။ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်လာပါတယ်။ နေသားမကျတဲ့ ပတ်ဝန်းကျင်မှာ စိုးရိမ်ပူပန်မှုတွေများပြီး အိပ်ရေးပျက်လာပါတယ်။ အဲလို ရောဂါအခြေအနေကို Gogatsu byou (五月病) လို့ ခေါ်ပါတယ်။ ရောဂါလို့ ပြောပေးမယ့် အဓိကက Stress ကြောင့်ဖြစ်တာမလို့ Stress မရှိအောင် နေလိုက်ရင် အဆင်ပြေသွားမှာပါ။

ပြောတာ ပြောတာပါ၊ ဂျပန်တွေကတော့ Gogatsu byou (五月病)ဖြစ်ကာမှဖြစ်ရော၊ ရှားရှားပါးပါး ရတဲ့ ရက်ရှည်နားရက်ကြီးမှာ ပြည်ပထွက်သူက ထွက်၊ ကိုယ့်အိမ်ကိုယ်ပြန်တဲ့လူက ပြန်နဲ့"Golden week" ကြီးကို ပျော်ပျော်ရွှင်ရွှင်ကြီး ကြိုဆိုနေပါတယ်။

စကားမစပ်၊ ကျမလည်း ခရီးထွက်မလားလို့ စဉ်းစားနေပါတယ်။ ပြည်ပဖြစ်မလား၊ ပြည်တွင်းဖြစ်မလားတော့ သိသေးဘူး။ :z

အပြည့်အစုံသို့....

Friday, April 24, 2009

ဂျပန်နှင့် မြန်မာတို့၏ ကွာခြားချက်

"(၁၄)နှစ်အရွယ် မိခင်"
"(၁၄)နှစ်အရွယ် မိခင်"အပိုင်း (၂) ပို့စ် နဲ့ ဆက်စပ်ပြီး ဒီပို့စ်ကို ရေးပါတယ်။

ဒီလိုပါ။ မိကိ အိချိနိုဆဲ (မင်းသမီး)ဟာ (၁၄)နှစ်လို့ပြောပေမယ့် မြန်မာအယူအဆအရ ပြောရမယ်ဆိုရင် (၁၅) နှစ်လို့ ပြောနိုင်ပါတယ်ရှင်။ ဂျပန်နိုင်ငံရဲ့ အယူအဆအရ အသက်ကို လျော့ပြီး ရေတွက်လေ့ရှိလို့ပါ။ ဂျပန်တွေက မွေးဖွားလာပြီး တစ်နှစ်ပြည့်မှ (၁)နှစ်လို့ ယူဆပါတယ်။ ဒီနေရာမှာတော့ မြန်မာနဲ့ အတူတူပါပဲ။ အဲ........... စပြီး ကွဲတာက တစ်နှစ်ကျော်မှရှင့်။ သူတို့က (၁)နှစ်ပြည့်ပြီးလို့ (၂)နှစ်မပြည့်ခင်စပ်ကြားအထိကို (၁)နှစ်လို့ ပဲ သတ်မှတ်ပါတယ်။ နည်းနည်း ခေါင်းရှုပ်သွားပြီလားမသိဘူး။

နည်းနည်းလွယ်တဲ့ ဥပမာ ပေးမယ်နော်။ လူတစ်ယောက်ဟာ (၂၀၀၀)ခုနှစ် မေလ (၄)ရက်နေ့မှာ မွေးတယ်ဆိုပါစို့။ အခု (၂၀၀၉)ခုနှစ်မှာ သူဟာ (၈)နှစ်ပဲ ရှိပါသေးတယ်။ သူ့မွေးနေ့ ဖြစ်တဲ့ မေလ (၄)ရက် မရောက်မချင်း သူ့အသက်ဟာ (၈)နှစ်လို့ ပဲ ယူဆပါတယ်။ အကယ်၍ မေလ (၅)ရက်ရောက်သွားပြီဆိုရင်တော့ သူ့အသက်ဟာ (၉)နှစ်ဖြစ်သွားပါပြီ။ အဲလိုမျိုး နည်းလမ်းနဲ့ ဂျပန်တွေဟာ ကိုယ့်အသက်ကို တွက်ချက်ကြပါတယ်။

မြန်မာလို အယူအဆအရဆိုရင် (၈)နှစ်ကျော်ပြီဖြစ်တဲ့အတွက် (၉)နှစ်လို့ ယူဆကြပေမယ့် ဂျပန်အယူအဆအရ (၈)နှစ်ပဲ ရှိနေပါသေးတယ်။

(စကားမစပ်၊ အသက်ကြီးရမှာကို ကြောက်တဲ့လူတွေအတွက်ကတော့ ဂျပန် နည်းလမ်းအရ အသက်ကို ရေတွက်တာ အဆင်ပြေမလားပဲနော်။ ဟိ ဟိ၊ တစ်နှစ်လည်း တစ်နှစ်ပေါ့။ ငယ်ရနည်းလားနော်။ )

ဟုတ်ကဲ့၊ အသက်အကြောင်းကို သိသွားပြီဆိုရင် ပညာရေးစနစ်အကြောင်းကို ဆက်ပြောပါမယ်ရှင်။
ဂျပန်နိုင်ငံဟာ (၃) နှစ်ပြည့်မှ တရားဝင် မူကြိုထားလို့ ရပါတယ်။ အခုနက ဥပမာထဲက လူနဲ့ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်ဖြင့် သူဟာ (၂၀၀၄) ခုနှစ် ဧပြီ ၁ ရက်နေ့မှ တရားဝင် မူကြိုတက်ရောက်ခွင့်ရှိမှာပါ။ (ဘာလို့လည်းဆိုတော့ (၂၀၀၃) ခုနှစ် ဧပြီ ၁ ရက်နေ့မှာ (၃)နှစ်မပြည့်သေးလို့ပါ။)

(၃)နှစ်မှ (၆)နှစ်မပြည့်မချင်း မူလတန်းကို ကူးလို့မရပါဘူး။ ဒီလိုနဲ့ (၆)နှစ်ပြည့်ပြီဆိုကြပါစို့ရှင်။ မူလတန်းကို တက်ရောက်ခွင့်ရပါပြီ။ မူလတန်းက (၃)နှစ် တက်ရပါတယ်။ မူလတန်း ပထမနှစ်၊ မူလတန်း ဒုတိယနှစ်၊ စသဖြင့် မူလတန်း ဆဌမနှစ်လို့ ရေတွက်ပါတယ်ရှင်။

