Monday, April 27, 2009

ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာဟာ အပြစ်ရှိလို့လား?????????????????

ဒီပို့စ်ကို ရေးသင့်၊ မရေးသင့် စဉ်းစားနေတာတော့ ကြာပါပြီ။ နောက်ဆုံးတော့လည်း မျှဝေချင်တာနဲ့ ရေးဖြစ်သွားပါတယ်။

ဒီလိုပါ၊ လွန်ခဲ့တဲ့လအနည်းငယ်က TV အစီအစဉ်တစ်ခုမှာ ကြည့်လိုက်ရပါတယ်။ ဖုဂျော့ရှိ (腐女子)တဲ့။ ဖုဂျော့(腐女)လို့လည်း ခေါ်ပါတယ်။ ဖုဂျော့ရှိ (腐女子)တွေရဲ့ နေပုံထိုင်ပုံ၊ အလေ့အထတွေကို ရိုက်ထားတာပါ။ ကျမလည်း အဲ့ဒီကျမှာ ကြားဖူးတာပါ။ ဖုဂျော့ရှိ (腐女子)ဆိုတာ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တဲ့အကြောင်းကို ရေးထားတဲ့စာအုပ်တွေ၊ ဗီဒီယိုတွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ ဖုဂျော့ရှိ (腐女子)တွေဟာ ကိုယ့်ဟာကို သီးသန့်နေတာများပါတယ်။ ကာတွန်းကားထဲမှာပါတဲ့ အဝတ်အစားတွေကို လိုက်တုပြီးဝတ်တတ်ပါတယ်တဲ့။ သူတို့ဟာ လူ့သဘာဝနဲ့ ဆန့်ကျင်တာကို စိတ်ဝင်စားတတ်တဲ့ ကိုယ့်စိတ်ကိုယ် သိပေမယ့် ဖုဂျော့ရှိ (腐女子)အဖြစ်နေရတာကို ပျော်ပါတယ်တဲ့။ တကယ်ဆို ဖုဂျော့ရှိ (腐女子)ရဲ့ အဓိပ္ပာယ်က ပုတ်သိုးနေတဲ့မိန်းမပါ။ အမှန်လည်း အဲလိုဖြစ်နေတာပါပဲ။ ဒါပေမယ့် လုပ်ချင်တာလုပ်လို့ရတဲ့ အင်မတန်မှ လွတ်လပ်တဲ့ နိုင်ငံဖြစ်တဲ့ ဂျပန်မှာတော့ ဖုဂျော့ရှိ (腐女子)တွေဟာ တစ်နေ့တစ်ခြားတိုးပွါးနေပါတယ်။

ဂျပန်နိုင်ငံရှိ ဒေသအသီးသီး၏ ဖုဂျော့ရှိ (腐女子)အရေအတွက်

ဖုဂျော့ရှိ (腐女子)လိုမျိုးပဲ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာတွေ ရေးထားတဲ့ မဂ္ဂဇင်းတွေ၊ ဘလော့တွေ၊ ကာတွန်းတွေကို စိတ်ဝင်စားတဲ့ယောင်္ကျားကိုကျတော့ ဖုဒန်းရှိ (腐男子)ပုတ်သိုးနေတဲ့ယောင်္ကျားတဲ့။ ဖုခေး(腐兄)ပုတ်သိုးနေတဲ့အကိုလို့လည်း ခေါ်ပါတယ်။ (ပုံမှာပြထားတာက နကနိုဖုဒန်းရှိကျောင်းသားကဒ်  တဲ့။ ပေါက်ကရတွေလျှောက်လုပ်ထားတာများ ပြောမပြောပေါင်။ ဟူး.................ကျောင်းသားကဒ်တောင် လုပ်လိုက်သေး။ )

