Wednesday, November 26, 2008

သူမ နှင့် သူ

လွန်ခဲ့သော နှစ်နှစ်ခန့်က သူမသည် မမျှော်လင့်သော အချိန်တစ်ခု၌ မထင်မှတ်ဘဲ လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူမအပေါ် သူမတူအောင် ကောင်းလွန်းသော လူတစ်ယောက်ရှိလာလိမ့်မည်ဟု စိတ်ကူးနဲ့ပင် မတွေးခဲ့ဖူးသော အချိန်ကာလတစ်ခုတွင် ထိုသို့သောလူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရသည်။ နှစ်နှစ်တာ ကာလအတွင်း သူ၏ အလိုက်သိတတ်မှု၊ ကြင်နာမှု၊ အားပေးမှု၊ လိုက်လျောမှု၊ သစ္စာရှိမှုများကို လှိုက်လှိုက်လှဲလှဲ သုံးဆောင်ခဲ့ဖူးသည်။ သို့သော်၊ သူမသည် သူ့ကို ချစ်၍ မရခဲ့ပါ။ ထိုမျှ ကောင်းလွန်းသူ တစ်ယောက်ကို သူမသည် မည်သို့ပင် ကြိုးစား ချစ်ခဲ့ချစ်ခဲ့ ၊ ချစ်၍မရခဲ့ပါ။

ထို့အတွက် သူမအရမ်း ဝမ်းနည်းသည်။ သူ့ကို အားနာသည်။ သနားသည်။ အင်မတန်မှ သံယောဇဉ်ရှိလှသော်လည်း သံယောဇဉ်သည် အချစ်မဟုတ်ခဲ့ပါ။ သူ့ကို မချစ်ပါဘူး...........လို့ ပြောဖို့ အင်အားကို သူမ တော်တော်ကြာ မွေးမြူခဲ့ရဖူးသည်။ တော်ရုံနှင့် ပြောမထွက်ခဲ့ဖူးပါ။

ထိုပြောမထွက်ခဲ့ခြင်းကြောင့် ထင်မှတ်မထားသော အခြားပြဿနာများလည်း ဝင်ရောက်ခဲ့ဖူးသည်။ သူမကို ပျော့နွဲ့သူ၊ မပြတ်သားသူ........လို့ပဲ ပြောချင်ပြောကြပါစေ၊ သူ့ကို ယတိပြတ်မငြင်းရက်ခဲ့တာ အမှန်ပါ။ သူမ အပေါ် သူမတူအောင် ကောင်းလွန်းသော လူတစ်ယောက်ကို ပြတ်ပြတ်သားသား ငြင်းပစ်ရက်လောက်သည့် အင်အားသူမတွင် ရှိမနေခဲ့ပါ။

သူမတွင် သူ့အတွက် အချစ်မရှိသော်လည်း မြောက်များစွာသော သံယောဇဉ်များရှိသည်။ သူသည် သူမအတွက် ရဲဘော် ရဲဘက်ကောင်းတစ်ယောက်ဖြစ်သည်။ သူရှိနေလျှင် မည်သည့်အရာကိုမှ မကြောက်ပါ။ "သူ ၊ သူမအနားမှာ ရှိနေသည်".........ဆိုသည့် အသိစိတ်တစ်ခုတည်းနှင့် အရာရာကို သူမရင်ဆိုင်ရဲသည်။ ထိုမျှလောက်ထိ သူ့ကို သူမ ယုံကြည်သည်။

လောကကြီးမှာ ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရကြေးဆိုလျှင် သူမ သူ့ကို ချစ်ချင်သည်။ အခုတော့ သူမသည် သူ့အပေါ်မတရားမှန်း သိသိချည်းနဲ့ သူ့ကို မချစ်ခဲ့ပါ။ သူမကို သူမလည်း နားမလည်တော့ပါ။ သေချာတာတစ်ခုကတော့ သူမသည် ကြောင်တောင်တောင် မိန်းကလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေခဲ့ပါပြီ။

ဟိ ဟိ၊ သူများတွေ ဝတ္ထုရေးတာတွေ့ပြီး အားကျလို့ ရေးကြည့်တာ၊ :z အရှည်ကြီးတော့ ရေးနိုင်သေးဘူး။ :p အခုလည်း ဝတ္ထုလား၊ဘာလားမသိတဲ့ စာစုလေး ရေးဖြစ်သွားပြီ။ ;) ကျမကတော့ ဝတ္ထုတိုလို့ သတ်မှတ်လိုက်တယ်။ ဟိ ဟိ။ ရတယ်ဟုတ်။ :z