မူလတန်းပြီးသွားပြီဆိုရင်တော့ အလယ်တန်းရောက်လာပြီပေါ့နော်။ အလယ်တန်းက သုံးနှစ်ပါ။ အလယ်တန်း ပထမနှစ်၊ အလယ်တန်း ဒုတိယနှစ်၊ အလယ်တန်း တတိယနှစ်ဆိုပြီး ခွဲထားပါတယ်။ အလယ်တန်းပြီးတဲ့အချိန်မှာ အသက်ဟာ (၁၅)နှစ်ကို ကျော်လွန်နေရပါ့မယ်။

အချပ်ပို၊
(မူလတန်းမှ အလယ်တန်းအထိ (၉)နှစ်တာ ပညာရေးကို မသင်မနေရ ပညာရေးစနစ်အဖြစ် သတ်မှတ်ထားပါတယ်။
မသင်မနေရ ပညာရေးစနစ်ဖြစ်ပေမယ့် အစိုးရကျောင်းတွေဟာ ပညာသင်စရိတ်မပေးရပါဘူး။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းစာအုပ်၊ အားကစားလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း စသဖြင့် အပိုသုံးအတွက်တော့ ပိုက်ဆံပေးကြရပါတယ်။)

အထက်တန်းကလည်း အလယ်တန်းလိုပဲ (၃)နှစ်ပါ။ မူလတန်း (၆)နှစ်၊ အလယ်တန်း (၃)နှစ် ၊ အထက်တန်း သုံးနှစ် ၊ ပေါင်းလိုက်မယ်ဆိုရင် (၁၂)နှစ်။ ဟုတ်ကဲ့၊ အခြေခံပညာရေးအနေနဲ့ ဂျပန်ပညာရေးစနစ်ဟာ (၁၂ )နှစ်ရှိပါတယ်ရှင်။ (၆)နှစ်ပြည့်မှ စတက်တဲ့အတွက် အထက်တန်းကျောင်းပြီးတဲ့အချိန် ၊ကျောင်းသားတစ်ယောက်ရဲ့အသက်ဟာ (၁၈)နှစ်ပြည့်ပြီးနေပါပြီ။

ဒီကောင်မလေး ဘာတွေ ရေးနေမှန်းမသိဘူးလို့ တွေးနေကြပါသလား????????

ဒီလိုပါ။ ဂျပန်နဲ့ မြန်မာရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်နေတာပါ။ ဂျပန်က အထက်တန်းကျောင်းသား/သူတစ်ယောက်ရဲ့အသက်ဟာ မြန်မာမှာဆိုရင် ဘယ်လောက်ရှိပြီဆိုတာကို သိစေချင်လို့ပါရှင့်။ စကား ပြန်ဆက်ပါမယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ အခြေခံပညာရေးစနစ်ဟာ (၁၁)တန်းပဲရှိပါတယ်။ အသက်အားဖြင့် (၁၆)နှစ်ပေါ့။ တက္ကသိုလ်တက်ဖို့ မစောင့်ရဘူးဆိုရင် အသက် (၁၈)နှစ်ပြည့်တဲ့အချိန်မှာ မြန်မာကျောင်းသား/သူ တစ်ယောက်ဟာ တက္ကသိုလ် ဒုတိယနှစ်ကို ရောက်နေပါပြီ။ စောင့်ရတယ်ဆိုရင်တောင် ပထမနှစ်လောက်တော့ ရောက်နေပါပြီ။

ဟုတ်ကဲ့၊ အခုလို နှိုင်းယှဉ်လိုက်တဲ့အခါ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ အထက်တန်းကျောင်းသား/သူတွေရဲ့ အသက်ဟာ နှစ်နှစ် နီးပါး ကွာခြားကြောင်းပေါ်လွင်လာပါပြီ။

ဒီလို နှစ်နှစ်ကွာတော့ ဘာဖြစ်လည်းလို့ မေးလာရင် ဒီလို ဖြေချင်ပါတယ်။

ပထမအချက်အနေနဲ့၊ ဂျပန်မှာ ကျောင်းလာတက်ရတာ ကသိကအောင့်နိုင်ပါတယ်။ (၁၁)တန်းပညာရေးနဲ့ (၁၂) တန်းပညာရေးကို ညှိယူလို့ မရပါဘူး။ ဒီတော့ ဂျပန်လာပြီး ကျောင်းဆက်တက်ချင်သူများဟာ (၁၂ )တန်းပညာရေး မဖြစ်ဖြစ်အောင် လုပ်ရပါ့မယ်။

အခြေခံပညာရေး (၁၁)တန်း + တက္ကသိုလ် ပထမနှစ် = ဂျပန်နိုင်ငံ၏ အခြေခံ ပညာရေး (၁၂ )တန်း။

အဲလို တွက်ချက်ယူရပါမယ်ရှင်။ ဒါကြောင့်မလို့ ဂျပန်မှာ တက္ကသိုလ်လာတက်ချင်သူများရှိခဲ့ပါလျှင် (၁၂ )တန်းပညာရေးထိ ရှိအောင် သင်ယူထားသင့်ပါကြောင်း အသိပေးချင်တာပါရှင့်။ တစ်ချို့တက္ကသိုလ် တွေဟာ အသက်မှာလည်း ရစ်တတ်ပါသဖြင့် (၁၈) နှစ်မပြည့်ရင် မလွယ်ကြောင်း တစ်ဆက်တည်းပြောကြားချင်ပါတယ်ရှင့်။