ဖုဂျော့ရှိ (腐女子) ၊ ဖုဒန်းရှိ (腐男子)နဲ့ ဆက်စပ်ပြီး ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တဲ့ Boys Love အကြောင်းလည်း နည်းနည်းရေးချင်ပါတယ်။ အရင်တုန်းက ဂျပန်မှာ အဲလိုမျိုးကိစ္စတွေကို ရှုံ့ချပေမယ့် အခုအခါမှာတော့ သာမန်အချစ်ကိစ္စတစ်ခုလို ဖြစ်လာပါပြီ။ ဝတ္ထုစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဘလော့တွေ၊ ကာတွန်းတွေ အစရှိတဲ့ မီဒီယာတွေကတစ်ဆင့် ပြည်သူလူထုကို ပျံ့နှံ့လာပါပြီ။ ကောသလအိပ်မက် (16)ချက်က တစ်နေ့တစ်ခြားမှန်လာတယ်လို့ ပြောရမလားပဲ။ ခေတ်ကြီးက တဖြည်းဖြည်းနဲ့ ပျက်စပြုလာပါပြီ။

အဲ့ဒီအပြင် Bisexual ဆိုတာလည်း ရှိပါသေးတယ်။ တစ်ချို့ယောင်္ကျားတွေက ယောင်္ကျားကော မိန်းမပါ ချစ်ကြိုက်ပါတယ်တဲ့။ ဗုဒ္ဓေါ လို့ပဲ တလိုက်ချင်တော့တယ်။

ကြုံလို့ ဟိုတစ်နေ့ကကြည့်လိုက်ရတဲ့ စုံထောက်ကားတစ်ကားအကြောင်း ပြောပြပါဦးမယ်။ မိန်းမနဲ့ယောင်္ကျား နှစ်လောင်းပြိုင်လူသေမှုဖြစ်တာ။ ကိုယ့်ကိုကိုယ်သတ်သေမှုလား၊ လူသတ်မှုလားလို့ စုံစမ်းတာ နောက်ဆုံးမှပဲ အဖြေပေါ်တော့တယ်။ ရဲတစ်ဦးဖြစ်တဲ့ မင်းသားက သူ့အထက်အရာရှိ(ယောင်္ကျား)နဲ့ ကြိုက်နေတာ။ အဲဒါ သူ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မိန်းမယူလိုက်တယ်။ ဒါပေမယ့် သူက အဲဒီမိန်းမကို မကြိုက်ဘူး။ ဒီလိုပဲနေလာရင်း နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ကောင်မလေးနဲ့ တွဲသွားတွဲလာလုပ်ဖြစ်တယ်။ ဒါလည်း သူ့အထက်အရာရှိနဲ့ ခြေရှုပ်တာကို သူ့မိန်းမရိပ်မိလာလို့ ကာကွယ်တဲ့သဘောပါ။ သူက ဘယ်မိန်းမမှ မကြိုက်ဘူး။ အဲဒါကို သူ့မိန်းမက အထင်လွဲပြီးကောင်မလေးကို သတ်ပစ်လိုက်တယ်။ သူက သူ့မိန်းမရဲ့ လူသတ်မှုကို ကာကွယ်ပေးမယ်ဆိုပြီး သူပါသတ်သေလိုက်တယ်။ ဒါနဲ့ နှစ်လောင်းပြိုင်အမှုကြီးက ဖြစ်လာတာ။ နောက်ဆုံးတော့အမှုပေါ်သွားပါတယ်။ အဲဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းထဲက စကားတစ်ခုကို အခုထိမှတ်မိနေတယ်။ ယောင်္ကျား၊ယောင်္ကျားချင်း ချစ်ကြိုက်တာဟာ အပြစ်ရှိလို့လားတဲ့။ ကျမကတော့ သဘာဝကို ဆန့်ကျင်တဲ့အတွက် အပြစ်ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုထင်လဲဟင်။

http://info-cat.paslog.jp/image/photo20080405.jpg

https://thumbnail.image.rakuten.co.jp/@0_mall/book/cabinet/4580/4580284850462.jpg