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
လိပ်ကလေးဟာ အမြဲတမ်းတော့ ခြေလက်တွေ ၀ှက်မထားနိုင် ပါဘူး။ အစာရှာစားဖို့တော့ ခဏလောက်ဖြစ်ဖြစ် ခေါင်းလေးတွေ၊ လက်လေးတွေ၊ ခြေလေးတွေ ပြူထွက်လာမှာ သဘာဝပါ။ ခုတော့ တွေ့လိုက်ပြီ လို့ပဲ ဆိုရမလားနော်...
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

စာကိုပြောမယ်
အက်ဆေး လိုသဘောလေး။
ကောင်းတယ်။ talent ရှိ....သော ဂုစ်ပါ..
နောက်တစ်ပုဒ်လောက်ထပ်ပေါင်းလိုက်ရင်
တော်တော်ကောင်းသွားမယ်။
ရေးမလား မရေးဘူးလား..

:P :P :P

စိုင်းနောင့် said...

အချစ်စစ်အချစ်မှန်ဆိုရင် သုံးနှစ်သုံးမိုး ကြိုးစားရသေးတာပဲ၊ေ၇းသားထားတာ ကောင်းတယ်၊ အွန်လိုင်းပေါ်မှာ ကောင်းကောင်း ကြီး လက်သွေးနိုင်ပါတယ်။ အားပေးနေပါမယ်။ ဆက်ရေးပါ။

စိုင်းစိုင်းလားရှိုး said...

ပျော်ချင်တိုင်းလည်း မပျော်ရပါ၊ ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ၊ မသိသေးတဲ့ ဒီလောက သစ္စာ အချစ်ဆိုတာ လှို့ဝှက်ချက် တစ်ခုပါ၊ အပြုံးနဲ့ ယှဉ်တွဲလို့ နွှဲခဲ့ဖူးတာလည်း အခါခါ၊ နောက်ဆုံးတော့ အငိုသာ ကျန်ရစ်မှာ၊ ကိုယ့်အဖို့မှာတော့ အချစ်ဆိုတာဟာလေ၊ ထာဝစဉ်ပေးဆပ်ရခြင်းပါ။

Heart Breaker said...

စာအရေးအသား ညက်ညောလှပါတယ်။ လေ့ကျင့်လိုက်ရင်ဖြင့် စာကောင်း ပေမွန်တွေ ရေးသားနိုင်မှာပါ။ ဆက်လက် ရေးသား နိုင်ပါစေ။

Welcome said...

ဂျပန်မလေး
ထပ်တစ်ခေါက်လာဖတ်ဖြစ်တယ်။ စိတ်ကူးယဉ်ဆန်ဆန် ရေးတာပဲဖြစ်ဖြစ်၊ တစ်ကယ့်အဖြစ်အပျက်ပဲဖြစ်ဖြစ် စာအရေး အသားကတော့ ကောင်းမွန်တယ်လို့ ပြောချင်ပါတယ်။ သမားရိုးကျ ရေးနေတာကနေ ခွဲထွက်ရေးပေမယ့်လည်း ဖတ်လို့ကောင်းတယ်။ ဆက်ရန် ရှိသေးရင်လည်း ဆက်ဖတ်ဖြစ်ပါမယ်။

http://winzaw-mdy.blogspot.com/

khin oo may said...

သတိထားပါလေ. မရူးအောင်

Sonata Cantata said...

အချိန်တွေ ရှိပါသေးတယ်
အချစ်အတွက်ရော၊ စာရေးဖို့ အတွက်ရောပေါ့
ဂုဂုထက် အသက်နှစ်ဆလောက်ကြီးတဲ့ မသီတာတောင်
ဝက်သက်ပေါက်ပြီးပေမဲ့ (အချစ်)
ကျည်ပွေ့အတက်ပေါက်အောင် (စာပေ)
ကြိုးစားနေတာကြည့်၍ အားယူပါလေ

(အဟမ်း..အပေါ်က အစ်မကြီး လေသံဖမ်းတာ)

ညီအကိုများ said...

စာရေးကောင်းပါသည်။
ဆက်လက်ရေးသားပါ။
အားပေးနေပါသည်။

မိုးကြယ်

Anonymous said...

ဟား... စာရေးချာမကြီးကျနေတာပဲ အေ၇းအသားကတော့ ရေရေလည်လည် လန်းတယ်ဗျာ

မသက်ဇင် said...

စကားပြေအရေးကောင်းတယ်နော်--
ပိုစ့်ထဲပါသွားတယ်---

Anonymous said...

ဟုတ်တယ် ... အားလုံးဝိုင်းအားပေးသလို လက်စွမ်းလက်စရှိသူမှန်း လှစ်ခနဲ သိလိုက်တယ် ... ကြိုးစားပြီးရေးပါဦး ...

ခင်မင်လေးစားမှုများဖြင့်

 

Design By:
SkinCorner