ဒုတိယအချက်ကတော့ ပညာရေးနဲ့မဆိုင်ပါဘူး။ လူမှုရေးနဲ့ ပတ်သက်နေတာပါ။ ဒီလိုပါ။ ကျမကို တစ်ချို့သူငယ်ချင်းတွေက မေးခွန်းထုတ်ကြပါတယ်။ "ဂျပန်မလေးတွေဟာ အထက်တန်းကျောင်းသူ မပြောနဲ့၊ အလယ်တန်းကျောင်းသူတောင် တော်တော် ကဲကြပါလား၊ ဘယ်လိုဖြစ်တာလဲ".......တဲ့။ ဟုတ်ကဲ့၊ ဂျပန်မလေးတွေ တော်တော် ကဲပါတယ်ရှင်။ အထက်တန်းကျောင်းသူ တော်တော်များများ ချစ်သူ ရှိကြပါတယ်။ Love Hotel လည်း သွားကြပါတယ်.....လို့ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် သူတို့အသက်ဟာ (၁၆ )နှစ်မှ (၁၈ )နှစ်အတွင်းမှာ ရှိနေပါတယ်ရှင်။ မြန်မာတွေရဲ့ အသက်တွက်နည်းအရဆို (၁၇)နှစ်မှ (၁၉)နှစ်ထဲမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းသား/သူလေးတွေ ပထမနှစ်မှာ ချစ်သူရှာကြသလိုပဲ ဂျပန်က အထက်တန်းကျောင်းသား/သူလေးတွေလည်း ချစ်သူရှာကြပါတယ်။ ဒီလို ယှဉ်ကြည့်မယ်ဆိုရင် အမြင်ရှင်းသွားကြမှာပါ။

ဒီလိုပြောလို့ ဂျပန်က ကျောင်းသား/သူတွေ ချစ်သူရှာတာကို အားပေးနေတာလို့ မထင်ပါနဲ့နော်။ အမှန်ကို အမှန်အတိုင်း တွက်ပြတာတစ်ခုတည်းပါ။ ပညာသင်ရမယ့် အရွယ်ချစ်သူရှာတာ ကျမ အားမပေးပါ။ အထူးသဖြင့် Love Hotel သွားခြင်းကို ပိုကန့်ကွက်ပါတယ်။ ဒါပေမယ့် သူတို့အရပ်နဲ့ သူတို့ဇာတ် ကနေကြတာကိုတော့ ကိုယ်နဲ့ မဆိုင်သရွေ့ ဘာမှ မပြောချင်ပါဘူးရှင်။

အပြည့်အစုံသို့....

Thursday, April 23, 2009

"(၁၄)နှစ်အရွယ် မိခင်"အပိုင်း (၂)

 ဒါပေမယ့် သူမချစ်သူဟာ နိုင်ငံခြားကို မသွားဖြစ်ခဲ့ပါဘူး။ လေဆိပ်မှာ သူ့မိခင်လက်ကနေ ထွက်ပြေးခဲ့ပါတယ်။ တကယ်တမ်း ခွဲသွားရမယ်လည်းဆိုရော သူ မလုပ်ရက်ခဲ့ဘူးလေ။ သူဟာ သူမနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပြီး တွေ့ခဲ့ပါတယ်။ အဲဒီနေ့က နောက်ဆုံးတွေ့ဆုံတဲ့နေ့ပါ။ ခဏတာ စကားပြောဆို နှုတ်ဆက်ပြီး သူတို့ လမ်းခွဲလိုက်ကြတယ်။ မခွဲလို့ မရဘူးလေ။ သူမရဲ့မိဘတွေဟာ မတတ်နိုင်လို့သာ သူမကို ကလေးမွေးခွင့်ပေးခဲ့ပေမယ့် သူမချစ်သူနဲ့တော့ သဘောမတူခဲ့ဘူးလေ။

 ဒီလိုပဲ၊ တစ်ဖက်မှာရှိတဲ့
သူမချစ်သူရဲ့ မိခင်ကလည်း သဘောမတူခဲ့ပါဘူး။ ကလေးကို ဖျက်ချဖို့ သူမရဲ့ မိဘတွေကို လာရောက်ပြောကြားခဲ့ပါတယ်။ သူမ မိဘတွေက မွေးခွင့်ပေးထားတယ်လည်းဆိုရော ဒေါသတကြီးနဲ့ ပက်ပက်စက်စက် ပြောပါတော့တယ်။ ဒီလို မိဘမျိုးရှိလို့ ဒီလိုသမီးမျိုး ထွက်လာတာတဲ့။ "သားသမီးမကောင်း မိဘခေါင်း" ဆိုတဲ့ စကားပုံလိုပေါ့။ သူမ မိဘတွေခမျာ ပြန်မပြောနိုင်တာနဲ့ သူမချစ်သူရဲ့ မိခင်ပြောသမျှကို နားထောင်နေရတော့တာပေါ့။ ဒီကြားထဲမှာ သူမချစ်သူရဲ့မိခင်ဟာ သူမနဲ့ နှစ်ယောက်တည်း တွေ့ပြီး စကားပြောခဲ့ပါသေးတယ်။ မမွေးဖို့ နားချပြောဆိုခဲ့ပေမယ့် ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး "နင့်ဟာနင် မွေးချင်မွေး၊ ငါ့သားနဲ့တော့ လုံးဝမပတ်သက်စေနဲ့၊ ငါ့သားနာမည် မပါစေနဲ့ "လို့ အတ္တကြီးစွာ ပြောကြားခဲ့ပါတယ်။ ဘယ်လောက်တောင် သူ့သားနဲ့ မပတ်သက်စေချင်သလည်းဆို ကလေးမွေးရန် ထောက်ပံ့ကြေး (တစ်နည်းပြောရရင် လျော်ကြေး )သန်းနှစ်ရာ(ယန်းငွေ)ကို ပေးပြီး "ဘာအကြောင်းကြောင်းကြောင့်နဲ့မှ သူ့သားနဲ့ မပတ်သက်ရေး " စာချုပ် ချုပ်ဆိုခိုင်းခဲ့ပါတယ်။

 သူမကလည်း မာနရှိပါတယ်။ စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပိုက်ဆံကိုတော့ ခြူးတစ်ပြားမှ မယူခဲ့ပါဘူး။ သူမမိဘတွေကလည်း မယူစေချင်ခဲ့ပါဘူး။ သူမမိဘတွေဟာ သာမန် လူနေမှု့အဆင့်အတန်းလောက်သာ ရှိပေမယ့် သူမနည်းတူ မာနရှိခဲ့ကြပါတယ်။