http://images.google.co.jp/imgres?imgurl=http://img2.blogs.yahoo.co.jp/ybi/1/35/4f/sky_11_02/folder/328103/img_328103_3078567_3%3F1226069941&imgrefurl=http://blogs.yahoo.co.jp/sky_11_02/3078567.html&usg=__cOuxGQJcJIZl1r4-YXsU3fyEMCo=&h=229&w=355&sz=23&hl=ja&start=219&sig2=JB3WdWxT_0NF-camvs4JdQ&tbnid=1ImIj6EM96ELqM:&tbnh=78&tbnw=121&prev=/images%3Fq%3D%25E8%2585%2590%25E7%2594%25B7%25E5%25AD%2590%26gbv%3D2%26ndsp%3D20%26hl%3Dja%26sa%3DN%26start%3D200&ei=tl35SY3fKpqG6AOh9PCYAg

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

လွတ်လပ်ခွင့်တစ်ခု အနေနဲ့ ပြောရရင်တော့ ဘယ်သူ့ဘယ်သူမှ အပြစ်ပြောလို့မရပါဘူး ... ကိုယ်မကြိုက်ပေမယ့် သူက ကြိုက်နေတာကိုး ... ဒါပေမယ့် ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ ပြောရရင်တော့ ယောကျာင်္း ယောကျာင်္းချင်း ကြိုက်တာဖြစ်ဖြစ် မိန်းမ မိန်းမချင်း စိတ်ဝင်စားတာ ဖြစ်ဖြစ် တရားနည်းလမ်း မကျပါဘူး ... သာမာန်လူ့ပတ်ဝန်းကျင်ရဲ့ စိတ်ခံစားမှု ရပ်ဝန်းက ခွဲထွက်တာမို့လို့ ဒီခံစားချက်ကို ကျွန်တော်က စိတ်မမှန်တဲ့ ခံစားချက် ( ဝါ ) စိတ်မမှန်တဲ့ သူလို့ပဲ ခံစားမိပါတယ်။ ဒါပေမယ့် ခုခေတ်ကြီးကလည်း သိတဲ့ အတိုင်း ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာတွေက လူသိများ ခေတ်စားလာတော့ လုပ်ချင်ရာ လုပ်တတ်တဲ့ သူတွေအတွက် လက်ကိုင်တုတ် တစ်ခု ရသလို ဖြစ်သွားပြီး သူတို့လုပ်တာကိုပဲ အမှန်လို တရားနည်းလမ်းကျသလို ပြောလာကြတယ်။ အဲတော့ ဘယ်သူမှန်တယ် မှားတယ်လို့ ကျွန်တော်တော့ မပြောချင်တော့ပါဘူးလေ ... ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ ... သေချာတာ တစ်ခုကတော့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကနေ ကိုယ်ကကွဲထွက်မနေဖို့ပဲ အဓိကကျတယ်လို့ ထင်ပါတယ်။ ....

Unknown said...

ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝန်းအတွက်...
မနစ်နာ မထိခိုက်ရင်တော့ ကောင်းပါတယ်....
ကိုယ့်ကိုကိုယ်ကတော့..ကိုယ့်သဘောနဲ့ကိုယ်ပေါ့လေ..

Nge Naing said...

