Saturday, November 29, 2008

အမုန်းများနဲ့ ကျမ

ကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်(10)ချက်......တဲ့။ ကိုကေမောင်ငြိမ်းနဲ့ ကိုပုလုကွေးက TAGလာတယ်။

အမှန်ကိုပြောရရင်တော့ ကျမက TAG POST တွေကို ရေးချင်ဘူး။ :p ဒါပေမယ့်၊ သူများက ခင်လို့ TAG လာတာကို မရေးပဲ နေရမှာလည်း အရမ်းအားနာတယ်သိလား။ ;) ဟိ ဟိ၊ ဒါနဲ့ပဲ ဘယ်သူ လာTAG ၊ TAG ရေးပေးမိတယ်။ ကိုဗီလိန်ရဲ့ TAGကိုတော့ မရေးတတ်လို့ ရေးတော့ဘူးနော်........လို့ တောင်းပန်ပြီးပြီ။ :y TAG POST ရေးတာ ဒီတစ်ခါ နောက်ဆုံးပဲလို့ ဆုံးဖြတ်ထားတယ်။ ကြီးကျယ်တာမဟုတ်ပါဘူး။ :yဘဝင်မြင့်တာလည်း မဟုတ်ပါဘူး။ :y အချိန်မရှိလို့ပါ။ ဒီဇင်ဘာလကော ဇန်နဝါရီလကော အရမ်းအလုပ်ရှုပ်လို့ပါ။ စောင့်ခိုင်းရမှာလည်း အားနာလို့ TAG POST ဆိုရင် မရေးတော့ဘူး.....လို့ ဆုံးဖြတ်လိုက်တာ နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ :y စိတ်ဆိုးကြပါနဲ့နော်။ :z ကျန်တဲ့လူတွေကိုလည်း TAG တော့ဘူးနော်။ စိတ်အေးချမ်းစွာနေလို့ရအောင်လို့...... :z

ဟိ ဟိ၊ Intro ဝင်တာ နည်းနည်းများသွားတယ်။ :p ပြောတော့မယ်နော်။ :zကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်(10)ချက်။ ;)
ကျမကို ကျမ အမုန်းဆုံးက စာမေးပွဲဖြေခါနီးအချိန်ပါ။ ;)
{ကျမက စာကျက်ရမှာ အရမ်းပျင်းတယ်သိလား။ ;)}

စာမေးပွဲ ဘယ်လောက်နီးနီး စာကျက်ရန် စိတ်မဝင်စားတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်နေရင် စာထဲကို တစ်နာရီထက် ပိုစိတ်မဝင်စားတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်နေတုန်း ဘေးနားမှာ လူတစ်ယောက်ရှိမှ စာကျက်တတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာလုပ်နေရင်း စာနဲ့ မသက်ဆိုင်တဲ့ အကြောင်းတွေကို ထွေရာလေးပါး လေပေါတတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာအော်ကျက်ပေးမယ့် စာတော်တဲ့လူတစ်ယောက် အနားမှာ ရှိနေစေချင်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

အူကြောင်ကြောင် မှတ်ဉာဏ်ကို ယုံကြည်ကိုးစားလွန်းတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်ရမှာ သေမတတ်ပျင်းပေမယ့် စာမေးပွဲကျမှာတော့ ရင်တုန်အောင် ကြောက်တတ်တဲ့ ကျမကို ကျမမုန်းတယ်ရှင့်။

အမှတ်စာရင်း ထွက်လာလို့ အမှတ်နည်းတဲ့အခါ စာကြိုမကျက်မိတဲ့အတွက် နောင်တရတတ်တဲ့ ကျမကို ကျမမုန်းတယ်ရှင့်။

ကံကောင်းထောက်မစွာ အမှတ်ကောင်းသွားတဲ့အခါ ကိုယ့်ရဲ့ တစ်ပွဲတိုးမှတ်ဉာဏ်ကို ကိုယ့်ဘာသာ ချီးကြူးတတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

"စာကျက်သင့်တယ်"......လို့ မသိစိတ်ကလက်ခံပေမယ့် သိစိတ်က လက်မခံတော့ သိစိတ်နဲ့ မသိစိတ်က ရန်ဖြစ်ကြပါရော။ အဲဒီ သိစိတ်နဲ့ မသိစိတ်ရဲ့ ရန်ပွဲကို အေးအေးဆေးဆေးလက်ပိုက်ကြည့်နေနိုင်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

ဟိ ဟိ၊ (10)ချက်ပြည့်သွားပြီ။ :p ပျော်စရာကြီး။ :z ကိုကေမောင်ငြိမ်းနဲ့ ကိုပုလုကွေးရှင့်။ ရေးပြီးပြီနော်။ :z ကျေနပ်တော့နော်။ :z
စကားမစပ်၊ ဒီပို့စ်က Blog လေး ခြောက်လပြည့်အမှတ်တရ ပို့စ်ပါ။ ;)
သီးစစ်ထပ်ရဖို့ ရက်အနည်းငယ်သာ လိုတော့လို့ အခုချိန်ကစပြီး ပို့စ်ရေးကျဲပါတော့မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဒူ......ဝေ.....ဝေ.......။ :z


10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

စာမေးပွဲ မဖြေနဲ့ပေါ့ဟ
ဟိဟိ
စတာ...