 ဒီလိုနဲ့သူမဟာ ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်ရပါတော့တယ်။ မိမိ နယ်မြေနဲ့ သက်ဆိုင်တဲ့ ဒေသန္တရာအစိုးရရုံးကိုသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်သာ ထုတ်ပေးတဲ့ မိခင်နှင့်ကလေးကျန်းမာရေးစာအုပ်ကို တောင်းယူခဲ့ပါတယ်။ ရုံးက တာဝန်ရှိသူက "မိခင်ကိုယ်တိုင် လာရောက်ထုတ်ဆောင်ပါ"လို့ ပြောကြားလိုက်တော့ "ဟုတ်ကဲ့၊ ကျမ မိခင်တစ်ယောက်ပါ"လို့ ပြန်လည်ပြောကြားရတော့တာပေါ့။ ရုံးက လူတော်တော်များများရဲ့ "ဟာ၊ ဟင်၊ အို" အစရှိတဲ့ အာမေဋိတ်သံတွေကြားမှာ ရှက်ရွံ့ခြင်းအပြည့်နဲ့  မိခင်နှင့်ကလေးကျန်းမာရေးစာအုပ်ကို ယူဆောင်ပြီး ပြန်လာခဲ့တဲ့ သူမဟာ လမ်းတဝက်မှာ
သူမချစ်သူကို မထင်မှတ်ဘဲ တွေ့လို့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ နှုတ်ဆက်လိုက်ပါသေးတယ်။

 သူမဟာ ဟန်ဆောင်တော်တော်ကောင်းတဲ့ ကောင်မလေးပါ။ "မိခင်ဖြစ်လာပြီဖြစ်တဲ့ မိန်းမတစ်ယောက်ဟာ တော်ရုံကိစ္စနဲ့ မငိုရဘူး" လို့ ပြောခဲ့တဲ့ သူမမေမေရဲ့စကားကို တသွေမတိမ်း နားထောင်ခဲ့ပါတယ်။ တကယ်ဆို သူမဟာ အငိုသန်တဲ့ ကောင်မလေးပါ။ ဒါပေမယ့် အခုအခါမှာတော့ ဘယ်လောက်ပဲ ကြီးမားတဲ့ ဒုက္ခရောက်ပါစေ၊ သူမ မငိုတော့ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်ကို အရွယ်နဲ့ မမျှအောင် ခံစားရင်းနဲ့ကို သူမ မငိုတတ်တော့ပါဘူး။

 သူမဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက် ရည်ရွယ်ပြီး ဖွင့်ပေးတဲ့ "ကလေးကျန်းမာအောင် ပြုစုစောင့်ရှောက်ရေး သင်တန်း" ကိုလည်း သတ္တိရှိရှိ တက်ရဲခဲ့ပါပြီ။ သင်တန်းတစ်ခုလုံးမှာ အငယ်ဆုံး သင်တန်းသူဖြစ်ပြီး ယောင်္ကျားရယ်လို့ လက်ညှိုးထိုးပြစရာ မရှိတဲ့ သူမဟာ ကိုယ့်အားကို ကိုယ်ပြီး အားပေးခဲ့ရပါတယ်။ တစ်ခါတစ်လေတော့လည်း အထီးကျန်ဆန်စွာနဲ့ပေါ့။ သင်တန်းပြီးလို့ အိမ်အပြန်မှာ တစ်ခြားကိုယ်ဝန်သည်တွေကို ကိုယ်စီကိုယ်စီ သက်ဆိုင်ရာတွေက ကြိုဆိုဖို့ ရောက်လာလေ့ရှိပေမယ့် သူမအတွက်တော့ တစ်ကိုယ်တည်းသာ ပြန်ရုံမှ လွဲ၍ ။

 သူမဟာ ရင်ဖွင့်ဖို့ လူလည်းမရှိခဲ့ပါဘူး။ တတ်နိုင်သမျှ လိုက်လျောပေးခဲ့တဲ့ သူမမိသားစုကိုလည်း ဒီ့ထက် ပိုပြီး ဒုက္ခမပေးချင်ဘူးလေ။ ဒီတော့ သူမ ခံစားသမျှကို ရင်ဖွင့်ဖို့ သူမကလေးကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် သူမ ဝမ်းဗိုက်ထဲမှာပဲ ရှိသေးတဲ့
သန္ဓေသားလေးက သူမစကားမှ နားမလည်ပဲ။ ဒါနဲ့၊ သူမဟာ သူမကလေးကို တိုင်တည်ပြီး ပြောတဲ့စကားတွေကို Recorder နဲ့ အသံဖမ်းယူခဲ့ပါတယ်။ အသံဖမ်း ဒိုင်ယာရီလေးမှာ သူမ ခံစားရသမျှ ကိစ္စအဝဝကို အသံသွင်းခဲ့ပါတော့တယ်။ သူမဟာ ကျောင်းမှာတုန်းက ကျောင်းတွင်းမှာ ထုတ်လွှင့်ပေးတဲ့ အသံလွှင့်ဌာနမှာ တာဝန်ယူခဲ့တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

 တကယ်တော့ အသံသွင်းခြင်းက သူမအတွက်တော့ ဒိုင်ယာရီတစ်ခုအနေနဲ့သာမက ကျောင်းအလွမ်းပြေ အနေနဲ့ပါ ရှိခဲ့ပါတယ်။ ကျောင်းသူအရွယ်ပဲ ရှိသေးတဲ့ သူမဟာ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းဆက်တက်ရန် မဖြစ်နိုင်သေးပေမယ့် ကျောင်းသား/သူ ဘဝကို အောင့်မေ့ဆဲပါပဲ။ သူမရဲ့ အတန်းဖော်တွေကို လွမ်းဆွတ်ဆဲပါပဲ။

 ဒါပေမယ့် လက်တွေ့ဘဝမှာတော့ မွေးဖွားရန် တစ်ဖြည်းဖြည်း နီးလာပါပြီ။ သာမန် ကိုယ်ဝန်ဆောင်တွေနဲ့မတူဘဲ ကလေးသာသာ သူမဟာ ကိုယ်ဝန်ရင့်လာပေမယ့် သိသိသာသာ ဗိုက်ပူ မလာပါဘူး။ ဆရာဝန်မကြီးရဲ့ ပြောကြားချက်အရဆို မွေးဖွားရန်လည်း ခက်ပါတယ်တဲ့။ ကံအကြောင်းမလှခဲ့လျှင် မိခင်ကော၊ ကလေးပါ အသက်ရှင်နိုင်ရန် ခဲယဉ်းပါတယ်တဲ့။ သူမရဲ့ အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်ရန် သင့်တော်တဲ့ အရွယ်ထက် အင်မတန်မှကို စောလွန်းခဲ့ပါတယ်တဲ့။ ဒါကြောင့် အာမမခံနိုင်ပါဘူးတဲ့။