ညီမလေး ကိုယ်လက်မခံနိုင်ပေမယ့် သူများလက်ခံလို့ လုပ်တာ ကိုယ့်ကိုဘာမှ မထိခိုက်ရင် မှန်တယ်။ ဒါဟာ လွတ်လပ်ခွင့်ကို လက်ကိုင်တုတ်လုပ်တာ မဟုတ်ဘူး အသုံးချတာ။ ၀က်သားကြိုက်တဲ့ သူတယောက်ကို မရဘူး ကြက်သားပဲ ကြိုက်ရမယ်ဆိုပြီး သွားလုပ်လို့ မရသလိုပဲ သူ့အကြိုက်ဟာ သူ့အကြိုက် ကိုယ့်အကြိုက်ဟာ ကိုယ်အကြိုက်ပါပဲ။ ညီမလေးက ၀က်သားမကြိုက်သူဖြစ်ရင် သူစားနေတဲ့ ၀က်သားဖတ်ကို ညီမလေးပန်းပန်ထဲ လာမထည့်ရင် ပြီးတာပဲ မဟုတ်လား။ ကိုယ်မကြိုက်တိုင်း သူများကြိုက်တာကို ရွံရှာမုန်းတီးတာဟာ ကိုယ့်အတွက်လည်း အကျိုးမရှိသလို သူများအတွက်လည်း အကျိုးမရှိပါဘူး။ လူ့အဖွဲ့အစည်းမှာ လူလူချင်း ချစ်ခင်ရင်းနှီးစွာ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ဖို့ဆိုရင် အကြိုက်မတူပေမယ့်လည်း အပြန်အလှန် အသိအမှတ်ပြု သဘောထားကြီးရင် အဆင်ပြေပါတယ်။ ဒီလိုမဟုတ်ရင်တော့ စိတ်မှာ အညစ်ကြေးတွေ အတင်ခံပြီး အမုန်းပွားမှုတွေ့ကို ဖြစ်စေပြီး ကိုယ့်အကုသိုလ် ကိုယ်ရှာတာပဲ ဖြစ်နေပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် လက်ရှိဘ၀အတွက်လည်း မကောင်းသလို နောင်တမလွန်ဘ၀အတွက်လည်း မကောင်းဘူး။ အဲသလိုပဲ လူ့အဖွဲ့အစည်းမှာ မှန်တယ်၊ မှားတယ်ဆိုပြီး သတ်မှတ်ထားတာတွေဟာ ကြိုက်တဲ့သူတွေရဲ့ သတ်မှတ်ချက်သာ ဖြစ်တယ်။ တကယ်အမှန်တရားတွေ မဟုတ်ကြဘူး။ တရားသဘောနဲ့ ပြောရရင် ညီမလေး ကြိုက်တယ် ဆိုတာတွေဟာလည်း တကယ် အမှန်တရားမဟုတ်ဘူး။ အမှန်တရားဆိုတာ
သစ္စာလေးပါးကလွဲရင် ဘာမှ မရှိပဲ ကျန်တာတွေအကုန်လုံးက သတ်မှတ်ခေါ်ဝေါ် ခံယူနေလို့သာ ဖြစ်နေ၊ ရှိနေရတဲ့ ပညတ်ချက်တွေ ဖြစ်ပြီး လူတွေက ဒီအတိုင်း မသတ်မှတ်တော့တာနဲ့ ဒါတွေ ဘာမှ ရှိနေဖြစ်နေတော့ဘူးဆိုတာ ဘုရားဟောထားပါတယ်။ ဥပမာ ၀က်သားကြိုက်တဲ့သူအတွက် ၀က်သားထက် ကောင်းတဲ့အသား ဘာမှမရှိဘူးလို့ ပြောပါလိမ့်မယ် ဒါပေမယ့် မူစလင်တွေ အသီးအရွက်ကိုသာ စားတဲ့သူတွေအတွက်ကျတော့ ၀က်သားဟာ သူတို့အတွက် ဘာမှ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူး။ တချိန်က ၀က်သားကို အကြိုက်ဆုံးအသားအဖြစ် နှစ်နှစ်ခြိုက်ခြိုက်ကို စားသုံးလာတဲ့ အစ်မ ကိုယ်တိုင်တောင် ကျန်းမာရေးအတွက် ၀က်သားဟာ မစားအပ်တဲ့အသားလို့ ယူဆပြီး ရှောင်ရာကနေ အခုဆိုရင် လုံးဝကို အနံ့ခံလို့ မရတော့ဘူး။ ဆိုလိုတာက တခုခုကို နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်း၊ လိုချင်ခြင်း၊ မလိုချင်ခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်း ဆိုတာတွေ အားလုံးက လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ သတ်မှတ်ချက်သာ ဖြစ်ပြီး အခုကြိုက်တယ် တော်ကြာမကြိုက်တော့ဘူး ဆိုပြီး ဖေါက်လည်း ဖေါက်ပြန်တတ်တဲ့ အရာတွေ ဖြစ်လို့ အမှန်တရားမဟုတ်ပါဘူး အမှန်တရားဆိုတာ သစ္စာတရား ဖြစ်လို့ အမြဲမှန်နေတာ ဘယ်တော့မှ မဖေါက်ပြန်တတ်ဘူး။ ဒါကြောင့်မို့ တကယ့်အမှန်တရား မဟုတ်ပဲ ပညတ်ထားတဲ့ အမှန်တရားမှာ ၀က်သားသိပ်ကောင်းတယ်ဆိုတာ မူစလင်နဲ့ အစ်မအပါအ၀င် တခြားမကြိုက်တဲ့ သူတွေအတွက် မမှန်ပေမယ့် ကြိုက်တဲ့သူအတွက်တော့ မှန်တယ်။ ထိုနည်းတူ တခြားကိစ္စတွေလည်း ဒီလိုပဲမှတ်ယူရလိမ့်မယ်။ သူများ လုပ်နေတဲ့ကိစ္စကို ကိုယ်ကသွားပြီး အ၀ိဇ္ဇာသွားပွားနေရင် ကိုယ့်စိတ်ကိုပဲ ကိုယ်ဒုက္ခပေးရာ ရောက်လိမ့်မယ်။ လူတိုင်းလူတိုင်းဟာ ကံအကျိုးအဆက်အရ၊ ပါရမီအရ၊ ၀ါသနာအရ၊ စိတ်ခံစားမှုအရ တယောက်မှ မတူကြပါဘူး။ ကိုယ်နဲ့ မတူတာကိုသာ မဟုတ်ဘူးလို့ ယူဆရင် မဟုတ်တာတွေချည်းပဲ ဖြစ်နေပါလိမ့်မယ်။ မတူတာကို အကြွင်းမဲ့ တူအောင်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်လို့ Multi-cultural ဆိုတာကို လက်ခံရပါတယ်။