ကြိုးစားနော် ဂုစ်။

ငါလည်း စာမေးပွဲကိုမုန်းတယ်
ဝချင်လို့..စာမေးပွဲဖြေရင် ပိန်ပိန်သွားရယ်လေ။
ခွိ။
:P :P :P

Unknown said...

ဟ....ဘာဖြစ်ဖြစ် ငါတော့ ကိုယ့်ကိုယ်ကို ချစ်တယ်။...ဟိ....

တားမြစ် ထားသော... said...

၁၀ချက်ပြည့်အောင် အတော်တွေးလိုက်ရတဲ့ပုံပဲ။း)
နောက်တာပါ။ စာကြိုးစားတဲ့သူဖြစ်မယ် စာတွေနဲ့ပက်သက်ပြီးပဲ ကိုယ့်ကိုကိုယ် အားမရနိုင်တာတွေ ပြောသွားတယ်။ အသိရှိနေရင် ဖျောက်ရလွယ်ပါတယ်လေ။ နော...း)

စာတန်းလည်း အကောင်းဆုံးတင်နိုင်ပါစေဗျာ။

သုခမိန်(E-Journal)

Anonymous said...

ဖတ်ရင်းတောင် မုန်းချင်လာပီ...ဟိ ။ နောက်တာနော်..။ မောင်နှမ နေတွေ တည့်တည့်ပြုပြု နေကြ မှ ပေါ့ ..ရန်ဖြစ်ကြနဲ့..ဟတ်ဟတ် ။

mgngal said...

စာနဲ့ လုပ်စားသွားတယ် ။ ကျန်တာတွေလည်း ဘာမှမပါဘူး ။ :P
နောက်တာပါ ။ ကောင်းပါတယ် ။ :)

puluque said...

ဂူးဂူးရေ.. ပထမဆုံးတောင်းပန်ပါတယ်။ တက်ထားပြီးမှ နောက်ကျစွာ ကွန်မန့် ပေးမိတဲ့ အတွက်ရယ်။ နောက်တစ်ခုက ဂူးဂူး အားမှန်းမသိ ပဲ မမေးမြန်းပဲတက်မိတဲ့ အတွက်ကိုပါ.ကျတော် အရမ်းအားနာသွားတယ်။ သီးစစ် လုပ်ရတော့မယ်ဆိုတော့ ကိုယ်ချင်းစာတယ်လေ။ ကျတော်တို့တုန်းကလဲ သီးစစ်ကို တစ်နှစ်လောက် အချိန်ပေးပြီးလုပ်တာတောင် အစစ အရာရာ လိုအပ်ချက်တွေရှိနေ. ကိုယ်မသိတဲ့ ဖီလ်ထဲမှာဆို ထမင်းစာလဲ ဒီစိတ်. အိပ်လဲ ဒီစိတ်နဲ လူကို အရမ်းဒုက္ခရော်က်တာ..
စာမေးပွဲ တွေကို မုန်းတာကတော့ တူတူပါပဲဗျာ..ဖြေပီ အမှတ်ထွက်လာတော့ နည်းနေရင်မုန်းတာကလဲ စာမေးပွဲလောက မှာကျင်လည်နေတဲ့(နေခဲ့တဲ) ကျတော်တို့ အတွက်မုန်းစရာတွေပါပဲဗျာ..သီးစစ်လေးကို အောင်မြင်သေချာစွာ လုပ်နိုင်ပါစေ

Welcome said...

ဂျပန်မလေး
ဘလောဂ့်မွေးနေ့ (၆)လပြည့်နဲ့ တိုက်ပြီး တင်ထားတဲ့ ပို့စ်လေး ကောင်းပါတယ်။ ကျောင်းသူတစ်ယောက် အနေနဲ့ ကျောင်းစာကို ကြောက်တာ၊ စာမေးပွဲကို ကြောက်တာ သဘာဝပါ၊ ဒါပေမယ့် ဂျပန်မလေးက စာတော် ပြီးသား၊ ဥာဏ်ထက်ပြီးသားမို့ မို့ စိတ်ချပါတယ်။ ဒါပေမယ့် မပေါ့ပါနဲ့၊ Thesis ကိုလည်း အကောင်းဆုံးနဲ့ ပြီးအောင် ရေးပါနော်။

http://winzaw-mdy.blogspot.com

Anonymous said...

ဟေးဟေး အခုတော့ ပေါ်ကုန်ပြီ
နောင်ဆိုသတိထားမှ

စိုင်းနောင့် said...

ဘလော့မွေးနေ့ကို သတိရပါတယ်။ မရောက်ဖြစ်ခဲ့ဘူး။ ပျော်ရွှင်နိုင်ပါစေ။ ကျောင်းစာကိုလည်း ဖတ်အုန်း။ ကြိုးစားထားပါ။

စိုင်းစိုင်းလားရှိုး said...

အီ............ မယ်ဂုမိက မကြိုက်ဆုံး ဆယ်ချက် ရှိမယ်မထင်ဘူး တော်တော် စဉ်းစား ထားတယ် ထင်တယ်..... အဟေး........... ရေးထားတာကောင်းတယ်။

 

Design By:
SkinCorner