 သူမရဲ့မိဘနှစ်ပါးမှာ သနားစရာကောင်းလှပါတယ်။ သူတို့ဟာ မိဘတွေဖြစ်လို့ သူမကို သူမကလေးထက် ပိုချစ်ခင်ပါတယ်။ တကယ်လို့ မိခင်နဲ့ကလေး တစ်ယောက်ယောက်ကိုသာ ရွေးရမယ့်အခြေအနေရောက်ခဲ့ရင်တောင် "သူမအသက်ကိုပဲ ကယ်တင်ပေးပါ" လို့ ဆရာဝန်မကြီးကို မေတ္တာရပ်ခံခဲ့ပါတယ်။

 တစ်ဖက်မှာလည်း
သူမချစ်သူ ဟာ အင်မတန်ဒုက္ခရောက်နေပါတယ်။ စီးပွါးပျက်သွားလို့ မိခင်ကြီးနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကျောင်းလည်း ဆက်မတက်ဖြစ်ဘူးလေ။ သူဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်ပေမယ့် ချစ်သူကောင်းတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ သူ့အသက်အရွယ်လေးနဲ့ ကလေးအဖေဖြစ်ရမှာကို သူ မလိုလားပါဘူး။ ဖြစ်နိုင်ရင် ကလေးကို ဖြတ်ချစေချင်ခဲ့ပါတယ်။သူမက မဖျက်ချပဲ မွေးမယ်ဆိုတော့ ကလေးကို တနည်းနည်းနဲ့ ပျက်ကျစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆန္ဒမပြည့်ဝခဲ့ပါဘူး။

 
သူမဟာ ကလေးလေးကို မွေးခဲ့ပါတယ်။ သာမန်ကလေးထက် တော်တော့ကို သေးငယ်တဲ့ကလေးလေးကို မွေးခဲ့ပါတယ်။ ကလေးလေးဟာ ကလေးသာသာ မိခင်က မွေးတာဖြစ်လို့ သာမန်ကလေးတွေနဲ့ မတူ၊ ငိုလည်းမငို၊ ကိုယ့်အားကိုယ်ကိုးပြီး နို့လည်း မစို့နိုင်ခဲ့ပါဘူး။ မိခင်ဖြစ်တဲ့ သူမမှာလည်း ကလေးကို မိခင်နို့ တိုက်ကျွေးဖို့ မလွယ်ပါဘူး။ (14)နှစ်အရွယ်သူမဟာ ကိုယ်ခန္ဓာအနေအထားက အစ ကလေးပုံလေးပဲ ရှိနေပါသေးတယ်။ မိခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အနေအထားမျိုးမရှိတဲ့အတွက် စိတ်သာရှိပေမယ့် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် သူမဟာ မိခင်စိတ်တော့ အပြည့်အဝရှိခဲ့ပါတယ်။ ကိုယ့်အသား ကိုယ်အနာခံပြီး ကလေးလေးကို မိခင်နို့ တိုက်ကျွေးခဲ့ပါတယ်။ သူမရဲ့ မိဘ မေတ္တာကြောင့်ပဲ လအနည်းငယ်ကြာတဲ့အခါမှာ ကလေးလေးဟာ ကျန်းမာလာခဲ့ပါတော့တယ်။ သူမက ကလေးနာမည်ကို "ဆိုရ "လို့ နာမည်ပေးခဲ့ပါတယ်။ "ဆိုရ "ဆိုတာ ကောင်းကင်ပါ။ သူမကတော့ "အပြာရောင်ကောင်းကင်" ကို ရည်ရွယ်ပြီး မှည့်ဆိုခဲ့တာပါ။ (စကားမစပ်၊ ကလေးလေးက မိန်းကလေးပါ။)

 "ဆိုရ "ရဲ့ ဖခင်ဖြစ်သူ
သူမချစ်သူဟာ "ကလေးမွေးလို့ ငါနဲ့အတူလိုက်ကြည့်ပါ"လို့ သူမရဲ့ ဖခင်တောင်းဆိုချက်ကို အစပိုင်းမှာ ခါးခါးသီးသီး ငြင်းဆန်ခဲ့ရာက နောက်ဆုံးတော့လည်း လိုက်လျောခဲ့ပါတယ်။ ဆေးရုံရောက်တော့ ထွက်ပြေးဖို့ ကြံစည်ခဲ့သေးပေမယ့် "ဆိုရ "လေးရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်မှာတော့ သူဟာ "ဆိုရ "လေးကို ချစ်သွားခဲ့ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သူတတ်နိုင်သလောက် တာဝန်ယူချင်တယ်လို့ ပြောပြီး ရရာအလုပ် (ကြုံရာကျပန်း) လုပ်ခဲ့ပါတော့တယ်။

 
သူမချစ်သူရဲ့ မိခင်ကလည်း သူ့အမှားတွေကို လာရောက်တောင်းပန်ပြီး "မခေါ်ချင်လို့သာ ရမည်။ မတော်လို့တော့ မရ၊ ကျမတို့တတွေဟာ ဆွေမျိုးတွေပါပဲ" လို့ သူမရဲ့မိဘတွေကို ပြောကြားလာပါတော့တယ်။

 နောက်ဆုံးမှာတော့ သူမနဲ့
သူမချစ်သူ ဟာ "ဆိုရ "ရဲ့အနာဂတ်အတွက် နောက်နှစ်နှစ်အကြာမှာ လက်ထပ်ချင်ပါတယ်လို့ နှစ်ဖက်မိဘကို တောင်းဆိုပါတော့တယ်။ ကျောင်းသူ/ သား တွေဖြစ်တဲ့ သူမတို့ဟာ ကျောင်းဆက်တက်ဖို့ထက် "ဆိုရ "ရဲ့အနာဂတ်အတွက်ပဲ စဉ်းစားကြပါတော့တယ်။ နှစ်ဖက်မိဘခမျာ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို လှလှပပဖန်တီးပေးခွင့်မရတဲ့အတွက် ရင်ထုမနာဖြစ်ပေမယ့် သူမတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မတားတော့ပါဘူး။

အချပ်ပို၊

 အမှတ်မထင်လုပ်မိလိုက်တဲ့ ကိစ္စတစ်ခုဟာ ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရလောက်အောင် တန်ဖိုးရှိပါသလား ................??????