သက်ပိုင်သူ said...

Nge Naing ကတော်တော်ရေးသွားလို့ ဘာမှ ပြောစရာ မရှိတော့ပါဘူး။ အမှန်တရားဆိုတာ လက်ဝါးတစ်ချပ်လိုပါပဲ။ ကိုယ့်ဘက်က ကြည့်ရင်မှန်နေတာပဲ..။

Megumi ရေးထားတာတစ်ခုပဲ ပြောချင်ပါတယ်။

ကျမကတော့ သဘာဝကို ဆန့်ကျင်တဲ့အတွက် အပြစ်ရှိတယ်လို့ ထင်ပါတယ်။

အခုလို ရေးထားတာ သဘာဝကို တကယ် နားမလည်လို့ထင်ပါတယ်။ ဆေးပညာအရ လူတစ်ယောက်ဆီမှာ မိန်းမ ယောကျာ်း ဟိုမုန်းနှစ်ခုလုံး ပါပါတယ်။ ယောက်ျားခနာကိုယ်ရရဲ့သားနဲ့ မိန်းမဟိုမုန်း များသွားလို့ မိန်းမဆန်နေကြတာ သဘာဝပါပဲ။ အဲဒါကိုမှ သဘာဝမဟုတ်ဘူးလို့ ငြင်းမယ်ဆိုရင်တော့ ဘယ်လိုမှ မပြောတတ်တော့ပါဘူး။ တစ်ချက်တစ်ချက် Megumi ဆီမှာ ယောက်ျားနည်းနည်းဆန်တာတွေ သတိထားကြည့်မိရင် တွေ့လိမ့်ပါမယ်။ ခနာဗေဒလည်း ဖြစ်ချင်ဖြစ်မယ်၊ စိတ္တဗေဒလည်း ဖြစ်ချင်ဖြစ်မယ်။ လူတိုင်းမှာ ဆန့်ကျင်ရာ ပါတတ်ကြပါတယ်။ ဒါဟာ အနောက်တိုင်းဆေးပညာလောကတင် ရှိတာမဟုတ်ဘူး။ အရှေ့တိုင်း တရုတ်ပြဘ်မှာတောင် yin and yang ဆိုပြိး ရှိပါသေးတယ်။

