Sunday, April 26, 2009

ဘာဖြစ်ဖြစ်ချစ်မယ်

တဒင်္ဂလေးအတွင်းပိုင်းမှာ
တခဏလေးအတွင်းပိုင်းမှာ
မယုံနိုင်အောင် ဆွဲဆောင်သူပါ

နင်လိမ္မာလည်း ချစ်ပါ့မယ်
အပေအတေဆိုလည်း ချစ်ပြမယ်
မင်းဘက်က အမြဲရပ်တည်မှာ.........

နင် ဘာပဲဖြစ်ဖြစ် ချစ်မယ်
မလိမ်မညာပါ ကျိန်ပြောရဲတယ်........

ဆံပင်ရှည်လေးနဲ့ လိုက်တယ်
ဆံပင်အတိုထားလည်း ကြိုက်တယ်
ဘယ်လိုပြင်ပြင် လှနေတာပဲ...........

အာရုံနောက်လည်း ချစ်ပါ့မယ်
အနိုင်ယူနေလည်း ချစ်ပြမယ်
မင်းဆိုးသမျှ သည်းခံပါ့မယ်........

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ်
မလိမ်မညာပါ ကျိန်ပြောဝံ့တယ်.........

ဆံပင်တွေဖြူတဲ့အထိ ချစ်မယ်
ပါးရေတွေတွန့်သွားလည်း ချစ်မယ်
ကိုယ့်အချစ်က ရိုးမြေကျပဲ

ဖေဖေဆူလည်း ကြိုးစားမယ်
မေမေဆူတော့ ခိုးပြေးမယ်
ကိုယ့်အချစ်က ပြတ်သားပါတယ်......

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ် ကလေးရယ်
မင်းဘက်က လိုက်လျောရုံပဲ

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ် ကလေးရယ်
မင်းဘက်က လိုက်လျောသင့်တယ်...

ဟဲလေးရေးပြီး ဟဲလေးဆိုထားတဲ့ ဘာဖြစ်ဖြစ်ချစ်မယ်သီချင်းပါ။ ကြိုက်လို့ တင်ပေးလိုက်ပါတယ်။ :z


စကားမစပ်၊ ကျမကိုလည်း အဲလိုပြောတဲ့လူရှိတာ ကြာလှပေါ့။ ဟိဟိ၊ ကြွားစရာမရှိလို့ ရှာကြံကြွားတာ။

2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

သီချင်းကောင်းလေး နောက်တစ်ခေါက်ထပ် နားထောင်သွားပါတယ်။ စာတွေလည်း ပြန်ရေးပါ .. အားပေးနေပါတယ်။ :)

Unknown said...

ချစ်စေဗျား။။။။
ချစ်စေ...ချစ်စေ...

 

Design By:
SkinCorner