 ကိစ္စတစ်ခုကို မဖြစ်ခင် "လုပ်သင့်လား၊ မလုပ်သင့်လား" ကြိုတင် စဉ်းစားသင့်ကြောင်း၊ မဆင်မခြင်နဲ့ လုပ်မိသွားပြီဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာကို မရှောင်တိမ်းဘဲ အကောင်းဆုံးနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း ဒီဇာတ်လမ်းက ပြောပြပေးနေပါတယ်။

 ဘယ်သူမဆို ဖြစ်လာတဲ့ ပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေ။

 ဇာတ်ကားကြည့်ချင်တယ်ဆို ဒီမှာကြည့်လို့ရပါတယ်ရှင်။ တစ်ဆယ့်တစ်ပိုင်းရှိတာကို ချုံ့ရေးထားလို့ အမှားပါခဲ့လျှင် လည်း ပြောကြားပေးကြပါရှင်။


စကားချပ်၊

 ဒီဇာတ်လမ်းဟာ အပြင်မှာဖြစ်ပျက်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါကြောင့်၊ ဇာတ်လမ်းတစ်ခုအနေထက် တကယ့်အဖြစ်အပျက်တစ်ခုလို ဝေဖန်ပြောကြားစေချင်ပါတယ်ရှင့်။

 အကယ်၍၊ ဒီလိုအဖြစ်အပျက်မျိုး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့လျှင် ဘယ်လိုဒုက္ခတွေ တွေ့ကြုံလာနိုင်တယ်ဆိုတာကိုလည်း ပြောပြပေးစေချင်ပါတယ်။


စိတ်ရှည်လက်ရှည် ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်။

ပုံကိုhttp://milkteazoo.files.wordpress.com/2008/11/spd_20070814114106_b.jpg

http://fatemehanahita.parsbigocean.com/images/14sainohaha.jpg

http://www.ntv.co.jp/14/cast/pop/satoshi.html ရယူသည်။

အပြည့်အစုံသို့....

Wednesday, April 22, 2009

"(၁၄)နှစ်အရွယ် မိခင်"


 မင်းသား (Haruma Miura、1990年4月5日 - )နဲ့ မင်းသမီး (Mirai Shita、1993年5月10日 - )တို့ခေါင်းဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းနာမည်က "(၁၄)နှစ်အရွယ် မိခင်"တဲ့။

 ဟုတ်ကဲ့၊ "(၁၄)နှစ်အရွယ် မိခင်" ပါ။ အလယ်တန်း ဒုတိယနှစ် ကျောင်းသူလေး မိကိ အိချိနိုဆဲ (မင်းသမီး)ဟာ သူမထက် အတန်းတစ်တန်းသာကြီးတဲ့ အလယ်တန်းတတိယနှစ်ကျောင်းသား စတိုရှိ ခိရိနို(မင်းသား)နဲ့ ကျောင်းသွားကျောင်းပြန် တွေ့ဆုံရာကနေ သံယောဇဉ်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာ သူမတို့နှစ်ယောက် ဂိမ်းကစားရင်း ပြန်လာတုန်း လမ်းသူရဲဆန်ဆန် လူငယ်တစ်စုက စတိုရှိ ခိရိနို(မင်းသား)ကို နှောက်ယှက်လို့ နှစ်ယောက်အတူတူ ထွက်ပြေးရင်း လူမရှိတဲ့ အိမ်တစ်အိမ်ကို ရောက်ရှိသွားခဲ့ပါတယ်။ လရောင်ရဲ့ ဖမ်းစားမှု၊ တိတ်ဆိတ်မှုအောက်မှာ လူငယ်နှစ်ဦး မှားမိခဲ့ကြပါတယ်။ တစ်ညတာလေးဆိုပေမယ့် မိကိ အိချိနိုဆဲ (မင်းသမီး)မှာ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမအသက် (၁၄)နှစ်ပေါ့။ သူမရဲ့ချစ်သူကတော့ (၁၅)နှစ်တဲ့လေ။ အင်မတန်မှကို အိမ်ထောင်ပြုရန် စောသေးလွန်းတဲ့ အရွယ်လေးတွေပေါ့။

 သူမဟာ ကိုယ်ဝန်ရှိတာကို သိသိချင်း ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ မိဘကိုလည်း မပြောရဲ၊ ချစ်သူကိုလည်း မတိုင်ပင်ရဲ၊ သူငယ်ချင်းတွေကို မဆိုဝင့်နဲ့ တော်တော်ဒုက္ခရောက်ခဲ့တာပေါ့။ ဆေးခန်းသွားပြရအောင်လည်း အသက်(၁၄)နှစ်အရွယ် သူမမှာ ကျန်းမာရေးကဒ်ပြားမရှိဘူးလေ။ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ သူမမှာ ဆေးခန်းပြစရာ ပိုက်ဆံလည်း လုံလုံလောက်လောက်မရှိတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ သူမရဲ့ အမေက သိရှိသွားခဲ့ပါတယ်။ သူမရဲ့ အခန်းကို ရှင်းလင်းရင်း အံဆွဲထဲမှာ ကိုယ်ဝန်စစ်ဆေးထားတဲ့ ပစ္စည်း(မြန်မာလို ဘယ်လိုခေါ်လည်း မသိပါ။)ကို ရှာတွေ့ရင်းနဲ့ပေါ့။ သူမ ဖေဖေဆို ပေါက်ကွဲလိုက်တာ။ (၁၄)နှစ်သမီးအရွယ် ကောင်မလေး၊ သူ့စိတ်ထဲမှာ ကလေးလေးလို့ပဲ ထင်ထားတဲ့ သမီးဟာ ”လူကြီးတစ်ယောက်လို ကိုယ်ဝန်ရှိနေပါတယ်”ဆိုတာကို အချိန်တော်တော်ကြာထိ လက်မခံပေးနိုင်ခဲ့ဘူး။
ဖျက်ချဖို့ သူ့သမီးကို အတင်းနားချခဲ့ပါတယ်။ သူမ မေမေကလည်း တိုက်တွန်းခဲ့ပါတယ်။