နောက်ပြီး လွိင်တူမြတ်နိုးသူတွေက လွိင်စိတနှစ်ခုစလုံးကို နားလည်သူတွေ ဖြစ်လို့ ကမ္ဘာလောကကြီးကို တခြားရိုးရိုးသာမန်လူတွေထက် လှပအောင်ဖန်တီးနိုင်ကြသတဲ့။ သဘောကတော့ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်လိုပဲ မွေးဖွားမွေးဖွား လူတွေအတွက် တစ်ခုခုအကျိုးရှိအောင် လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။

စကားချပ်။ ကောသလအိပ်မက် ၁၆ချက်မှာ လွိင်တူဆက်ဆံတာ လုံဝ မရှုပ်ထားပါ။ ဗုဒ္ဓမြတ်စွာသည် ဘယ်သောအခါမှာ ရှုတ်ချခြင်း မပြုခဲံပါ။

လေးစားစွာဖြင့်
သက်ပိုင်သူ

Anonymous said...

ကျမကတော့ သဘာဝကို ဆန့်ကျင်တဲ့အတွက် အပြစ်ရှိတယ်လို့ ထင်ပါတယ်လို့ Megumi ရေးထားတာမှန်တယ်ဗျ။

ကျနော်ကတော့ ထောက်ခံတယ်။
ကြည့်ရတာ ကျနော့အတွက်တော့ ကျက်သရေမရှိတာလည်း အမှန်ပဲ။
ကဲရဲ့ခြင်းတော့ မပြုပါဘူးဗျ။ အဲလိုကြီး ၀ဋ်လိုက်မှာစိုးလို့။ :D
ဒီလိုကြီးနေတာ အပြစ်ရှိတယ်မရှိဘူး နောက်မှာစဉ်းစား။
ဒီလိုဖြစ်နေတာကိုက အရင်ဘ၀တွေက မတော်တရော်တွေ လုပ်ခဲ့လို့ဗျ။
မတော်တရော်ဆိုတာသိချင်ရင် Megumi တင်ထားတဲ့ ကာမေသုမိစ္ဆာစာရ ပိုစ့်ကို သေသေချာချာဖတ်ကြပါဦးဗျ။ အဲဒါ ဘုရားဟောစစ်စစ်ပါ။
ခင်ဗျားတို့တော့မသိဘူး။ ကျနော်တော့ သူရေးတာဖတ်ပြီး အတော်ကြောက်သွားတယ်။
နောက်ဘ၀ အဲလိုများဖြစ်နေရင် ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။
ဒီကိစ္စက ကောသလအိပ်မက်လောက်နဲ့တင် ကိုင်လို့မရဘူးဗျ။ စာပေတတ်တဲ့ ဘုန်းတော်ကြီးများထံမှာ လေ့လာကြပါဦးဗျာ။

ကျနောကတော့ ဆုတောင်းတယ် ဘယ်ဘ၀ရောက်ရောက် လွိင်တူခြင်း မဆက်ဆံရပါလိုဗျာ။

လွိင်တူခြင်း မဆက်ဆံလိုတဲ့ သူများကို ရေးသားဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

Megumi ကတော့မသိဘူးဗျ ကျနော်ကတော့ ဖိတ်ခေါ်လိုက်ပြီ။ ဟီးးးးး

လေးစားလျက်ပါ

 

Design By:
SkinCorner