 အဖေကော အမေကပါ
ဖျက်ချဖို့ တိုက်တွန်းကျတဲ့အတွက် မိကိ အိချိနိုဆဲ (မင်းသမီး)လေးဟာ ကိုယ်ဝန်ဖျက်ချဖို့ သူမမိခင်လိုက်ပို့ပေးတဲ့ သူမပြနေကျ ဆေးခန်းကို သွားခဲ့ရတာပေါ့။ မသွားလို့လည်း မဖြစ်ဘူးလေ။ သူမမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိသွားတဲ့ ကျောင်းက အတန်းဖော်တွေဟာ သူမကို ဝိုင်းကျဉ်ကြပါတော့တယ်။ မထိတထိ ပြောကြပါတယ်။ သိသိသာသာ တိုက်ခိုက်ကြပါတယ်။ ”သူမကြောင့် သူတို့ကျောင်း နာမည်ပျက်တယ်”ဆိုတဲ့ အကြောင်းကိုလည်း မကြားကြားအောင် ပြောကြပါလေတယ်။ သူမတို့ကျောင်းက မိန်းကလေးကျောင်းလေ။ ဒီတော့ ပိုနစ်နာတာပေါ့။ ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေ အားလုံးဟာလည်းအချိန်ရှိသရွေ့ သူမအတွက်ပဲ ဆွေးနွေးနေကြရတော့တယ်။ ကျောင်းထုတ်ရမလား??? မသင်မနေရ ပညာရေးစနစ်ထဲမှာ ပါနေတဲ့ အလယ်တန်းကျောင်းသူဖြစ်လို့ ဆက်လက်လက်ခံရမလား ??? ဝေခွဲမရခြင်းများစွာနဲ့ပေါ့။

 သူမ ကိုယ်ဝန်ရှိသွားတဲ့ အကြောင်းကို သိလိုက်ရတဲ့အချိန်ကစပြီး မူလတန်းကျောင်းသား သူမမောင်လေးမှာလည်း အနိုင်ကျင့်ခံရပါတော့တယ်။ သူမမိခင်၊ သူမဖခင်တို့လည်း သူတပါး အပြောအဆို၊ အကဲ့ရဲ့ ခံရပါတော့တယ်။

 အဆိုးဆုံးကတော့ သူမချစ်သူတို့ အသိုင်းအဝန်းပါပဲ။ သူမချစ်သူရဲ့ မိခင်ဟာ အဖေမရှိပဲ သူမချစ်သူကို မွေးခဲ့တာပါ။ အဖေမရှိဘဲ ကလေးတစ်ယောက်ကို မွေးခဲ့တဲ့အတွက် သာမန်မိန်းမတွေထက် အဆပေါင်းများစွာ စိတ်ဆင်းရဲ ဒုက္ခခံခဲ့ရတာပေါ့။ ဒါပေမယ့် လုပ်ရည်ကိုင်ရည် ရှိတဲ့ သူမချစ်သူရဲ့ မိခင်ဟာ ကုမ္ပဏီတစ်ခုရဲ့ သူဌေးတစ်ယောက်အဖြစ် အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမမှာ ကိုယ်ဝန်ရှိတဲ့အကြောင်းကို စီးပွါးရေးအသိုင်းအဝိုင်းက မသိခင် အချိန်အထိပေါ့။ သူမချစ်သူရဲ့ မိခင်ဟာ (၁၅)နှစ်သားအရွယ် သားကြောင့် (၁၄)နှစ်အရွယ်ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပါတယ်.....ဆိုတဲ့ သတင်းကို သတင်းမီဒီယာမျိုးစုံမှာ ရေးသားခြင်းခံရပြီး တစ်ဖြည်းဖြည်းနဲ့ စီးပွါးရေးအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြောဆိုမှုတွေကို ခံရ၊ စီးပွါးရေးနယ်ပယ် ကျဉ်းမြောင်းလာပြီး နောက်ဆုံးမှာတော့ ဒေဝါလီ ခံသွားရပါတယ်။

 သူမချစ်သူမှာလည်း မတတ်သာပါဘူး။ သူ့ရဲ့အတန်းဖော်တွေရဲ့ အနိုင်ကျင့်မှုတွေ၊ သူ့မိခင်နဲ့
ပတ်သက်ပြီး သူ့ကို လိုက်ချောင်းနေတဲ့ သတင်းထောက်တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် သူတစ်ခု ကံကောင်းပါတယ်။ သူမဟာ သူ့ကို တာဝန်မယူခိုင်းခဲ့လို့ပါ။ သူနဲ့ မှားခဲ့တာဖြစ်ပေမယ့် သူမဟာ ကျောင်းသားအရွယ် သူမချစ်သူကို အညွှန့်မကျိုးစေချင်ခဲ့ပါဘူး။ သူမတစ်ယောက်တည်း ဖြစ်သမျှအကြောင်းတွေကို ရင်ဆိုင်ချင်ခဲ့တာပါ။ ဒါပေမယ့် လောကကြီးက သူမ ထင်ထားသလောက် ကြင်နာမှု မပေးဘူးလေ။ ဒီလို အကြောင်းကြောင်းတွေကြောင့် သူမဟာ သူမမိဘတွေ တိုက်တွန်းတဲ့ ကိုယ်ဝန်ဖျက်ချဖို့ကို သဘောတူခဲ့တာပါ။

 ဒါပေမယ့် တကယ်တမ်း
ဖျက်ချဖို့လည်း လုပ်ရော သူမ မလုပ်ရက်ခဲ့ပါဘူး။ သူမမေမေ သူမကိုချစ်ခင်ယုယခဲ့သလိုမျိုး သူမလည်း သူမကလေးကို ယူယမြတ်နိုးချင်ပါတယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ဖြေရှင်းရမယ်မှန်း သိသိကြီးနဲ့ကို လူ့အသက်တစ်ချောင်းကို တန်ဖိုးထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမမိဘတွေကို အတိုက်အခံလုပ်ပြီး ဒီကလေးကို သူမမွေးမယ်လို့ ပြောခဲ့တော့တာပေါ့။ မိဘတွေခမျာ ယူကြုံးမရဖြစ်လွန်းလို့ ၊ ခံစားရလွန်းလို့ သူမကို တားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ ခေါင်းမာမှုက အနိုင်ရသွားပါတယ်။ ”ဘယ်သူတွေ ကဲ့ရဲ့ ကဲ့ရဲ့ သူမဘေးနားမှာ ရပ်တည်ပါမယ်”လို့ သူမကို ကတိပေးခဲ့ပါတယ်။ သူမမောင်လေးက ကလေးပီပီ သူ့အမကြောင့် သူအနိုင်ကျင့်ခံရတာကို အခဲမကျေခဲ့ဘူး။ သူမနဲ့ အတတ်နိုင်ဆုံး ဝေးဝေးမှာ နေခဲ့ပေမယ့် တကယ်တမ်း သူမက ကလေးမွေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ မတားရှာပါဘူး။ ”လူ့အသက်တစ်ချောင်းကို သတ်တာဆိုရင် ငါ နင့်ကို လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု နင်က လူ့အသက်တစ်ချောင်းကို ကယ်တင်မှာဖြစ်လို့ ငါ အားပေးပါတယ်”လို့ သူသိသလောက် ပြောကြားခဲ့ပါတယ်။

 သူမမိသားစုရဲ့ နွေးထွေးကြင်နာတဲ့ မိသားစုစိတ်ဓာတ်ကြောင့် သူမ အားတက်ခဲ့ပါတယ်။ ဒါပေမယ့် သူမချစ်သူကြောင့် သူမ ဝမ်းနည်းရပြန်ပါတယ်။ သူမချစ်သူက ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက သူမကို အဆက်အသွယ်မလုပ်တော့ပါဘူး။သူမက ”သူ့ကို ဒုက္ခမပေးပါဘူး၊ ကိုယ့်ဘာသာကို ရင်ဆိုင်ပါမယ်”လို့ ကတိပေးတာတောင် သူမချစ်သူဟာ သူ့အနာဂတ်အတွက် နိုင်ငံရပ်ခြားအထိ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါသေးတယ်။

အားတော့နာပါတယ်။ လက်ညောင်းလို့ နောက်နေ့မှ ဆက်ရေးမယ်နော်။  :z


ပုံကိုhttp://milkteazoo.files.wordpress.com/2008/11/spd_20070814114106_b.jpg

http://fatemehanahita.parsbigocean.com/images/14sainohaha.jpg

http://www.ntv.co.jp/14/cast/pop/satoshi.html ရယူသည်။

အပြည့်အစုံသို့....

Saturday, April 18, 2009

ဂျပန်လူငယ်တို့၏ ဖက်ရှင်

 သင်္ကြန်က ဓာတ်ပုံ တစ်ချို့ကို ကြည့်ပြီး နည်းနည်းလန့်သွားခဲ့တယ်သိလား။ လှတော့လှကြပါတယ်။ မိုက်လည်း မိုက်ကြပါတယ်။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ မျက်စိနဲ့ မယဉ်သေးတာအမှန်ပဲ။ နည်းနည်းများ ခေတ်ရှေ့ရောက်လွန်းနေသလားလို့။ ကျမလည်း လူငယ်ပါပဲ။ ခေတ်နဲ့အမီ ဝတ်စားဆင်ယင်ပါတယ်။ ဒါပေမယ့် ၊ ခေတ်တော့လွန်အောင် မဝတ်ဘူး။ မိန်းကလေးဆိုတာ ကိုယ့်အန္တရာယ် ကိုယ်သိရတယ်လေ။ နေရာဒေသနဲ့ လိုက်ဖက်ညီအောင် မဝတ်စားတတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ များနိုင်တယ်ဆိုတာ သတိပြုသင့်ကြပါတယ်။ မြန်မာမိန်းကလေးတွေ ခေတ်နဲ့အညီဝတ်စားဆင်ယင်စေချင်ပါတယ်။ ဒါပေမယ့်၊ ခေတ်မလွန်ကြပါနဲ့လို့ ဆုတောင်းနေမိပါတယ်။

 မြန်မာနိုင်ငံရဲ့ အပူဆုံးကာလမှာ ဝတ်တဲ့ ဖက်ရှင်တစ်ချို့တွေကတော့ အများသိကြတဲ့အတိုင်းပါပဲ။ ဂျပန်မလေးတွေ အပူဆုံးအချိန်မှာ ဝတ်တဲ့ဖက်ရှင်နဲ့ နှိုင်းယှဉ်ကြည့်လို့ရအောင် တင်ပြပေးလိုက်ပါတယ်။

 တိုပေမယ့် အမြင်မရိုင်းအောင် ဝတ်စားဆင်ယင်နည်းတွေ အများကြီးရှိတယ်ဆိုတာကို ခေတ်ရှေ့ရောက်လွန်းတဲ့ ကောင်မလေးတွေ သိစေချင်ပါတယ်။


 ဖက်ရှင်တွေကို စတင်တီထွင်လေ့ရှိတဲ့ ဟရဂျုကုမြို့မှ ဖက်ရှင်တစ်ချို့


 ဆွဲဆောင်မှုအပြည့်နဲ့ အိုမိုတဲ့စန်းဒိုးမြို့မှ ဖက်ရှင်တစ်ချို့

 တန်ဖိုးကြီးပစ္စည်းများနဲ့ ဂုဏ်ယူဖွယ် ဒိုင်းကန်းယာမမြို့မှ ဖက်ရှင်တစ်ချို့

 ခေတ်နဲ့အညီ ပြေးနေတဲ့ ရှိဘူရ မြို့မှ ဖက်ရှင်တစ်ချို့

 ပြည်တွင်းသာမက ပြည်ပမှ ပစ္စည်းများနဲ့ တမူထူးခြားတဲ့ စတိုင်ရှိတဲ့ ဂင်းဇမြို့မှ ဖက်ရှင်တစ်ချို့


 ပုံကို http://www.style-arena.jp/မှ ရယူပါသည်။

အပြည့်အစုံသို့....

 

Design By:
SkinCorner